စစ်မှန်တဲ့ မေတ္တာတရား ဆိုတာ ဒီလိုမျိုးပါနော်…
“စစ်မှန်တဲ့ မေတ္တာတရား”
တစ်ခါက လူတစ်ယောက်ဟာ
မိန်းမလှ တစ်ယောက်နဲ့ လက်ထပ်လိုက်တယ် …။
ရုပ်လှတဲ့အပြင်စိတ်ထားကလည်း အရမ်းကောင်းတော့
အမျိုးသမီးကို အရမ်းချစ်ရှာတယ် …။
တစ်နေ့မှာ အမျိုးသမီးဟာ
အရေပြားရောဂါ စတင်ခံစားလာရတယ် …။
အကြောင်း တိုက်ဆိုင်ချင်တော့ တစ်ရက်မှာ
အမျိုးသားကလည်း အလုပ်ကိစ္စနဲ့ ခရီးထွက်ရတယ် …။
ခရီးကနေ အိမ်ပြန်လမ်းမှာ car accident ဖြစ်ပြီး
မျက်စိနှစ်လုံးစလုံး ကွယ်သွားခဲ့တယ် …။
ဒီနေရာမှာ ခဏလောက်ရပ်ပြီး စဉ်းစားကြည့်ရအောင်..
အရေပြားရောဂါသည်နဲ့ မျက်မမြင်တယောက် ရဲ့
အိမ် ထောင်ရေးဟာ ဘယ်သို့ ဘယ်ပုံခရီးဆက်ကျမလဲ?
ဘာတွေဆက်ဖြစ်မယ်လို့ ထင်ပါသလဲ …?
တကယ်တော့ သူတို့ ၂ ယောက်ကြားမှာ
ဘာပြောင်းလဲမှု့မှမရှိခဲ့ပါဘူး။
အရင်လို ပျော်စရာကောင်း ပြီး
ချစ်ချစ်ခင်ခင်နေတုန်းပဲ …။
အချိန်တွေ ကုန်လာတာနဲ့အမျှ
အမျိုးသမီးရဲ့ အရေပြားရောဂါဟာလည်း
တစ်စ တစ်စနဲ့ ပိုဆိုးလာတယ် …။
မျက်မမြင် ယောက်ကျားက
သူမိန်းမ အရေပြားရောဂါကြောင့်
ရုပ်ပြတ်ဆင်းပြတ် ခံစားနေရတာကိုမသိရှာဘူး ထင်ပါရဲ့ …။
သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ
ဟိုးအရင်ကထက်တောင်တိုးပြီး
ပိုလို့ ချစ်မြဲ ချစ်ဆဲ ကြင်နာဆဲပါပဲ …။
နောက်ဆုံးမှာတော့ အမျိုးသမီးဟာ
အရေပြားရောဂါနဲ့ ဆုံးသွားရှာပါတယ် …။
သူ့အတွက်တော့ ကြီးကျယ်တဲ့ဆုံးရှုံးမှုကြီး
တစ်ခုပဲလို့ ခံစားရတယ် …။
မိရိုးဖလာအတိုင်း ဇနီးရဲ့ အလောင်းကို
မြေချပြီးနောက်တစ်နေ့ မှာ အမျိုးသားဟာ
ဇနီးသည် ခေါင်းချခဲ့တဲ့ မြို့ ကနေ
အပြီးအပိုင်ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ် …။
အဲ့ချိန်မှာ အိမ်နီးနားချင်း လူတစ်ယောက်က စကားလှမ်းပြောတယ်
” ခင်ဗျား မျက်စိမမြင်တဲ့ ကာလတစ်လျှောက်လုံး ခင်ဗျားရဲ့
ဝေယာဝစ္စတွေ အကုန်လုံးကို ခင်ဗျားအမျိုးသမီးက
မငြီးမငြူ လုပ်ပေးခဲ့တာ အခု ခင်ဗျားတစ်ယောက်ထဲ
ဘယ်လိုလုပ်မလဲ..ခင်ဗျားတော့ ဒုက္ခ လှလှကြီးတွေ့တော့မယ်”
အမျိုးသားက ပြန်ပြောတယ်။
” ဒီမှာ မိတ်ဆွေ..အမှန်က ကျွန်တော် မျက်စိမကန်းပါဘူး။
မမြင်ချင်ယောင်ဆောင်နေခြင်းသာဖြစ်ပါတယ်။
ကျွန်တော့ အမျိုးသမီးဟာ
သူမရဲ့ ရုပ်ဆိုး အကြည်းတန်နေတဲ့
မျက်နှာကို နေ့တိုင်း ကျွန်တော်မြင်နေရတယ်လို့
သူသိရင် အဲ့ခံစားမှု့ဟာ သူရောဂါဝေဒနာ
ခံစားမှုထက်ပိုပြီး နာကျင်လိမ့်မယ်။
ဒါကို ကျွန်တော်မမြင်ချင်ဘူး။
ရုပ်ပိုင်းဆိုင်ရာမလှတော့ပေမဲ့
သူမ ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ အမြဲလှနေသူတစ်ယောက်ပါ။
စိတ်ထားဖြူစင်သူတစ်ယောက်မို့
ကျွန်တော်အတွက် ဇနီးကောင်း တစ်ယောက်ပါ၊
ကျွန်တော်က သူအမြဲတမ်းပျော်ရွှင်ပြီး
စိတ်ချမ်းသာနေတာကိုပဲ မြင်ချင်တဲ့လူတယောက် မို့
အခုလို ဟန်ဆောင်ရခြင်းဖြစ်ပါတယ်။
ဆောင်းပါးလေးကတော့ ဒါပါပဲ …။
လောကကြီးမှာ နှစ်ဦး နှစ်ဖက် ပြေလည် ကောင်းစားဖို့အတွက်
တစ်ချို့သောအရာတွေကို
မမြင်ချင်ယောင်ဆောင်ပေးရပါတယ်။
အားနည်းချက် ချွတ်ယွင်းချက်ဆိုတာ လူတိုင်းမှာရှိစမြဲ …။
ဒါကြောင့် no one is perfect လို့ ဆိုကြတာကိုး …။
လူတယောက်ရဲ့ အားနည်းချက်
ချွတ်ယွင်းချက်ကို ထောက်ပြီး အနိုင်ယူတာ
လူညံ့လူပျော့ တွေရဲ့ လုပ်ရပ်ပါ …။
အဲ့ထဲမှာ ကိုယ်မပါ မိပါစေနဲ့ …။
တစ်ယောက်ရဲ့ လိုအပ်ချက်ကိုတစ်ယောက်က
အပြန်အလှန် ဖြည့်ဆည်းပေးရင်း
ရင်ထဲက စစ်မှန်တဲ့ မေတ္တာ တရားနဲ့ သာ
ပေါင်းသင်းဆက်ဆံကျမယ်ဆိုရင်
အရမ်းပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခု
အဖွဲ့အစည်းတစ်ခုဖြစ်လာမှာ သေချာပါတယ်နော် …။ ။
Credit
စစ္မွန္တဲ့ ေမတၱာတရား ဆိုတာ ဒီလိုမ်ိဳးပါေနာ္…
“စစ္မွန္တဲ့ ေမတၱာတရား”
တစ္ခါက လူတစ္ေယာက္ဟာ
မိန္းမလွ တစ္ေယာက္နဲ႔ လက္ထပ္လိုက္တယ္ …။
႐ုပ္လွတဲ့အျပင္စိတ္ထားကလည္း အရမ္းေကာင္းေတာ့
အမ်ိဳးသမီးကို အရမ္းခ်စ္ရွာတယ္ …။
တစ္ေန႔မွာ အမ်ိဳးသမီးဟာ
အေရျပားေရာဂါ စတင္ခံစားလာရတယ္ …။
အေၾကာင္း တိုက္ဆိုင္ခ်င္ေတာ့ တစ္ရက္မွာ
အမ်ိဳးသားကလည္း အလုပ္ကိစၥနဲ႔ ခရီးထြက္ရတယ္ …။
ခရီးကေန အိမ္ျပန္လမ္းမွာ car accident ျဖစ္ၿပီး
မ်က္စိႏွစ္လံုးစလံုး ကြယ္သြားခဲ့တယ္ …။
ဒီေနရာမွာ ခဏေလာက္ရပ္ၿပီး စဥ္းစားၾကည့္ရေအာင္..
အေရျပားေရာဂါသည္နဲ႔ မ်က္မျမင္တေယာက္ ရဲ႕
အိမ္ ေထာင္ေရးဟာ ဘယ္သို႔ ဘယ္ပံုခရီးဆက္က်မလဲ?
ဘာေတြဆက္ျဖစ္မယ္လို႔ ထင္ပါသလဲ …?
တကယ္ေတာ့ သူတို႔ ၂ ေယာက္ၾကားမွာ
ဘာေျပာင္းလဲမွဳ႕မွမရွိခဲ့ပါဘူး။
အရင္လို ေပ်ာ္စရာေကာင္း ၿပီး
ခ်စ္ခ်စ္ခင္ခင္ေနတုန္းပဲ …။
အခ်ိန္ေတြ ကုန္လာတာနဲ႔အမွ်
အမ်ိဳးသမီးရဲ႕ အေရျပားေရာဂါဟာလည္း
တစ္စ တစ္စနဲ႔ ပိုဆိုးလာတယ္ …။
မ်က္မျမင္ ေယာက္က်ားက
သူမိန္းမ အေရျပားေရာဂါေၾကာင့္
႐ုပ္ျပတ္ဆင္းျပတ္ ခံစားေနရတာကိုမသိရွာဘူး ထင္ပါရဲ႕ …။
သူတို႔ ႏွစ္ေယာက္ရဲ႕ အိမ္ေထာင္ေရးဟာ
ဟိုးအရင္ကထက္ေတာင္တိုးၿပီး
ပိုလို႔ ခ်စ္ၿမဲ ခ်စ္ဆဲ ၾကင္နာဆဲပါပဲ …။
ေနာက္ဆံုးမွာေတာ့ အမ်ိဳးသမီးဟာ
အေရျပားေရာဂါနဲ႔ ဆံုးသြားရွာပါတယ္ …။
သူ႔အတြက္ေတာ့ ႀကီးက်ယ္တဲ့ဆံုးရွဳံးမႈႀကီး
တစ္ခုပဲလို႔ ခံစားရတယ္ …။
မိ႐ိုးဖလာအတိုင္း ဇနီးရဲ႕ အေလာင္းကို
ေျမခ်ၿပီးေနာက္တစ္ေန႔ မွာ အမ်ိဳးသားဟာ
ဇနီးသည္ ေခါင္းခ်ခဲ့တဲ့ ၿမိဳ႕ ကေန
အၿပီးအပိုင္ထြက္သြားဖို႔ ဆံုးျဖတ္လိုက္တယ္ …။
အဲ့ခ်ိန္မွာ အိမ္နီးနားခ်င္း လူတစ္ေယာက္က စကားလွမ္းေျပာတယ္
” ခင္ဗ်ား မ်က္စိမျမင္တဲ့ ကာလတစ္ေလွ်ာက္လံုး ခင္ဗ်ားရဲ႕
ေဝယာဝစၥေတြ အကုန္လံုးကို ခင္ဗ်ားအမ်ိဳးသမီးက
မၿငီးမျငဴ လုပ္ေပးခဲ့တာ အခု ခင္ဗ်ားတစ္ေယာက္ထဲ
ဘယ္လိုလုပ္မလဲ..ခင္ဗ်ားေတာ့ ဒုကၡ လွလွႀကီးေတြ႕ေတာ့မယ္”
အမ်ိဳးသားက ျပန္ေျပာတယ္။
” ဒီမွာ မိတ္ေဆြ..အမွန္က ကၽြန္ေတာ္ မ်က္စိမကန္းပါဘူး။
မျမင္ခ်င္ေယာင္ေဆာင္ေနျခင္းသာျဖစ္ပါတယ္။
ကၽြန္ေတာ့ အမ်ိဳးသမီးဟာ
သူမရဲ႕ ႐ုပ္ဆိုး အၾကည္းတန္ေနတဲ့
မ်က္ႏွာကို ေန႔တိုင္း ကၽြန္ေတာ္ျမင္ေနရတယ္လို႔
သူသိရင္ အဲ့ခံစားမွဳ႕ဟာ သူေရာဂါေဝဒနာ
ခံစားမွဳထက္ပိုၿပီး နာက်င္လိမ္႔မယ္။
ဒါကို ကၽြန္ေတာ္မျမင္ခ်င္ဘူး။
႐ုပ္ပိုင္းဆိုင္ရာမလွေတာ့ေပမဲ့
သူမ ရဲ႕ စိတ္ပိုင္းဆိုင္ရာမွာ အၿမဲလွေနသူတစ္ေယာက္ပါ။
စိတ္ထားျဖဴစင္သူတစ္ေယာက္မို႔
ကၽြန္ေတာ္အတြက္ ဇနီးေကာင္း တစ္ေယာက္ပါ၊
ကၽြန္ေတာ္က သူအၿမဲတမ္းေပ်ာ္ရႊင္ၿပီး
စိတ္ခ်မ္းသာေနတာကိုပဲ ျမင္ခ်င္တဲ့လူတေယာက္ မို႔
အခုလို ဟန္ေဆာင္ရျခင္းျဖစ္ပါတယ္။
ေဆာင္းပါးေလးကေတာ႔ ဒါပါပဲ …။
ေလာကႀကီးမွာ နွစ္ဦး နွစ္ဖက္ ေျပလည္ ေကာင္းစားဖို႔အတြက္
တစ္ခ်ိဳ႕ေသာအရာေတြကို
မျမင္ခ်င္ေယာင္ေဆာင္ေပးရပါတယ္။
အားနည္းခ်က္ ခၽြတ္ယြင္းခ်က္ဆိုတာ လူတိုင္းမွာရွိစၿမဲ …။
ဒါေၾကာင့္ no one is perfect လို႔ ဆိုၾကတာကိုး …။
လူတေယာက္ရဲ႕ အားနည္းခ်က္
ခၽြတ္ယြင္းခ်က္ကို ေထာက္ၿပီး အႏိုင္ယူတာ
လူညံ့လူေပ်ာ႔ ေတြရဲ႕ လုပ္ရပ္ပါ …။
အဲ့ထဲမွာ ကိုယ္မပါ မိပါေစနဲ႔ …။
တစ္ေယာက္ရဲ႕ လိုအပ္ခ်က္ကိုတစ္ေယာက္က
အျပန္အလွန္ ျဖည့္ဆည္းေပးရင္း
ရင္ထဲက စစ္မွန္တဲ့ ေမတၱာ တရားနဲ႔ သာ
ေပါင္းသင္းဆက္ဆံက်မယ္ဆိုရင္
အရမ္းေပ်ာ္ရႊင္စရာေကာင္းတဲ့ ပတ္ဝန္းက်င္တစ္ခု
အဖြဲ႕အစည္းတစ္ခုျဖစ္လာမွာ ေသခ်ာပါတယ္ေနာ္ …။ ။
Credit