စိတ်ချမ်းသာဖို့ မမေ့သင့်သောအရာများ
လူတိုင်းက ကိုယ့်ကိုသတိမရနိုင်ကြတဲ့အခါ
ကိုယ့်ကိုကိုယ်သတိရဖို့မမေ့လိုက်ပါနဲ့။
လူတိုင်းက ကိုယ့်ကိုမချစ်နိုင်ကြတဲ့အခါ
ကိုယ့်ကိုကိုယ်ပြန်ချစ်ဖို့မမေ့လိုက်ပါနဲ့။
လူတိုင်းက ကိုယ့်ကိုစိမ်းကားကြတဲ့အခါ
ကိုယ့်ကိုကိုယ် မစိမ်းကားဖို့မမေ့လိုက်ပါနဲ့။
လူတိုင်းကကိုယ့်ကိုမစောင့်ရှောက်နိုင်ကြတဲ့အခါ
ကိုယ့်ကိုကိုယ်စောင့်ရှောက်ဖို့မမေ့လိုက်ပါနဲ့။
လူတိုင်းက ကိုယ့်ကို မုန်းသွားကြတဲ့အခါ
ကိုယ့်ကိုကိုယ် မမုန်းဖို့မမေ့လိုက်ပါနဲ့။
လူတိုင်းက ကိုယ့်ကို မယုံကြည်ကြတော့တဲ့အခါ၊
ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့မမေ့လိုက်ပါနဲ့။
လူတိုင်းက ကိုယ့်ကို ရက်စက်ကြတဲ့အခါ
ကိုယ့်ကိုကိုယ် မရက်စက်ဖို့မမေ့လိုက်ပါနဲ့။
လူတိုင်းက ကိုယ့်ကို မခွင့်လွှတ်နိုင်ကြတဲ့အခါ
ကိုယ့်ကိုကိုယ် ခွင့်လွှတ်တတ်အောင်
ကြိုးစားဖို့မမေ့လိုက်ပါနဲ့။
လူတိုင်းက ကိုယ်နဲ့အဝေးဆုံးကို
ထွက်ပြေးသွားကြတဲ့အခါ။
ကိုယ့်စိတ်နဲ့ကိုယ်အနီးဆုံးမှာနေဖို့မမေ့လိုက်ပါနဲ့။
လူတိုင်းက ကိုယ့်ကို စိတ်ချမ်းသာမှုတွေ
ကိုယ်လိုချင်သလောက် မပေးနိုင်ကြတဲ့အခါ
စိတ်ချမ်းသာမှုဆိုတာ၊
ကိုယ့်ကိုကိုယ်တည်ဆောက်ထုဆစ်ရတယ်ဆိုတာ မမေ့ပါနဲ့။
တကယ်တော့ လူတစ်ယောက်အတွက်
ဘဝရဲ့ငြိမ်းချမ်းမှု၊စိတ်၏ချမ်းသာမှုတွေဆိုတာ
ကိုယ်နဲ့ပဲအဓိကသက်ဆိုင်နေတာပါ။
ကိုယ်နဲ့ဆိုင်သော ကိုယ့်ဘဝရဲ့ငြိမ်းအေးမှု၊
စိတ်ချမ်းသာမှုတွေကို
ကိုယ်တကယ်တန်ဖိုးထားတတ်မယ်ဆိုရင်၊
ကိုယ့်ဘဝမှာ ဘယ်သူရှိရှိ၊မရှိရှိ ဖြစ်ပါတယ်။
ဘဝရဲ့အေးချမ်းမှု၊စိတ်၏ချမ်းသာမှုတွေရနိုင်ကြပါစေ။
Credit
စိတ်ချမ်းသာမှုဆိုတာ၊
Credit