Articles

ဘ၀နဲ့ရင်းပြီး ရွေးတဲ့လမ်းတွေမှားသွားတဲ့အခါ မျက်ရည်တွေနဲ့ရင်းပြီးဆပ်ကြရတယ်

ဘ၀နဲ့ရင်းပြီး ရွေးတဲ့လမ်းတွေမှားသွားတဲ့အခါ မျက်ရည်တွေနဲ့ရင်းပြီးဆပ်ကြရတယ်

နောင်တတဲ့

ဘာဆိုဘာမှ လုပ်မရတော့တဲ့အချိန်မှပဲ

ရောက်လာတတ်တယ် ။

ကျွန်မတို့ ဘာကိုမှပြင်လို့မရတော့ဘူး ။

ဘာကိုမှ ပြန်ဆင်ခြင်လို့မရတော့တဲ့အချိန်မှာမှ

ရောက်လာတတ်တာဟာ နောင်တပေါ့ ။

ရွေးချယ်ခွင့်တွေရှိခဲ့တုန်းမှာ နှလုံးသားကိုပဲ

အလိုလိုက်ဖို့တွေးခဲ့မိတယ် ။

သူ့ကို ချစ်နေရုံနဲ့ ဖြစ်ပါတယ်ဆိုတဲ့စကားတွေက

တကယ့်လက်တွေ့မှာကျ မလုံလောက်တတ်ဘူး ။

ကိုယ်ချစ်နေရရုံဆိုပေမယ့် အနည်းဆုံးတော့

ကိုယ်ချစ်နေတာတွေကို အသိအမှတ်ပြုပေးတာတွေကို

လိုချင်ကြတာချည်းပါပဲ ။

ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ဆိုတဲ့ စကားတွေက

ကျွန်မတို့ကို နှစ်ဆ ပိုပြီးနာကျင်စေခဲ့ပါတယ် ။

ဟုတ်ပါတယ် ကျွန်မကိုယ်တိုင်ပဲ ရွေးချယ်ခဲ့တာပါ ။

တကယ့်အစစ်အမှန်ထင်ခဲ့တဲ့အရာတွေဟာ

အတုအယောင်တွေမှန်း

တော်တော်ကြီးနောက်ကျပြီးမှ

သိခဲ့ရတာပေါ့ ။ အဲ့ဒီအတွက် ဒူးနဲ့မျက်ရည်သုတ်ရုံကလွဲလို့

တခြားလမ်းတွေဟာ မရှိခဲ့ဘူး ။

အရာအားလုံးကို ခြေစုံကန်ခဲ့ပြီးမှ ရွေးခဲ့မိတာလေ ။

ဘ၀နဲ့ရင်းပြီး ရွေးတဲ့လမ်းတွေမှားသွားတဲ့အခါ

မျက်ရည်တွေနဲ့ရင်းပြီးဆပ်ကြရတယ် ။

နောင်တတွေနဲ့ပေါ့။

မိန်းမသားတို့အတွက်

သျှင်ယွန်း

Credit

ဘ၀နဲ႔ရင္းၿပီး ေ႐ြးတဲ့လမ္းေတြမွားသြားတဲ့အခါ မ်က္ရည္ေတြနဲ႔ရင္းၿပီးဆပ္ၾကရတယ္

ေနာင္တတဲ့

ဘာဆိုဘာမွ လုပ္မရေတာ့တဲ့အခ်ိန္မွပဲ

ေရာက္လာတတ္တယ္ ။

ကြၽန္မတို႔ ဘာကိုမွျပင္လို႔မရေတာ့ဘူး ။

ဘာကိုမွ ျပန္ဆင္ျခင္လို႔မရေတာ့တဲ့အခ်ိန္မွာမွ

ေရာက္လာတတ္တာဟာ ေနာင္တေပါ့ ။

ေ႐ြးခ်ယ္ခြင့္ေတြ႐ွိခဲ့တုန္းမွာ ႏွလုံးသားကိုပဲ

အလိုလိုက္ဖို႔ေတြးခဲ့မိတယ္ ။

သူ႕ကို ခ်စ္ေန႐ုံနဲ႔ ျဖစ္ပါတယ္ဆိုတဲ့စကားေတြက

တကယ့္လက္ေတြ႕မွာက် မလုံေလာက္တတ္ဘူး ။

ကိုယ္ခ်စ္ေနရ႐ုံဆိုေပမယ့္ အနည္းဆုံးေတာ့

ကိုယ္ခ်စ္ေနတာေတြကို အသိအမွတ္ျပဳေပးတာေတြကို

လိုခ်င္ၾကတာခ်ည္းပါပဲ ။

ကိုယ့္ေ႐ြးခ်ယ္မႈနဲ႔ကိုယ္ဆိုတဲ့ စကားေတြက

ကြၽန္မတို႔ကို ႏွစ္ဆ ပိုၿပီးနာက်င္ေစခဲ့ပါတယ္ ။

ဟုတ္ပါတယ္ ကြၽန္မကိုယ္တိုင္ပဲ ေ႐ြးခ်ယ္ခဲ့တာပါ ။

တကယ့္အစစ္အမွန္ထင္ခဲ့တဲ့အရာေတြဟာ

အတုအေယာင္ေတြမွန္း

ေတာ္ေတာ္ႀကီးေနာက္က်ၿပီးမွ

သိခဲ့ရတာေပါ့ ။ အဲ့ဒီအတြက္ ဒူးနဲ႔မ်က္ရည္သုတ္႐ုံကလြဲလို႔

တျခားလမ္းေတြဟာ မ႐ွိခဲ့ဘူး ။

အရာအားလုံးကို ေျခစုံကန္ခဲ့ၿပီးမွ ေ႐ြးခဲ့မိတာေလ ။

ဘ၀နဲ႔ရင္းၿပီး ေ႐ြးတဲ့လမ္းေတြမွားသြားတဲ့အခါ

မ်က္ရည္ေတြနဲ႔ရင္းၿပီးဆပ္ၾကရတယ္ ။

ေနာင္တေတြနဲ႔ေပါ့။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း