အတွင်းစိတ်ပုတ်သူတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာရပ်များ
လူတစ်ယောက်ရဲ့ စိတ်ထားကို ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။
အပြင်မှာ လူတွေနဲ့ ဆက်ဆံနေတဲ့ ပုံစံကို
ကြည့်ပြီး အတွင်းစိတ်ကို သိအောင် လုပ်လို့ မရနိုင်ပါဘူး။
အတွင်းစိတ် ပုတ်ပြီး စိတ်ထားကောင်းတဲ့သူပုံစံမျိုး
ဟန်ဆောင်ထားတတ်တဲ့သူတွေလည်း ရှိနေတတ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ပါစေ
အတွင်းစိတ်ပုတ်နေတဲ့သူ ဟုတ်၊
မဟုတ်ကို ခွဲခြားလို့ ရတဲ့
အချက်လေးတွေ ရှိနေပါသေးတယ်။
ဒါတွေကတော့ အခုလိုပါနော်…။
(၁) ပူလောင်တတ်တယ်
အတွင်းစိတ် ပုတ်တဲ့သူတွေမှာ ရှိနေတဲ့
အချက်က ပူလောင်မှုပါပဲ။
သူတို့တွေက တခြားသူတွေ
သူတို့ထက်သာတာမျိုးကို သဘောမကျသလို
တခြားသူတွေကို အကောင်းမြင်ပေးတာမျိုးလည်း
မလုပ်နိုင်ကြပါဘူး။
ဒီအတွက် သူတို့ဆီမှာ တခြားသူတွေကို
မကျေနပ်တဲ့ အကြောင်းမျိုးတွေ ကြားရတတ်ပါတယ်။
ဒါ့အပြင် သူတို့ရဲ့ မကျေမနပ် ပူလောင်မှုကိုလည်း
တခြားသူတွေကို အထင်သေးတဲ့
စကားတွေအဖြစ် သူတို့ဆီက ကြားရတတ်ပါတယ်။
(၂) ဟန်ဆောင်ကောင်းတယ်
အတွင်းစိတ်ပုတ်တဲ့သူ အများစုကတော့
သူတို့ စိတ်ထားအမှန်ကို
အမြဲ လူတွေကို ထုတ်ပြလေ့ မရှိပါဘူး။
လူအများစုက စိတ်ထားကောင်းတဲ့သူမျိုးကိုသာ
သဘောကျတာမို့ သူတို့က သူတို့ကိုယ်သူတို့
ကောင်းတဲ့သူတွေအဖြစ် ပုံဖော်ထားလေ့ ရှိပါတယ်။
ဒါကြောင့် သူတို့က တစ်ဖက်မှာ
မကောင်းကြောင်း ပြောနေပေမယ့်
လူရှေ့မှာဆို သူတို့ မဟုတ်သလို
ပြန်ချိုသာသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
(၃) ကူညီဖို့ ဝန်လေးတယ်
သူတို့လို အတွင်းစိတ်ပုတ်နေတဲ့သူတွေကတော့
တခြားသူတွေကို ကူညီဖို့ဆိုတာ
တကယ် ခက်ခဲတဲ့ အလုပ်အဖြစ် ခံစားကြရတာ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်ထက် အဆင်မပြေသူတွေကို
ကူညီဖို့ တစ်ယောက်ယောက်ကို
အဆင်ပြေသွားအောင် လုပ်ပေးဖို့ ဆိုတာတွေကို
သူတို့က ကိုယ့်ကိစ္စမှ မဟုတ်တာဆိုတဲ့
အချက်နဲ့ ရှောင်လွှဲတတ်ကြပါတယ်။
(၄) အတင်းပြောလွန်းတယ်
အတွင်းစိတ် ပုတ်သူတွေက
အမြဲလိုလို အတင်းမပြောပေမယ့်
သူတို့ဆီကနေ မကောင်းသတင်းဆိုတာမျိုးပဲ
ကြားရတတ်ပါတယ်။ တခြားသူတွေ အဆင်ပြေတာမျိုးကို
မရှုစိမ့်နိုင်တဲ့ စိတ်ကြောင့်
တခြားသူတွေ ခက်ခဲတယ်ဆိုတာတွေနဲ့
မကောင်းသတင်းတွေကိုသာ
အတင်းလုပ်ပြောတတ်ကြပါတယ်။
တစ်ယောက်ရဲ့ မကောင်းကြောင်းကို
နောက်တစ်ယောက်ကို သိစေတာမျိုးက
သူတို့ရဲ့ ထူးခြားတဲ့ အကျင့်တစ်ခု ဖြစ်ပါတယ်။
(၅) လိမ်ညာတယ်
သူတို့က လူရှေ့မှာ
လူကောင်းအဖြစ်ပဲ နေတတ်ကြပါတယ်။
ဒါမှမဟုတ်ရင် သူတို့က စိတ်ထားမကောင်းတာ
မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်း ရှိတာဆိုတာမျိုးဆိုတဲ့
ပုံစံကို ပုံဖော်ထားတတ်ကြပါတယ်။
သူတို့က မကောင်းပြောလိုက်လို့
တခြားသူတွေကြားမှာ ပြန်ပေါ်သွားရင်
ဘယ်မှာ ငါ အဲ့လို ပြောဖူးလို့လဲဆိုတဲ့
စကားမျိုးနဲ့ ပြန်လိမ်ညာတတ်ပါတယ်။
သူတို့က သူတို့မကောင်းကြောင်းပြောရင်
အမြဲ ညာပြီး ကောင်းချင်ယောင်လည်း
ဆောင်နေတတ်ကြတာ ဖြစ်ပါတယ်။
Credit
အတြင္းစိတ္ပုတ္သူေတြမွာ ေတြ႕ရတတ္တဲ့ လကၡဏာရပ္မ်ား
လူတစ္ေယာက္ရဲ႕ စိတ္ထားကို ၾကည့္႐ုံနဲ႔ မသိႏိုင္ပါဘူး။
အျပင္မွာ လူေတြနဲ႔ ဆက္ဆံေနတဲ့ ပုံစံကို
ၾကည့္ၿပီး အတြင္းစိတ္ကို သိေအာင္ လုပ္လို႔ မရႏိုင္ပါဘူး။
အတြင္းစိတ္ ပုတ္ၿပီး စိတ္ထားေကာင္းတဲ့သူပုံစံမ်ိဳး
ဟန္ေဆာင္ထားတတ္တဲ့သူေတြလည္း ႐ွိေနတတ္ပါတယ္။
ဘယ္လိုပဲ ျဖစ္ပါေစ
အတြင္းစိတ္ပုတ္ေနတဲ့သူ ဟုတ္၊
မဟုတ္ကို ခြဲျခားလို႔ ရတဲ့
အခ်က္ေလးေတြ ႐ွိေနပါေသးတယ္။
ဒါေတြကေတာ့ အခုလိုပါေနာ္…။
(၁) ပူေလာင္တတ္တယ္
အတြင္းစိတ္ ပုတ္တဲ့သူေတြမွာ ႐ွိေနတဲ့
အခ်က္က ပူေလာင္မႈပါပဲ။
သူတို႔ေတြက တျခားသူေတြ
သူတို႔ထက္သာတာမ်ိဳးကို သေဘာမက်သလို
တျခားသူေတြကို အေကာင္းျမင္ေပးတာမ်ိဳးလည္း
မလုပ္ႏိုင္ၾကပါဘူး။
ဒီအတြက္ သူတို႔ဆီမွာ တျခားသူေတြကို
မေက်နပ္တဲ့ အေၾကာင္းမ်ိဳးေတြ ၾကားရတတ္ပါတယ္။
ဒါ့အျပင္ သူတို႔ရဲ႕ မေက်မနပ္ ပူေလာင္မႈကိုလည္း
တျခားသူေတြကို အထင္ေသးတဲ့
စကားေတြအျဖစ္ သူတို႔ဆီက ၾကားရတတ္ပါတယ္။
(၂) ဟန္ေဆာင္ေကာင္းတယ္
အတြင္းစိတ္ပုတ္တဲ့သူ အမ်ားစုကေတာ့
သူတို႔ စိတ္ထားအမွန္ကို
အၿမဲ လူေတြကို ထုတ္ျပေလ့ မ႐ွိပါဘူး။
လူအမ်ားစုက စိတ္ထားေကာင္းတဲ့သူမ်ိဳးကိုသာ
သေဘာက်တာမို႔ သူတို႔က သူတို႔ကိုယ္သူတို႔
ေကာင္းတဲ့သူေတြအျဖစ္ ပုံေဖာ္ထားေလ့ ႐ွိပါတယ္။
ဒါေၾကာင့္ သူတို႔က တစ္ဖက္မွာ
မေကာင္းေၾကာင္း ေျပာေနေပမယ့္
လူေ႐ွ႕မွာဆို သူတို႔ မဟုတ္သလို
ျပန္ခ်ိဳသာသြားတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။
(၃) ကူညီဖို႔ ဝန္ေလးတယ္
သူတို႔လို အတြင္းစိတ္ပုတ္ေနတဲ့သူေတြကေတာ့
တျခားသူေတြကို ကူညီဖို႔ဆိုတာ
တကယ္ ခက္ခဲတဲ့ အလုပ္အျဖစ္ ခံစားၾကရတာ ျဖစ္ပါတယ္။
ဒါေၾကာင့္ ကိုယ့္ထက္ အဆင္မေျပသူေတြကို
ကူညီဖို႔ တစ္ေယာက္ေယာက္ကို
အဆင္ေျပသြားေအာင္ လုပ္ေပးဖို႔ ဆိုတာေတြကို
သူတို႔က ကိုယ့္ကိစၥမွ မဟုတ္တာဆိုတဲ့
အခ်က္နဲ႔ ေ႐ွာင္လႊဲတတ္ၾကပါတယ္။
(၄) အတင္းေျပာလြန္းတယ္
အတြင္းစိတ္ ပုတ္သူေတြက
အၿမဲလိုလို အတင္းမေျပာေပမယ့္
သူတို႔ဆီကေန မေကာင္းသတင္းဆိုတာမ်ိဳးပဲ
ၾကားရတတ္ပါတယ္။ တျခားသူေတြ အဆင္ေျပတာမ်ိဳးကို
မ႐ႈစိမ့္ႏိုင္တဲ့ စိတ္ေၾကာင့္
တျခားသူေတြ ခက္ခဲတယ္ဆိုတာေတြနဲ႔
မေကာင္းသတင္းေတြကိုသာ
အတင္းလုပ္ေျပာတတ္ၾကပါတယ္။
တစ္ေယာက္ရဲ႕ မေကာင္းေၾကာင္းကို
ေနာက္တစ္ေယာက္ကို သိေစတာမ်ိဳးက
သူတို႔ရဲ႕ ထူးျခားတဲ့ အက်င့္တစ္ခု ျဖစ္ပါတယ္။
(၅) လိမ္ညာတယ္
သူတို႔က လူေ႐ွ႕မွာ
လူေကာင္းအျဖစ္ပဲ ေနတတ္ၾကပါတယ္။
ဒါမွမဟုတ္ရင္ သူတို႔က စိတ္ထားမေကာင္းတာ
မဟုတ္ဘဲ ပြင့္ပြင့္လင္းလင္း ႐ွိတာဆိုတာမ်ိဳးဆိုတဲ့
ပုံစံကို ပုံေဖာ္ထားတတ္ၾကပါတယ္။
သူတို႔က မေကာင္းေျပာလိုက္လို႔
တျခားသူေတြၾကားမွာ ျပန္ေပၚသြားရင္
ဘယ္မွာ ငါ အဲ့လို ေျပာဖူးလို႔လဲဆိုတဲ့
စကားမ်ိဳးနဲ႔ ျပန္လိမ္ညာတတ္ပါတယ္။
သူတို႔က သူတို႔မေကာင္းေၾကာင္းေျပာရင္
အၿမဲ ညာၿပီး ေကာင္းခ်င္ေယာင္လည္း
ေဆာင္ေနတတ္ၾကတာ ျဖစ္ပါတယ္။
Credit