လာချင်ရင် အနီးလေးပါ မလာချင်ရင်တော့ ဒီခရီးဝေးတာပေါ့
လာချင်ရင် အနီးလေးပါ မလာချင်ရင်တော့ ဒီခရီးဝေးတာပေါ့
မဖြစ်နိုင်လို့ပါဆိုတဲ့အကြောင်းပြချက်တွေနောက်မှာ
တစ်ခါတစ်လေ ဖြစ်ချင်စိတ်မရှိတဲ့
စိတ်တွေရှိနေတတ်တယ်
တစ်ယောက်နဲ့တစ်ယောက် နီးစပ်ဖို့ဆိုရင်
တစ်ယောက်တည်း ကြိုးစားနေရုံနဲ့တော့
မဖြစ်နိုင်ခဲ့ဘူးလေ တစ်ယောက်တစ်လှမ်းဆို
နှစ်ယောက်နီးဖို့ ပိုလွယ်တာပေါ့ ။
ဒါပေမယ့် ကိုယ့်ဘက်က လှမ်းခဲ့ပေမယ့်
သူ့ဘက်က တစ်ချက်မှ မလှမ်းခဲ့ဘူး ။
ကိုယ်ကပဲ တစ်ဖက်သတ်ဖြစ်နေခဲ့တာပါ
တကယ်လို့ နီးစပ်ခဲ့မယ်ဆိုရင်တောင်
ကိုယ်အတင်းလုပ်ယူပြီးမှ ဖြစ်လာမယ့် ကံကြမ္မာပေါ့
အဲ့ဒီ ကံကြမ္မာကို နဲနဲလေးတော့ ဘဝင်မကျခဲ့ဘူး
ကမ်းတဲ့လက်က ကမ်းခဲ့ပေမယ့်လဲ တစ်ချက်မှ
မလှမ်းခဲ့တော့လဲ ဒီခရီးသိပ်ကို ဝေးလွန်းပါတယ်
တစ်ချိန်ချိန် နီးစပ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်လေးဟာ
တဖြေးဖြေးဝေးဝါးလာသလို
ယုံကြည်သမျှတွေကလဲ သဲထဲရေသွန်ဖြစ်ခဲ့ရတာပေါ
လာချင်ရင်တော့ အနီးလေးပါ
မလာချင်ရင်တော့ ဒီခရီးဝေးတာပေါ့
ပိုင်ဆိုင်ချင်ပေမယ့် စွန့်လွှတ်လိုက်ရတဲ့ ဇာတ်လမ်းတွေမှာ
ဒီလိုဇာတ်သိမ်းရတာတွေ ရှိတယ်
နှစ်တွေကြာလာတယ် အချစ်တွေတိုးလာမယ့်အစား
ယုံကြည်မှုတွေဟာ ပျောက်ဆုံးလာတယ်
တဖြေးဖြေး နီးရမယ့်အစား
တဖြေးဖြေး ပိုဝေးလာတယ်
တစ်နေ့ဆိုတာ ဘယ်တော့လဲ
မသေချာ မရေရာတော့ဘူး
ကိုယ်လိုချင်တာ သက်သေပြမှုဆိုပေမယ့်လဲ
ကိုယ်ရခဲ့တာက ဆင်ခြေသက်သက်ပါ
အားရှိသရွေ့တော့ ရပ်နေပါတယ်
သေချာတစ်ခုကတော့ အရင်ကလောက် မနီးတော့ဘူး ။
သျှင်ယွန်း
လာခ်င္ရင္ အနီးေလးပါ မလာခ်င္ရင္ေတာ့ ဒီခရီးေဝးတာေပါ့
လာခ်င္ရင္ အနီးေလးပါ မလာခ်င္ရင္ေတာ့ ဒီခရီးေဝးတာေပါ့
မျဖစ္ႏိုင္လို႔ပါဆိုတဲ့အေၾကာင္းျပခ်က္ေတြေနာက္မွာ
တစ္ခါတစ္ေလ ျဖစ္ခ်င္စိတ္မ႐ွိတဲ့
စိတ္ေတြ႐ွိေနတတ္တယ္
တစ္ေယာက္နဲ႔တစ္ေယာက္ နီးစပ္ဖို႔ဆိုရင္
တစ္ေယာက္တည္း ႀကိဳးစားေန႐ုံနဲ႔ေတာ့
မျဖစ္ႏိုင္ခဲ့ဘူးေလ တစ္ေယာက္တစ္လွမ္းဆို
ႏွစ္ေယာက္နီးဖို႔ ပိုလြယ္တာေပါ့ ။
ဒါေပမယ့္ ကိုယ့္ဘက္က လွမ္းခဲ့ေပမယ့္
သူ႕ဘက္က တစ္ခ်က္မွ မလွမ္းခဲ့ဘူး ။
ကိုယ္ကပဲ တစ္ဖက္သတ္ျဖစ္ေနခဲ့တာပါ
တကယ္လို႔ နီးစပ္ခဲ့မယ္ဆိုရင္ေတာင္
ကိုယ္အတင္းလုပ္ယူၿပီးမွ ျဖစ္လာမယ့္ ကံၾကမၼာေပါ့
အဲ့ဒီ ကံၾကမၼာကို နဲနဲေလးေတာ့ ဘဝင္မက်ခဲ့ဘူး
ကမ္းတဲ့လက္က ကမ္းခဲ့ေပမယ့္လဲ တစ္ခ်က္မွ
မလွမ္းခဲ့ေတာ့လဲ ဒီခရီးသိပ္ကို ေဝးလြန္းပါတယ္
တစ္ခ်ိန္ခ်ိန္ နီးစပ္ရမယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးဟာ
တေျဖးေျဖးေဝးဝါးလာသလို
ယုံၾကည္သမွ်ေတြကလဲ သဲထဲေရသြန္ျဖစ္ခဲ့ရတာေပါ
လာခ်င္ရင္ေတာ့ အနီးေလးပါ
မလာခ်င္ရင္ေတာ့ ဒီခရီးေဝးတာေပါ့
ပိုင္ဆိုင္ခ်င္ေပမယ့္ စြန္႔လႊတ္လိုက္ရတဲ့ ဇာတ္လမ္းေတြမွာ
ဒီလိုဇာတ္သိမ္းရတာေတြ ႐ွိတယ္
ႏွစ္ေတြၾကာလာတယ္ အခ်စ္ေတြတိုးလာမယ့္အစား
ယုံၾကည္မႈေတြဟာ ေပ်ာက္ဆုံးလာတယ္
တေျဖးေျဖး နီးရမယ့္အစား
တေျဖးေျဖး ပိုေဝးလာတယ္
တစ္ေန႔ဆိုတာ ဘယ္ေတာ့လဲ
မေသခ်ာ မေရရာေတာ့ဘူး
ကိုယ္လိုခ်င္တာ သက္ေသျပမႈဆိုေပမယ့္လဲ
ကိုယ္ရခဲ့တာက ဆင္ေျခသက္သက္ပါ
အား႐ွိသေ႐ြ႕ေတာ့ ရပ္ေနပါတယ္
ေသခ်ာတစ္ခုကေတာ့ အရင္ကေလာက္ မနီးေတာ့ဘူး ။
သွ်င္ယြန္း