Feeling

သင့်ဘဝထဲကနေ သူထွက်သွားတာက ပိုအဆင်ပြေတယ်ဆိုတာ ဖော်ပြနေတဲ့အချက်တွေ…

သင့်ဘဝထဲကနေ သူထွက်သွားတာက ပိုအဆင်ပြေတယ်ဆိုတာ ဖော်ပြနေတဲ့အချက်တွေ…

လူတစ်ချို့က ကိုယ့်အတွက် ခက်ခဲနေတာသိတဲ့ အရာတစ်ခုကို အတင်းဖက်တွယ်ထားဖို့ ကြိုးစားနေတတ်ကြပါတယ် …။

ဒီ relationship ဟာ ကိုယ့်အတွက် ပင်ပန်းနာကျင်စရာတွေပဲ တိုးနေပေမယ့်လည်း

လက်လွှတ်လိုက်ရမှာ ကြောက်တဲ့စိတ်ကြောင့်ပဲ ကိုယ့်ကိုယ်ကို အနာကျင်ခံပြီး ဖမ်းဆုပ်ထားနေမိတာပါ …။

တကယ်တမ်းမှာတော့ သင့်ဘဝထဲကနေ သူထွက်သွားတာက သင့်အတွက် ပိုအဆင်ပြေတယ်ဆိုတာကို ဒီအချက်တွေက ဖော်ပြနေပါတယ် …။

(၁) သူ့ရဲ့ ဦးစားပေးမှုဟာ သင်မဟုတ်ဘူး။

ကိုယ့်ကိုယ် ဦးစားပေးရကောင်းမှန်း မသိတဲ့ လူတစ်ယောက်ရဲ့ဘေးမှာ သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဘယ်လောက်တောင် ဖြုန်းတီးနေမိပြီလဲ။

ချစ်သူရည်းစားပဲ ဖြစ်ဖြစ်၊ မိသားစုဆက်ဆံရေးပဲ ဖြစ်ဖြစ် ကိုယ်သာတကယ်အချစ်ခံံရတယ်ဆိုရင်

ဦးစားပေးမှုဆိုတာ တောင်းစရာမလိုပဲ ရတတ်တဲ့ အရာတစ်ခုပါ။

သင့်ရဲ့ ချစ်သူကတော့ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် သင့်ကို ဦးစားပေးရကောင်းမသိပဲ အမြဲတမ်း နောက်ချန်ထားတတ်တယ်ဆိုရင်တော့

ဒီဆက်ဆံရေးက ကိုယ့်အတွက် နာကျင်မှုတွေပဲ ရနေမှာပါ။ ဒီတော့ သူမရှိလည်း သင့်ဘဝက ဘာမှပြောင်းလဲမသွားပါဘူး။

 

(၃) အလေးထား မခံရဘူး

Relationship တစ်ခု တည်ဆောက်တယ်ဆိုတာကလည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလေးတွေ၊

အပြန်အလှန်ဂရုစိုက်မှုလေးတွေ၊ အလေးထားမှုလေးတွေ ရှိမှ ပိုပျော်ရွှင်စရာ ကောင်းတာမဟုတ်လား။

ဒါပေမယ့် သူ့ဘက်ကနေ သင့်ကို အလေးမထားဘူး၊ သင် ဘယ်လိုခံစားနေရတယ်ဆိုတာကိုတောင် နားမလည်သလို နားလည်ဖို့လည်း မကြိုးစားဘူး၊ သူ့ဖြစ်ချင်တာပဲ သိပြီး

သင်ဖြစ်ချင်တာကျတော့ တစ်ခါမှ မမေးဖူးဘူးဆိုရင်တော့ ဒီခံစားချက်က အပေးရှိပြီး အယူမရှိတဲ့ ဆက်ဆံရေးမျိုးပဲ ဖြစ်ပါတယ်။

ဒီနာကျင်မှုတွေကို အဆုံးသတ်လိုက်တာက သင့်အတွက် ပိုကောင်းမွန်စေမှာပါနော်။

(၄) မရေရာ မသေချာတော့ဘူး။

ကိုယ့်ချစ်သူက ကိုယ့်ကိုယ် ချစ်တာမှဟုတ်ရဲ့လား ဒါမှမဟုတ် သူ ငါ့ကို မချစ်တော့ဘူးလား ဆိုတဲ့မေးခွန်းတွေ

အထပ်ထပ်အခါခါ မေးနေမိပြီဆိုရင်တော့ ဒီ relationship ကို ြန်သုံးသပ်ချိန် ရောက်နေပါပြီ …။

သူ့ရဲ့ လုပ်ရပ်တွေ၊ အပြုအမူအပြောအဆိုတွေက သင့်အပေါ် အချစ်တွေ မပါနေတော့ရင်၊ သင့်ဘက်ကို ငဲ့ညုာမှုတွေ သူ့ဆီမှာ မတွေ့ရတော့ရင် ဒါဟာ သူ အရင်လိုမဟုတ်တော့ဘူးဆိုတာကို ဖော်ပြနေတာပါ။

ဒီစိတ်နဲ့ပဲ နာကျင်ဝမ်းနည်းနေရမယ့်အစား သင့်ဘဝထဲ သူထွက်သွားလိုက်တာကမှ သင့်အတွက် ပိုအဆင်ပြေနေစေမှာပါ။

(၅) အကြာကြီး ပစ်ထားခံနေရပြီ။

သူ သင်နဲ့ စိတ်ဆိုးစိတ်ကောက်ကြတဲ့ အချိန်တိုင်း အချိန်အကြာကြီး ပစ်ထားတတ်တယ်ဆိုရင်တော့ ဒါဟာ သူ သင့်ကို မချစ်တော့ဘူးဆိုတာပါပဲ။

ဘာမဟုတ်တာလေးနဲ့လည်း အဆက်အသွယ်မလုပ်ပဲ အကြာကြီးနေပြီးမှာ ဘာမှမဖြစ်သလို ပြန်ရောက်ရောက်လာတတ်တာက သူ သင့်ကို တကယ်တန်ဖိုးထားနေလို့ မဟုတ်ပါဘူး။

ဒီလို အပစ်ခံရတဲ့အခါ သင့်ဘက်ကသာ အရူးအမူးခံစားရပေမယ့် သူ့ဘက်ကတော့ ဘာခံစားမှုမှ ရှိမနေပါဘူး …။

ဒီအခြေအနေမျိုးက သူနဲ့ကိုယ့််ရဲ့ ဇာတ်လမ်းတွေကို ဒီမှာတင် ရပ်လိုက်သင့်ပြီဆိုတာကို ဖော်ပြနေပါတယ် …။

khin

Zawgyi Version

သင့္ဘဝထဲကေန သူထြက္သြားတာက ပိုအဆင္ေျပတယ္ဆိုတာ ေဖာ္ျပေနတဲ့အခ်က္ေတြ…

လူတစ္ခ်ိဳ႕က ကိုယ့္အတြက္ ခက္ခဲေနတာသိတဲ့ အရာတစ္ခုကို အတင္းဖက္တြယ္ထားဖို႔ ႀကိဳးစားေနတတ္ၾကပါတယ္ …။

ဒီ relationship ဟာ ကိုယ့္အတြက္ ပင္ပန္းနာက်င္စရာေတြပဲ တိုးေနေပမယ့္လည္း

လက္လႊတ္လိုက္ရမွာ ေၾကာက္တဲ့စိတ္ေၾကာင့္ပဲ ကိုယ့္ကိုယ္ကို အနာက်င္ခံၿပီး ဖမ္းဆုပ္ထားေနမိတာပါ …။

တကယ္တမ္းမွာေတာ့ သင့္ဘဝထဲကေန သူထြက္သြားတာက သင့္အတြက္ ပိုအဆင္ေျပတယ္ဆိုတာကို ဒီအခ်က္ေတြက ေဖာ္ျပေနပါတယ္ …။

(၁) သူ႕ရဲ႕ ဦးစားေပးမႈဟာ သင္မဟုတ္ဘူး။

ကိုယ့္ကိုယ္ ဦးစားေပးရေကာင္းမွန္း မသိတဲ့ လူတစ္ေယာက္ရဲ႕ေဘးမွာ သင့္ရဲ႕ တန္ဖိုး႐ွိတဲ့ အခ်ိန္ေတြကို ဘယ္ေလာက္ေတာင္ ျဖဳန္းတီးေနမိၿပီလဲ။

ခ်စ္သူရည္းစားပဲ ျဖစ္ျဖစ္၊ မိသားစုဆက္ဆံေရးပဲ ျဖစ္ျဖစ္ ကိုယ္သာတကယ္အခ်စ္ခံံရတယ္ဆိုရင္

(၂) ဦးစားေပးမႈဆိုတာ ေတာင္းစရာမလိုပဲ ရတတ္တဲ့ အရာတစ္ခုပါ။

သင့္ရဲ႕ ခ်စ္သူကေတာ့ ဘယ္လိုအေျခအေနမ်ိဳးမွာပဲ ျဖစ္ျဖစ္ သင့္ကို ဦးစားေပးရေကာင္းမသိပဲ အၿမဲတမ္း ေနာက္ခ်န္ထားတတ္တယ္ဆိုရင္ေတာ့

ဒီဆက္ဆံေရးက ကိုယ့္အတြက္ နာက်င္မႈေတြပဲ ရေနမွာပါ။ ဒီေတာ့ သူမ႐ွိလည္း သင့္ဘဝက ဘာမွေျပာင္းလဲမသြားပါဘူး။

(၃) အေလးထား မခံရဘူး

Relationship တစ္ခု တည္ေဆာက္တယ္ဆိုတာကလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈေလးေတြ၊

အျပန္အလွန္ဂ႐ုစိုက္မႈေလးေတြ၊ အေလးထားမႈေလးေတြ ႐ွိမွ ပိုေပ်ာ္႐ႊင္စရာ ေကာင္းတာမဟုတ္လား။

ဒါေပမယ့္ သူ႕ဘက္ကေန သင့္ကို အေလးမထားဘူး၊ သင္ ဘယ္လိုခံစားေနရတယ္ဆိုတာကိုေတာင္ နားမလည္သလို နားလည္ဖို႔လည္း မႀကိဳးစားဘူး၊ သူ႕ျဖစ္ခ်င္တာပဲ သိၿပီး

သင္ျဖစ္ခ်င္တာက်ေတာ့ တစ္ခါမွ မေမးဖူးဘူးဆိုရင္ေတာ့ ဒီခံစားခ်က္က အေပး႐ွိၿပီး အယူမ႐ွိတဲ့ ဆက္ဆံေရးမ်ိဳးပဲ ျဖစ္ပါတယ္။

ဒီနာက်င္မႈေတြကို အဆုံးသတ္လိုက္တာက သင့္အတြက္ ပိုေကာင္းမြန္ေစမွာပါေနာ္။

(၄) မေရရာ မေသခ်ာေတာ့ဘူး။

ကိုယ့္ခ်စ္သူက ကိုယ့္ကိုယ္ ခ်စ္တာမွဟုတ္ရဲ႕လား ဒါမွမဟုတ္ သူ ငါ့ကို မခ်စ္ေတာ့ဘူးလား ဆိုတဲ့ေမးခြန္းေတြ

အထပ္ထပ္အခါခါ ေမးေနမိၿပီဆိုရင္ေတာ့ ဒီ relationship ကို ျန္သုံးသပ္ခ်ိန္ ေရာက္ေနပါၿပီ …။

သူ႕ရဲ႕ လုပ္ရပ္ေတြ၊ အျပဳအမူအေျပာအဆိုေတြက သင့္အေပၚ အခ်စ္ေတြ မပါေနေတာ့ရင္၊ သင့္ဘက္ကို ငဲ့ညဳာမႈေတြ သူ႕ဆီမွာ မေတြ႕ရေတာ့ရင္ ဒါဟာ သူ အရင္လိုမဟုတ္ေတာ့ဘူးဆိုတာကို ေဖာ္ျပေနတာပါ။

ဒီစိတ္နဲ႔ပဲ နာက်င္ဝမ္းနည္းေနရမယ့္အစား သင့္ဘဝထဲ သူထြက္သြားလိုက္တာကမွ သင့္အတြက္ ပိုအဆင္ေျပေနေစမွာပါ။

(၅) အၾကာႀကီး ပစ္ထားခံေနရၿပီ။

သူ သင္နဲ႔ စိတ္ဆိုးစိတ္ေကာက္ၾကတဲ့ အခ်ိန္တိုင္း အခ်ိန္အၾကာႀကီး ပစ္ထားတတ္တယ္ဆိုရင္ေတာ့ ဒါဟာ သူ သင့္ကို မခ်စ္ေတာ့ဘူးဆိုတာပါပဲ။

ဘာမဟုတ္တာေလးနဲ႔လည္း အဆက္အသြယ္မလုပ္ပဲ အၾကာႀကီးေနၿပီးမွာ ဘာမွမျဖစ္သလို ျပန္ေရာက္ေရာက္လာတတ္တာက သူ သင့္ကို တကယ္တန္ဖိုးထားေနလို႔ မဟုတ္ပါဘူး။

ဒီလို အပစ္ခံရတဲ့အခါ သင့္ဘက္ကသာ အ႐ူးအမူးခံစားရေပမယ့္ သူ႕ဘက္ကေတာ့ ဘာခံစားမႈမွ ႐ွိမေနပါဘူး …။

ဒီအေျခအေနမ်ိဳးက သူနဲ႔ကိုယ့္္ရဲ႕ ဇာတ္လမ္းေတြကို ဒီမွာတင္ ရပ္လိုက္သင့္ၿပီဆိုတာကို ေဖာ္ျပေနပါတယ္ …။

khin