Lifestyle

ကိုယ်ငိုမှ ပျော်မယ့် အရပ်မှာရောက်တဲ့အခါ ကိုယ့်မှာ ငိုရပါတယ်

ကိုယ်ငိုမှ ပျော်မယ့် အရပ်မှာရောက်တဲ့အခါ ကိုယ့်မှာ ငိုရပါတယ်

၀ဋ်ကြွေးတွေပါလာတဲ့အခါ

ပြေးဖို့မကြိုးစားတော့ပါဘူး

ကိုယ်ငိုမှ ပျော်မယ့် အရပ်မှာရောက်တဲ့အခါ

ကိုယ့်မှာ ငိုရပါတယ်

ကိုယ်စခေါ်မှ ထူးမယ့်အရပ်ကို ရောက်တဲ့အခါ

ကိုယ့်ဘက်က စပြီးခေါ်ဖြစ်ပါတယ်

ကိုယ်ဆွဲမှ မြဲမယ့်လက်တွေ ရှိလာတဲ့အခါ

ကိုယ့်မှာ ဆက်ပြီးဆွဲရပြန်တယ်

အတိတ်ကိုလဲ အပြစ်တင်ပုံမချတော့ဘူး

ဒါပေမယ့် ခဏလောက်ပဲဖြစ်ဖြစ်

ပြန်ကြည့်ခွင့်သာ ရှိခဲ့ရင်

ငါ ဘယ်လောက်များဆိုခဲ့လို့

ဒီဘ၀ ဒီလိုဖြစ်နေလဲဆိုတာလေး သိချင်မိတယ်

ဒီဘ၀မှာတော့ မယုတ်မာဘူး မကောက်ကျစ်ဘူး

ဒါပေမယ့် တချိန်ချိန်တုန်းက လုပ်ခဲ့ဖူးလို့

အတိုးနဲ့ ပြန်ဆပ်နေရတယ်လို့ပဲ မှတ်ပါတယ်

ကိုယ်ကောင်းနေပါလျက်နဲ့ မကောင်းဘူးလို့

အထင်ခံရတဲ့ အခါ ကိုယ်မှန်နေပါလျက်နဲ့

စွပ်စွဲခံရတဲ့အခါ ဆတ်ဆတ်ထိမခံ ရန်မတွေ့ဖြစ်တော့ဘူး

ဆပ်ရမယ့် ၀ဋ်ကြွေးတစ်ခုတော့

ငါ ဆပ်လိုက်ပြီလို့ပဲ တွေးပါတယ်

ထပ်ထပ်ပြီးတော့လဲ ပါဆယ်တွေ သယ်မသွားချင်ဘူးလေ

ဘယ်သူ မပြု မိမိမှုပါပဲ ဘယ်သူ့ကိုမှ

လက်ညိုးမထိုးချင်တော့ပါဘူး

ကိုယ်လုပ်ခဲ့လို့ ကိုယ်ခံရတယ်လို့ပဲ မှတ်ပါတယ်

ကိုယ်ပြုံးပြီးရပ်နေပေမယ့် အမုန်းခံရမယ့်

၀ဋ်ကြွေးပါတဲ့ အခါ ကိုယ့်အပြုံးတွေကို

အလိုလို အမြင်ကပ်နေတာမျိုးပေါ့

ကိုယ်​ကောင်းအောင်နေပေမယ့်

အကောင်းမထင်တဲ့ ပတ်၀န်းကျင်မှာ

ရှင်သန်ကြီးထားရတာမျိုးတွေ

၀ဋ်ကြွေးပါလို့ဆပ်ရတယ်လို့ပဲ မှတ်ပါတယ်

ဆက်ပြီး မပြေးချင်တော့ဘူး

တစ်နေ့ ကိုယ်ဆပ်ရမယ့် ၀ဋ်ကြွေးတွေ

ကျေသွားတဲ့ နေ့ရောက်ရင် ကိုယ်ငိုရတာတွေရပ်ပြီး

ပြုံးတတ်လာပါလိမ့်မယ် တစ်နေ့ပေါ့ . . . .

၀ဋ်ကြွေးတွေ အားလုံးကျေသွားတဲ့တစ်နေ့ပေါ့

ကိုယ်ဆွဲမှ မြဲမယ့်လက်တွေလဲ

အလိုလိုဝေးသွားပါလိမ့်မယ်တစ်နေ့ပေါ့ . . . .

ဆက်ပြီး မပြေးတော့ဘူးပါလာတဲ့ ၀ဋ်ကြွေးတွေ

ဒီဘ၀ ဒီမျှသာ ကျေတဲ့အထိ ဆပ်ပြီးမှ

ပြုံးတတ်လာပါလိမ့်မယ် ။

မူရင်းစာရေးသားသူ သျှင်ယွန်း

လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ်

ကိုယ္ငိုမွ ေပ်ာ္မယ့္ အရပ္မွာေရာက္တဲ့အခါ ကိုယ့္မွာ ငိုရပါတယ္


၀ဋ္ေႂကြးေတြပါလာတဲ့အခါ

ေျပးဖို႔မႀကိဳးစားေတာ့ပါဘူး

ကိုယ္ငိုမွ ေပ်ာ္မယ့္ အရပ္မွာေရာက္တဲ့အခါ

ကိုယ့္မွာ ငိုရပါတယ္

ကိုယ္စေခၚမွ ထူးမယ့္အရပ္ကို ေရာက္တဲ့အခါ

ကိုယ့္ဘက္က စၿပီးေခၚျဖစ္ပါတယ္

ကိုယ္ဆြဲမွ ၿမဲမယ့္လက္ေတြ ႐ွိလာတဲ့အခါ

ကိုယ့္မွာ ဆက္ၿပီးဆြဲရျပန္တယ္

အတိတ္ကိုလဲ အျပစ္တင္ပုံမခ်ေတာ့ဘူး

ဒါေပမယ့္ ခဏေလာက္ပဲျဖစ္ျဖစ္

ျပန္ၾကည့္ခြင့္သာ ႐ွိခဲ့ရင္

ငါ ဘယ္ေလာက္မ်ားဆိုခဲ့လို႔

ဒီဘ၀ ဒီလိုျဖစ္ေနလဲဆိုတာေလး သိခ်င္မိတယ္

ဒီဘ၀မွာေတာ့ မယုတ္မာဘူး မေကာက္က်စ္ဘူး

ဒါေပမယ့္ တခ်ိန္ခ်ိန္တုန္းက လုပ္ခဲ့ဖူးလို႔

အတိုးနဲ႔ ျပန္ဆပ္ေနရတယ္လို႔ပဲ မွတ္ပါတယ္

ကိုယ္ေကာင္းေနပါလ်က္နဲ႔ မေကာင္းဘူးလို႔

အထင္ခံရတဲ့ အခါ ကိုယ္မွန္ေနပါလ်က္နဲ႔

စြပ္စြဲခံရတဲ့အခါ ဆတ္ဆတ္ထိမခံ ရန္မေတြ႕ျဖစ္ေတာ့ဘူး

ဆပ္ရမယ့္ ၀ဋ္ေႂကြးတစ္ခုေတာ့

ငါ ဆပ္လိုက္ၿပီလို႔ပဲ ေတြးပါတယ္

ထပ္ထပ္ၿပီးေတာ့လဲ ပါဆယ္ေတြ သယ္မသြားခ်င္ဘူးေလ

ဘယ္သူ မျပဳ မိမိမႈပါပဲ ဘယ္သူ႕ကိုမွ

လက္ညိဳးမထိုးခ်င္ေတာ့ပါဘူး

ကိုယ္လုပ္ခဲ့လို႔ ကိုယ္ခံရတယ္လို႔ပဲ မွတ္ပါတယ္

ကိုယ္ျပဳံးၿပီးရပ္ေနေပမယ့္ အမုန္းခံရမယ့္

၀ဋ္ေႂကြးပါတဲ့ အခါ ကိုယ့္အျပဳံးေတြကို

အလိုလို အျမင္ကပ္ေနတာမ်ိဳးေပါ့

ကိုယ္​ေကာင္းေအာင္ေနေပမယ့္

အေကာင္းမထင္တဲ့ ပတ္၀န္းက်င္မွာ

႐ွင္သန္ႀကီးထားရတာမ်ိဳးေတြ

၀ဋ္ေႂကြးပါလို႔ဆပ္ရတယ္လို႔ပဲ မွတ္ပါတယ္

ဆက္ၿပီး မေျပးခ်င္ေတာ့ဘူး

တစ္ေန႔ ကိုယ္ဆပ္ရမယ့္ ၀ဋ္ေႂကြးေတြ

ေက်သြားတဲ့ ေန႔ေရာက္ရင္ ကိုယ္ငိုရတာေတြရပ္ၿပီး

ျပဳံးတတ္လာပါလိမ့္မယ္ တစ္ေန႔ေပါ့ . . . .

၀ဋ္ေႂကြးေတြ အားလုံးေက်သြားတဲ့တစ္ေန႔ေပါ့

ကိုယ္ဆြဲမွ ၿမဲမယ့္လက္ေတြလဲ

အလိုလိုေဝးသြားပါလိမ့္မယ္တစ္ေန႔ေပါ့ . . . .

ဆက္ၿပီး မေျပးေတာ့ဘူးပါလာတဲ့ ၀ဋ္ေႂကြးေတြ

ဒီဘ၀ ဒီမွ်သာ ေက်တဲ့အထိ ဆပ္ၿပီးမွ

ျပဳံးတတ္လာပါလိမ့္မယ္ ။

မူရင္းစာေရးသားသူ သွ်င္ယြန္း

ေလးစားစြာျဖင့္ ‌ျပန္လွန္မွ်ေဝျခင္းျဖစ္ပါတယ္