Lifestyle

သင့်ကိုအားနည်းစေတဲ့ အကျင့်ဆိုးတွေကို ပြုပြင်နည်းများ

သင့်ကိုအားနည်းစေတဲ့ အကျင့်ဆိုးတွေကို ပြုပြင်နည်းများ

တစ်ခါတစ်လေ ဘာအကြောင်းပြချက်မှမရှိဘဲနဲ့

ပင်ပန်းသလိုဖြစ်နေ ခံစားချက်မျိုးကို

ရှိဖူးကြမယ်ထင်ပါတယ်။

အကြောင်းပြချက်ကတော့

သင့်ကိုပင်ပန်းအားနည်းစေတဲ့ အကျင့်ဆိုးတွေကို

ဆက်ထိန်းထားလို့ပါပဲ။

ဒီနေ့ သင့်ကိုအားနည်းစေတဲ့ အကျင်းဆိုးတွေကို

ပြုပြင်နည်းလေးတွေ အကြောင်းပြောပြပေးသွားမှာပါ။

ကတိတည်ပါ

သင်မထိန်းသိမ်းနိုင်တဲ့ ကတိမျိုးကို

တခြားလူတွေကို မပေးမိပါစေနဲ့။

ဒီလိုမှမဟုတ်ဘဲ ကတိတစ်ခုကို လွယ်လွယ်ပေးပြီး

ကတိမတည်နိုင်တဲ့အခါမှာ

နာမည်ပျက်ကျန်ခဲ့ပါလိမ့်မယ်။

ဒါကြောင့် ကတိပေးပြီးရင် တည်နိုင်အောင်ကြိုးစားပါ။

အဆိပ်လိုလူမျိုးတွေဆီကနေ ဝေးဝေးရှောင်ပါ

တစ်ချို့လူတွေက သူတို့ကို စေတနာနဲ့

ဘယ်လောက်ပဲ ကူညီပေး ကူညီပေး

ကျေးဇူးမတင်တဲ့အပြင် ဝေဖန်ပြစ်တင်တက်ကြပါတယ်။

ဒီလို အဆိုးမြင်ဝါဒ ရှိတဲ့လူတွေက

သင့်ကို အားနည်းစေပါတယ်။

ဒါကြောင့် အဆိပ်လိုလူမျိုးတွေဆီကနေ

ဝေးဝေးရှောင်ပြီး အကောင်းမြင်ဝါဒ

ရှိတဲ့လူတွေအနားမှာ နေနိုင်အောင် ကြိုးစားပါ။

အကြွေးတွေကို အချိန်မှန်ဆပ်ပါ

အကြွေးကင်းခြင်းက သင့်ဘဝကို ပျော်ရွှင်စေမှာပါ။

အကယ်၍ တခြားလူတွေဆီကနေ

အကြွေးယူထားသည်ရှိခဲ့သော် အချိန်မှန်ဆပ်ပေးပါ။

တခြားလူတွေကို သင့်အပေါ် ကောင်းမွန်စွာ

ပြုမူဆက်ဆံ စေချင်သလို တခြားလူတွေကိုလည်း

ကောင်းမွန်စွာပြုမူ ဆက်ဆံပေးပါ။

ခွင့်လွှတ်ဖို့သင်ယူပါ

တစ်စုံတစ်ယောက်ကို ခွင့်မလွှတ်ဖို့ရွေးချယ်လိုက်ခြင်းက

သင့်အနေနဲ့ ခံစားရဖို့ ရွေးချယ်လိုက်ခြင်းပါပဲ။

အမုန်းတွေနဲ့ သင့်ကိုယ်သင် အဆိပ်ခက်နေမယ့်အစား

ခွင့်လွှတ်ပေးပြီး ရှေးဆက်နိုင်ဖို့ ကြိုးစားပါ။

တစ်စုံတစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်ပြီဆိုရင်

သင့်စိတ်ထဲမှာ ပေါ့ပါးသွားပြီး

နေလို့ထိုင်လို့ ကောင်းသွားပါလိမ့်မယ်။

Credit




ရှိဖူးကြမယ်ထင်ပါတယ်။

အကြောင်းပြချက်ကတော့


ဆက်ထိန်းထားလို့ပါပဲ။



ကတိတည်ပါ































Credit