ပညာပေး

တစ်စုံတစ်ယောက်က သင့်ကိုထားရစ်ခဲ့တယ်(သို့)လမ်းခွဲချင်တယ်လို့ ပြောလာမယ်ဆိုရင်….

တစ်စုံတစ်ယောက်က သင့်ကိုထားရစ်ခဲ့တယ်(သို့)လမ်းခွဲချင်တယ်လို့ ပြောလာမယ်ဆိုရင်….

ကျေနပ်စွာ ထွက်ခွာသွားခွင့် ပေးလိုက်ပါ။ ထိုသူကို မိမိအပါး ဆွဲထားတာက ကျားလှောင်အိမ်ထဲမှာ ထမင်းစားနေရ သလိုပါပဲ …။

သူကြောင့် စိတ်နဲ့ ခန္ဓာ သောကများတော့မှာကို တွေးပြီးရော ကြောက်စိတ် မဖြစ်ဖူးဘူးလား …၊

ကိုယ့်ရဲ့စိတ်တွေ အားလုံး နှစ်မြုပ်ပြီး တွယ်တာခဲ့ရသူဟာ သူဘက်က ခိုင်လုံတဲ့ အကြောင်းပြချက် အမျိုးမျိုးကို သုံးပြီး ထားသွားရက်တဲ့ အခါ

လူ အတော်များများက နာကျည်းစိတ်တွေနဲ့ မေ့ပစ်လိုက်ဖို့ အတင်းကြိုးစား တတ်ကြပါတယ်။ အရမ်းကို မှားယွင်းတဲ့ လုပ်ရပ်ပါ ။

တစ်ကယ်တော့ မေ့ပစ်ဖို့ ကြိုးစား တာဟာ သူ့ကို ပိုသတိ ရနေ စေပါတယ်။ ဒါဟာ မိမိကိုယ်ကို နှိပ်စက်နေတာပါ။ လူတိုင်းက ကိုယ့်ကိုကိုယ်ထက် သူများကို ပိုမချစ်ပါဘူး .။

လက်မခံရင် ဒီအချိန်ထိ ကိုယ်အပေါ် ကျေးဇူးပြုဖူးတဲ့ သူ အများကြီးထဲက ဘယ်နှစ်ယောက်ကို မှတ်မိသလဲ ရွတ်ကြည့် လိုက်ပါ။ လက် ၁၀ ချောင်း ပြည့်ရင် သင်က လူတော်ပေါ့ ။

တစ်ယောက်ယောက် ကိုယ့်ကို ထားသွားလို့ မစားဘူး၊ မအိပ်ဘူး ဆိုတဲ့သူ ကိုယ်အရှေ့မှာ မြင်တွေ့ခဲ့ရင် သူကို ချက်ချင်း အသိပေးလိုက်ပါ။ အဓိကနဲ့ သာမညကို ခွဲခြား သိမြင်ပါလို့။

အချိန်က အရာရာကို တိုက်စား သွားပါ လိမ့်မယ်။ ဇွတ် မေ့လိုက် ဖို့လည်း မကြိုးစားနဲ့လို့ နှစ်သိမ့်ပေး လိုက်ပါ …။

ထားသွားရက်သူကို သင့်ရင်ထဲ့က တွယ်တာနေနိုင် တယ်။ ပိတ်လှောင် ထားဖို့ မကြိုးစား လိုက်ပါနဲ့။ အရှုံးကြီး ရှုံး သွားပါလိမ့်မယ် ။

“သေသောသူ ကြာလျှင်မေ့” ဆိုတဲ့ စာဆိုက အလကား ဖွဲ့ပြခဲ့တာမှ မဟုတ်တာ။

စိတ်က မမြင်မတွေ့တာ ကြာရင် မေ့ပစ်စရာ မလိုပဲ ပြင်းထန်တဲ့ ခံစားချက်တွေဟာ ကြက်ပျောက်၊ ငှက်ပျောက်ကို ပျောက်ကွယ်သွား ပါလိမ့် မယ်နော် …။ ။

Credit

Zawgyi

တစ္စုံတစ္ေယာက္က သင့္ကိုထားရစ္ခဲ့တယ္(သို႔)လမ္းခြဲခ်င္တယ္လို႔ ေျပာလာမယ္ဆိုရင္….

ေက်နပ္စြာ ထြက္ခြာသြားခြင့္ ေပးလိုက္ပါ။ ထိုသူကို မိမိအပါး ဆြဲထားတာက က်ားေလွာင္အိမ္ထဲမွာ ထမင္းစားေနရ သလိုပါပဲ …။

သူေၾကာင့္ စိတ္နဲ႔ ခႏၶာ ေသာကမ်ားေတာ့မွာကို ေတြးၿပီးေရာ ေၾကာက္စိတ္ မျဖစ္ဖူးဘူးလား …၊

ကိုယ့္ရဲ႕စိတ္ေတြ အားလုံး ႏွစ္ျမဳပ္ၿပီး တြယ္တာခဲ့ရသူဟာ သူဘက္က ခိုင္လုံတဲ့ အေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳးကို သုံးၿပီး ထားသြားရက္တဲ့ အခါ

လူ အေတာ္မ်ားမ်ားက နာက်ည္းစိတ္ေတြနဲ႔ ေမ့ပစ္လိုက္ဖို႔ အတင္းႀကိဳးစား တတ္ၾကပါတယ္။ အရမ္းကို မွားယြင္းတဲ့ လုပ္ရပ္ပါ ။

တစ္ကယ္ေတာ့ ေမ့ပစ္ဖို႔ ႀကိဳးစား တာဟာ သူ႕ကို ပိုသတိ ရေန ေစပါတယ္။ ဒါဟာ မိမိကိုယ္ကို ႏွိပ္စက္ေနတာပါ။ လူတိုင္းက ကိုယ့္ကိုကိုယ္ထက္ သူမ်ားကို ပိုမခ်စ္ပါဘူး .။

လက္မခံရင္ ဒီအခ်ိန္ထိ ကိုယ္အေပၚ ေက်းဇူးျပဳဖူးတဲ့ သူ အမ်ားႀကီးထဲက ဘယ္ႏွစ္ေယာက္ကို မွတ္မိသလဲ ႐ြတ္ၾကည့္ လိုက္ပါ။ လက္ ၁၀ ေခ်ာင္း ျပည့္ရင္ သင္က လူေတာ္ေပါ့ ။

တစ္ေယာက္ေယာက္ ကိုယ့္ကို ထားသြားလို႔ မစားဘူး၊ မအိပ္ဘူး ဆိုတဲ့သူ ကိုယ္အေ႐ွ႕မွာ ျမင္ေတြ႕ခဲ့ရင္ သူကို ခ်က္ခ်င္း အသိေပးလိုက္ပါ။ အဓိကနဲ႔ သာမညကို ခြဲျခား သိျမင္ပါလို႔။

အခ်ိန္က အရာရာကို တိုက္စား သြားပါ လိမ့္မယ္။ ဇြတ္ ေမ့လိုက္ ဖို႔လည္း မႀကိဳးစားနဲ႔လို႔ ႏွစ္သိမ့္ေပး လိုက္ပါ …။

ထားသြားရက္သူကို သင့္ရင္ထဲ့က တြယ္တာေနႏိုင္ တယ္။ ပိတ္ေလွာင္ ထားဖို႔ မႀကိဳးစား လိုက္ပါနဲ႔။ အ႐ႈံးႀကီး ႐ႈံး သြားပါလိမ့္မယ္ ။

“ေသေသာသူ ၾကာလွ်င္ေမ့” ဆိုတဲ့ စာဆိုက အလကား ဖြဲ႕ျပခဲ့တာမွ မဟုတ္တာ။

စိတ္က မျမင္မေတြ႕တာ ၾကာရင္ ေမ့ပစ္စရာ မလိုပဲ ျပင္းထန္တဲ့ ခံစားခ်က္ေတြဟာ ၾကက္ေပ်ာက္၊ ငွက္ေပ်ာက္ကို ေပ်ာက္ကြယ္သြား ပါလိမ့္ မယ္ေနာ္ …။ ။

Credit