Beauty

မလိုလားတဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားဖို့အတွက်VASELINEကိုအသုံးပြုလိုက်ရအောင်…

မလိုလားတဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားဖို့အတွက်VASELINEကိုအသုံးပြုလိုက်ရအောင်…

Vaseline ကို နည်းလမ်းမျိုးစုံ နဲ့အသုံးပြု နိုင်ပါတယ် …။

ဥပမာပြော ရရင် မိခင်အများစုက ကလေးဒိုက်ပါ ခံတာများ လာလို့ အသားအရေနီ ရဲလာတဲ့ အချိန်မှာ သုံးနိုင်သလို အသေးအဖွဲ ထိခိုက် ရှနာ၊

အပူလောင်တွေ မျိုးအတွက် လည်း ကိုယ့်ကိုယ် ကို ကာကွယ်ဖို့အတွက် သုံးပေးနိုင် ပါတယ် …။

Vaseline ရဲ့ အဓိကအား သာချက်ကတော့ ခြောက်သွေ့မှုအတွက် အစိုဓာတ် ကိုဖြည့်တင်းပေးတာမို့ အသား အရေခြောက်သွေ့ခြင်း၊

အသား အရေကွဲ အက်ခြင်းတို့အတွက် လူအများစု အသုံးပြုကြ တာလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကိုယ်ပေါ်က မလိုလားအပ်တဲ့ အမွှေး အမျှင်တွေကို ဖယ်ရှားဖို့အတွက် Vaseline ကို ဘယ်လိုအသုံးပြု မလဲဆိုတဲ့ နည်းလမ်းလေးကို ဝေမျှပေး သွားမှာပါ။

လိုအပ်တဲ့ ပါဝင်ပစ္စည်းများ…

ကုလားပဲမှုန့် စားပွဲတင် ဇွန်း ၁ ဇွန်း

နနွင်းမှုန့် စားပွဲတင် ဇွန်း တစ်ဝက်

နို့မှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း

Vaseline လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ အဆင့်ဆင့်

(၁) အထက်ဖော်ပြပါ ပါဝင်ပစ္စည်းတွေ ထဲမှာမှ Vaseline ကိုခဏဖယ် ထားပြီး ပန်းကန်လုံး တစ်ခုထဲမှာ အကုန်ရောမွှေပေးပါ ။

ပျစ်ပျစ်နှစ်နှစ်ဖြစ် လာတဲ့ အထိ မွှေပေးပါ ။

(၂) ရလာတဲ့ အနှစ်ထဲကို Vaseline ပေါင်းထည့်ပြီး ဆက်မွှေပေးပါ ။

(၃) နှံ့သွားပြီ ဆိုရင်တော့ မလိုလားတဲ့ အမွှေးအမျှင်တွေ ရှိတဲ့နေရ ာပေါ်မှာ အနှစ်ကို လိမ်းပေးပါ ။

(၄) အနှစ်လုံး ဝခြောက်သွားတဲ့အထိ ထားပေးဖို့လို အပ်ပြီး ပုံမှန်အားဖြင့် ငါးမိနစ်မှ၁၀ မိနစ်ခန့်ကြာမြင့် တတ်ပါတယ် ။

(၅) ခြောက်သွားပြီ ဆိုရင်တော့ အမွှေးပေါက်ရာ နဲ့လားရာဆန့်ကျင်ဖက် ကနေပြီး ဆွဲခွာပေးပါ …။

ခွာပြီးနောက် ရေနွေးနွေးလေး နဲ့မျက်နှာသစ် လိုက်ပါ ။

ဒီနည်းလမ်းလေးကိုတော့ နေ့စဉ်ပုံမှန်ပြု လုပ်ပေးနိုင် သလိုနှုတ်ခမ်း အပေါ်နားမှာနှုတ်ခမ်းမွှေးရေးရေးပေါက်လို့စိတ်ညစ်နေ တဲ အမျိုးသမီးတွေ အတွက် အထူးသင့်တော် ပါတယ် ။

Credit

Zawgyi













ပြင်ဆင်ပုံ အဆင့်ဆင့်









Credit