ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုလိမ်နေတယ်လို့ သိလိုက်ရတဲ့ အချိန်မှာ…
တစ်ခါတရံမှာ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို လိမ်နေတယ်၊ အဲဒါကိုလည်း ကိုယ်က သိနေတယ် …။
ဒါပေမယ့် ကိုယ်က ဘာမှမတတ်နိုင်တဲ့ အခြေအနေမျိုးမှာ ရောက်နေတယ်ဆိုရင် စိတ်ပင်ပန်းဆင်းရဲမှုကို ခံစားနေရမှာ အသေအချာပါပဲ ။
ကိုယ့်ရဲ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်ရက်လေခြင်း၊
ကိုယ့်ကို လိမ်ရက်လေခြင်းဆိုတဲ့ ခံစားချက်တွေကို ပွားများအောင် တွေးတောမနေဘဲ ဒါလေးတွေကို သတိရဖို့ ပြောချင်ပါတယ် …။
(၁) လိမ်တဲ့သူက ကိုယ်ခံစားရတာထက် ပိုပြီး ခံစားရမယ်ဆိုတာ သတိရပါ။
မကောင်းမှုတစ်ခုလုပ်တဲ့ သူဟာ တချိန်ချိန်မှာ ၀ဋ်ပြန်လည်ပါလိမ့်မယ် ။
ကိုယ့်ရဲ့ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်ခဲ့သလိုမျိုး သူလည်း တစ်ချိန်ချိန်မှာ ပြန်ကြုံရမယ်ဆိုတာ သေချာပါတယ် ။
ဒါကြောင့် ကိုယ့်ကို လိမ်တဲ့သူကို ကိုယ်တိုင် အပင်ပန်းခံ တုံ့ပြန်နေဖို့ မလိုအပ်ပါဘူး ။
(၂) သူလိမ်နေတာကို သိရတာဟာ ကံကောင်းတယ်လို့ တွေးပါ။
သူကိုယ့်ကို လိမ်နေပါလား ဆိုတဲ့ အမှန်တရားက ခါးသီးပေမယ့်
ဒါကို မသိဘဲ လူလိမ်ကို လူကောင်းလို့ ထင်မှတ်နေတာက ပိုပြီး ဆိုးပါတယ် ။
လိမ်နေမှန်း စောစောသိရတော့ လူလိမ်တွေနဲ့ လမ်းခွဲဖို့ ပြင်ဆင်ချိန် ပိုရတယ်ပဲ မှတ်လိုက်ပါ …။
(၃) လူလိမ်ဆိုတာ နာကျင်မှုတွေကိုပဲ ပေးမှာမို့ လမ်းခွဲဖို့စဉ်းစားပါ။
ကံငါးပါးမှာ မုသာဝါဒ တစ်ပါးတည်းပဲ မလုံတာဆိုတဲ့ သူတွေက ကြောက်စရာ အကောင်းဆုံးပါပဲ ။
ဒီတစ်ပါးကို ချိုးဖောက်ပြီး ကျန်တာအားလုံး ဆက်တိုက်ကျူးလွန်နိုင်တာကြောင့်
ဆက်ပြီးလက်တွဲမယ်ဆိုရင် ကိုယ်ပဲ နာကျင်နေရမှာပါ ။
(၄) လမ်းခွဲပြီးရင်လည်း မေတ္တာပို့ပေးလိုက်ပါ။
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး အစားပြန်ယူနေရင်
တစ်ကမ်ဘာလုံး မျက်ကန်းတွေချည်းပဲ ဖြစ်သွားမှာပေါ့ ။
တချို့တွေက ခွင့်လွှတ်ဖို့ မတန်သလို တချို့တွေကျတော့လည်း စိတ်ဆိုးနေဖို့ကို မတန်တာကြောင့်ပါ …။
လိမ်တာက ကိုယ်မဟုတ်တဲ့အတွက် ကိုယ်ကခံစားနေစရာ အကြောင်းလည်း မရှိပါဘူး ။
(၅) လူလိမ်တွေ ဆုံးရံှုးလိုက်ရတာက ကိုယ့်တစ်ယောက်တည်းရဲ့ ယုံကြည်မှုမဟုတ်ပါဘူး
သူနဲ့ကိုယ့်အသိုင်းအ၀ိုင်းက လူတွေအားလုံးရဲ့ ယုံကြည်မှုကိုပါ ဆုံးရံှုးလိုက်ရတာပါ ။
ယုံကြည်မှုဆိုတာ တစ်ခါဆုံးရံှးပြီးရင်
ပြန်ရဖို့ မလွယ်တာမို့ သူတို့ကို လူတွေပြန်ယုံကြည်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲနော် …။ ။
MAY THAZIN HTOO
Zawgyi
ကိုယ္ခ်စ္ရတဲ့သူက ကိုယ့္ကိုလိမ္ေနတယ္လို႔ သိလိုက္ရတဲ့ အခ်ိန္မွာ…
တစ္ခါတရံမွာ ကိုယ္ခ်စ္ရတဲ့သူက ကိုယ့္ကို လိမ္ေနတယ္၊ အဲဒါကိုလည္း ကိုယ္က သိေနတယ္ …။
ဒါေပမယ့္ ကိုယ္က ဘာမွမတတ္ႏိုင္တဲ့ အေျခအေနမ်ိဳးမွာ ေရာက္ေနတယ္ဆိုရင္ စိတ္ပင္ပန္းဆင္းရဲမႈကို ခံစားေနရမွာ အေသအခ်ာပါပဲ ။
ကိုယ့္ရဲ႕ ယုံၾကည္မႈကို အလြဲသုံးစား လုပ္ရက္ေလျခင္း၊
ကိုယ့္ကို လိမ္ရက္ေလျခင္းဆိုတဲ့ ခံစားခ်က္ေတြကို ပြားမ်ားေအာင္ ေတြးေတာမေနဘဲ ဒါေလးေတြကို သတိရဖို႔ ေျပာခ်င္ပါတယ္ …။
(၁) လိမ္တဲ့သူက ကိုယ္ခံစားရတာထက္ ပိုၿပီး ခံစားရမယ္ဆိုတာ သတိရပါ။
မေကာင္းမႈတစ္ခုလုပ္တဲ့ သူဟာ တခ်ိန္ခ်ိန္မွာ ၀ဋ္ျပန္လည္ပါလိမ့္မယ္ ။
ကိုယ့္ရဲ႕ယုံၾကည္မႈေတြကို အလြဲသုံးစား လုပ္ခဲ့သလိုမ်ိဳး သူလည္း တစ္ခ်ိန္ခ်ိန္မွာ ျပန္ၾကဳံရမယ္ဆိုတာ ေသခ်ာပါတယ္ ။
ဒါေၾကာင့္ ကိုယ့္ကို လိမ္တဲ့သူကို ကိုယ္တိုင္ အပင္ပန္းခံ တုံ႔ျပန္ေနဖို႔ မလိုအပ္ပါဘူး ။
(၂) သူလိမ္ေနတာကို သိရတာဟာ ကံေကာင္းတယ္လို႔ ေတြးပါ။
သူကိုယ့္ကို လိမ္ေနပါလား ဆိုတဲ့ အမွန္တရားက ခါးသီးေပမယ့္
ဒါကို မသိဘဲ လူလိမ္ကို လူေကာင္းလို႔ ထင္မွတ္ေနတာက ပိုၿပီး ဆိုးပါတယ္ ။
လိမ္ေနမွန္း ေစာေစာသိရေတာ့ လူလိမ္ေတြနဲ႔ လမ္းခြဲဖို႔ ျပင္ဆင္ခ်ိန္ ပိုရတယ္ပဲ မွတ္လိုက္ပါ …။
(၃) လူလိမ္ဆိုတာ နာက်င္မႈေတြကိုပဲ ေပးမွာမို႔ လမ္းခြဲဖို႔စဥ္းစားပါ။
ကံငါးပါးမွာ မုသာဝါဒ တစ္ပါးတည္းပဲ မလုံတာဆိုတဲ့ သူေတြက ေၾကာက္စရာ အေကာင္းဆုံးပါပဲ ။
ဒီတစ္ပါးကို ခ်ိဳးေဖာက္ၿပီး က်န္တာအားလုံး ဆက္တိုက္က်ဴးလြန္ႏိုင္တာေၾကာင့္
ဆက္ၿပီးလက္တြဲမယ္ဆိုရင္ ကိုယ္ပဲ နာက်င္ေနရမွာပါ ။
(၄) လမ္းခြဲၿပီးရင္လည္း ေမတၱာပို႔ေပးလိုက္ပါ။
မ်က္လုံးတစ္လုံးအတြက္ မ်က္လုံးတစ္လုံး အစားျပန္ယူေနရင္
တစ္ကမ္ဘာလုံး မ်က္ကန္းေတြခ်ည္းပဲ ျဖစ္သြားမွာေပါ့ ။
တခ်ိဳ႕ေတြက ခြင့္လႊတ္ဖို႔ မတန္သလို တခ်ိဳ႕ေတြက်ေတာ့လည္း စိတ္ဆိုးေနဖို႔ကို မတန္တာေၾကာင့္ပါ …။
လိမ္တာက ကိုယ္မဟုတ္တဲ့အတြက္ ကိုယ္ကခံစားေနစရာ အေၾကာင္းလည္း မ႐ွိပါဘူး ။
(၅) လူလိမ္ေတြ ဆုံးရံွဳးလိုက္ရတာက ကိုယ့္တစ္ေယာက္တည္းရဲ႕ ယုံၾကည္မႈမဟုတ္ပါဘူး
သူနဲ႔ကိုယ့္အသိုင္းအဝိုင္းက လူေတြအားလုံးရဲ႕ ယုံၾကည္မႈကိုပါ ဆုံးရံွဳးလိုက္ရတာပါ ။
ယုံၾကည္မႈဆိုတာ တစ္ခါဆုံးရံွးၿပီးရင္
ျပန္ရဖို႔ မလြယ္တာမို႔ သူတို႔ကို လူေတြျပန္ယုံၾကည္ဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္ပါပဲေနာ္ …။ ။
MAY THAZIN HTOO