Love
အကြီးဆုံးတွေကို ချစ်သူအဖြစ် ရွေးချယ်သင့်တဲ့အကြောင်းအရင်း
အကြီးဆုံးတွေကို ချစ်သူအဖြစ် ရွေးချယ်သင့်တဲ့အကြောင်းအရင်း
သင် ချစ်ရတဲ့ သူက အကြီးဆုံး သားသမီး ဟုတ်ပါ သလား။ ဒီမှာ အကြီးဆုံးတွေကို ချစ်သူတော်ရခြင်းရဲ့ ရလဒ်တွေကို ပရိသတ်ကြီး အတွက် တင်ဆက်ပေး လိုက်တယ်နော်။အကြီးဆုံးတွေကို ချစ်ပါ။ သူတို့က….
၁။ ရည်မှန်းချက်ကြီးတယ်။
အကြီးဆုံးတွေဟာ သားဦး၊ သမီးဦး ဖြစ်တဲ့ အလျောက် မိဘတွေက တုန်နေအောင် ချစ်ပြီး ရည်မှန်းချက်ကြီးကြီး ထားတတ် ကြပါ တယ်။
ဒါကြောင့် မိဘတွေ မျှော်လင့်ထားတဲ့ စံရောက်အောင် ကြိုးစားရမှုကြောင့်လည်း ရည်မှန်းချက် ကြီးသူ ဖြစ်တယ် …။
ရည်မှန်းချက်ကြီး သူဖြစ်တဲ့ အလျောက် သင်နဲ့ ပတ်သက်ပြီးလည်း သူက အနာဂတ် အစီအစဉ်တွေ ကြိုတင် စီစဉ် ဆွဲထား တတ်ပါ တယ်။
၂။ စေ့စပ်သေချာတယ်။
ရည်မှန်း ချက်ကြီး တာကြောင့်လည်း အလုပ်ကို အသေးစိတ် စေ့စပ် သေချာစွာ ဆရာကြီးလုပ်သူများလည်း ဖြစ်တတ် ကြပါတယ်။
ဒါကြောင့်လည်း သင့်ကို သူတို့က ဆရာကြီးလုပ်ပြီး ကလေးလေးလို ချစ်တတ်ပါ လိမ့်မယ်။
၃။ ဉာဏ်ကောင်းတယ်။
စိတ်ပညာရှင် တချို့ရဲ့ အဆိုအရ အကြီးဆုံး ကလေးတွေရဲ့ ဉာဏ်ရည် ဉာဏ်သွေး IQ က ပိုသာကြောင်း သိရပါတယ်။
IQ မြင့် တာကြောင့်လည်း သင်နဲ့ ပတ်သက်တဲ့ အရာရာမှန်သမျှ သူက ဂရုစိုက်အသေးစိတ်မှတ်မိနေမှာပါ။
၄။ မနာလိုစိုးရိမ်။
မိဘတွေဟာ သူတို့ရဲ့သားဦးတွေ အပေါ် အစိုးရိမ်လွန်၊ ဂရုစိုက် လွန်တာကြောင့် ဖူးဖူးမှုတ် ခံနေရာကနေနောက်ထပ် ကလေး ရလာရင် ထိုကလေးအပေါ် ဂရုစိုက်မှုတွေ ပြောင်းသွား တာကြောင့်
မိဘတွေ အာရုံစိုက်မှုကို ဆုံးရှုံးရတဲ့ အပေါ်မှာလည်း သူတို့က မနာလို တတ်ကြ ပါတယ် …။
အဲဒီ အတွက်ကြောင့်လည်း သင် နဲ့ပတ်သက် လာရင် သူက သဝန်တို J ဝင်လေ့ ရှိတာကိုတော့ နားလည်ခွင့်လွှတ်ပေး လိုက်စေချင် ပါတယ် …။ ။
ခရက်ဒစ်
Zawgyi
၁။ ရည်မှန်းချက်ကြီးတယ်။
၂။ စေ့စပ်သေချာတယ်။
၃။ ဉာဏ်ကောင်းတယ်။
၎။ မနာလိုစိုးရိမ်။
ခရက်ဒစ်