ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ အမျိုးသမီးတိုင်း မဖြစ်မနေ လိုက်နာကြတဲ့ အချက် (၅) ချက်
(1) ကိုယ်က အဖိုးတန်တာကို သိတယ်
မိန်းကလေးတိုင်းက ကိုယ်က ဘယ်လောက်
အဖိုးတန်တယ်ဆိုတာကို သိကြတာမျိုး မဟုတ်ပါဘူး။
တခြားသူတစ်ယောက် ရှိမှ
ဘဝကို ရပ်တည်နိုင်တာမျိုးကို
ကိုယ်က အဖိုးတန်မှန်း သိတဲ့သူတွေက မလုပ်ကြပါဘူး။
ကိုယ်က တစ်စုံတစ်ယောက် မြတ်နိုးဖို့
ထိုက်တန်လို့ ခခယယ လုပ်တာaမျိုးကို
မလုပ်သလို ကိုယ့်ကို တန်ဖိုးကျစေအောင်
လုပ်တဲ့သူတွေနားမှာ မနေတတ်ကြပါဘူး။
(2) ကိုယ့်ကိုယ်ကို အချိန်ပေးတယ်
မိသားစုနဲ့ ချစ်သူ၊ သူငယ်ချင်းတွေကို
အချိန်ပေးတာက ကိုယ့်ရဲ့ ချစ်ခြင်း မေတ္တာကို
ပြသတဲ့ သဘော ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့သူတွေက
ကိုယ့်အတွက်လည်း အချိန်ပေးတတ်ကြပါတယ်။
တစ်ယောက်တည်း သက်တောင်သက်သာလေး
အိပ်လိုက်တာမျိုး၊ မုန့်တွေ
ဝယ်စားပြီး ရုပ်ရှင်ကြည့်တာမျိုး၊
ကိုယ့်အိပ်မက်အတွက် အချိန်ပေးပြီး
ကြိုးစားနေတာမျိုးကိုလည်း လုပ်တတ်ကြပါသေးတယ်။
(3) အနားယူခွင့် ပေးတယ်
ကိုယ်က ဘဝမှာ အကြောင်းအမျိုးမျိုးနဲ့
ကြိုးစားနေရတာပါ။ ဒီအတွက် အလုပ်လုပ်နေခဲ့တဲ့၊
သူများတွေကို နားလည်ပေးခဲ့တဲ့
ကိုယ်ကလည်း အနားယူဖို့ လိုအပ်ပါတယ်။
ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့သူတွေက
ကိုယ့်ကိုယ်ကို အနားယူခွင့်ပေးဖို့
ဘယ်တော့မှ နောက်မကျတတ်ကြပါဘူး။
အနားယူခြင်းက ကိုယ့်ကို အကောင်းဆုံး
ခွန်အား ဖြစ်လာစေတာမို့ပါ။
(4) စိတ်ဖိစီးမှုကို လျှော့ချပေးတယ်
စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာ
အနည်းနဲ့ အများ ရှိတတ်ကြပါတယ်။
စိတ်ဖိစီးမှုတွေက လူမှုရေးနဲ့ အလုပ်ကိုပါ
ထိခိုက်စေတတ်တဲ့ အပြင်
ကျန်းမာရေးကိုလည်း ထိခိုက်စေတတ်ပါတယ်။
ကိုယ့်ကိုယ်ကို ချစ်တဲ့သူတွေကတော့
စိတ်ဖိစီးမှုတွေကို ပိုက်မထားဘဲ
လျှော့ချဖို့ လုပ်ပြီး စိတ်ချမ်းသာဖို့ ကြိုးစားနေတတ်ကြပါတယ်။
(5) မကြောက်တတ်ဘူး
တစ်ယောက်တည်း ဖြစ်သွားမှာမျိုးနဲ့
ကိုယ့်ရဲ့ အားနည်းချက်လို အရာကို ပြပြီ
း ခြိမ်းခြောက်ခံရတာမျိုးကို
ကိုယ့်ကိုယ်ကို တကယ် ချစ်ကြတဲ့သူတွေက
လက်မခံနိုင်တတ်ကြပါဘူး။
စိတ်ဆင်းရဲရမှာထက် တစ်ယောက်တည်း နေရတာက
ပိုကောင်းတယ်လို့ တွေးကြသလို
ကိုယ့်အားနည်းချက်က ရှက်စရာ မဟုတ်ဘူး၊
ဒါကို ဗန်းပြပြီး ခြိမ်းခြောက်တတ်တဲ့သူရဲ့
အကျင့်ကသာ ရှက်စရာလို့ တွေးပြီး
ကိုယ့်တန်ဖိုးကို ကိုယ် မြှင့်တတ်ကြပါသေးတယ်။
Credit
ထိုက်တန်လို့ ခခယယ လုပ်တာမျိုးကို
ပြသတဲ့ သဘော ဖြစ်ပါတယ်။
(3) အနားယူခွင့် ပေးတယ်
(5) မကြောက်တတ်ဘူး
Credit