အေးချမ်းချင်ရင် တစ်ယောက်တည်းနေ အများကြီးမျှော်လင့်မထားနဲ့
အဖော်ဆိုတာ အမြဲတမ်းလိုအပ်လားဆိုတဲ့မေးခွန်းကို
ကျွန်မ မကြာခဏ ကိုယ့်ကိုယ်ကိုယ်မေးဖြစ်တယ်
ကိုယ့်ကို သောကတွေပေးမယ့် အဖော်ဆိုရင်
မလိုအပ်တာ မလိုချင်တာ အကောင်းဆုံးပါပဲ
ကိုယ့်အပေါ် နားလည်မှုမရှိတဲ့
Relationship တစ်ခုကို ဆက်ပြီး
ဖက်တွယ်ထားတာထက်စာရင်
တစ်ယောက်တည်းနေတာ ပိုကောင်းလိမ့်မယ်လို့
ကျွန်မတော့ မြင်တယ်
ကျွန်မ အများကြီး မျှော်လင့်ခဲ့ဖူးသလို
အများကြီးလဲ နာကျင်ခဲ့ရပြီးပါပြီ ။
ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်အပေါ်
မျှော်လင့်နေရခြင်းတွေ စောင့်ဆိုင်းနေရခြင်းတွေဟာ
တကယ်တော့ သိပ်ကို ပင်ပန်းစေပါတယ်
လွယ်လွယ်လေးပြောလိုက်တာတွေကအစ
နင့်နေအောင်ခံစားပြီး မျှော်လင့်စောင့်ဆိုင်းနေရတာမျိုးက
ကိုယ့်ကို တန်ဖိုးတွေပဲ ကျစေသလိုလို
သိမ်ငယ်သလိုလို အမျိုးမျိုးပါပဲ
ကိုယ့်အနားမှာ ရပ်ပြီး တခြားရင်ဘတ်ကို
တမ်းတနေတဲ့ လူတစ်ယောက်ကိုလဲ အလိုမရှိဘူး
သစ္စာတရားကို စာလုံးတေင်မပေါင်းတတ်တဲ့
လူတစ်ယောက်လဲ မလိုချင်ဘူး
ကျွန်မက သာမန်ထက်ပိုပြီး
အစွဲအလမ်းကြီးတတ်သလို
သာမန်ထက်ပိုပြီးလဲ မျှော်လင့်တတ်ခဲ့ပါတယ်
အဲ့တာတွေကြောင့် ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်ပါတယ်
တစ်ယောက်တည်း နေတတ်အောင်နေတယ်
အတွေးတွေအများကြီး ခေါင်းထဲမှာမထည့်ပဲ
ဘ၀ကို နေပျော်အောင်နေပါတယ်
ပျော်စရာတွေ ရှိလာတဲ့အခါ
အားရပါးရရယ်တတ်သလို
၀မ်းနည်းစရာတွေရှိလာတဲ့အခါ
ပြုံးပြုံးလေး ခံနိုင်ရည်ရှိတဲ့အထိ
လေ့ကျင့်ထားတယ် တစ်ယောက်တည်း
ရပ်နေတဲ့အခါ ဘယ်သူကမှ ဒုက္ခမပေးနိုင်ဘူးလေ
အဲ့တာက ပိုပြီး စိတ်ချမ်းသာဖို့ကောင်းတယ်လေ
ပြီးတော့ . . . နဲနဲလေး အထီးကျန်ရုံပဲ ရှိတာ
ကျန်တာ ဘာမှအရာအားလုံးအဆင်ပြေပါတယ်
အေးလဲ အေးချမ်းတယ် အေးချမ်းချင်ရင်
တစ်ယောက်တည်းနေ ဘယ်အရာကိုမှ
အများကြီးမျှော်လင့်မထားနဲ့
အများကြီးမချစ်နဲ့ အများကြီးမတွယ်တာနဲ့
အဲ့ဒီအများကြီးတွေက
သင့်ကို အများကြီး နာကျင်စေလိမ့်မယ်
ဖြစ်နိုင်မယ်ဆိုရင် ဘာတွေပဲဖြစ်ဖြစ် အေးချမ်းစေချင်တယ် ။
Credit မိန်းမသားတို့အတွက်
သျှင်ယွန်း
ေအးခ်မ္းခ်င္ရင္ တစ္ေယာက္တည္းေန အမ်ားႀကီးေမွ်ာ္လင့္မထားနဲ႔
အေဖာ္ဆိုတာ အၿမဲတမ္းလိုအပ္လားဆိုတဲ့ေမးခြန္းကို
ကြၽန္မ မၾကာခဏ ကိုယ့္ကိုယ္ကိုယ္ေမးျဖစ္တယ္
ကိုယ့္ကို ေသာကေတြေပးမယ့္ အေဖာ္ဆိုရင္
မလိုအပ္တာ မလိုခ်င္တာ အေကာင္းဆုံးပါပဲ
ကိုယ့္အေပၚ နားလည္မႈမ႐ွိတဲ့
Relationship တစ္ခုကို ဆက္ၿပီး
ဖက္တြယ္ထားတာထက္စာရင္
တစ္ေယာက္တည္းေနတာ ပိုေကာင္းလိမ့္မယ္လို႔
ကြၽန္မေတာ့ ျမင္တယ္
ကြၽန္မ အမ်ားႀကီး ေမွ်ာ္လင့္ခဲ့ဖူးသလို
အမ်ားႀကီးလဲ နာက်င္ခဲ့ရၿပီးပါၿပီ ။
ကိုယ္မဟုတ္တဲ့ တျခားတစ္ေယာက္အေပၚ
ေမွ်ာ္လင့္ေနရျခင္းေတြ ေစာင့္ဆိုင္းေနရျခင္းေတြဟာ
တကယ္ေတာ့ သိပ္ကို ပင္ပန္းေစပါတယ္
လြယ္လြယ္ေလးေျပာလိုက္တာေတြကအစ
နင့္ေနေအာင္ခံစားၿပီး ေမွ်ာ္လင့္ေစာင့္ဆိုင္းေနရတာမ်ိဳးက
ကိုယ့္ကို တန္ဖိုးေတြပဲ က်ေစသလိုလို
သိမ္ငယ္သလိုလို အမ်ိဳးမ်ိဳးပါပဲ
ကိုယ့္အနားမွာ ရပ္ၿပီး တျခားရင္ဘတ္ကို
တမ္းတေနတဲ့ လူတစ္ေယာက္ကိုလဲ အလိုမ႐ွိဘူး
သစၥာတရားကို စာလုံးေတင္မေပါင္းတတ္တဲ့
လူတစ္ေယာက္လဲ မလိုခ်င္ဘူး
ကြၽန္မက သာမန္ထက္ပိုၿပီး
အစြဲအလမ္းႀကီးတတ္သလို
သာမန္ထက္ပိုၿပီးလဲ ေမွ်ာ္လင့္တတ္ခဲ့ပါတယ္
အဲ့တာေတြေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ဆင္ျခင္ပါတယ္
တစ္ေယာက္တည္း ေနတတ္ေအာင္ေနတယ္
အေတြးေတြအမ်ားႀကီး ေခါင္းထဲမွာမထည့္ပဲ
ဘ၀ကို ေနေပ်ာ္ေအာင္ေနပါတယ္
ေပ်ာ္စရာေတြ ႐ွိလာတဲ့အခါ
အားရပါးရရယ္တတ္သလို
၀မ္းနည္းစရာေတြ႐ွိလာတဲ့အခါ
ျပဳံးျပဳံးေလး ခံႏိုင္ရည္႐ွိတဲ့အထိ
ေလ့က်င့္ထားတယ္ တစ္ေယာက္တည္း
ရပ္ေနတဲ့အခါ ဘယ္သူကမွ ဒုကၡမေပးႏိုင္ဘူးေလ
အဲ့တာက ပိုၿပီး စိတ္ခ်မ္းသာဖို႔ေကာင္းတယ္ေလ
ၿပီးေတာ့ . . . နဲနဲေလး အထီးက်န္႐ုံပဲ ႐ွိတာ
က်န္တာ ဘာမွအရာအားလုံးအဆင္ေျပပါတယ္
ေအးလဲ ေအးခ်မ္းတယ္ ေအးခ်မ္းခ်င္ရင္
တစ္ေယာက္တည္းေန ဘယ္အရာကိုမွ
အမ်ားႀကီးေမွ်ာ္လင့္မထားနဲ႔
အမ်ားႀကီးမခ်စ္နဲ႔ အမ်ားႀကီးမတြယ္တာနဲ႔
အဲ့ဒီအမ်ားႀကီးေတြက
သင့္ကို အမ်ားႀကီး နာက်င္ေစလိမ့္မယ္
ျဖစ္ႏိုင္မယ္ဆိုရင္ ဘာေတြပဲျဖစ္ျဖစ္ ေအးခ်မ္းေစခ်င္တယ္ ။
Credit မိန္းမသားတို႔အတြက္
သွ်င္ယြန္း