သင့်ကို စိတ်ချမ်းသာစေမည့် ဘဝနေထိုင်နည်း…
(၁) သိသလောက် မပြောပါနဲ့။
ကိုယ်သိတာနဲ့ သူများက လက်ခံထားတာ မတူညီနိူင်ပါဘူး။ လူတစ်ယောက်ရဲ့ လက်ခံနားလည်မှူဆိုတာ အရွယ်နဲ့ဆိုင်သလို သူကြုံတွေ့ခဲ့ရသော ဘဝအတွေ့အကြုံ ၊ အတွေးအခေါ်နဲ့ ဆိုင်ပါတယ် …။
အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်ကို မိန်းမယူတာ ၊ ရည်းစားထားတာ မကောင်းဘူး အပူမရှာနဲ့ တရားရှာလို့ သွားပြောရင် လက်ခံမှာ မဟုတ်ဘူးလို့ ထင်ပါတယ် …။
ပါးစပ်မှာ ခဲဖျက်မပါသလို စကားဆိုတာကလည်း တန်ဖိုးထားတတ် သူနဲ့သာ သင့် စကားတွေက တန်ဖိုးထားခြင်း ခံရမှာပါ။
(၂) အမြင်မတော်ရင် မျက်နှာလွဲနေပါ။
အမြင်မတော်တာတွေ့တိုင်း ၊ မှားနေတာတွေ့တိုင်း မပြောပါနဲ့။ အမြင်မတော်တိုင်းသာ ပြောနေမယ်ဆိုင် သင် ရွာပြင်အထုတ်ခံရပါလိမ့်မယ်။
ဘာလို့လဲဆိုတော့ လူအများစုက ကိုယ်လုပ်တာ ကိုယ်မှန်တယ်ထင်နေပြီး အမှန်တရားကိုထောက်ပြရင် သူတို့ကို အရှက်ခွဲတယ်ဆိုပီး သင့်ကို အမြင် စောင်းကြပါလိမ့်မယ် …။
လူအများအရှေ့မှာ ဖက်နမ်းနေပီး အမြင်မတော်သော အပြုအမူများ လုပ်ဆောင်နေသော ချစ်သူနှစ်ဦးကို “မင်းတို့ မရှက်ကြဘူးလားကွာ”လို့သွားပြောရင် သင့်ကို အထင်လွဲသွားပါလိမ့်မယ်။
(၃) ကြားတိုင်းမယုံပါနဲ့။
နားဆိုတာက အကြားအာရုံဖြစ်သောကြောင့် သင့် နားထဲကို ဟုတ်တာ ၊ မဟုတ်တာ ၊ မှန်တာ ၊ မမှန်တာ အကုန်ကြားနေရပါလိမ့်မယ် …။
ကြားနေတိုင်း လိုက်ခံစားနေရင် သင့် မှာ နှလုံးသား အပိုမပါသလို ဦးနှောက်လည်း အပိုမပါဘူးလေ။လူတစ်ချို့က သင့်ကို တစ်မျိုးပြောမယ် ၊ နောက်လူတစ်ချို့က သင့်ကို တစ်မျိုးလာပြောကြပါလိမ့်မယ် …။
ဘယ်သူတွေက ဘာတွေပဲပြောပြော ကိုယ့်ဦးနှောက်နဲ့ ချင့်ချိန်ပြီး နှလုံးသားနဲ့ တော်သင့်ရုံပဲ ခံစားပါ …။
မြင်ရင်မြင်တယ်လို့ မှတ် ၊ ကြားရင် ကြားတယ်လို့မှတ်ပြီး လောကမှာ ဖြစ်ပျက်နေတဲ့ အရာတော်တော်များများကို သင်လက်ခံလာနိုင်ရင်
သင့် ပါးစပ်ကလည်း သင့်တော်သော ၊ အမုန်းမပွားသော ၊ အများလက်ခံနိူင်သော စကားကို ပြောဆိုလာပါလိမ့်မယ်။ နှူတ် ကိုစောင့်စည်းလာနိူင်ခြင်းသည် လူမုန်းနည်းလာမယ်။
အမြင်ကျယ်ကျယ်ကြည့်လာနိူင်ပြီး အကောင်းမြင်စိတ်များလာရင် သူရော မိမိပါ အေးချမ်းလာပါလိမ့်မယ်။
နားကကြားခဲ့သမျှကို ဟိုဘက်နားကဝင်ပြီး ဒီဘက်နားက ထွက်ခဲ့ရင် သင့် ရင်ထဲမှာ ခံစားချက်နည်းလာသလို
အခြားသူကို အပြစ်မြင်မှူလည်း လျော့နည်းလာပြီး ကိစ္စတော်တော်များများမှာ သင်ငြိမ်းချမ်းပျော်ရွှင်လာပါလိမ့်မယ် …။
သူငယ်ချင်း….
နေတတ်ရင် ၊ လက်ခံတတ်ရင် အရာအားလုံးက ကျေနပ်စရာတွေ ချည်းပါပဲ …။ ။
ဇင်းနစ် မကွေး
Zawgyi Version
သင့္ကို စိတ္ခ်မ္းသာေစမည့္ ဘဝေနထိုင္နည္း…
(၁) သိသေလာက္ မေျပာပါနဲ႔။
ကိုယ္သိတာနဲ႔ သူမ်ားက လက္ခံထားတာ မတူညီႏိူင္ပါဘူး။ လူတစ္ေယာက္ရဲ႕ လက္ခံနားလည္မႉဆိုတာ အ႐ြယ္နဲ႔ဆိုင္သလို သူၾကဳံေတြ႕ခဲ့ရေသာ ဘဝအေတြ႕အၾကဳံ ၊ အေတြးအေခၚနဲ႔ ဆိုင္ပါတယ္ …။
အသက္ ၁၈ ႏွစ္အ႐ြယ္ လူငယ္တစ္ေယာက္ကို မိန္းမယူတာ ၊ ရည္းစားထားတာ မေကာင္းဘူး အပူမ႐ွာနဲ႔ တရား႐ွာလို႔ သြားေျပာရင္ လက္ခံမွာ မဟုတ္ဘူးလို႔ ထင္ပါတယ္ …။
ပါးစပ္မွာ ခဲဖ်က္မပါသလို စကားဆိုတာကလည္း တန္ဖိုးထားတတ္ သူနဲ႔သာ သင့္ စကားေတြက တန္ဖိုးထားျခင္း ခံရမွာပါ။
(၂) အျမင္မေတာ္ရင္ မ်က္ႏွာလြဲေနပါ။
အျမင္မေတာ္တာေတြ႕တိုင္း ၊ မွားေနတာေတြ႕တိုင္း မေျပာပါနဲ႔။ အျမင္မေတာ္တိုင္းသာ ေျပာေနမယ္ဆိုင္ သင္ ႐ြာျပင္အထုတ္ခံရပါလိမ့္မယ္။
ဘာလို႔လဲဆိုေတာ့ လူအမ်ားစုက ကိုယ္လုပ္တာ ကိုယ္မွန္တယ္ထင္ေနၿပီး အမွန္တရားကိုေထာက္ျပရင္ သူတို႔ကို အ႐ွက္ခြဲတယ္ဆိုပီး သင့္ကို အျမင္ ေစာင္းၾကပါလိမ့္မယ္ …။
လူအမ်ားအေ႐ွ႕မွာ ဖက္နမ္းေနပီး အျမင္မေတာ္ေသာ အျပဳအမူမ်ား လုပ္ေဆာင္ေနေသာ ခ်စ္သူႏွစ္ဦးကို “မင္းတို႔ မ႐ွက္ၾကဘူးလားကြာ”လို႔သြားေျပာရင္ သင့္ကို အထင္လြဲသြားပါလိမ့္မယ္။
(၃) ၾကားတိုင္းမယုံပါနဲ႔။
နားဆိုတာက အၾကားအာ႐ုံျဖစ္ေသာေၾကာင့္ သင့္ နားထဲကို ဟုတ္တာ ၊ မဟုတ္တာ ၊ မွန္တာ ၊ မမွန္တာ အကုန္ၾကားေနရပါလိမ့္မယ္ …။
ၾကားေနတိုင္း လိုက္ခံစားေနရင္ သင့္ မွာ ႏွလုံးသား အပိုမပါသလို ဦးေႏွာက္လည္း အပိုမပါဘူးေလ။လူတစ္ခ်ိဳ႕က သင့္ကို တစ္မ်ိဳးေျပာမယ္ ၊ ေနာက္လူတစ္ခ်ိဳ႕က သင့္ကို တစ္မ်ိဳးလာေျပာၾကပါလိမ့္မယ္ …။
ဘယ္သူေတြက ဘာေတြပဲေျပာေျပာ ကိုယ့္ဦးေႏွာက္နဲ႔ ခ်င့္ခ်ိန္ၿပီး ႏွလုံးသားနဲ႔ ေတာ္သင့္႐ုံပဲ ခံစားပါ …။
ျမင္ရင္ျမင္တယ္လို႔ မွတ္ ၊ ၾကားရင္ ၾကားတယ္လို႔မွတ္ၿပီး ေလာကမွာ ျဖစ္ပ်က္ေနတဲ့ အရာေတာ္ေတာ္မ်ားမ်ားကို သင္လက္ခံလာႏိုင္ရင္
သင့္ ပါးစပ္ကလည္း သင့္ေတာ္ေသာ ၊ အမုန္းမပြားေသာ ၊ အမ်ားလက္ခံႏိူင္ေသာ စကားကို ေျပာဆိုလာပါလိမ့္မယ္။ ႏႉတ္ ကိုေစာင့္စည္းလာႏိူင္ျခင္းသည္ လူမုန္းနည္းလာမယ္။
အျမင္က်ယ္က်ယ္ၾကည့္လာႏိူင္ၿပီး အေကာင္းျမင္စိတ္မ်ားလာရင္ သူေရာ မိမိပါ ေအးခ်မ္းလာပါလိမ့္မယ္။
နားကၾကားခဲ့သမွ်ကို ဟိုဘက္နားကဝင္ၿပီး ဒီဘက္နားက ထြက္ခဲ့ရင္ သင့္ ရင္ထဲမွာ ခံစားခ်က္နည္းလာသလို
အျခားသူကို အျပစ္ျမင္မႉလည္း ေလ်ာ့နည္းလာၿပီး ကိစၥေတာ္ေတာ္မ်ားမ်ားမွာ သင္ၿငိမ္းခ်မ္းေပ်ာ္႐ႊင္လာပါလိမ့္မယ္ …။
သူငယ္ခ်င္း….
ေနတတ္ရင္ ၊ လက္ခံတတ္ရင္ အရာအားလုံးက ေက်နပ္စရာေတြ ခ်ည္းပါပဲ …။ ။
ဇင္းနစ္ မေကြး