Love
ဘယ်လိုချစ်ရမှာ လဲ ?
ဘယ်လိုချစ်ရမှာ လဲ ?
ကျွန်တော်တို့ဘဝမှာ အချစ်ဆိုတာ
မကြုံဖူးတဲ့လူမရှိလောက်ပဲ
လူတိုင်းကြုံဖူးကြသလို
လူတိုင်းလည်း အသဲကွဲဖူးကြမှာပေါ့
အချစ်ကြောင့်ပဲ အောင်မြင်ပျော်ရွှင်နေကြတဲ့
လူတွေရှိသလို အချစ်ကြောင့်ပဲ
ဝမ်းနည်းစုတ်ပြတ်နေတဲ့လူတွေလည်းရှိတာမို့
ဘယ်လိုချစ်ရမှာလဲ ဆိုတဲ့အချက်လေးတွေကို ဖတ်ကြည့်ပါ ။
၁ ။ လူတစ်ယောက်ကို တကယ်ရင်ခုန်ခြင်းမရှိမရှိ သေချာစစ်ဆေးပါ ။
လှတာကိုမက်မောတာအချစ်မဟုတ်သေးသလို
ပြီးပြည့်စုံတာကို သာယာတာကလည်း
အချစ်မဟုတ်သေးဘူး
၂ ။ အတ္တကင်းတဲ့အချစ်နဲ့ချစ်နိုင်အောင်ကြိုးစားပါ ။
ချစ်တယ်လည်းပြောသေးတယ်
ဟိုဟာလိုက်လျောမှ ဒီဟာ ရမှဆိုတာကလည်း
အတ္တကိုအခြေခံတဲ့ လိုအင်ဆန္ဒသက်သက်သာဖြစ်ပါလိမ့်မယ် ။
၃ ။ ရယူဖို့ထက် ပေးဆပ်ဖို့သာ ကြိုုးစားပါ ။
အချစ်ဟာ အပေးအယူမျှနေမှ ပြီးပြည့်စုံတယ်ဆိုတာ
ခနတာအတွက်သာမှန်ပါတယ် ။
တကယ့် အစစ်မှန်က ပေးဆပ်ခြင်းကသာ
အချစ်တစ်ခု တည်ကြည်လေးနက်ခြင်းကို အဓိပ္ပါယ်ဖော်ဆောင်ပေးပါတယ် ။
၄ ။ ကိုယ့်အားနည်းချက်ကိုရှာပါ သူတစ်ပါးအားသာချက်ကိုအမြဲတွေးပါ ။
ဘယ်လောက်ချစ်တယ်ပြောပြော
အားနည်းချက်တွေကြုံလာရတာများရင်
လျော့ရဲသွားတတ်ကြတယ်မဟုတ်လား ။
လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင်
ကိုယ့်အားနည်းချက်ကို အရင်ဆုံးဖော်ထုတ်ပြုပြင်ရပါမယ်
ပြီးမှ ကိုယ်ချစ်တဲ့လူရဲ့အားသာချက်ကို
အမြဲ အမှတ်ရ ကျေးဇူးတင်တတ်အောင်ကြိုးစားရပါမယ် ။
၅ ။ တတ်နိုင်သမျှ စိတ်ထဲမှာပဲထားပါ
အချစ်ဟာ ဖွင့်ပြောမှ သိတယ်ဆိုတာ
၅၀% လောက်မှန်ပေမယ့် စိတ်ထဲမှာ ပဲ
မြတ်နိုးစွာ ချစ်နေတဲ့အချစ်က ၁၀၀% ပိုလေးနက်ပါတယ် ။
၆ ။ ကိုယ်ချစ်တဲ့သူကို အမြဲလေးစားနေပါစေ
သိပ်အရေးကြီးပါတယ် သနားလို့ချစ်တာ
လှလို့ချစ်တာ ချမ်းသာလို့ချစ်တာ စတာတွေထက်
အမြဲလေးစားနေတဲ့ Respect တစ်ခုရှိမှသာ
တစ်သက်လုံးချစ်နိုင်ပါလိမ့်မယ် ။
ချစ်တယ်လည်းပြောသေးတယ် လေးစားမှုမရှိဘူးဆိုရင်
ခနလေးပဲ ပြိုလဲပျက်စီးသွားမှာပါပဲ ။
၇ ။ သူ့ကိုလည်းချစ်ပါ သူ့အသိုင်းအဝိုင်းကိုလည်းချစ်ပါ
လူတစ်ယောက်ကိုချစ်တယ်ဆိုတာ
တစ်ယောက်တည်းကို ချစ်နေလို့မရပါဘူး ။
သူ့ကိုချစ်ရင် သူ့မိဘ သူ့အမျိုးတွေကိုပါ ချစ်ရပါလိမ့်မယ် ။
သူ့တစ်ယောက်တည်းကိုပဲချစ်လို့မရဘူးလားဆိုရင်တော့
ရပါတယ် ဒါပေမယ့် အချိန်အတိုင်းအတာတစ်ခုထိပဲ
သူ့ကိုချစ်လို့ရပါလိမ့်မယ်
တစ်သက်လုံးဆိုတာ ဝေးပါသေးတယ် ။
၈ ။ ဘာကြောင့်ချစ်တာလဲ အမြဲရှာဖွေနေပါ
လူတစ်ယောက်ကို ချစ်တယ်ဆိုရင်
ဘာကြောင့်ချစ်တာလဲအမြဲတွေးပါ ။
တွေးလို့ရသမျှ အချက်တွေအားလုံးမရှိတော့ရင်ရေ
ာ ဆက်ချစ်နိုင်မှာလား အမြဲတွေးပါ ။
ဆက်မချစ်နိုင်ဘူးဆိုရင်တော့
သင် တကယ်ချစ်တာမဟုတ်သေးဘူး
သူ့ဆီက အချက်အလက်တချို့ကိုသာ
ချစ်နေတာဖြစ်ပါလိမ့်မယ် ။
၉ ။ အမြင်မတူတာတွေ့ရင် အလျော့ပေးနိုင်ရဲ့လား
ချစ်တယ်ဆိုတာ ရှုံးနိမ့်ခြင်းတစ်မျိုးပါပဲ
ဒါကြောင့် အတွေးအခေါ်ပညာရှင်အချို့ကပြောခဲ့ကြတယ်
မင်း ဘယ်တော့မှ မရှုံးနိမ့်ချင်ရင်
ဘယ်တော့မှ မချစ်ပါနဲ့ တဲ့
လူတစ်ယောက်နဲ့တစ်ယောက်အမြင်
မတူတာတွေတွေ့ရင် အလျော့ပေးနိုင်ရဲ့လား
အလျော့ပေးနိုင်မှ ချစ်လို့ အဆင်ပြေတာပါ ။
၁၀ ။ အရာရာကို ရင်ဆိုင်ရဲရဲ့လား ?
ဓူဝံကြမယ်ကို ဆွတ်ခူးဖို့ဆိုတာ ခနနေပါဦး
ကြုံလာမဲ့လောကဓံမှာ အရာရာကို ရင်ဆိုင်ရဲရဲ့လား
သင်လူတစ်ယောက် ကိုချစ်ပြီဆိုရင်
အနည်းဆုံးတော့ ကိုယ်ချစ်တဲ့ လူနဲ့တန်တဲ့ ငွေကြေး ၊
အလုပ် ရှိဖို့လိုပါတယ်
ထမင်းရည်ပူပဲ အတူလျက်ချင်တယ်ဆိုရင်တော့
ပုံပြင်ဝထ္ထုတွေထဲက ဇာတ်ကောင်တွေသာ
ချစ်နေလိုက်ပါတော့ ။
Credit
ဘယ္လိုခ်စ္ရမွာ လဲ ?
အချစ်မဟုတ်သေးဘူး
၃ ။ ရယူဖို့ထက် ပေးဆပ်ဖို့သာ ကြိုးစားပါ ။
၅ ။ တတ်နိုင်သမွ် စိတ္ထဲမွာပဲထားပါ