သင်တကယ်ချစ်တဲ့သူနဲ့ တွေ့နေပြီဆိုတာ ဖော်ပြနေတဲ့အချက်များ
ချစ်တဲ့သူကို ရှာတွေ့ဖို့မလွယ်သလို
ချစ်သူတွေ့ပြီဆိုရင်တောင် ချစ်ခြင်းနှစ်ခု
ထပ်တူကျဖို့ကလည်း မလွယ်ပါဘူးနော်။
ပိုပြီးမလွယ်တာက ချစ်သူနှစ်ဦး
ဆက်ဆံရေး တည်မြဲဖို့ဆိုတာပါပဲ။
ချစ်သူနှစ်ဦး ချစ်တာထက် နားလည်မှုရှိမှသာ
ရေရှည်လက်တွဲသွားနိုင်မှာ ဖြစ်တယ်။
ချစ်သူနှစ်ဦးရေရှည်တည်မြဲပြီး
သင့်အတွက်ရော သူ့အတွက်ပါ
ကောင်းမွန်တဲ့လက်တွဲဖော်ချစ်သူအစစ်အမှန်ကို
ရှာတွေ့နေပြီဆိုတဲ့ လက္ခဏာရပ်တွေကို
စာဖတ်ပရိသတ်တို့အတွက် မျှဝေပေးချင်ပါတယ်။
သူ့ကို မြင်မြင်ချင်း သတိထားမိတယ်။
သူ့ကို ပထမဆုံး စတွေ့တုန်းက
သူက သင့်ကို တစ်ခုခု ခံစားရစေတယ်။
သူ့ရဲ့ အပြုအမူတွေက သင့်အတွက် ထူးခြားနေတယ်။
စွဲဆောင်ထားတယ်ဆိုရင် သင့်ချစ်ရမယ့်
ကောင်မလေးတစ်ယောက်ကို သင်ရှာတွေ့နေပါပြီ။
သူ့ရဲ့ ပြောဆိုဆက်ဆံပုံတွေကို
သင်စွဲလန်းမိနေတယ်ဆိုရင် သင်သူ့ကို
ချစ်မိတော့မှာဖြစ်သလို ချက်ချင်းလည်း ချစ်သွားနိုင်ပါတယ်။
သင်ရဲ့ ချစ်ခြင်းတွေက တဆထက်တဆ ကြီးထွားလာတယ်။
သူနဲ့တွေ့နေရင်းနဲ့ ပိုပြီးတွေ့ချင်လာတယ်။
အခုတွေ့ပြီးရင်ခဏနေ တွေ့ချင်လာတယ်။
တစ်ရက်ပြီးတစ်ရက် တစ်လပြီးတစ်လ
တစ်နှစ်ပြီးတစ်နှစ် ပိုပြီး တွေ့ချင် မြင်ချင်လာတယ်ဆိုရင်
သင့်ရဲ့အချစ်တွေ တဖြည်းဖြည်း ခိုင်မာ ကြီးထွားလာနေပါပြီ။
အတူတူ ရယ်ကြတယ်။
ဆိုလိုချင်တာက သင်တို့နှစ်ယောက်ရဲ့
အချစ်ရေးမှာ ရယ်စရာမောစရာ
ပျော်ရွှင်စရာတွေနဲ့ ပြည့်နေရင်
သင့်ဟာ ချစ်သူကောင်းတစ်ယောက်ကို
ရှာတွေ့ထားရုံသာမက မှန်ကန်တဲ့ သူတစ်ယောက်နဲ့
သင်ဆုံတွေ့ရနေပြီဖြစ်ပါတယ်။
တစ်ယောက်ကိုယ်တစ်ယောက် လေးစားမှုရှိတယ်။
ချစ်သူနှစ်ဦးဆက်ဆံရေးမှာ
တကယ်ကို လိုအပ်တဲ့ အရာပါ။
တစ်ယောက်ကို တစ်ယောက် အပြန်အလှန်
လေးစားမှုရှိမှ တစ်ယောက်ဆန္ဒကို
တစ်ယောက်က ဖြည့်ဆည်း လိုက်လျောပေးမှာ
အချစ်ဆိုတာ ခိုင်မြဲမှာဖြစ်ပါတယ်။
သင်ဦးစားပေးလုပ်ဆောင်ထားတဲ့အရာတွေ
ပြောင်းလဲသွားတယ်။
ချစ်သူကောင်းတစ်ယောက်ဆိုရင်
သင့်မိတ်ဆွေ သူငယ်ချင်းတွေနဲ့
သင့်ကို ဝေးကွာစေမှာမဟုတ်ပါဘူး။
ဒါပေမယ့် သင့်နှလုံးသားကိုတော့
သူတိတ်တိတ်လေးခိုးယူသွားပါပြီ။
သင့်အရင်က နံပါတ်၁ ငွေ နံပါတ် ၂ ရည်ရွယ်ချက်
စသဖြင့် ဦးစားပေးခဲ့တဲ့အရာတွေက
သင့်ချစ်သူ ဖြစ်လာမှာပါ။
စိတ်တူကိုယ်တူပဲ။
နှစ်ယောက်သား အကြိုက်ချင်းတူတာများတယ်။
စိတ်ချင်းနီးစပ်တယ်ဆိုတာ သိပ်ကိုကောင်းပါတယ်။
မတူတာလေးတွေကိုတော့ ညှိယူလို့ရပါတယ်။
မတူတာထက် တူတာများနေတာဟာ
သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ပိုပြီး ခိုင်မြဲစေမှာပါ။
Credit
သင္တကယ္ခ်စ္တဲ့သူနဲ႔ ေတြ႕ေနၿပီဆိုတာ ေဖာ္ျပေနတဲ့အခ်က္မ်ား
ခ်စ္တဲ့သူကို ႐ွာေတြ႕ဖို႔မလြယ္သလို
ခ်စ္သူေတြ႕ၿပီဆိုရင္ေတာင္ ခ်စ္ျခင္းႏွစ္ခု
ထပ္တူက်ဖို႔ကလည္း မလြယ္ပါဘူးေနာ္။
ပိုၿပီးမလြယ္တာက ခ်စ္သူႏွစ္ဦး
ဆက္ဆံေရး တည္ၿမဲဖို႔ဆိုတာပါပဲ။
ခ်စ္သူႏွစ္ဦး ခ်စ္တာထက္ နားလည္မႈ႐ွိမွသာ
ေရ႐ွည္လက္တြဲသြားႏိုင္မွာ ျဖစ္တယ္။
ခ်စ္သူႏွစ္ဦးေရ႐ွည္တည္ၿမဲၿပီး
သင့္အတြက္ေရာ သူ႕အတြက္ပါ
ေကာင္းမြန္တဲ့လက္တြဲေဖာ္ခ်စ္သူအစစ္အမွန္ကို
႐ွာေတြ႕ေနၿပီဆိုတဲ့ လကၡဏာရပ္ေတြကို
စာဖတ္ပရိသတ္တို႔အတြက္ မွ်ေဝေပးခ်င္ပါတယ္။
သူ႕ကို ျမင္ျမင္ခ်င္း သတိထားမိတယ္။
သူ႕ကို ပထမဆုံး စေတြ႕တုန္းက
သူက သင့္ကို တစ္ခုခု ခံစားရေစတယ္။
သူ႕ရဲ႕ အျပဳအမူေတြက သင့္အတြက္ ထူးျခားေနတယ္။
စြဲေဆာင္ထားတယ္ဆိုရင္ သင့္ခ်စ္ရမယ့္
ေကာင္မေလးတစ္ေယာက္ကို သင္႐ွာေတြ႕ေနပါၿပီ။
သူ႕ရဲ႕ ေျပာဆိုဆက္ဆံပုံေတြကို
သင္စြဲလန္းမိေနတယ္ဆိုရင္ သင္သူ႕ကို
ခ်စ္မိေတာ့မွာျဖစ္သလို ခ်က္ခ်င္းလည္း ခ်စ္သြားႏိုင္ပါတယ္။
သင္ရဲ႕ ခ်စ္ျခင္းေတြက တဆထက္တဆ ႀကီးထြားလာတယ္။
သူနဲ႔ေတြ႕ေနရင္းနဲ႔ ပိုၿပီးေတြ႕ခ်င္လာတယ္။
အခုေတြ႕ၿပီးရင္ခဏေန ေတြ႕ခ်င္လာတယ္။
တစ္ရက္ၿပီးတစ္ရက္ တစ္လၿပီးတစ္လ
တစ္ႏွစ္ၿပီးတစ္ႏွစ္ ပိုၿပီး ေတြ႕ခ်င္ ျမင္ခ်င္လာတယ္ဆိုရင္
သင့္ရဲ႕အခ်စ္ေတြ တျဖည္းျဖည္း ခိုင္မာ ႀကီးထြားလာေနပါၿပီ။
အတူတူ ရယ္ၾကတယ္။
ဆိုလိုခ်င္တာက သင္တို႔ႏွစ္ေယာက္ရဲ႕
အခ်စ္ေရးမွာ ရယ္စရာေမာစရာ
ေပ်ာ္႐ႊင္စရာေတြနဲ႔ ျပည့္ေနရင္
သင့္ဟာ ခ်စ္သူေကာင္းတစ္ေယာက္ကို
႐ွာေတြ႕ထား႐ုံသာမက မွန္ကန္တဲ့ သူတစ္ေယာက္နဲ႔
သင္ဆုံေတြ႕ရေနၿပီျဖစ္ပါတယ္။
တစ္ေယာက္ကိုယ္တစ္ေယာက္ ေလးစားမႈ႐ွိတယ္။
ခ်စ္သူႏွစ္ဦးဆက္ဆံေရးမွာ
တကယ္ကို လိုအပ္တဲ့ အရာပါ။
တစ္ေယာက္ကို တစ္ေယာက္ အျပန္အလွန္
ေလးစားမႈ႐ွိမွ တစ္ေယာက္ဆႏၵကို
တစ္ေယာက္က ျဖည့္ဆည္း လိုက္ေလ်ာေပးမွာ
အခ်စ္ဆိုတာ ခိုင္ၿမဲမွာျဖစ္ပါတယ္။
သင္ဦးစားေပးလုပ္ေဆာင္ထားတဲ့အရာေတြ
ေျပာင္းလဲသြားတယ္။
ခ်စ္သူေကာင္းတစ္ေယာက္ဆိုရင္
သင့္မိတ္ေဆြ သူငယ္ခ်င္းေတြနဲ႔
သင့္ကို ေဝးကြာေစမွာမဟုတ္ပါဘူး။
ဒါေပမယ့္ သင့္ႏွလုံးသားကိုေတာ့
သူတိတ္တိတ္ေလးခိုးယူသြားပါၿပီ။
သင့္အရင္က နံပါတ္၁ ေငြ နံပါတ္ ၂ ရည္႐ြယ္ခ်က္
စသျဖင့္ ဦးစားေပးခဲ့တဲ့အရာေတြက
သင့္ခ်စ္သူ ျဖစ္လာမွာပါ။
စိတ္တူကိုယ္တူပဲ။
ႏွစ္ေယာက္သား အႀကိဳက္ခ်င္းတူတာမ်ားတယ္။
စိတ္ခ်င္းနီးစပ္တယ္ဆိုတာ သိပ္ကိုေကာင္းပါတယ္။
မတူတာေလးေတြကိုေတာ့ ညႇိယူလို႔ရပါတယ္။
မတူတာထက္ တူတာမ်ားေနတာဟာ
သင္တို႔ႏွစ္ဦးရဲ႕ ဆက္ဆံေရးကို ပိုၿပီး ခိုင္ၿမဲေစမွာပါ။
Credit