News
အစောဆုံး ‌မိုးသက်လေပြင်းကျရောက်နိုင်သောဒေသတစ်ခုကို သတိပေးခြင်း…
အစောဆုံး ‌မိုးသက်လေပြင်းကျရောက်နိုင်သောဒေသတစ်ခုကို သတိပေးခြင်း…
6.6.2021 ကနေစပြီးကပ္ပလီပင်လယ်မှာ အနောက်တောင်မုတ်သုန်အား ကောင်းလာမယ်လို့
သတိပေးခဲ့တဲ့အတိုင်း စတင်အားကောင်းလာပါပြီ …။
ယနေ့လေထုလှုပ်ရှားမှုပုံရိပ်များအရယခုထက်ပိုမိုအားကောင်းလာပါ အုံးမယ် …။
မွန်ပြည်နယ်/ ကရင်ပြည်နယ်တွေမှာမိုးရွာသွန်းမှု အားကောင်းလာပါတယ် …။
မော်လမြိုင်၊ မုဒုံ ၊ သံဖြူဇရပ် ၊ ကျိုက်မရော ၊ ကျိုက်ထို ၊ဘီးလင်း၊ ရေး ၊ ပေါင် ၊ သထုံ တို့ဘက်မှာ ခပ်စိပ်စိပ်လေး ရွာသွန်းမှာပါ …။
သံဖြူဇရပ်က ပိုမိုရွာသွန်းလာသည်ကို တွေ့ရပါတယ်။
နောက်ရက်တွေမှာလည်း ဒီဧရိယာက ပိုမိုရွာသွန်းနိုင်တယ်လို့လည်းခန့်မှန်းမိပါတယ်။
ရန်ကုန် ပဲခူး ဧရာဝတီတိုင်း ရှမ်းပြည်နယ် ကယားပြည်နယ် ချင်းပြည်နယ်
ရခိုင်ပြည်နယ် ကချင်ပြည်နယ် စစ်ကိုင်းတိုင်းဘက်လည်း ရွာမှာပါ။
မန္တလေးတိုင်း တို့ မကွေးတိုင်း တို့ နေပြည်တော် ဘက်ကတော့နေရာကွက်ပြီး ရွာနိုင်ပါတယ် …။
မိုးမရသေးတဲ့ဒေသတွေ4,5, ရက်အတွင်း ရသွားမှာပါ။
လက်ရှိလေထုလှုပ်ရှားမှု့တွေအရ လေပြင်းတွေ ကွက်ကျားတွေ့နေရပါပြီး။
ဒီညနေ ညပိုင်းကစပြီး မွန် မုတ္တမ တနင်္သာရီကမ်းရိုးတန်းဘက်တွေကမ်းရိုးတန်းနှင့် ဆက်စပ်ဒေသတွေ
ကမ်းနီးကမ်းဝေး ပင်လယ်ပြင်ဘက်တွေမှာမိုးသက်လေပြင်းတွေ တခါတရံ တိုက်နိုင်ပါတယ် …။
7.6.2021 နေ့ရောက်ရင် ရေးမြို့နယ် လမိုင်းမြို့နယ် ကုလားဂုတ်ကျွန်း နှင့်
၎င်းဒေသများနှင့်ဆက်စပ်သောပင်လယ်ဘက်တွေမှာ လေပြင်းများတိုက်ခတ်နိုင်ပါတယ်။
လေတိုက်ခတ်မှု့က နေရာဒေသအပေါ်မူတည်ပြီး မိုင်နှုန်းအနည်းအများတော့ရှိမှာပါ …။
ရေပြင်မြေပြင်လေတိုက်နှုန်းအမြင့်ဆုံးတစ်နာရီ မိုင် 40 ထိ တိုက်ခတ်နိုင်ပါတယ်။
ပင်လယ်ထွက် ရေလုပ်သားများအထူးဂရုစိုက်ကြစေဖို့အတွက်နဲ့ကျွန်းများတွင်ရှိသော
အလုပ်ရုံများ အိမ်များအား ကြိုတင်စီမံဆောင်ရွက်နိုင်ရန် ကြိုတင်ပီး သတိပေးလိုက်ပါတယ် …။
နောက်ရက်တွေမှာတော့ ကပ္ပလီပင်လယ်နှင့်ယင်းနှင့် ဆက်စပ်လျှက်ရှိသော ဒေသများတွင်
မိုးသက်လေပြင်းများ ဆက်လက်တိုက်ခတ်နိုင်ပါတယ် …။ ။
#မိုးသက်လေပြင်း #သတိပေး #
HtayAung
Zawgyi Version
HtayAung