ဒီ (၅)ချက်နဲ့ ကိုက်ညီတဲ့ ကောင်လေးမျိုးကို နှစ်ဆပိုချစ်ပါ
သင့် ချစ်သူမိန်းကလေး ကို ရင်ခုန်သံ မြန်လာစေမယ့်အကြောင်းအရာတွေက ဘာတွေများဖြစ်မလဲ …?
ယခုဖော်ပြမယ့် အချက် (၅) ချက်ကအရမ်း Romantic မဆန်ပေမယ့် သင့်ချစ်သူမိန်းကလေး ဟာ ဒီအချက်တွေကြောင့်ပဲသင့်ကို နှစ်ဆပိုချစ်လာမှာပါ …။
၁။ သူမကို အမြဲကာကွယ်ပေးခြင်း။
သူမ နဲ့အတူ လမ်းလျှောက်ထွက်တဲ့အခါမျိုးမှာ ရုတ်တရက် နေအရမ်းပူလာရင် သင် က ထီးမိုးပေးတာ …
သူမ သွားမယ့် လမ်းကြောင်းမှာရှိတဲ့ တံခါးမှန်သမျှကိုသင်က ကြိုဖွင့်ထားပေးတာ၊ သူမ နဲ့ ကားအတူစီးလာရင်လည်း ကားတံခါးကြိုဖွင့် ထားပေးတာ၊
အစရှိတဲ့အချက်တွေဟာ သေးသေးမွှားမွှားလို့ ထင်ရပေမယ့် သင့် ချစ်သူ မိန်းကလေး ဟာ ဒီအချက်တွေကြောင့်ပဲ
သင့်ကို လူကြီးလူကောင်း အဖြစ် မြင်လာပြီး သင်နဲ့အတူရှိရတာ လုံခြုံတယ်လို့ ခံစားလာမိမှာပါ။
၂။ သူမ ရဲ့ မိသားစုကို တန်ဖိုးထားခြင်း။
မိသားစု ဆိုတာ လူတို င်းအတွက် အရမ်းအရေးကြီးပါတယ်။ သင့်ချစ်သူ အတွက်လည်း အရေးကြီးမှာပါပဲ။
သူမရဲ့ငယ်ဘဝအကြောင်းတွေ၊ ကလေးဘဝက ဓါတ်ပုံတွေ၊ သူမရဲ့မိဘ နဲ့ မောင်နှမ တွေအကြောင်းပါမကျန် အကုန်လုံးကို စိတ်ဝင်စားသင့်ပါတယ်။
သူမရဲ့မိသားစုကို တန်ဖိုးထားပေးတဲ့ သင့်ကိုလဲသူမ ကအရမ်းတန်ဖိုးထားချစ်ပေးမှာ သေချာပါတယ် …။
၃။ အကြောင်းပြချက် မရှိ လက်ဆောင်ပေးခြင်း။
လူအများစုဟာ အမှတ်တရ နေ့တွေမှာပဲ ကိုယ့် ချစ်သူ ကို လက်ဆောင်ပေးတတ်ကြတာပါ။ သင်က ဘာအကြောင်းပြချက်မှ မရှိဘဲ
လက်ဆောင်ပေးလိုက်မယ်ဆို သူမအရမ်းကို ပျော်ရွှင်သွားမှာ သေချာပါတယ်။ လက်ဆောင် ဟာတန်ဖိုးအရမ်းမကြီးတဲ့ ပန်းစည်းလေးဖြစ်နေရင်တောင်
သူမ အတွက် အရမ်းပြည့်စုံနေပြီး သင့်အပေါ် အချစ် တွေ တိုးလာစေမှာပါ …။
၄။ လူအများကြားမှာလဲ သူမ ကို ကြင်နာစွာဂရုစိုက်ခြင်း။
သင့် မိတ်ဆွေ တွေနဲ့ တွေ့ဆုံတဲ့အခါမှာလည်း သူမ နဲ့ ဂရုစိုက်ပြီး မိတ်ဆက်ပေးသင့်ပါတယ်။ တကယ်လို့ မိတ်ဆက်မပေးဘဲ မသိသလိုနေလိုက်မယ်ဆို သူမ ရင်ထဲ အားငယ်စိတ်တွေ ဖြစ်လာနိုင်ပါတယ်။
သင့်သူငယ်ချင်းတွေကြားမှာလဲ သူမကို ဂရုစိုက်ပေးမယ်ဆို သင့်ကို အရမ်းချစ်လာမှာ အမှန်ပါပဲ …။
၅။ သူမ ရဲ့နဖူးလေး ကိုနမ်းပေးခြင်း။
ဒီအချက်ကတော့ ပြောနေစရာတောင် မလိုတော့ပါဘူးနော်။သူမရဲ့နဖူးလေးကို သင်နမ်းလိုက်တဲ့အချိန်တိုင်း သင့် အချစ် တွေကိုသူမကခံစားမိသွားမှာဖြစ်လို့
အချစ်တွေ ပိုတိုးလာပြီး အရမ်းပျော်ရွှင်ရတဲ့ ချစ်သူဘဝကိုအမြဲပိုင်ဆိုင်နေမှာပဲ ဖြစ်ပါတယ်…။
Ref: Brightside
Credit: Love
Zawgyi Version
ဒီ (၅)ခ်က္နဲ႔ ကိုက္ညီတဲ့ ေကာင္ေလးမ်ိဳးကို ႏွစ္ဆပိုခ်စ္ပါ
သင့္ ခ်စ္သူမိန္းကေလး ကို ရင္ခုန္သံ ျမန္လာေစမယ့္အေၾကာင္းအရာေတြက ဘာေတြမ်ားျဖစ္မလဲ …?
ယခုေဖာ္ျပမယ့္ အခ်က္ (၅) ခ်က္ကအရမ္း Romantic မဆန္ေပမယ့္ သင့္ခ်စ္သူမိန္းကေလး ဟာ ဒီအခ်က္ေတြေၾကာင့္ပဲသင့္ကို ႏွစ္ဆပိုခ်စ္လာမွာပါ …။
၁။ သူမကို အၿမဲကာကြယ္ေပးျခင္း။
သူမ နဲ႔အတူ လမ္းေလွ်ာက္ထြက္တဲ့အခါမ်ိဳးမွာ ႐ုတ္တရက္ ေနအရမ္းပူလာရင္ သင္ က ထီးမိုးေပးတာ၊
သူမ သြားမယ့္ လမ္းေၾကာင္းမွာ႐ွိတဲ့ တံခါးမွန္သမွ်ကိုသင္က ႀကိဳဖြင့္ထားေပးတာ၊ သူမ နဲ႔ ကားအတူစီးလာရင္လည္း ကားတံခါးႀကိဳဖြင့္ ထားေပးတာ၊
အစ႐ွိတဲ့အခ်က္ေတြဟာ ေသးေသးမႊားမႊားလို႔ ထင္ရေပမယ့္ သင့္ ခ်စ္သူ မိန္းကေလး ဟာ ဒီအခ်က္ေတြေၾကာင့္ပဲ
သင့္ကို လူႀကီးလူေကာင္း အျဖစ္ ျမင္လာၿပီး သင္နဲ႔အတူ႐ွိရတာ လုံျခဳံတယ္လို႔ ခံစားလာမိမွာပါ။
၂။ သူမ ရဲ႕ မိသားစုကို တန္ဖိုးထားျခင္း။
မိသားစု ဆိုတာ လူတို င္းအတြက္ အရမ္းအေရးႀကီးပါတယ္။ သင့္ခ်စ္သူ အတြက္လည္း အေရးႀကီးမွာပါပဲ။
သူမရဲ႕ငယ္ဘဝအေၾကာင္းေတြ၊ ကေလးဘဝက ဓါတ္ပုံေတြ၊ သူမရဲ႕မိဘ နဲ႔ ေမာင္ႏွမ ေတြအေၾကာင္းပါမက်န္ အကုန္လုံးကို စိတ္ဝင္စားသင့္ပါတယ္။
သူမရဲ႕မိသားစုကို တန္ဖိုးထားေပးတဲ့ သင့္ကိုလဲသူမ ကအရမ္းတန္ဖိုးထားခ်စ္ေပးမွာ ေသခ်ာပါတယ္ …။
၃။ အေၾကာင္းျပခ်က္ မ႐ွိ လက္ေဆာင္ေပးျခင္း။
လူအမ်ားစုဟာ အမွတ္တရ ေန႔ေတြမွာပဲ ကိုယ့္ ခ်စ္သူ ကို လက္ေဆာင္ေပးတတ္ၾကတာပါ။ သင္က ဘာအေၾကာင္းျပခ်က္မွ မ႐ွိဘဲ
လက္ေဆာင္ေပးလိုက္မယ္ဆို သူမအရမ္းကို ေပ်ာ္႐ႊင္သြားမွာ ေသခ်ာပါတယ္။ လက္ေဆာင္ ဟာတန္ဖိုးအရမ္းမႀကီးတဲ့ ပန္းစည္းေလးျဖစ္ေနရင္ေတာင္
သူမ အတြက္ အရမ္းျပည့္စုံေနၿပီး သင့္အေပၚ အခ်စ္ ေတြ တိုးလာေစမွာပါ …။
၄။ လူအမ်ားၾကားမွာလဲ သူမ ကို ၾကင္နာစြာဂ႐ုစိုက္ျခင္း။
သင့္ မိတ္ေဆြ ေတြနဲ႔ ေတြ႕ဆုံတဲ့အခါမွာလည္း သူမ နဲ႔ ဂ႐ုစိုက္ၿပီး မိတ္ဆက္ေပးသင့္ပါတယ္။ တကယ္လို႔ မိတ္ဆက္မေပးဘဲ မသိသလိုေနလိုက္မယ္ဆို သူမ ရင္ထဲ အားငယ္စိတ္ေတြ ျဖစ္လာႏိုင္ပါတယ္။
သင့္သူငယ္ခ်င္းေတြၾကားမွာလဲ သူမကို ဂ႐ုစိုက္ေပးမယ္ဆို သင့္ကို အရမ္းခ်စ္လာမွာ အမွန္ပါပဲ …
၅။ သူမ ရဲ႕နဖူးေလး ကိုနမ္းေပးျခင္း။
ဒီအခ်က္ကေတာ့ ေျပာေနစရာေတာင္ မလိုေတာ့ပါဘူးေနာ္။သူမရဲ႕နဖူးေလးကို သင္နမ္းလိုက္တဲ့အခ်ိန္တိုင္း သင့္ အခ်စ္ ေတြကိုသူမကခံစားမိသြားမွာျဖစ္လို႔
အခ်စ္ေတြ ပိုတိုးလာၿပီး အရမ္းေပ်ာ္႐ႊင္ရတဲ့ ခ်စ္သူဘဝကိုအၿမဲပိုင္ဆိုင္ေနမွာပဲ ျဖစ္ပါတယ္…။
Ref: Brightside
Credit: Love