Astrology

ကြာသပတေး သားသမီးလေးတွေဆီမှာရှိတဲ့ သူမတူတဲ့အားသာချက်နဲ့ ကိုယ်ရည်ကိုယ်သွေး(၁၀)ခု

ကြာသပတေး သားသမီးလေးတွေဆီမှာရှိတဲ့ သူမတူတဲ့အားသာချက်နဲ့ ကိုယ်ရည်ကိုယ်သွေး(၁၀)ခု

ရက်သတ္တပတ်တစ်ခုရဲ့ လေးရက်မြောက်နေ့မှာ မွေးဖွားတဲ့ ကြာသပတေးသားသမီးလေးတွေဟာ ဂျူပီတာဂြိုလ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတာဖြစ်ပါတယ် …။

ကြာသပတေးသားသမီးလေးတွေမှာ သူများနဲ့မတူတဲ့ အားသာချက်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေ အများကြီးရှိပါတယ် …။

ဒီအားသာချက်တွေကိုသာ ကောင်းမွန်စွာ အသုံးချနိုင်ရင်တော့ အောင်မြင်တဲ့သူတွေဖြစ်လာမှာ မလွဲဧကန်ပါပဲ။

(၁) ကြာသပတေးသားသမီးလေးတွေဟာ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားပြီး ပါးနပ်လွန်းတဲ့သူတွေပါ။

အရာရာတိုင်းကို ကောငး်မွန်စွာ နားလည်သဘောပေါက်လွယ်တဲ့အပြင် အကင်းပါးတဲ့သူတွေပါ …။

(၂) ကြာသပတေးသားသမီးလေးတွေဟာ ဘယ်ပဲသွားသွား လူရှိန်တဲ့ ဥပဓိရုပ်မျိုးကို ပိုင်ဆိုင်ထားကြသလို

ရောက်လေရာတိုင်းမှာ မျက်နှာပွင့်လန်းတဲ့သူတွေ ဖြစ်ပါတယ် …။

(၃) ကြာသပတေးသားသမီးလေးတွေဟာ ခေါငး်ဆောင်နိုင်စွမး် အပြည့်ရှိသူတွေဖြစ်လို့

ဘယ်အလုပ်မှာပဲဖြစ်ဖြစ် ရာထူးမြင့်မြင့် ရရှိတတ်ကြပါတယ်။

(၄) ကြာသပတေးသားသမီးလေးတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်မှုလမ်းကြောင်းအသစ်တွေကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့သူတွေဖြစ်ပါတယ် …။

(၅) ကြာသပတေးသားသမီးလေးတွေဟာ လွတ်လပ်မှုကိုမြတ်နိုးပြီး လွတ်လွတ်လပ်လပ်နေတတ်ကြသူတွေ ဖြစ်ပါတယ် …။

(၆) သူတို့တွေဟာ လုံးဝကို အနိုင်မခံအရှုံးမပေးချင်တဲ့သူတွေဖြစ်သလို၊ နည်းနည်းလေးမှ အထက်စီးမခံ၊ အကျောမခံတတ်ကြတာကြောင့် အပေါင်းအသင်းတော့ နည်းပါတယ်။

(၇) သူတို့တွေဟာ ပြောစရာရှိရင် ဒဲ့ပဲပြောတတ်ကြသလို၊ တုတ်ထိုးအိုးပေါက်ပြောတတ်ကြလွန်းလို့ တစ်ခါတလေ တစ်ဖက်သားကို မရည်ရွယ်ဘဲ စိတ်မကောင်းဖြစ်စေတတ်သူတွေပါ။

ဒါပေမယ့် သူတို့ဟာ ပွင့်လင်းတာပါ၊ နစ်နာစေလိုတဲ့စိတ်တော့ မပါပါဘူး …။

(၈) ကြာသပတေးသားသမီးလေးတွေဟာ ငြီးငွေ့လွယ်တဲ့သူတွေ ဖြစ်ကြသလို၊

တစ်ခုခုအပေါ်အကြာကြီး အာရုံမစိုက်တတ်ကြလို့ ခရီးသွားတာလိုမျိုး အမြဲတမ်းစိတ်ဝင်စားစရာနဲ့ပြည့်နေတဲ့ အလုပ်မျိုးက အကိုက်ညီဆုံးပါ။

(၉) သူတို့တွေဟာ တစ်ဖက်သားကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်သူတွေဖြစ်သလို၊

အကျင့်စာရိတ္တ၊ စိတ်နေစိတ်ထားကောင်းမွန်တဲ့ သူတွေပါ။ ဒါပေမယ့်လည်း အငြိုးအရမး်ကြီးပါတယ် …။

(၁၀) ကြာသပတေးသားသမီးတွေဟာ အရမး်ကို ဉာဏ်ရည်ထက်မြက်ကြတယ်ဆိုပေမယ့်

စိတ်ဓာတ်က အတည်တကျမရှိတာကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ကြရတာပါ …။

တစိုက်မတ်မတ်ကြိုးစားမယ်ဆိုရင် သူများတွေထက် သာလွန်မယ့်သူတွေလည်း ဖြစ်ပါတယ် …။

Credit – Em Em

Zawgyi Version

ၾကာသပေတး သားသမီးေလးေတြဆီမွာ႐ွိတဲ့ သူမတူတဲ့အားသာခ်က္နဲ႔ ကိုယ္ရည္ကိုယ္ေသြး(၁၀)ခု

ရက္သတၱပတ္တစ္ခုရဲ႕ ေလးရက္ေျမာက္ေန႔မွာ ေမြးဖြားတဲ့ ၾကာသပေတးသားသမီးေလးေတြဟာ ဂ်ဴပီတာၿဂိဳလ္ရဲ႕ လႊမ္းမိုးမႈေအာက္မွာ ႐ွိေနတာျဖစ္ပါတယ္ …။

ၾကာသပေတးသားသမီးေလးေတြမွာ သူမ်ားနဲ႔မတူတဲ့ အားသာခ်က္နဲ႔ ကိုယ္ရည္ကိုယ္ေသြးေတြ အမ်ားႀကီး႐ွိပါတယ္ …။

ဒီအားသာခ်က္ေတြကိုသာ ေကာင္းမြန္စြာ အသုံးခ်ႏိုင္ရင္ေတာ့ ေအာင္ျမင္တဲ့သူေတြျဖစ္လာမွာ မလြဲဧကန္ပါပဲ။

(၁) ၾကာသပေတးသားသမီးေလးေတြဟာ ဉာဏ္ရည္ဉာဏ္ေသြးျမင့္မားၿပီး ပါးနပ္လြန္းတဲ့သူေတြပါ။

အရာရာတိုင္းကို ေကာငး္မြန္စြာ နားလည္သေဘာေပါက္လြယ္တဲ့အျပင္ အကင္းပါးတဲ့သူေတြပါ …။

(၂) ၾကာသပေတးသားသမီးေလးေတြဟာ ဘယ္ပဲသြားသြား လူ႐ွိန္တဲ့ ဥပဓိ႐ုပ္မ်ိဳးကို ပိုင္ဆိုင္ထားၾကသလို

ေရာက္ေလရာတိုင္းမွာ မ်က္ႏွာပြင့္လန္းတဲ့သူေတြ ျဖစ္ပါတယ္ …။

(၃) ၾကာသပေတးသားသမီးေလးေတြဟာ ေခါငး္ေဆာင္ႏိုင္စြမး္ အျပည့္႐ွိသူေတြျဖစ္လို႔

ဘယ္အလုပ္မွာပဲျဖစ္ျဖစ္ ရာထူးျမင့္ျမင့္ ရ႐ွိတတ္ၾကပါတယ္။

(၄) ၾကာသပေတးသားသမီးေလးေတြဟာ ကိုယ့္အားကိုယ္ကိုးၿပီး ေအာင္ျမင္မႈလမ္းေၾကာင္းအသစ္ေတြကို ကိုယ္တိုင္ဖန္တီးႏိုင္တဲ့သူေတြျဖစ္ပါတယ္ …။

(၅) ၾကာသပေတးသားသမီးေလးေတြဟာ လြတ္လပ္မႈကိုျမတ္ႏိုးၿပီး လြတ္လြတ္လပ္လပ္ေနတတ္ၾကသူေတြ ျဖစ္ပါတယ္ …။

(၆) သူတို႔ေတြဟာ လုံးဝကို အႏိုင္မခံအ႐ႈံးမေပးခ်င္တဲ့သူေတြျဖစ္သလို၊ နည္းနည္းေလးမွ အထက္စီးမခံ၊ အေက်ာမခံတတ္ၾကတာေၾကာင့္ အေပါင္းအသင္းေတာ့ နည္းပါတယ္။

(၇) သူတို႔ေတြဟာ ေျပာစရာ႐ွိရင္ ဒဲ့ပဲေျပာတတ္ၾကသလို၊ တုတ္ထိုးအိုးေပါက္ေျပာတတ္ၾကလြန္းလို႔ တစ္ခါတေလ တစ္ဖက္သားကို မရည္႐ြယ္ဘဲ စိတ္မေကာင္းျဖစ္ေစတတ္သူေတြပါ။

ဒါေပမယ့္ သူတို႔ဟာ ပြင့္လင္းတာပါ၊ နစ္နာေစလိုတဲ့စိတ္ေတာ့ မပါပါဘူး …။

(၈) ၾကာသပေတးသားသမီးေလးေတြဟာ ၿငီးေငြ႕လြယ္တဲ့သူေတြ ျဖစ္ၾကသလို၊

တစ္ခုခုအေပၚအၾကာႀကီး အာ႐ုံမစိုက္တတ္ၾကလို႔ ခရီးသြားတာလိုမ်ိဳး အၿမဲတမ္းစိတ္ဝင္စားစရာနဲ႔ျပည့္ေနတဲ့ အလုပ္မ်ိဳးက အကိုက္ညီဆုံးပါ။

(၉) သူတို႔ေတြဟာ တစ္ဖက္သားကို ယဥ္ေက်းပ်ဴငွာစြာ ဆက္ဆံတတ္သူေတြျဖစ္သလို၊

အက်င့္စာရိတၱ၊ စိတ္ေနစိတ္ထားေကာင္းမြန္တဲ့ သူေတြပါ။ ဒါေပမယ့္လည္း အၿငိဳးအရမး္ႀကီးပါတယ္ …။

(၁၀) ၾကာသပေတးသားသမီးေတြဟာ အရမး္ကို ဉာဏ္ရည္ထက္ျမက္ၾကတယ္ဆိုေပမယ့္

စိတ္ဓာတ္က အတည္တက်မ႐ွိတာေၾကာင့္ ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္ၾကရတာပါ …။

တစိုက္မတ္မတ္ႀကိဳးစားမယ္ဆိုရင္ သူမ်ားေတြထက္ သာလြန္မယ့္သူေတြလည္း ျဖစ္ပါတယ္ …။

Credit – Em Em