ဝင်ငွေ မရှိတဲ့ မိန်းမတစ်ယောက် ဟာ မပျံသန်းနိုင်တဲ့ ငှက်တစ်ကောင်နဲ့တူတယ်
ဝင်ငွေမရှိတဲ့ မိန်းမ တစ်ယောက်ဟာမပျံသန်းနိုင်တဲ့
ငှက်တစ်ကောင် နဲ့တူတယ်။ကောင်းကင်ကို ကြည့်ပြီး
မျှော်လင့်နေရုံပဲ။အမြင့်ဆိုတာ သူမအတွက် အိပ်မက်တစ်ခုမျှသာ…
အိမ်ထောင်ရှင် မိန်းမဆိုတဲ့ ဂုဏ်ပုဒ် ဖက်တွယ်မက်မောနေတဲ့
မိန်းမတစ်ယောက် ဟာ အခန်းကျဉ်းလေး ထဲက မီးလုံးလေး တစ်ခုနဲ့တူတယ်။
ဖွင့်ခြင်း ပိတ်ခြင်း ခံနေရ တဲ့ သူ့အလင်းဟာကန့်သတ်နယ်မြေ
တစ်ခုနဲ့တကယ်တော့ မိန်းမ တစ်ယောက်ဟာ အများနည်းတူ
တောင်ပံဖြန့် ပျံသန်းနိုင်ရမယ်။
ဘဝဆိုတာ မျှော်လင့် အိပ်မက်နေရုံနဲ့ တင်းတိမ် မနေသင့်ဘူး။
မိသားစုအတွက် လွယ်အိတ်လို လူမဖြစ်သင့်ဘူးပေါ့။
မိန်းမတစ်ယောက် ဟာ နေမင်းလို ကိုယ်ပိုင်အလင်းလဲ ရှိသင့်တယ်
နေ့အခါလုံလောက်တဲ့ အလင်းရောင်ကို ကြဲဖြန့်ရင်းညခင်းမှာ
လမင်းအတွက်လည်း မျှဝေ ထွန်းလင်းခွင့်ပေးရမယ်…
Credit -လေးစားစွာဖြင့်-