Lifestyle

ပျော်ချင်ရင် တခြားလူအပေါ် သိပ်အာရုံမစိုက်နဲ့

ပျော်ချင်ရင် တခြားလူအပေါ် သိပ်အာရုံမစိုက်နဲ့

ပျော်ချင်ရင် တခြားလူအပေါ် သိပ်အာရုံမစိုက်နဲ့ တဲ့..

တခြားလူအပေါ် အာရုံစိုက်ပြီး

သူ့လို မဝတ်နိုင်၊ သူ့လို မစားနိုင်၊

သူ့လောက်မတော်၊

သူ့လောက်မလှရကောင်းလားဆိုပြီး

ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်ဝင်

ငါ အသုံးမကျရကောင်းလား၊

ငါ ဘာလို့ သူ့လိုမတော်၊ မလှရတာလဲ၊

ငါ့အိမ်ထောင်ရေးက ဘာလို့ သူ့လိုမဟုတ်ရတာလဲဆိုပြီး

မပျော်ရွှင် ဖြစ်ရတယ်။

လူတိုင်းမှာ အခက်အခဲကိုယ်စီ၊

ချို့ယွင်းချက် ကိုယ်စီရှိကြတယ်။

တချို့က အဖုံးအဖိကောင်းလို့၊

ဟန်ဆောင်တတ်လို့တာ

သူ့တို့ရဲ့ လှပတဲ့အပြင်ပန်းကိုပဲ

ကိုယ်တွေက တွေ့မြင်နေရတာ။

ကိုယ့်မှာရှိတဲ့အရာကို ကိုယ်တန်ဖိုးထား၊

ကိုယ်ဖြစ်တည်မှုကို ကိုယ်အာရုံစိုက်ပြီး

ကိုယ့်လိုအပ်ချက်၊ ကိုယ်ဖြစ်ချင်တာလေးကို

ဖြည်းဖြည်းမှန်မှန် ကြိုးစားလုပ်ဆောင်နေရင်

နေ့ရက်တွေက ပျော်စရာပါ။

သူတစ်ပါးရဲ့ဖြစ်တည်မှု၊

သူတစ်ပါးရဲ့ ဝေဖန်ကဲ့ရဲ့စကားကို အာရုံမစိုက်ဘဲ

ကိုယ့်ယုံကြည်ချက်အတိုင်း ဆက်လျှောက်ရင်

ဘဝက ကျေနပ်စရာပါ။

လူတိုင်း ပြိုင်ဘက်ကင်းပါတယ်။

လောကမှာ ကိုယ်နဲ့တူတဲ့လူ နှစ်ယောက်မရှိနိုင်တာမို့

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ဟာအဖိုးထိုက်ပါတယ်။

#နိုင်းနိုင်းစနေ





သူ့လောက်မတော်၊






မပျော်ရွှင် ဖြစ်ရတယ်။




ဟန်ဆောင်တတ်လို့တာ











ဘဝက ကျေနပ်စရာပါ။




#နိုင်းနိုင်းစနေ