ဝမှလှတာဆိုပြီးဝိတ်မချဘဲနေတာက အသက်အန္တရာယ်ကိုတောင်ဖြစ်စေနိုင်တာမို့ ဝိတ်ချပါ
မိန်းကလေးတွေကြားမှာ
အပြောများတဲ့စကားတစ်ခွန်းရှိပါတယ်။
အဲ့ဒါကတော့ ဝမှလှတာ ဆိုတဲ့ စကားလေးပါ။
မိန်းကလေးတစ်ယောက် ဝဝပြည့်ပြည့်လေးဖြစ်နေတာက
တကယ်လည်းကြည့်လို့ လှပါတယ်။
ဒါပေမယ့် ကိုယ်အလေးချိန်က ရှိသင့်တာထက်
ပိုများနေတယ်ဆိုရင် ကျန်းမာရေးအတွက် မကောင်းပါဘူး။
အထူးသဖြင့် အမျိုးသမီးတွေက အသက်ကြီးလာရင်
ဝလာတတ်တာကြောင့် ဒီအချက်နဲ့ပတ်သက်လို့
ပိုပြီးသတိထားသင့်ပါတယ်။
ဝမှလှတာဟေ့ ဆိုပြီး ကိုယ်အလေးချိန်မထိန်းဘဲ
မနေလိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ ဝတာက
ဒီလိုဆိုးကျိုးတွေကိုဖြစ်စေလို့ပါ။
(၁) အဝတ်အစားရွေးချယ်ရခက်လာတယ်
ကိုယ်ခန္ဓာက ဝလာတာနဲ့အမျှ
ဝတ်စရာအဝတ်အစားလည်းရွေးချယ်ရခက်လာပါတယ်။
အထူးသဖြင့် ကြပ်တဲ့အဝတ်အစားတွေက
သက်တောင့်သက်သာမရှိတာမျိုး၊
တိုလွန်းတာတွေဝတ်ဖို့ အဆင်မပြေတာမျိုးတွေပေါ့။
ကိုယ်ကကြိုက်ပေမယ့် ကိုယ့်အတွက် size မရှိလို့
ဝယ်မလာရတာမျိုး စတဲ့အခက်အခဲတွေကြုံရတတ်ပါတယ်။
(၂) နေရထိုင်ရတာမပေါ့ပါးတော့ဘူး
ခန္ဓာကိုယ်ကဝလာတာနဲ့အမျှ နေရထိုင်ရတာ
မပေါ့ပါးတော့ဘဲ လေးလံထိုင်းမှိုင်းနေတတ်ပါတယ်။
ပိန်တုန်းကလောက် မပေါ့ပါးတော့ဘဲ
ဘာလုပ်လုပ်လေးလံနေတာမျိုး၊
စိတ်သွားတိုင်းကိုယ်မပါတော့တာမျိုးတွေဖြစ်လာတတ်ပါတယ်။
ပိုဝလေ၊ အဲ့ဒီပြဿနာမျိုး ပိုကြုံရလေပါပဲ။
(၃) သွေးတိုး၊ဆီးချို၊ နှလုံးရောဂါ စတဲ့ရောဂါကြီးတွေဖြစ်ဖို့အခွင့်အလမ်းများတယ်
ဝလာတဲ့အခါ ခန္ဓာကိုယ်ထဲမှာအဆီပိုတွေစုလာရုံတင်မကဘဲ
သွေးထဲမှာပါ အဆီတွေရောက်လာပြီး သွေးတိုး၊
ဆီးချို၊ နှလုံးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
အသည်းအဆီဖုံးတာကလည်း ဝတဲ့လူတွေပိုဖြစ်တတ်ပါတယ်။
(၄) လေဖြတ်နိုင်ချေပိုများတယ်
ဝလာတဲ့အခါနှလုံးရောဂါဖြစ်နိုင်ချေပိုများပြီး
အဲ့ဒါနဲ့ဆက်စပ်နေတာက လေဖြတ်တာပါ။
ဝတဲ့လူတွေက တခြားသူတွေထက်
လေဖြတ်နိုင်ချေပိုများတာကြောင့်
ဆရာဝန်တွေက ဝတဲ့သူတွေကို ဝိတ်ချဖို့တိုက်တွန်းကြတာပါ။
(၅) အိပ်ဟောက်တဲ့အကျင့်ကိုဖြစ်စေတယ်
ဝတဲ့အခါ ခန္ဓာကိုယ်ထဲအဆီပိုတွေများလာပြီး
အသက်ရှူလမ်းကြောင်းကိုကျဉ်းကြပ်စေတာကြောင့်
ညအိပ်တဲ့အချိန်ဟောက်တဲ့အကျင့်ကို ဖြစ်စေပါတယ်။
ဝတဲ့လူတွေက များသောအားဖြင့်
ညဘက်မှာအိပ်ဟောက်တတ်ကြပါတယ်။
ဝတာက ကျန်းမာရေးအတွက်
ဘယ်လောက်ထိခိုက်စေသလဲဆိုတာ သိပြီဆိုတော့
ဝမှလှတာဆိုပြီး အယူစွဲမထားဘဲ ကျန်းမာဖို့ ဝိတ်ချပါ။
အဆီပိုတွေမရှိတဲ့ခန္ဓာကိုယ်ဖြစ်အောင် ထိန်းသိမ်းပါ။
ဒါမှ လှလည်းလှ၊ ကျန်းလည်းကျန်းမာတဲ့
အမျိုးသမီးတွေဖြစ်မှာပါ။
သမီးလေးတွေအားလုံး ကျန်းမာ၊လှပသူလေးတွေဖြစ်ကြပါစေ။
written by PP
ဝမွလွတာဆိုၿပီးဝိတ္မခ်ဘဲေနတာက အသက္အႏၲရာယ္ကိုေတာင္ျဖစ္ေစႏိုင္တာမို႔ ဝိတ္ခ်ပါ
မိန္းကေလးေတြၾကားမွာ
အေျပာမ်ားတဲ့စကားတစ္ခြန္း႐ွိပါတယ္။
အဲ့ဒါကေတာ့ ဝမွလွတာ ဆိုတဲ့ စကားေလးပါ။
မိန္းကေလးတစ္ေယာက္ ဝဝျပည့္ျပည့္ေလးျဖစ္ေနတာက
တကယ္လည္းၾကည့္လို႔ လွပါတယ္။
ဒါေပမယ့္ ကိုယ္အေလးခ်ိန္က ႐ွိသင့္တာထက္
ပိုမ်ားေနတယ္ဆိုရင္ က်န္းမာေရးအတြက္ မေကာင္းပါဘူး။
အထူးသျဖင့္ အမ်ိဳးသမီးေတြက အသက္ႀကီးလာရင္
ဝလာတတ္တာေၾကာင့္ ဒီအခ်က္နဲ႔ပတ္သက္လို႔
ပိုၿပီးသတိထားသင့္ပါတယ္။
ဝမွလွတာေဟ့ ဆိုၿပီး ကိုယ္အေလးခ်ိန္မထိန္းဘဲ
မေနလိုက္ပါနဲ႔။ ဘာလို႔လဲဆိုေတာ့ ဝတာက
ဒီလိုဆိုးက်ိဳးေတြကိုျဖစ္ေစလို႔ပါ။
(၁) အဝတ္အစားေ႐ြးခ်ယ္ရခက္လာတယ္
ကိုယ္ခႏၶာက ဝလာတာနဲ႔အမွ်
ဝတ္စရာအဝတ္အစားလည္းေ႐ြးခ်ယ္ရခက္လာပါတယ္။
အထူးသျဖင့္ ၾကပ္တဲ့အဝတ္အစားေတြက
သက္ေတာင့္သက္သာမ႐ွိတာမ်ိဳး၊
တိုလြန္းတာေတြဝတ္ဖို႔ အဆင္မေျပတာမ်ိဳးေတြေပါ့။
ကိုယ္ကႀကိဳက္ေပမယ့္ ကိုယ့္အတြက္ size မ႐ွိလို႔
ဝယ္မလာရတာမ်ိဳး စတဲ့အခက္အခဲေတြၾကဳံရတတ္ပါတယ္။
(၂) ေနရထိုင္ရတာမေပါ့ပါးေတာ့ဘူး
ခႏၶာကိုယ္ကဝလာတာနဲ႔အမွ် ေနရထိုင္ရတာ
မေပါ့ပါးေတာ့ဘဲ ေလးလံထိုင္းမိႈင္းေနတတ္ပါတယ္။
ပိန္တုန္းကေလာက္ မေပါ့ပါးေတာ့ဘဲ
ဘာလုပ္လုပ္ေလးလံေနတာမ်ိဳး၊
စိတ္သြားတိုင္းကိုယ္မပါေတာ့တာမ်ိဳးေတြျဖစ္လာတတ္ပါတယ္။
ပိုဝေလ၊ အဲ့ဒီျပႆနာမ်ိဳး ပိုၾကဳံရေလပါပဲ။
(၃) ေသြးတိုး၊ဆီးခ်ိဳ၊ ႏွလုံးေရာဂါ စတဲ့ေရာဂါႀကီးေတြျဖစ္ဖို႔အခြင့္အလမ္းမ်ားတယ္
ဝလာတဲ့အခါ ခႏၶာကိုယ္ထဲမွာအဆီပိုေတြစုလာ႐ုံတင္မကဘဲ
ေသြးထဲမွာပါ အဆီေတြေရာက္လာၿပီး ေသြးတိုး၊
ဆီးခ်ိဳ၊ ႏွလုံးေရာဂါေတြ ျဖစ္လာႏိုင္ပါတယ္။
အသည္းအဆီဖုံးတာကလည္း ဝတဲ့လူေတြပိုျဖစ္တတ္ပါတယ္။
(၄) ေလျဖတ္ႏိုင္ေခ်ပိုမ်ားတယ္
ဝလာတဲ့အခါႏွလုံးေရာဂါျဖစ္ႏိုင္ေခ်ပိုမ်ားၿပီး
အဲ့ဒါနဲ႔ဆက္စပ္ေနတာက ေလျဖတ္တာပါ။
ဝတဲ့လူေတြက တျခားသူေတြထက္
ေလျဖတ္ႏိုင္ေခ်ပိုမ်ားတာေၾကာင့္
ဆရာဝန္ေတြက ဝတဲ့သူေတြကို ဝိတ္ခ်ဖို႔တိုက္တြန္းၾကတာပါ။
(၅) အိပ္ေဟာက္တဲ့အက်င့္ကိုျဖစ္ေစတယ္
ဝတဲ့အခါ ခႏၶာကိုယ္ထဲအဆီပိုေတြမ်ားလာၿပီး
အသက္႐ွဴလမ္းေၾကာင္းကိုက်ဥ္းၾကပ္ေစတာေၾကာင့္
ညအိပ္တဲ့အခ်ိန္ေဟာက္တဲ့အက်င့္ကို ျဖစ္ေစပါတယ္။
ဝတဲ့လူေတြက မ်ားေသာအားျဖင့္
ညဘက္မွာအိပ္ေဟာက္တတ္ၾကပါတယ္။
ဝတာက က်န္းမာေရးအတြက္
ဘယ္ေလာက္ထိခိုက္ေစသလဲဆိုတာ သိၿပီဆိုေတာ့
ဝမွလွတာဆိုၿပီး အယူစြဲမထားဘဲ က်န္းမာဖို႔ ဝိတ္ခ်ပါ။
အဆီပိုေတြမ႐ွိတဲ့ခႏၶာကိုယ္ျဖစ္ေအာင္ ထိန္းသိမ္းပါ။
ဒါမွ လွလည္းလွ၊ က်န္းလည္းက်န္းမာတဲ့
အမ်ိဳးသမီးေတြျဖစ္မွာပါ။
သမီးေလးေတြအားလုံး က်န္းမာ၊လွပသူေလးေတြျဖစ္ၾကပါေစ။
written by PP