ယောက်ျား တစ်ယောက်ကို ချုပ်ကိုင်နိုင်မယ့် နည်းလမ်း(၄) သွယ်
ယောက်ျား တစ်ယောက်ကို ချုပ်ကိုင်နိုင်မယ့် နည်းလမ်း(၄) သွယ်
ယောက်ျား တစ်ယောက်ကို (သူကိုယ်တိုင်တောင် မသိလိုက်ရပဲ)ဘယ်လို ကိုင်တွယ်ထိန်းချုပ်ရမလဲဆိုတဲ့
နည်းလမ်းလေးတွေကို ပျိုမေတို့ကို ပြောပြ ပေး ချင်ပါတယ်။
ဒါဟာအမျိုးသမီးတိုင်း သိထားသင့်တဲ့ နည်းလမ်းလေးတွေ ဖြစ်ပါ တယ်။
(၁)ကလေးလိုဆက်ဆံပါ
ယောက်ျားတွေဟာ တခါတလေမှာ ကလေးတစ်ယောက်လို ပြုမူတက်ပါ သလား? သေချာပါတယ် လုပ်ဖူးမှာပါ။
ကလေးတစ်ယောက်လို အပြုအမူတွေ ကို ယောက်ျားတစ်ယောက်ဆီမှာတွေ့ရင်
မိန်းမတွေက မချင့်မရဲအမူအယာမျိုးနဲ့ တုံ့ပြန်လေ့ရှိပါတယ်။
တကယ်တော့ ဒီလိုအခြေအနေမှာ လက်ကမ်းဖေးမပြီး၊ အမေလို၊အမလိုပုံမျိုးနဲ့ တုံ့ပြန်ဆက်ဆံပေးရမှာပါ။
ဒါကြောင့် တစ်ယောက်တည်း သူလုပ်ချင်ရာလုပ်ပါစေဆိုပြီး လွှတ်ထားတာမျိုးမလုပ်ပဲ သူလုပ်သမျှအရာတိုင်းမှာ အမြဲဝင်ပါပါ။ဝင်လုပ်ပေးပါ။
ဒီလိုနဲ့ပဲ သူကိုယ့်အပေါ်မှီခိုတဲ့အရာတွေ များလာ ပါစေ။နောက်ဆုံး ကိုယ်မရှိရင် ကောင်းကောင်းမလုပ်တတ်ဘူး။
အဆင်မပြေနိုင် ဘူးဆိုတဲ့ အတွေးမျိုး သူ့စိတ်ထဲမှာ ဝင်သွားပါလိမ့်မယ်။
(၂)ဆိတ်ဆိတ်နေခြင်း
ယောက်ျားတော်တော်များက စိတ်ဆိုးလာရင် ဒေါသတကြီးတုံ့ပြန်လေ့ရှိပြီး အတွင်းစိတ်ကို မျိုးသိပ်ထိန်းချုပ်နိုင်စွမ်း အရမ်းကိုနည်းပါးတတ်ပေမယ့်
အမျိုး သမီးတွေကတော့ ဒါနဲ့လုံးဝဆန့်ကျင်ဘက်ပါ။
ဆိတ်ဆိတ်နေလိုက်တာ ဟာ သုံးဝင်တဲ့နည်းလမ်းတွေထဲက တစ်ခုပါ။
တော်လိုက်ရအောင်၊ ဆက်မပြော ပဲနေရအောင်၊ခဏလောက်ခွဲနေရအောင် ဒီလိုစကားတွေကို အမျိုးသမီးတွေ က ပြောတိုင်း
အမျိုးသားတွေစိတ်ထဲမှာ တွေးမိတာက” ဘာလဲ၊ငါဘာလုပ်မိ လို့လဲ “ဆိုတဲ့အတွေးမျိုးပါ။
တခါတလေမှာ ကိုယ်ဒီလိုပြောလိုက်တာနဲ့ အိုးမလုံအုံပွင့်ဖြစ်ပြီး သူ့ရဲ့အမှားတွေကိုပါ မစစ်လိုက်ရပဲ အလိုလိုပွင့်ထွက်လာ တတ်ပါတယ်။
(၃)ခခယယ/မျက်နှာချိုသွေးတာ
ဒါလည်းအသုံးဝင်တဲ့ လက်နက်တစ်ခုပါပဲ။ယောက်ျားတော်တော်များများကို ဒီနည်းနဲ့ ထိန်းချုပ်လို့ရပါတယ်။
စကားချိုချိုလေးတွေနဲ့ခခယနဲ့မျက်နှာချိုသွေးပြောတဲ့ စကားလုံးကို ရှောင်နိုင်တဲ့ ယောက်ျား အင်မတန်ရှားပါတယ်။
(ဥပမာ-ဟန်နီရေ ကျမကနည်းပညာပိုင်းသိပ်မသိဘူး.ကျမအတွက် ဒီရီမုဒ်ကို ရှာပေးနိုင်မလား) စတဲ့စကားလုံးလှလှလေးမျိုးပါ။
မြှောက်ပင့်တဲ့စကားလေးကို ခခယယနဲ့ပြော လိုက်ရင်တော့ ကိုယ်လိုချင်တဲ့ အရာကို သူလုပ်ပေးလာအောင် သေချာပေါက် စည်းရုံးပြောဆိုနိုင်မှာပါ။
(၄)တခြားယောက်ျားတစ်ယောက်နဲ့နှိုင်းယှဉ်ပြောတာ
ဒါကလည်း ယောက်ျားတစ်ယောက်ကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါ။
ဒီသဘောတရားကတော့ သား၊သမီးဖြစ်သူ စာလုပ်ချင်လာအောင် တစ်ဖက်အိမ်က ကလေးနဲ့နှိုင်းယှဉ်ပြောတဲ့ပုံမျိုးနဲ့ဆင်တူပါတယ်။
သူ့ရဲ့မခံချင် စိတ်ကို မသိမသာဆွပေးပြီး ကြိုးစားချင်လာအောင် သိမ်းသွင်းတဲ့နည်းပါ။
တစ်ခုရှိ တာက နားဝင်ချိုတဲ့စကားလှလှလေးနဲ့ပြောပေးဖို့လိုပြီး၊အဲ့လိုမဟုတ်ပဲ ဒီလူက ရှင့်ထက် အများကြီး သာတယ်လို့တိုက်ရိုက်ကြီးသွားပြောလိုက်ရင်တော့ ….
သူ့မာနကိုထိပါးသလိုဖြစ်ပြီး၊အဲ့ဒီလူကို ပြသာနာသွားရှာ၊ ရန်ပွဲတွေဖြစ်ကုန်တဲ့ အထိအခြေအနေပြင်းထန် သွားနိုင်တာမို့
ဒီနည်းကိုသုံးမယ်ဆိုရင် သေချာပေါက် နားဝင်ချိုတဲ့စကားလုံးမျိုး နဲ့ရွေး ပြောပေးဖို့ လိုလိမ့်မယ်။
Credit
ေယာက်္ား တစ္ေယာက္ကို ခ်ဳပ္ကိုင္ႏိုင္မယ့္ နည္းလမ္း(၄) သြယ္
ေယာက်္ား တစ္ေယာက္ကို ခ်ဳပ္ကိုင္ႏိုင္မယ့္ နည္းလမ္း(၄) သြယ္
ေယာက်္ား တစ္ေယာက္ကို (သူကိုယ္တိုင္ေတာင္ မသိလိုက္ရပဲ)ဘယ္လို ကိုင္တြယ္ထိန္းခ်ဳပ္ရမလဲဆိုတဲ့
နည္းလမ္းေလးေတြကို ပ်ိဳေမတို႔ကို ေျပာျပ ေပး ခ်င္ပါတယ္။
ဒါဟာအမ်ိဳးသမီးတိုင္း သိထားသင့္တဲ့ နည္းလမ္းေလးေတြ ျဖစ္ပါ တယ္။
(၁)ကေလးလိုဆက္ဆံပါ
ေယာက်္ားေတြဟာ တခါတေလမွာ ကေလးတစ္ေယာက္လို ျပဳမူတက္ပါ သလား? ေသခ်ာပါတယ္ လုပ္ဖူးမွာပါ။
ကေလးတစ္ေယာက္လို အျပဳအမူေတြ ကို ေယာက်္ားတစ္ေယာက္ဆီမွာေတြ႕ရင္
မိန္းမေတြက မခ်င့္မရဲအမူအယာမ်ိဳးနဲ႔ တုံ႔ျပန္ေလ့႐ွိပါတယ္။
တကယ္ေတာ့ ဒီလိုအေျခအေနမွာ လက္ကမ္းေဖးမၿပီး၊ အေမလို၊အမလိုပုံမ်ိဳးနဲ႔ တုံ႔ျပန္ဆက္ဆံေပးရမွာပါ။
ဒါေၾကာင့္ တစ္ေယာက္တည္း သူလုပ္ခ်င္ရာလုပ္ပါေစဆိုၿပီး လႊတ္ထားတာမ်ိဳးမလုပ္ပဲ သူလုပ္သမွ်အရာတိုင္းမွာ အၿမဲဝင္ပါပါ။ဝင္လုပ္ေပးပါ။
ဒီလိုနဲ႔ပဲ သူကိုယ့္အေပၚမွီခိုတဲ့အရာေတြ မ်ားလာ ပါေစ။ေနာက္ဆုံး ကိုယ္မ႐ွိရင္ ေကာင္းေကာင္းမလုပ္တတ္ဘူး။
အဆင္မေျပႏိုင္ ဘူးဆိုတဲ့ အေတြးမ်ိဳး သူ႕စိတ္ထဲမွာ ဝင္သြားပါလိမ့္မယ္။
(၂)ဆိတ္ဆိတ္ေနျခင္း
ေယာက်္ားေတာ္ေတာ္မ်ားက စိတ္ဆိုးလာရင္ ေဒါသတႀကီးတုံ႔ျပန္ေလ့႐ွိၿပီး အတြင္းစိတ္ကို မ်ိဳးသိပ္ထိန္းခ်ဳပ္ႏိုင္စြမ္း အရမ္းကိုနည္းပါးတတ္ေပမယ့္
အမ်ိဳး သမီးေတြကေတာ့ ဒါနဲ႔လုံးဝဆန္႔က်င္ဘက္ပါ။
ဆိတ္ဆိတ္ေနလိုက္တာ ဟာ သုံးဝင္တဲ့နည္းလမ္းေတြထဲက တစ္ခုပါ။
ေတာ္လိုက္ရေအာင္၊ ဆက္မေျပာ ပဲေနရေအာင္၊ခဏေလာက္ခြဲေနရေအာင္ ဒီလိုစကားေတြကို အမ်ိဳးသမီးေတြ က ေျပာတိုင္း
အမ်ိဳးသားေတြစိတ္ထဲမွာ ေတြးမိတာက” ဘာလဲ၊ငါဘာလုပ္မိ လို႔လဲ “ဆိုတဲ့အေတြးမ်ိဳးပါ။
တခါတေလမွာ ကိုယ္ဒီလိုေျပာလိုက္တာနဲ႔ အိုးမလုံအုံပြင့္ျဖစ္ၿပီး သူ႕ရဲ႕အမွားေတြကိုပါ မစစ္လိုက္ရပဲ အလိုလိုပြင့္ထြက္လာ တတ္ပါတယ္။
(၃)ခခယယ/မ်က္ႏွာခ်ိဳေသြးတာ
ဒါလည္းအသုံးဝင္တဲ့ လက္နက္တစ္ခုပါပဲ။ေယာက်္ားေတာ္ေတာ္မ်ားမ်ားကို ဒီနည္းနဲ႔ ထိန္းခ်ဳပ္လို႔ရပါတယ္။
စကားခ်ိဳခ်ိဳေလးေတြနဲ႔ခခယနဲ႔မ်က္ႏွာခ်ိဳေသြးေျပာတဲ့ စကားလုံးကို ေ႐ွာင္ႏိုင္တဲ့ ေယာက်္ား အင္မတန္႐ွားပါတယ္။
(ဥပမာ-ဟန္နီေရ က်မကနည္းပညာပိုင္းသိပ္မသိဘူး.က်မအတြက္ ဒီရီမုဒ္ကို ႐ွာေပးႏိုင္မလား) စတဲ့စကားလုံးလွလွေလးမ်ိဳးပါ။
ေျမႇာက္ပင့္တဲ့စကားေလးကို ခခယယနဲ႔ေျပာ လိုက္ရင္ေတာ့ ကိုယ္လိုခ်င္တဲ့ အရာကို သူလုပ္ေပးလာေအာင္ ေသခ်ာေပါက္ စည္း႐ုံးေျပာဆိုႏိုင္မွာပါ။
(၄)တျခားေယာက်္ားတစ္ေယာက္နဲ႔ႏိႈင္းယွဥ္ေျပာတာ
ဒါကလည္း ေယာက်္ားတစ္ေယာက္ကို ထိန္းခ်ဳပ္ႏိုင္တဲ့ နည္းလမ္းေတြထဲက တစ္ခုပါ။
ဒီသေဘာတရားကေတာ့ သား၊သမီးျဖစ္သူ စာလုပ္ခ်င္လာေအာင္ တစ္ဖက္အိမ္က ကေလးနဲ႔ႏိႈင္းယွဥ္ေျပာတဲ့ပုံမ်ိဳးနဲ႔ဆင္တူပါတယ္။
သူ႕ရဲ႕မခံခ်င္ စိတ္ကို မသိမသာဆြေပးၿပီး ႀကိဳးစားခ်င္လာေအာင္ သိမ္းသြင္းတဲ့နည္းပါ။
တစ္ခု႐ွိ တာက နားဝင္ခ်ိဳတဲ့စကားလွလွေလးနဲ႔ေျပာေပးဖို႔လိုၿပီး၊အဲ့လိုမဟုတ္ပဲ ဒီလူက ႐ွင့္ထက္ အမ်ားႀကီး သာတယ္လို႔တိုက္႐ိုက္ႀကီးသြားေျပာလိုက္ရင္ေတာ့ ….
သူ႕မာနကိုထိပါးသလိုျဖစ္ၿပီး၊အဲ့ဒီလူကို ျပသာနာသြား႐ွာ၊ ရန္ပြဲေတြျဖစ္ကုန္တဲ့ အထိအေျခအေနျပင္းထန္ သြားႏိုင္တာမို႔
ဒီနည္းကိုသုံးမယ္ဆိုရင္ ေသခ်ာေပါက္ နားဝင္ခ်ိဳတဲ့စကားလုံးမ်ိဳး နဲ႔ေ႐ြး ေျပာေပးဖို႔ လိုလိမ့္မယ္။
Credit