Love

အချစ်မှာမျက်စိမရှိရခြင်းရဲ့ အကြောင်းအရင်း…

အချစ်မှာမျက်စိမရှိရခြင်းရဲ့ အကြောင်းအရင်း…

လူတိုင်းဘယ်သူမဆိုအနာဂတ်မှာ ကြုံလာမယ့် ပြသနာကိုကြိုမြင်မယ်ဆိုရင်

အဲဒီ ပြသနာဖြစ်လာစေမယ့် လမ်းကိုလွဲဖယ်ကြမှာပါပဲ …။

ထိုနည်းတူပဲချစ်သူနှစ်ဦး ပေါင်းသင်းပြီး ငါးနှစ် အတွင်းကြုံလာမယ့် ပြသနာတွေကို

ချစ်နေကြိုက်နေတဲ့အချိန်ကတည်းက ကြိုတင် မြင်တွေ့သိရှိနိုင်မယ်ဆိုရင်။ ။

အရမ်းချစ်လှပြီ ဆိုတဲ့ချစ်သူနှစ်ဦးဟာ ပေါင်းသင်းနေထိုင်ဖို့ဆိုတာ ၁၀ %တောင် မသေချာတော့ပါဘူး။

ကမ္ဘာမှာ ၅နှစ်အောက်(များသောအားဖြင့်) အိမ်ထောင်ရှင်တွေ ၄၀% လောက်က ကွာရှင်းပျက်စဲကြတယ် …။

စိတ်ဓာတ်ရင့်ကျက်ပြီးကလေးမျက်နှာ ငှဲ့နိုင်တဲ့သူတွေမှ အိမ်ထောင်ထိန်းသိမ်းနိုင်ကြတာပါ။

ဆင်းရဲချမ်းသာ ဘယ်အသိုင်းဝိုင်းမဆို အိမ်ထောင်ပြုတဲ့သူတိုင်းအခက်ခဲ ပြသနာတွေ အနည်းအများကြုံရကြပါတယ်။

မေတ္တာကြီးတဲ့သူဘက်က သို့မဟုတ်ဉာဏ်ကြီးတဲ့သူဘက်ကထိန်းသိမ်းနိုင်လို့သာအိမ်ထောင်သက် ကြာမြင့်စွာအိုမင်းမစွမ်းတဲ့ အထိလက်တွဲနိုင်ကြတာပါ။

ဘာအခက်ခဲ ပြသနာမှမကြုံလို့ လက်တွဲနိုင်တာ မဟုတ်ပါဘူး။

ဆိုတော့ ချစ်တတ်တဲ့သူတိုင်းမှာ အချစ်မှုန်မှုန်ပြီး ရူးသွပ်စွာချစ်ရတဲ့ ခံစားချက်မျိုးရှိပြီးတော့ ရဲစွမ်းသတ္တိတွေ ချစ်သူနဲ့ နေထိုင်ရဖို့ ဆိုရင်

ဘာမဆို ရင်ဆိုင်ရဲတဲ့ ခွန်အားတွေချစ်နေတဲ့အတောအတွင်းမှာတော့ အပြည့်အဝရှိတတ်ကြပါတယ်။အဲဒါကိုမျက်ကန်းအချစ်လို့ခေါ်တာ …။

အနာဂတ်ကို ကြို မမြင်နိုင်အောင်ကိုအချစ်မျက်ကန်း ကန်းနေတာ။တကယ်တော့ဒါဟာကောင်းတဲ့ လက္ခဏာပေါ့။

ဒီလိုသာမကန်းပဲ ပေါင်းပြီးခါမှ ကြုံလာမယ့် ပြသနာကို ကြိုမြင်နေမယ်ဆိုရင်တော့။ကမ္ဘာမှာလူမျိုတုံးသွားပါလိမ့်မယ်။

နောက်တခုကရာခိုင်နှုန်း အနည်းငယ်သောအိမ်ထောင်သည်တွေက ဘယ်လောက်ပဲ အခက်ခဲ ပြသနာတွေကြုံစေပါစေ

ဘဝမုန်တိုင်းကြားကနေ နှစ်ဦးစလုံးအတူရင်ဆိုင် အောင်မြင်ကျော်လွှားနိုင်ကြတဲ့ စံထားလောက်တဲ့ အိမ်ထောင်ရှင်တွေရှိပါတယ်။

ဒီတော့ သူတို့က ဘယ်လိုလူတွေလဲ။?? စိတ်ဓာတ် ခိုင်မှာသောသူ စိတ်ပျက်စရာကြုံလာတိုင်း စိတ်ဓာတ်မကျအောင် ထိန်းသိမ်းနိုင်သောသူ။

မေတ္တာ ကြီးသောသူ။ ။ ဘယ်သူမှားမှား ခွင့်လွှတ် နားလည်တတ်ပြီး မေတ္တာ ထားနိုင်သောသူ။

ကိုယ်ကျိုးမကြည့်တဲ့သူ

သားသမီး မျက်နှာပဲ ကြည့်ပြီး သူတို့ ဘဝလေးတွေအတွက် ကိုယ့်ရဲ့စိတ်ဆန္ဒတွေကို ရိုက်ချိုး ဖျက်ဆီးပြီး

သားသမီးတွေ မိစုံဖစုံနဲ့ မျက်နှာမငယ်အောင် နေနိုင်ရေးအတွက် ကိုယ်ကျိုးကို စတေးသောသူ

မာန စိတ်ကိုရိုက်ချိုးသောသူ

လင်မယားကြားကမာနဟာ တခြားသူတွေကြားမှာထားတဲ့ မာန ထက် အင်မတန်ကြောက်ဖို့ ကောင်းပါတယ် …။

လင်မယားကြားမှာထားတဲ့ မာနကို ရိုက်ချိုး ဖျက်ဆီးနိုင်သောသူ

တာဝန်ကျေသောသူ

စယူတဲ့ တာဝန်တခုကိုအဆုံးတိုင်ထမ်းရွက် နိုင်သောမိဘ။တခါ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ကို မပြင်သောသူ

ဒီလို အိမ်ထောင်သည်တွေသာလျင်ဆံဖြူ အိုမင်းတဲ့ ထိ အိမ်ထောင်ရေးကို လှပခိုင်မြဲ စေကြတာပါ။

အဲလိုအိမ်ထောင်သည်တွေ ဖြစ်လာဖို့အတွက်ချစ်သူဘဝမှာမျက်စိမရှိတဲ့အချစ်နဲ့ ချစ်ပြီး အရာရာကို ရင်ဆိုင်ရဲတဲ့သတ္တိတွေ ရှိကြပါစေ

ချစ်သူ ကို ချစ်နေရင် သူ့အနာဂတ်ကို ကြိုမကြည့်ပါနဲ့

သူနဲ့ ယူရင် ပြသနာတွေ အဲလိုကြုံရမှာအထင်နဲ့ တခြား တစ်ယောက်နဲ့ ယူရင်လည်း အတူတူပဲ ပိုတောင်ဆိုးချင်ဆိုးဦးမှာ ဆိုတော့

ချစ်သူရှိတဲ့ လူငယ်တွေအိမ်ထောင်ပြုဖို့ ဘာလို့တွန့်ဆုတ် နေကြတာလဲ

လူပီသတဲ့ အလုပ်ထဲ မှာအိမ်ထောင်ပြုဖို့လည်း ပါပါတယ်။

အချစ်အတွက် ကန်းနေတဲ့ မျက်လုံးကို ခွဲစိတ် ပြုပြင်ရင်တော့တသက်လုံး အိမ်ထောင် ပြုမိမှာ မဟုတ်ဘူး …။

Credit – SweaySone

Zawgyi Version

အခ်စ္မွာမ်က္စိမ႐ွိရျခင္းရဲ႕ အေၾကာင္းအရင္း…

လူတိုင္းဘယ္သူမဆိုအနာဂတ္မွာ ၾကဳံလာမယ့္ ျပသနာကိုႀကိဳျမင္မယ္ဆိုရင္

အဲဒီ ျပသနာျဖစ္လာေစမယ့္ လမ္းကိုလြဲဖယ္ၾကမွာပါပဲ …။

ထိုနည္းတူပဲခ်စ္သူႏွစ္ဦး ေပါင္းသင္းၿပီး ငါးႏွစ္ အတြင္းၾကဳံလာမယ့္ ျပသနာေတြကို

ခ်စ္ေနႀကိဳက္ေနတဲ့အခ်ိန္ကတည္းက ႀကိဳတင္ ျမင္ေတြ႕သိ႐ွိႏိုင္မယ္ဆိုရင္။ ။

အရမ္းခ်စ္လွၿပီ ဆိုတဲ့ခ်စ္သူႏွစ္ဦးဟာ ေပါင္းသင္းေနထိုင္ဖို႔ဆိုတာ ၁၀ %ေတာင္ မေသခ်ာေတာ့ပါဘူး။

ကမ႓ာမွာ ၅ႏွစ္ေအာက္(မ်ားေသာအားျဖင့္) အိမ္ေထာင္႐ွင္ေတြ ၄၀% ေလာက္က ကြာ႐ွင္းပ်က္စဲၾကတယ္ …။

စိတ္ဓာတ္ရင့္က်က္ၿပီးကေလးမ်က္ႏွာ ငွဲ႔ႏိုင္တဲ့သူေတြမွ အိမ္ေထာင္ထိန္းသိမ္းႏိုင္ၾကတာပါ။

ဆင္းရဲခ်မ္းသာ ဘယ္အသိုင္းဝိုင္းမဆို အိမ္ေထာင္ျပဳတဲ့သူတိုင္းအခက္ခဲ ျပသနာေတြ အနည္းအမ်ားၾကဳံရၾကပါတယ္။

ေမတၱာႀကီးတဲ့သူဘက္က သို႔မဟုတ္ဉာဏ္ႀကီးတဲ့သူဘက္ကထိန္းသိမ္းႏိုင္လို႔သာအိမ္ေထာင္သက္ ၾကာျမင့္စြာအိုမင္းမစြမ္းတဲ့ အထိလက္တြဲႏိုင္ၾကတာပါ။

ဘာအခက္ခဲ ျပသနာမွမၾကဳံလို႔ လက္တြဲႏိုင္တာ မဟုတ္ပါဘူး။

ဆိုေတာ့ ခ်စ္တတ္တဲ့သူတိုင္းမွာ အခ်စ္မႈန္မႈန္ၿပီး ႐ူးသြပ္စြာခ်စ္ရတဲ့ ခံစားခ်က္မ်ိဳး႐ွိၿပီးေတာ့ ရဲစြမ္းသတၱိေတြ ခ်စ္သူနဲ႔ ေနထိုင္ရဖို႔ ဆိုရင္

ဘာမဆို ရင္ဆိုင္ရဲတဲ့ ခြန္အားေတြခ်စ္ေနတဲ့အေတာအတြင္းမွာေတာ့ အျပည့္အဝ႐ွိတတ္ၾကပါတယ္။အဲဒါကိုမ်က္ကန္းအခ်စ္လို႔ေခၚတာ …။

အနာဂတ္ကို ႀကိဳ မျမင္ႏိုင္ေအာင္ကိုအခ်စ္မ်က္ကန္း ကန္းေနတာ။တကယ္ေတာ့ဒါဟာေကာင္းတဲ့ လကၡဏာေပါ့။

ဒီလိုသာမကန္းပဲ ေပါင္းၿပီးခါမွ ၾကဳံလာမယ့္ ျပသနာကို ႀကိဳျမင္ေနမယ္ဆိုရင္ေတာ့။ကမ႓ာမွာလူမ်ိဳတုံးသြားပါလိမ့္မယ္။

ေနာက္တခုကရာခိုင္ႏႈန္း အနည္းငယ္ေသာအိမ္ေထာင္သည္ေတြက ဘယ္ေလာက္ပဲ အခက္ခဲ ျပသနာေတြၾကဳံေစပါေစ

ဘဝမုန္တိုင္းၾကားကေန ႏွစ္ဦးစလုံးအတူရင္ဆိုင္ ေအာင္ျမင္ေက်ာ္လႊားႏိုင္ၾကတဲ့ စံထားေလာက္တဲ့ အိမ္ေထာင္႐ွင္ေတြ႐ွိပါတယ္။

ဒီေတာ့ သူတို႔က ဘယ္လိုလူေတြလဲ။?? စိတ္ဓာတ္ ခိုင္မွာေသာသူ စိတ္ပ်က္စရာၾကဳံလာတိုင္း စိတ္ဓာတ္မက်ေအာင္ ထိန္းသိမ္းႏိုင္ေသာသူ။

ေမတၱာ ႀကီးေသာသူ။ ။ ဘယ္သူမွားမွား ခြင့္လႊတ္ နားလည္တတ္ၿပီး ေမတၱာ ထားႏိုင္ေသာသူ။

ကိုယ္က်ိဳးမၾကည့္တဲ့သူ

သားသမီး မ်က္ႏွာပဲ ၾကည့္ၿပီး သူတို႔ ဘဝေလးေတြအတြက္ ကိုယ့္ရဲ႕စိတ္ဆႏၵေတြကို ႐ိုက္ခ်ိဳး ဖ်က္ဆီးၿပီး

သားသမီးေတြ မိစုံဖစုံနဲ႔ မ်က္ႏွာမငယ္ေအာင္ ေနႏိုင္ေရးအတြက္ ကိုယ္က်ိဳးကို စေတးေသာသူ

မာန စိတ္ကို႐ိုက္ခ်ိဳးေသာသူ

လင္မယားၾကားကမာနဟာ တျခားသူေတြၾကားမွာထားတဲ့ မာန ထက္ အင္မတန္ေၾကာက္ဖို႔ ေကာင္းပါတယ္ …။

လင္မယားၾကားမွာထားတဲ့ မာနကို ႐ိုက္ခ်ိဳး ဖ်က္ဆီးႏိုင္ေသာသူ

တာဝန္ေက်ေသာသူ

စယူတဲ့ တာဝန္တခုကိုအဆုံးတိုင္ထမ္း႐ြက္ ႏိုင္ေသာမိဘ။တခါ ဆုံးျဖတ္တဲ့ ဆုံးျဖတ္ခ်က္ကို မျပင္ေသာသူ

ဒီလို အိမ္ေထာင္သည္ေတြသာလ်င္ဆံျဖဴ အိုမင္းတဲ့ ထိ အိမ္ေထာင္ေရးကို လွပခိုင္ၿမဲ ေစၾကတာပါ။

အဲလိုအိမ္ေထာင္သည္ေတြ ျဖစ္လာဖို႔အတြက္ခ်စ္သူဘဝမွာမ်က္စိမ႐ွိတဲ့အခ်စ္နဲ႔ ခ်စ္ၿပီး အရာရာကို ရင္ဆိုင္ရဲတဲ့သတၱိေတြ ႐ွိၾကပါေစ

ခ်စ္သူ ကို ခ်စ္ေနရင္ သူ႕အနာဂတ္ကို ႀကိဳမၾကည့္ပါနဲ႔

သူနဲ႔ ယူရင္ ျပသနာေတြ အဲလိုၾကဳံရမွာအထင္နဲ႔ တျခား တစ္ေယာက္နဲ႔ ယူရင္လည္း အတူတူပဲ ပိုေတာင္ဆိုးခ်င္ဆိုးဦးမွာ ဆိုေတာ့

ခ်စ္သူ႐ွိတဲ့ လူငယ္ေတြအိမ္ေထာင္ျပဳဖို႔ ဘာလို႔တြန္႔ဆုတ္ ေနၾကတာလဲ

လူပီသတဲ့ အလုပ္ထဲ မွာအိမ္ေထာင္ျပဳဖို႔လည္း ပါပါတယ္။

အခ်စ္အတြက္ ကန္းေနတဲ့ မ်က္လုံးကို ခြဲစိတ္ ျပဳျပင္ရင္ေတာ့တသက္လုံး အိမ္ေထာင္ ျပဳမိမွာ မဟုတ္ဘူး …။

Credit – SweaySone