မျက်လုံးနဲ့ ပတ်သတ်ပြီး လူအများ လုပ်လေ့ရှိကြတဲ့ အမှားများ
မျက်လုံးဆိုတဲ့ အာရုံခံစနစ်တစ်ခုထဲက ပေးပို့တဲ့ သတင်းအချက်အလက်တွေဟာ
ကျန်အာရုံခံစနစ်တွေဖြစ်တဲ့ အကြား၊ အရသာ၊ အနံ့အသက် နဲ့ အထိအတွေ့တို့ ပေးပို့တဲ့
သတင်းအချက်အလက် စုစုပေါင်းထက်ပိုများပါတယ်။
မျက်လုံးကို တာဝန်ယူထားရတဲ့ ဦးနှောက် အစိတ်အပိုင်းကလည်း ကျန်အာရုံခံစနစ် စုစုပေါင်းထက် ပိုများပါတယ်။
မျက်လုံးတွေဟာ သိစိတ်က ပေးပို့တဲ့ သတင်းအချက်အလက်ပမာဏ တစ်ဝက်ခန့်ကို ပေးပို့နိုင်တဲ့ အင်္ဂါတွေလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မျက်လုံးတွေဟာ ခန္ဓာကိုယ်ရဲ့ အရှုပ်ထွေးဆုံး အာရုံခံ အင်္ဂါတစ်ခုလည်း ဖြစ်ပါတယ်။
လူတော်တော်များများဟာ အမြင်အာရုံပျက်စီးခြင်းဆိုတာ ဇရာကြောင့် မလွဲမသွေဖြစ်ရတဲ့ ရလဒ်လို့သာ အထင်မှားတတ်ကြပါတယ်။
ဒါပေမဲ့ တကယ်တမ်း မျက်လုံးကျန်းမာရေးနဲ့ လျော်ညီတဲ့ အလေ့အကျင့်တွေ ရှိမယ်ဆိုရင် မျက်လုံးကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ရောဂါ တော်တော်များများကို ကာကွယ်နိုင်ပါတယ်။
ဒီဆောင်းပါးထဲမှာတော့ ကျွန်တော်တို့ အတွက် အရမ်း အရေးပါတဲ့ အင်္ဂါဖြစ်တဲ့ မျက်လုံးတွေ မပျက်စီးစေရန်အတွက် ရှောင်သင့်တဲ့ အလေ့အကျင့်လေးတွေကို Hello Sayarwon ပရိတ်သတ်ကြီး နဲ့ ဆွေးနွွေးသွားမှာ ဖြစ်ပါတယ်။
၁။ နှှစ်စဉ် မျက်လုံးစစ်ဆေးမှု ပုံမှန်မလုုပ်ခြင်းအထူးသဖြင့် သင့်အနေနဲ့ အသက် ၄၀ ကျော်လာတဲ့ အချိန် မျက်လုံးကို နှစ်စဉ်ပုံမှန် စစ်ဆေးသင့်ပါတယ်။
မျက်လုံးဆိုင်ရာဆရာဝန်များက မျက်စင်းဆေးအနည်းငယ်ကို အသုံးပြုပြီး မျက်လုံးတွေ ပြန့်ကားလာခြင်းနဲ့ သူငယ်အိမ်ရဲ့ အခြေအနေကို စစ်ဆေးမှာဖြစ်ပြီး ပြင်းထန်တဲ့
ရောဂါတွေဖြစ်တဲ့ ရေတိမ်၊ ဆီးချိုကြောင့် သွေးကြောထဲ သကြားဓာတ်ကြာမြင့်စွာ များနေတဲ့အခါ မျက်လုံးအာရုံခံလွှာ (retina) တွေထဲက သွေးကြောတွေကို ပျက်စီးစေတဲ့ မျက်လုံးဝေဒနာ၊
Macular Degeneration လို့ခေါ်တဲ့ မျက်လုံး အာရုံခံလွှာ အလယ်တည့်တည့် အပိုင်းပျက်စီးတဲ့ ရောဂါတွေ ဖြစ်နေသလားဆိုတာကို စစ်ဆေးမှာ ဖြစ်ပါတယ်။
၂။ မျက်လုံးယားခြင်းကို ဂရုမစိုက်ခြင်း
အနီရောင်နဲ့ မျက်ရည်တွေထွက်ရှိပြီး ယားယံကာ ပူစပ်ပူလောင်ဖြစ်နေတဲ့ မျက်လုံးတွေဟာဓာတ်မတည့်ခြင်းကို ခံစားနေရတယ်ဆိုတာကိုပြနေတာပါ။
ဒါပေမဲ့ မျက်လုံးက-
• နာကျင်နေမယ်။
• မျက်လုံးထဲ အမှုန်ဝင်နေသလို ခံစားရမယ်၊
• အလင်းရောင်တုံ့ပြန်နိုင်စွမ်း အားနည်းနေမယ်၊
• ထူထဲပြီး ချွဲကပ်တဲ့ မျက်ချေးများထွက်နေမယ်ဆိုရင်တော့ ဒါဟာ ကူးစက်ရောဂါခံစားနေရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
ဒီလို ဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
ကူးစက်ရောဂါ ဖြစ်နေတာကို မကုသဘူးဆိုရင် မျက်လုံးကို ပျက်ဆီးစေနိုင်ပြီး ပတ်ဝန်းကျင်က လူတွေထံကိုလည်း ကူးစက်စေနိုင်ပါတယ်။
၃။ ထိခိုက်ဒဏ်ရာရလျှင်ရခြင်း မျက်လုံးကို မစစ်ဆေးခြင်း
မျက်လုံးနဲ့ ပတ်သတ်ပြီး ဒဏ်ရာသေးသေးလေးရမယ်ဆိုရင်တောင် မျက်လုံးထိခိုက်တာနဲ့ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
အထူးသဖြင့် သင်ဟာ-
• အမြင်အာရုံတွေဝေဝါးလာမယ်
• မျက်လုံးဖွင့်မရဘူးဆိုရင်
• မျက်ဆံဖြူအတွင်းထဲမှာ သွေးတွေကိုတွေ့လာရမယ်ဆိုရင်
• မျက်ဆံလှုပ်မရဘူးဆိုရင်
• သူငယ်အိမ်ဟာ တစ်ဖက်မှ သူငယ်အိမ် (pupil) နဲ့ ပုံစံမတူဘဲ ကြီးလာတာကို ကြုံရမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
၄။ နေကာမျက်မှန် ဝတ်ဆင်တဲ့ အကျင့်မရှိခြင်းနေကာမျက်မှန်တွေဟာ နေရောင်က ထွက်တဲ့ ခရမ်းလွန်ရောင်ခြည် (ultraviolet (UV)) တွေမှ ကာကွယ်ပေးနိုင်ပါတယ်။
ဒီရောင်ခြည်တွေဟာ မျက်လုံးကို မျက်စိအတွင်းတိမ်နဲ့ Macular Degeneration လို့ခေါ်တဲ့ မျက်လုံး အာရုံခံလွှာ အလယ်တည့်တည့် အပိုင်းပျက်စီးတဲ့ ရောဂါ၊ တာရီဂျီယမ် (Pterygium) လို့ခေါ်တဲ့ မျက်ကြည်လွှာအပေါ်က အကျိအချွဲတွေ ကြီးလာတဲ့ ဝေဒနာ ကိုဖြစ်စေနိုင်ပါတယ်။
နေကာမျက်မှန်ဝတ်မယ်ဆိုရင်လည်း ultraviolet A (လှိုင်းရှည်)နဲ့ ultraviolet B (လှိုင်းတို) တွေကို ၉၉ ရာခိုင်နှုန်းတားဆီးပေးနိုင်တဲ့ နေကာမျက်မှန်တွေကိုသာ ဝတ်ဆင်သင့်ပါတယ်။
၅။ မျက်လုံးကို ပွတ်ခြင်းမျက်လုံးကို ပွတ်ခြင်းဟာ မျက်လုံးကို ပိုယားယံစေပြီး မျက်လုံးတွင်းက သွေးကြောတွေကို ပျက်ဆီးစေပါတယ်။ ဒီလို ပွတ်ခြင်းက မျက်လုံးထဲ ဘာဝင်ဝင် ပိုဆိုးလာစေတာပဲ ရှိပါတယ်။
လက်တွေဟာ မျက်လုံးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ပိုးမွှားတွေနဲ့ အမြဲထိတွေ့နေရတဲ့အတွက်မျက်လုံးကို ပွတ်မယ်ဆိုရင် သင့်လက်က သေချာဆေးထားရဲ့လားဆိုတာ ဂရုစိုက်သင့်ပါတယ်။
၆။ ဖုန်း Screens၊ ကွန်ပျုတာ Screens များကို အချိန်ကြာမြင့်စွာ ကြည့်ရှုနေခြင်းဖုန်းScreens ၊ ကွန်ပျူတာ Screens တွေကို ကြည့်တဲ့အခါမှာ သင့်ရဲ့ မျက်လုံး ကြွက်သားတွေကပိုအလုပ်လုပ်ရပါတယ်။
Screens တွေကို အချိန်ကြာမြင့်စွာကြည့်ရှုခြင်းက မျက်လုံးတွေကို ပင်ပန်းစေပြီး ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဒီလို ဖုန်း၊ ကွန်ပျူတာ Screens တွေကို အချိန်ကြာမြင့်စွာ ကြည့်ရသူတွေ လုပ်ဆောင်သင့်တဲ့ နည်းလမ်းကတော့ ၂၀-၂၀-၂၀ စည်းမျဉ်းပါ။
၂၀-၂၀-၂၀ စည်းမျဉ်း ဆိုတာက Screens ကိုကြည့်တဲ့ အချိန် မိနစ် ၂၀ ပြည့်တိုင်း ပေ ၂၀ အကွာအဝေးက အရာတစ်ခုကို စက္ကန့် ၂၀ ခန့်ကြည့်ရှုပေးပါ။
ဒါ့အပြင် မျက်တောင် မကြာခဏ ခတ်ခြင်းကလည်း မျက်လုံးကို စိုစွတ်စေပြီး ရုံးမှာဆိုရင်လည်း ကွန်ပျူတာ Screens မှာတပ်ဆင်ရတဲ့ အလင်းရောင်ကို လျှော့ချပေးတဲ့ အကာကွယ်တွေကလည်း မျက်လုံး ကျန်းမာရေး အတွက်ကောင်းမွန်ပါတယ်။
၇။ မျက်ကပ်မှန်တွေကို သေချာမသန့်ရှင်းခြင်းမျက်ကပ်မှန်တပ်သူတစ်ယောက်ဆိုရင် မျက်လုံးတွေ ကျန်းမာနေဖို့ အတွက် မျက်ကပ်မှန်တွေကို ဆရာဝန်က ညွှန်ကြားထားတဲ့ ဆေးရည်နဲ့ ပုံမှန်ဆေးကြောသင့်ပါတယ်။
မျက်ကပ်မှန်ဆေးတဲ့ အခါမှာလည်း ရေ (သို့မဟုတ် ) တံတွေးနဲ့ ဘယ်တော့မှ မဆေးသင့်ဘဲ သန့်ရှင်းတဲ့ဘူးထဲမှာပဲ သိမ်းထားသင့်ပြီး ဗူးကို လည်း ၃ လပြည့်တဲ့ အခါတိုင်း လှဲလှယ်ပေးသင့်ပါတယ်။
ဒါ့အပြင် အိမ်ယာဝင်ချိန်မှာလည်း မျက်ကပ်မှန်တွေကို ချွတ်အိပ်ဖို့ မမေ့သင့်ပါဘူး။ တစ်ခါသုံး မျက်ကပ်မှန်ကို အသုံးပြုရမယ်ဆိုရင်လည်း ဆရာဝန် ညွှန်ကြားထားတဲ့အချိန် လှဲလှယ်သင့်ပါတယ်။
၈။ မျက်ကပ်မှန်ကို ရေချိုးတဲ့ အချိန်ဝတ်ထားခြင်းရေချိုးတဲ့အခါ မျက်ကပ်မှန်မချွတ်တဲ့အခါ ရေထဲမှာပါဝင်တဲ့ ရောဂါပိုးတွေက မျက်ကပ်မှန်မှာ ကပ်နေနိုင်ပြီး မျက်လုံးကို ကူးစက်ရောဂါဖြစ်စေနိုင်ပါတယ်။
ဒါကို ကာကွယ်ဖို့ အတွက်ရေမချိုးခင် မျက်ကပ်မှန်တွေကို အရင် ချွတ်သင့်ပါတယ်။
၉။ မိတ်ကပ်များကို မဆေးမကြောဘဲထားခြင်းမျက်တောင်ခြယ်ဆေး (mascara)၊ eyeliner ၊ မျက်ခွံဆိုးဆေးတောင့်( eye shadow) မှ အကြွင်းအကျန်အမှုန်တွေဟာ မျက်လုံးထဲဝင်နိုင်ပြီး ကူးစက်ရောဂါကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် မျက်လုံးဆိုင်ရာ မိတ်ကပ်တွေ လိမ်းထားရင် ညအိမ်ယာမဝင်ခင် မျက်နှာသစ်ဖို့ အရေးကြီးပါတယ်။
မိတ်ကပ်မဖျက်မိလို့ မျက်လုံးတွေနီလာမယ်၊ နာကျင်လာမယ်ဆိုရင်တော့ ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
၁၀။ ဘေးအန္တရာယ်ကာကွယ်တဲ့ မျက်မှန်တွေကို မဝတ်ခြင်းဝရိတ်ဆော်တာပဲ ဖြစ်ဖြစ်၊ အားကစားလုပ်နေတဲ့အချိန်ပဲ ဖြစ်ဖြစ်
ဘေးအန္တရာယ်ကာကွယ်ပေးတဲ့ မျက်မှန်တွေကသာ သင့်မျက်လုံးပျက်စီးခြင်းကို ကာကွယ်ပေးနိုင်မှာပါ။
ဒါကြောင့် သင့်အနေနဲ့ လုပ်ရိုးလုပ်စဉ် မဟုတ်တဲ့ အလုပ်တစ်ခုကို လုပ်ကိုင်တဲ့အခါမှာ ဒီလို လေကာ၊ ရေကာမျက်မှန်တွေကို ဝတ်ပြီး မျက်လုံးကို ကာကွယ်ဖို့ အတွက် ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။
၁၁။ မိသားစု မျိုးရိုးကို မစစ်ဆေးခြင်းသင့်မိသားစုထဲမှာ မျက်လုံးရောဂါ တစ်ခုခု ရှိမယ်ဆိုရင် ဒါကို သိထားဖို့လိုပါတယ်။
ဒါမှသာ ရောဂါ ဖြစ်လာတာနဲ့ တစ်ပြိုင်နက် ကုသမှု ခံရယူနိုင်မှာပါ။ လေ့လာချက်တွေအရ
မျက်လုံးကန်းရခြင်းရဲ့ အဓိက အကြောင်းရင်း ၂ ခုဖြစ်တဲ့ မျက်လုံးရေတိမ် (glaucoma) နဲ့Macular Degeneration လို့ခေါ်တဲ့
မျက်လုံး အာရုံခံလွှာ အလယ်တည့်တည့် အပိုင်းပျက်စီးတဲ့ ရောဂါတို့ဟာ မျိုးရိုးဗီဇနဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။
၁၂။ မျက်မှန်ကို ပုံမှန်မဝတ်ခြင်းသင့်ရဲ့ အမြင်အာရုံဟာ အချိန်နဲ့ အမျှပြောင်းလဲနေပါတယ်။
သင့်မျက်လုံး ကျန်းမာရေးအတွက် ဒီအမြင်အာရုံတွေ ပြောင်းလဲလာတာကို အချိန်နဲ့ တစ်ပြေးညီသတိထားဖို့လိုပြီး အမြင်အာရုံ ပြောင်းလဲလာတာနဲ့
တစ်ပြိုင်နက် ဆရာဝန်နဲ့ သွားပြမယ်ဆိုရင် အမြင်အာရုံ ဆိုးဆိုးရွားရွား မပျက်စီးနိုင်အောင် ကာကွယ်နိုင်မှာပါ။
၁၃။ဆေးလိပ်သောက်ခြင်းဆေးလိပ်သောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ တစ်ခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်သလိုပဲ မျက်လုံးကို လည်း ပျက်ဆီးစေနိုင်ပါတယ်။
ဆေးလိပ်သောက်မယ်ဆိုရင် မျက်စိအတွင်းတိမ်ဖြစ်လာခြင်း၊ အမြင်အာရုံဆိုင်ရာ နာဗ်ကြောများ ပျက်စီးလာခြင်း၊
မျက်လုံး အာရုံခံလွှာ အလယ်တည့်တည့် အပိုင်းပျက်စီးတဲ့ ရောဂါ (Macular Degeneration) တို့ ဖြစ်လာနိုင်ပါတယ်။
ဒီအချက်တွေအားလုံးက နောက်ဆုံးမှာ မျက်လုံးကန်းသည်အထိ ဖြစ်စေနိုင်ပါတယ်။
Credit
မ်က္လုံးနဲ႔ ပတ္သတ္ၿပီး လူအမ်ား လုပ္ေလ့႐ွိၾကတဲ့ အမွားမ်ား
မ်က္လုံးဆိုတဲ့ အာ႐ုံခံစနစ္တစ္ခုထဲက ေပးပို႔တဲ့ သတင္းအခ်က္အလက္ေတြဟာ
က်န္အာ႐ုံခံစနစ္ေတြျဖစ္တဲ့ အၾကား၊ အရသာ၊ အနံ႔အသက္ နဲ႔ အထိအေတြ႕တို႔ ေပးပို႔တဲ့
သတင္းအခ်က္အလက္ စုစုေပါင္းထက္ပိုမ်ားပါတယ္။
မ်က္လုံးကို တာဝန္ယူထားရတဲ့ ဦးေႏွာက္ အစိတ္အပိုင္းကလည္း က်န္အာ႐ုံခံစနစ္ စုစုေပါင္းထက္ ပိုမ်ားပါတယ္။
မ်က္လုံးေတြဟာ သိစိတ္က ေပးပို႔တဲ့ သတင္းအခ်က္အလက္ပမာဏ တစ္ဝက္ခန္႔ကို ေပးပို႔ႏိုင္တဲ့ အဂၤါေတြလည္း ျဖစ္ပါတယ္။
ဒါ့အျပင္ မ်က္လုံးေတြဟာ ခႏၶာကိုယ္ရဲ႕ အ႐ႈပ္ေထြးဆုံး အာ႐ုံခံ အဂၤါတစ္ခုလည္း ျဖစ္ပါတယ္။
လူေတာ္ေတာ္မ်ားမ်ားဟာ အျမင္အာ႐ုံပ်က္စီးျခင္းဆိုတာ ဇရာေၾကာင့္ မလြဲမေသြျဖစ္ရတဲ့ ရလဒ္လို႔သာ အထင္မွားတတ္ၾကပါတယ္။
ဒါေပမဲ့ တကယ္တမ္း မ်က္လုံးက်န္းမာေရးနဲ႔ ေလ်ာ္ညီတဲ့ အေလ့အက်င့္ေတြ ႐ွိမယ္ဆိုရင္ မ်က္လုံးက်န္းမာေရးနဲ႔ ပတ္သတ္တဲ့ ေရာဂါ ေတာ္ေတာ္မ်ားမ်ားကို ကာကြယ္ႏိုင္ပါတယ္။
ဒီေဆာင္းပါးထဲမွာေတာ့ ကြၽန္ေတာ္တို႔ အတြက္ အရမ္း အေရးပါတဲ့ အဂၤါျဖစ္တဲ့ မ်က္လုံးေတြ မပ်က္စီးေစရန္အတြက္ ေ႐ွာင္သင့္တဲ့ အေလ့အက်င့္ေလးေတြကို Hello Sayarwon ပရိတ္သတ္ႀကီး နဲ႔ ေဆြးႏြြေးသြားမွာ ျဖစ္ပါတယ္။
၁။ ႏွွစ္စဥ္ မ်က္လုံးစစ္ေဆးမႈ ပုံမွန္မလုုပ္ျခင္းအထူးသျဖင့္ သင့္အေနနဲ႔ အသက္ ၄၀ ေက်ာ္လာတဲ့ အခ်ိန္ မ်က္လုံးကို ႏွစ္စဥ္ပုံမွန္ စစ္ေဆးသင့္ပါတယ္။
မ်က္လုံးဆိုင္ရာဆရာဝန္မ်ားက မ်က္စင္းေဆးအနည္းငယ္ကို အသုံးျပဳၿပီး မ်က္လုံးေတြ ျပန္႔ကားလာျခင္းနဲ႔ သူငယ္အိမ္ရဲ႕ အေျခအေနကို စစ္ေဆးမွာျဖစ္ၿပီး ျပင္းထန္တဲ့
ေရာဂါေတြျဖစ္တဲ့ ေရတိမ္၊ ဆီးခ်ိဳေၾကာင့္ ေသြးေၾကာထဲ သၾကားဓာတ္ၾကာျမင့္စြာ မ်ားေနတဲ့အခါ မ်က္လုံးအာ႐ုံခံလႊာ (retina) ေတြထဲက ေသြးေၾကာေတြကို ပ်က္စီးေစတဲ့ မ်က္လုံးေဝဒနာ၊
Macular Degeneration လို႔ေခၚတဲ့ မ်က္လုံး အာ႐ုံခံလႊာ အလယ္တည့္တည့္ အပိုင္းပ်က္စီးတဲ့ ေရာဂါေတြ ျဖစ္ေနသလားဆိုတာကို စစ္ေဆးမွာ ျဖစ္ပါတယ္။
၂။ မ်က္လုံးယားျခင္းကို ဂ႐ုမစိုက္ျခင္း
အနီေရာင္နဲ႔ မ်က္ရည္ေတြထြက္႐ွိၿပီး ယားယံကာ ပူစပ္ပူေလာင္ျဖစ္ေနတဲ့ မ်က္လုံးေတြဟာဓာတ္မတည့္ျခင္းကို ခံစားေနရတယ္ဆိုတာကိုျပေနတာပါ။
ဒါေပမဲ့ မ်က္လုံးက-
• နာက်င္ေနမယ္။
• မ်က္လုံးထဲ အမႈန္ဝင္ေနသလို ခံစားရမယ္၊
• အလင္းေရာင္တုံ႔ျပန္ႏိုင္စြမ္း အားနည္းေနမယ္၊
• ထူထဲၿပီး ခြၽဲကပ္တဲ့ မ်က္ေခ်းမ်ားထြက္ေနမယ္ဆိုရင္ေတာ့ ဒါဟာ ကူးစက္ေရာဂါခံစားေနရတယ္ဆိုတဲ့ အဓိပၸါယ္ပါ။
ဒီလို ေဝဒနာေတြကို ခံစားေနရမယ္ဆိုရင္ ဆရာဝန္ထံ အျမန္ဆုံးသြားေရာက္ျပသသင့္ပါတယ္။
ကူးစက္ေရာဂါ ျဖစ္ေနတာကို မကုသဘူးဆိုရင္ မ်က္လုံးကို ပ်က္ဆီးေစႏိုင္ၿပီး ပတ္ဝန္းက်င္က လူေတြထံကိုလည္း ကူးစက္ေစႏိုင္ပါတယ္။
၃။ ထိခိုက္ဒဏ္ရာရလွ်င္ရျခင္း မ်က္လုံးကို မစစ္ေဆးျခင္း
မ်က္လုံးနဲ႔ ပတ္သတ္ၿပီး ဒဏ္ရာေသးေသးေလးရမယ္ဆိုရင္ေတာင္ မ်က္လုံးထိခိုက္တာနဲ႔ဆရာဝန္ထံ အျမန္ဆုံးသြားေရာက္ျပသသင့္ပါတယ္။
အထူးသျဖင့္ သင္ဟာ-
• အျမင္အာ႐ုံေတြေဝဝါးလာမယ္
• မ်က္လုံးဖြင့္မရဘူးဆိုရင္
• မ်က္ဆံျဖဴအတြင္းထဲမွာ ေသြးေတြကိုေတြ႕လာရမယ္ဆိုရင္
• မ်က္ဆံလႈပ္မရဘူးဆိုရင္
• သူငယ္အိမ္ဟာ တစ္ဖက္မွ သူငယ္အိမ္ (pupil) နဲ႔ ပုံစံမတူဘဲ ႀကီးလာတာကို ၾကဳံရမယ္ဆိုရင္ ဆရာဝန္နဲ႔ အျမန္ဆုံးသြားေရာက္ျပသသင့္ပါတယ္။
၄။ ေနကာမ်က္မွန္ ဝတ္ဆင္တဲ့ အက်င့္မ႐ွိျခင္းေနကာမ်က္မွန္ေတြဟာ ေနေရာင္က ထြက္တဲ့ ခရမ္းလြန္ေရာင္ျခည္ (ultraviolet (UV)) ေတြမွ ကာကြယ္ေပးႏိုင္ပါတယ္။
ဒီေရာင္ျခည္ေတြဟာ မ်က္လုံးကို မ်က္စိအတြင္းတိမ္နဲ႔ Macular Degeneration လို႔ေခၚတဲ့ မ်က္လုံး အာ႐ုံခံလႊာ အလယ္တည့္တည့္ အပိုင္းပ်က္စီးတဲ့ ေရာဂါ၊ တာရီဂ်ီယမ္ (Pterygium) လို႔ေခၚတဲ့ မ်က္ၾကည္လႊာအေပၚက အက်ိအခြၽဲေတြ ႀကီးလာတဲ့ ေဝဒနာ ကိုျဖစ္ေစႏိုင္ပါတယ္။
ေနကာမ်က္မွန္ဝတ္မယ္ဆိုရင္လည္း ultraviolet A (လိႈင္း႐ွည္)နဲ႔ ultraviolet B (လိႈင္းတို) ေတြကို ၉၉ ရာခိုင္ႏႈန္းတားဆီးေပးႏိုင္တဲ့ ေနကာမ်က္မွန္ေတြကိုသာ ဝတ္ဆင္သင့္ပါတယ္။
၅။ မ်က္လုံးကို ပြတ္ျခင္းမ်က္လုံးကို ပြတ္ျခင္းဟာ မ်က္လုံးကို ပိုယားယံေစၿပီး မ်က္လုံးတြင္းက ေသြးေၾကာေတြကို ပ်က္ဆီးေစပါတယ္။ ဒီလို ပြတ္ျခင္းက မ်က္လုံးထဲ ဘာဝင္ဝင္ ပိုဆိုးလာေစတာပဲ ႐ွိပါတယ္။
လက္ေတြဟာ မ်က္လုံးအတြက္ အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ ပိုးမႊားေတြနဲ႔ အၿမဲထိေတြ႕ေနရတဲ့အတြက္မ်က္လုံးကို ပြတ္မယ္ဆိုရင္ သင့္လက္က ေသခ်ာေဆးထားရဲ႕လားဆိုတာ ဂ႐ုစိုက္သင့္ပါတယ္။
၆။ ဖုန္း Screens၊ ကြန္ပ်ဳတာ Screens မ်ားကို အခ်ိန္ၾကာျမင့္စြာ ၾကည့္႐ႈေနျခင္းဖုန္းScreens ၊ ကြန္ပ်ဴတာ Screens ေတြကို ၾကည့္တဲ့အခါမွာ သင့္ရဲ႕ မ်က္လုံး ႂကြက္သားေတြကပိုအလုပ္လုပ္ရပါတယ္။
Screens ေတြကို အခ်ိန္ၾကာျမင့္စြာၾကည့္႐ႈျခင္းက မ်က္လုံးေတြကို ပင္ပန္းေစၿပီး ေခါင္းကိုက္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။
ဒီလို ဖုန္း၊ ကြန္ပ်ဴတာ Screens ေတြကို အခ်ိန္ၾကာျမင့္စြာ ၾကည့္ရသူေတြ လုပ္ေဆာင္သင့္တဲ့ နည္းလမ္းကေတာ့ ၂၀-၂၀-၂၀ စည္းမ်ဥ္းပါ။
၂၀-၂၀-၂၀ စည္းမ်ဥ္း ဆိုတာက Screens ကိုၾကည့္တဲ့ အခ်ိန္ မိနစ္ ၂၀ ျပည့္တိုင္း ေပ ၂၀ အကြာအေဝးက အရာတစ္ခုကို စကၠန္႔ ၂၀ ခန္႔ၾကည့္႐ႈေပးပါ။
ဒါ့အျပင္ မ်က္ေတာင္ မၾကာခဏ ခတ္ျခင္းကလည္း မ်က္လုံးကို စိုစြတ္ေစၿပီး ႐ုံးမွာဆိုရင္လည္း ကြန္ပ်ဴတာ Screens မွာတပ္ဆင္ရတဲ့ အလင္းေရာင္ကို ေလွ်ာ့ခ်ေပးတဲ့ အကာကြယ္ေတြကလည္း မ်က္လုံး က်န္းမာေရး အတြက္ေကာင္းမြန္ပါတယ္။
၇။ မ်က္ကပ္မွန္ေတြကို ေသခ်ာမသန္႔႐ွင္းျခင္းမ်က္ကပ္မွန္တပ္သူတစ္ေယာက္ဆိုရင္ မ်က္လုံးေတြ က်န္းမာေနဖို႔ အတြက္ မ်က္ကပ္မွန္ေတြကို ဆရာဝန္က ၫႊန္ၾကားထားတဲ့ ေဆးရည္နဲ႔ ပုံမွန္ေဆးေၾကာသင့္ပါတယ္။
မ်က္ကပ္မွန္ေဆးတဲ့ အခါမွာလည္း ေရ (သို႔မဟုတ္ ) တံေတြးနဲ႔ ဘယ္ေတာ့မွ မေဆးသင့္ဘဲ သန္႔႐ွင္းတဲ့ဘူးထဲမွာပဲ သိမ္းထားသင့္ၿပီး ဗူးကို လည္း ၃ လျပည့္တဲ့ အခါတိုင္း လွဲလွယ္ေပးသင့္ပါတယ္။
ဒါ့အျပင္ အိမ္ယာဝင္ခ်ိန္မွာလည္း မ်က္ကပ္မွန္ေတြကို ခြၽတ္အိပ္ဖို႔ မေမ့သင့္ပါဘူး။ တစ္ခါသုံး မ်က္ကပ္မွန္ကို အသုံးျပဳရမယ္ဆိုရင္လည္း ဆရာဝန္ ၫႊန္ၾကားထားတဲ့အခ်ိန္ လွဲလွယ္သင့္ပါတယ္။
၈။ မ်က္ကပ္မွန္ကို ေရခ်ိဳးတဲ့ အခ်ိန္ဝတ္ထားျခင္းေရခ်ိဳးတဲ့အခါ မ်က္ကပ္မွန္မခြၽတ္တဲ့အခါ ေရထဲမွာပါဝင္တဲ့ ေရာဂါပိုးေတြက မ်က္ကပ္မွန္မွာ ကပ္ေနႏိုင္ၿပီး မ်က္လုံးကို ကူးစက္ေရာဂါျဖစ္ေစႏိုင္ပါတယ္။
ဒါကို ကာကြယ္ဖို႔ အတြက္ေရမခ်ိဳးခင္ မ်က္ကပ္မွန္ေတြကို အရင္ ခြၽတ္သင့္ပါတယ္။
၉။ မိတ္ကပ္မ်ားကို မေဆးမေၾကာဘဲထားျခင္းမ်က္ေတာင္ျခယ္ေဆး (mascara)၊ eyeliner ၊ မ်က္ခြံဆိုးေဆးေတာင့္( eye shadow) မွ အႂကြင္းအက်န္အမႈန္ေတြဟာ မ်က္လုံးထဲဝင္ႏိုင္ၿပီး ကူးစက္ေရာဂါကို ျဖစ္ေစႏိုင္ပါတယ္။
ဒါေၾကာင့္ မ်က္လုံးဆိုင္ရာ မိတ္ကပ္ေတြ လိမ္းထားရင္ ညအိမ္ယာမဝင္ခင္ မ်က္ႏွာသစ္ဖို႔ အေရးႀကီးပါတယ္။
မိတ္ကပ္မဖ်က္မိလို႔ မ်က္လုံးေတြနီလာမယ္၊ နာက်င္လာမယ္ဆိုရင္ေတာ့ ဆရာဝန္ထံ အျမန္ဆုံးသြားေရာက္ျပသသင့္ပါတယ္။
၁၀။ ေဘးအႏၲရာယ္ကာကြယ္တဲ့ မ်က္မွန္ေတြကို မဝတ္ျခင္းဝရိတ္ေဆာ္တာပဲ ျဖစ္ျဖစ္၊ အားကစားလုပ္ေနတဲ့အခ်ိန္ပဲ ျဖစ္ျဖစ္
ေဘးအႏၲရာယ္ကာကြယ္ေပးတဲ့ မ်က္မွန္ေတြကသာ သင့္မ်က္လုံးပ်က္စီးျခင္းကို ကာကြယ္ေပးႏိုင္မွာပါ။
ဒါေၾကာင့္ သင့္အေနနဲ႔ လုပ္႐ိုးလုပ္စဥ္ မဟုတ္တဲ့ အလုပ္တစ္ခုကို လုပ္ကိုင္တဲ့အခါမွာ ဒီလို ေလကာ၊ ေရကာမ်က္မွန္ေတြကို ဝတ္ၿပီး မ်က္လုံးကို ကာကြယ္ဖို႔ အတြက္ ျပင္ဆင္ဖို႔ လိုပါလိမ့္မယ္။
၁၁။ မိသားစု မ်ိဳး႐ိုးကို မစစ္ေဆးျခင္းသင့္မိသားစုထဲမွာ မ်က္လုံးေရာဂါ တစ္ခုခု ႐ွိမယ္ဆိုရင္ ဒါကို သိထားဖို႔လိုပါတယ္။
ဒါမွသာ ေရာဂါ ျဖစ္လာတာနဲ႔ တစ္ၿပိဳင္နက္ ကုသမႈ ခံရယူႏိုင္မွာပါ။ ေလ့လာခ်က္ေတြအရ
မ်က္လုံးကန္းရျခင္းရဲ႕ အဓိက အေၾကာင္းရင္း ၂ ခုျဖစ္တဲ့ မ်က္လုံးေရတိမ္ (glaucoma) နဲ႔Macular Degeneration လို႔ေခၚတဲ့
မ်က္လုံး အာ႐ုံခံလႊာ အလယ္တည့္တည့္ အပိုင္းပ်က္စီးတဲ့ ေရာဂါတို႔ဟာ မ်ိဳး႐ိုးဗီဇနဲ႔ ဆက္ႏြယ္ေနတယ္လို႔ ဆိုပါတယ္။
၁၂။ မ်က္မွန္ကို ပုံမွန္မဝတ္ျခင္းသင့္ရဲ႕ အျမင္အာ႐ုံဟာ အခ်ိန္နဲ႔ အမွ်ေျပာင္းလဲေနပါတယ္။
သင့္မ်က္လုံး က်န္းမာေရးအတြက္ ဒီအျမင္အာ႐ုံေတြ ေျပာင္းလဲလာတာကို အခ်ိန္နဲ႔ တစ္ေျပးညီသတိထားဖို႔လိုၿပီး အျမင္အာ႐ုံ ေျပာင္းလဲလာတာနဲ႔
တစ္ၿပိဳင္နက္ ဆရာဝန္နဲ႔ သြားျပမယ္ဆိုရင္ အျမင္အာ႐ုံ ဆိုးဆိုး႐ြား႐ြား မပ်က္စီးႏိုင္ေအာင္ ကာကြယ္ႏိုင္မွာပါ။
၁၃။ေဆးလိပ္ေသာက္ျခင္းေဆးလိပ္ေသာက္ျခင္းဟာ ခႏၶာကိုယ္ရဲ႕ တစ္ျခားေသာ ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ပ်က္စီးေစႏိုင္သလိုပဲ မ်က္လုံးကို လည္း ပ်က္ဆီးေစႏိုင္ပါတယ္။
ေဆးလိပ္ေသာက္မယ္ဆိုရင္ မ်က္စိအတြင္းတိမ္ျဖစ္လာျခင္း၊ အျမင္အာ႐ုံဆိုင္ရာ နာဗ္ေၾကာမ်ား ပ်က္စီးလာျခင္း၊
မ်က္လုံး အာ႐ုံခံလႊာ အလယ္တည့္တည့္ အပိုင္းပ်က္စီးတဲ့ ေရာဂါ (Macular Degeneration) တို႔ ျဖစ္လာႏိုင္ပါတယ္။
ဒီအခ်က္ေတြအားလုံးက ေနာက္ဆုံးမွာ မ်က္လုံးကန္းသည္အထိ ျဖစ္ေစႏိုင္ပါတယ္။
Credit