Love

မတန်တဲ့သူတွေအတွက် မပေးဆပ်ပါနဲ့

မတန်တဲ့သူတွေအတွက် မပေးဆပ်ပါနဲ့

ကိုယ့်ကို နာကျင်စေတဲ့ သူအတွက် မကာကွယ်ပေး ပါနဲ့ ။

ကိုယ့်ကို မျက်ရည် ကျအောင် လုပ်တဲ့ သူ အတွက် ပျော်ရွှင်အောင် မဖန်တီးပေး ပါနဲ့ ။

ကိုယ့်အပေါ် မကောင်းတဲ့ သူ အတွက် ပေးဆပ်ဖို့ မကြိုးစား ပါနဲ့ ။

တချို့ Relationship တွေမှာ ကြည့် လိုက်ရင်

တယောက် တည်း ကပဲ ခံစား တယောက်တည်းကပဲ ငိုရ

အဲ့ဒီ တယောက်တည်း ကပဲ ကိုယ့် Rs သာယာအောင်

ဖန်တီး နာကျင်မှုတွေ ကြိတ်မှိတ်သည်းခံ

ကိုယ့်ဘဝ တစ်ခုလုံးကို စတေး ထားမေးချင်တယ် တန်လို့ လားလို့

ကိုယ်ချစ်တဲ့ သူအတွက် ပဲလေ ခံစားရတာ တန်ပါ တယ်လို့ ခင်ဗျားတို့ ဖြေချင် လိမ့်မယ်

ဘာပဲဖြစ်ဖြစ် ကိုယ့်အပေါ် မကောင်းချင်တဲ့ သူဟာ တသက်လုံး လည်း ကောင်းလာမှာ

မဟုတ်တဲ့ အတွက် အချိန်တန် ရင်တော့

အပြတ်ပြတ်နဲ့ နှာခေါင်းသွေး ထွက်ပြီး ခွာပြဲကြရမှာပဲ

ကိုယ့်ကို အရမ်းကို ချစ်ခင် မြတ်နိုးပြီး အရိပ် တကြည့်ကြည့်နဲ့

တန်ဖိုးထား တတ်တဲ့ သူမျိုး ခင်ဗျားဘဝထဲ ဝင်လာ တဲ့အ ခါ

ကိုယ်နာကျင်ခဲ့ ရတာ ပေးဆပ်ခဲ့ ရတာတွေဟာ မတန်ဘူး ဆိုတာ မှန်း သိလာ လိမ့်မယ် ။

ကိုယ့်မျက်နှာ တချက်အညှိုး မခံတဲ့သူ

ကိုယ်ဘာ လိုအပ်လဲ ထုတ်ပြောစရာ မလိုတဲ့သူ ကိုယ့်ကို အနိုင်မယူတတ် တဲ့သူ

အဲဒီလူက ကိုယ့်ကို မထိရက် မတို့ရက် မြတ်နိုးတန်ဖိုး ထားလေလေ

သူ့ရဲ့အချစ်က ကိုယ်နဲ့ မထိုက်တန် ပါဘူ းဆိုပြီး ဝမ်းနည်းရလေလေ ဖြစ်လိမ့်မယ်

ကိုယ့်အပေါ်မကောင်းတဲ့သူအတွက် ပေးဆပ်ခဲ့ရလို့ နာကျင်ရတာထက်

ကိုယ့်ကို တကယ်ချစ်တဲ့ သူကို ကိုယ့်ရဲ့ပထမဦးဆုံး ချစ်ခြင်းတွေ ခံစားမှုတွေ မပေးနိုင်ခဲ့တဲ့

ဝမ်းနည်းမှုက ပိုပြီးခံစား ရလိမ့်မယ်

ဒါ့ကြောင့် မတန်တဲ့သူအတွက် မငိုနဲ့ မခံစားနဲ့ ဆွဲမထားနဲ့

ကိုယ်နဲ့တန်တဲ့ သူအတွက် နေရာချန်ထားပါ

အချစ်တွေ ချန်ထားပါ ခံစားချက်တွေ ချန်ထားပါ

မူရင်းရေးသားသူ

Credit



























မူရင်းရေးသားသူ

Credit