Knowledge

ချစ်သူကောင်လေးကို စိတ်ပျက်သွားစေနိုင်တဲ့ မိန်းကလေးတွေရဲ့ အပြုအမူ (5) မျိုး…

ချစ်သူကောင်လေးကို စိတ်ပျက်သွားစေနိုင်တဲ့ မိန်းကလေးတွေရဲ့ အပြုအမူ (5) မျိုး…

ချစ်သူအတွဲတစ်တွဲမှာ များသော အားဖြင့် ကောင်လေးနဲ့ ကောင်မလေးကို ယှဉ်ကြည့် လိုက်ရင်

မိန်းကလေးတွေရဲ့ ထိန်းချုပ်မှုတွေက ယောက်ျားလေးတွေ အပေါ်မှာ တော်တော်လေး များပါတယ်။

ပျိုမေအများစု ကတော့ ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ ချုပ်ချယ် မိမှန်းမသိကြပါဘူး ။

တစ်ခု ရှိတာက ချစ်သူကောင်လေးတွေ အများစုဟာ သူတို့ရဲ့ ကောင်မလေးတွေကို ချစ်လွန်းလို့

ကိစ္စတော်တော် များများမှာ ဘာမှမပြောပဲ ပြုံးပြုံးလေး တိတ်ဆိတ်နေနေပေမယ့်

သည်းမခံတဲ့ ကောင်လေးတွေ မျိုးနဲ့တွေ့ရင် မဖြစ်သင့်တာတွေ ဖြစ်တတ်ကြပါတယ်။

ဒါ့ကြောင့် ဒီနေ့မှာတော့ မိန်းကလေးတွေ အနေနဲ့

ချစ်သူကောင်လေးတွေအပေါ် မလုပ်သင့်တဲ့ အရာ ၅ ခုကို ပြောပြပေး ချင်ပါတယ်။

၁။ သဝန်တိုလို့ ရပါတယ်၊ သဝန်မကြောင်ပါနဲ့

မိန်းကလေးဆိုတာ ကတော့ သဝန်တို တတ်တဲ့ အမျိုးပါ။

ဒါကို ယောက်ျားလေးတွေ အနေနဲ့ ကောင်းကောင်းကြီး နားလည်ပေး လို့ရပါတယ်။

ဒါပေမယ့် တွေ့သမျှမိန်းမတိုင်းနဲ့ လိုက်ပြီး စွပ်စွဲနေရင်တော့ သဝန်တိုတာ မဟုတ်ပဲ သဝန်ကြောင်တာမျိုး ဖြစ်သွားပါပြီ။

အထူးသဖြင့် ကိုယ့်ကောင်လေးရဲ့ မိန်းကလေး သူငယ်ချင်းဆိုရင်တော့ စည်းလေးထားပြီး အနည်းနဲ့အများ နားလည်ပေး လိုက်ပါ။

၂။ ဆိုရှယ်မီဒီယာပေါ်က ကိစ္စတွေတိုင်းကို ပြသနာမရှာမိပါစေနဲ့

ကိုယ့်ကောင်လေးက ဆိုရှယ်မီဒီယာမှာ မိန်းကလေးတစ်ယောက်ရဲ့ပုံကို like ပေးတာတို့၊

scroll down လုပ်နေရင်းနဲ့ ဒီအတိုင်းကြည့် မိလိုက်တာ တို့ကတော့ ပျိုမေတို့ အနေနဲ့ နားလည်ပေးသင့် ပါတယ်။

ကိုယ့်ကိုချစ်လိူ့ပဲ တစ်ကယ်လက်တွေ့ဘဝမှာ ကိုယ်နဲ့ လူသိရှင်ကြားတွဲနေ တာပါပဲ။

ဘာမဟုတ်တဲ့ ဆိုရှယ်မီဒီယာက ကိစ္စတွေကို ရင်မခုန်ပါနဲ့။

၃။ အရင်ရည်စားဟောင်းနဲ့ ပတ်သတ်ပြီး အတိတ်ကို ပြန်လည်တူးဆွတာမျိုးတွေ မလုပ်ပါနဲ့

တစ်ချို့မိန်းကလေးတွေ ကျပြန်တော့လည်း ပြတ်ပြီးသွားတဲ့

ကိုယ့်ချစ်သူကောင်လေးရဲ့ Ex နဲ့ သူနဲ့ ဘယ်သူ့ကိုပိုချစ်လဲတို့၊ သူ့ကိုသတိရနေသေးလား မေးတာတို့မျိုးတွေ လုပ်တတ် ပါတယ်။

ပြီးပြီးသား ကိစ္စတွေ အတွက် ရမယ်ရှာပြီး ရန်ဖြစ်တာမျိုး မလုပ်ပါနဲ့၊

အရမ်းကို အူကြောင်ကြောင် နိုင်သလို တစ်ဖက် ချစ်သူကောင်လေးအတွက်လည်း နေရထိုင်ရ ခက်စေ ပါတယ်။

၄။ ဖုန်းကို ခဏခဏယူမကြည့်ပါနဲ့

တစ်ချို့ကောင်မလေးတွေ ကျပြန်တော့လည်း ကိုယ့်ချစ်သူကောင်လေးရဲ့ ဖုန်းကိုယူပြီး

gallery ကအစ call logs အဆုံး အကုန်လုံးကို ဝင်ကြည့် တာမျိုးတွေ ပြုလုပ် တတ်ကြပါတယ်

ဒီလိုမျိုးက မလုပ်သင့်ပါဘူး။ သူ့ကိုယုံလို့ ကိုယ်ကိုယ်တိုင် သူ့ဘဝထဲဝင်ရောက်လာပြီးမှ

ဒီလို မျိုးအပြုအမူတွေဟာ ချစ်သူနှစ်ယောက်ကြားမှာ လေးစားမှု လျော့ပါးစေနိုင်ပါတယ်။

၅။ ဘော်ဒါတွေကြားထဲမှာ သူအနေကျပ်အောင် မလုပ်ပါနဲ့

ကိုယ့်ချစ်သူကောင်လေးရဲ့ အဆင့်အတန်းကို ကိုယ်ကြောင့် မနိမ့်ကျပါစေနဲ့

တစ်ချို့မိန်းကလေးတွေဟာ သူတို့ချစ်သူကောင်လေးတွေရဲ့ အပေါင်းအသင်းတွေရှေ့မှာမှ ပိုပြီး အနိုင်ယူ တတ်ချင်ကြပါတယ်။

အဲဒီလိုမျိုး လုပ်တာတွေဟာ ကိုယ့်ချစ်သူရဲ့ ဂုဏ်သိက္ခာကို ထိခိုင်စေနိုင် ပါတယ်။

PHK

Zawgyi Version

ခ်စ္သူေကာင္ေလးကို စိတ္ပ်က္သြားေစႏိုင္တဲ့ မိန္းကေလးေတြရဲ႕ အျပဳအမူ (5) မ်ိဳး…

ခ်စ္သူအတြဲတစ္တြဲမွာ မ်ားေသာ အားျဖင့္ ေကာင္ေလးနဲ႔ ေကာင္မေလးကို ယွဥ္ၾကည့္ လိုက္ရင္

မိန္းကေလးေတြရဲ႕ ထိန္းခ်ဳပ္မႈေတြက ေယာက်္ားေလးေတြ အေပၚမွာ ေတာ္ေတာ္ေလး မ်ားပါတယ္။

ပ်ိဳေမအမ်ားစု ကေတာ့ ခ်စ္တဲ့စိတ္ တစ္ခုတည္းနဲ႔ ခ်ဳပ္ခ်ယ္ မိမွန္းမသိၾကပါဘူး ။

တစ္ခု ႐ွိတာက ခ်စ္သူေကာင္ေလးေတြ အမ်ားစုဟာ သူတို႔ရဲ႕ ေကာင္မေလးေတြကို ခ်စ္လြန္းလို႔

ကိစၥေတာ္ေတာ္ မ်ားမ်ားမွာ ဘာမွမေျပာပဲ ျပဳံးျပဳံးေလး တိတ္ဆိတ္ေနေနေပမယ့္

သည္းမခံတဲ့ ေကာင္ေလးေတြ မ်ိဳးနဲ႔ေတြ႕ရင္ မျဖစ္သင့္တာေတြ ျဖစ္တတ္ၾကပါတယ္။

ဒါ့ေၾကာင့္ ဒီေန႔မွာေတာ့ မိန္းကေလးေတြ အေနနဲ႔

ခ်စ္သူေကာင္ေလးေတြအေပၚ မလုပ္သင့္တဲ့ အရာ ၅ ခုကို ေျပာျပေပး ခ်င္ပါတယ္။

၁။ သဝန္တိုလို႔ ရပါတယ္၊ သဝန္မေၾကာင္ပါနဲ႔

မိန္းကေလးဆိုတာ ကေတာ့ သဝန္တို တတ္တဲ့ အမ်ိဳးပါ။

ဒါကို ေယာက်္ားေလးေတြ အေနနဲ႔ ေကာင္းေကာင္းႀကီး နားလည္ေပး လို႔ရပါတယ္။

ဒါေပမယ့္ ေတြ႕သမွ်မိန္းမတိုင္းနဲ႔ လိုက္ၿပီး စြပ္စြဲေနရင္ေတာ့ သဝန္တိုတာ မဟုတ္ပဲ သဝန္ေၾကာင္တာမ်ိဳး ျဖစ္သြားပါၿပီ။

အထူးသျဖင့္ ကိုယ့္ေကာင္ေလးရဲ႕ မိန္းကေလး သူငယ္ခ်င္းဆိုရင္ေတာ့ စည္းေလးထားၿပီး အနည္းနဲ႔အမ်ား နားလည္ေပး လိုက္ပါ။

၂။ ဆို႐ွယ္မီဒီယာေပၚက ကိစၥေတြတိုင္းကို ျပသနာမ႐ွာမိပါေစနဲ႔

ကိုယ့္ေကာင္ေလးက ဆို႐ွယ္မီဒီယာမွာ မိန္းကေလးတစ္ေယာက္ရဲ႕ပုံကို like ေပးတာတို႔၊

scroll down လုပ္ေနရင္းနဲ႔ ဒီအတိုင္းၾကည့္ မိလိုက္တာ တို႔ကေတာ့ ပ်ိဳေမတို႔ အေနနဲ႔ နားလည္ေပးသင့္ ပါတယ္။

ကိုယ့္ကိုခ်စ္လိူ႕ပဲ တစ္ကယ္လက္ေတြ႕ဘဝမွာ ကိုယ္နဲ႔ လူသိ႐ွင္ၾကားတြဲေန တာပါပဲ။

ဘာမဟုတ္တဲ့ ဆို႐ွယ္မီဒီယာက ကိစၥေတြကို ရင္မခုန္ပါနဲ႔။

၃။ အရင္ရည္စားေဟာင္းနဲ႔ ပတ္သတ္ၿပီး အတိတ္ကို ျပန္လည္တူးဆြတာမ်ိဳးေတြ မလုပ္ပါနဲ႔

တစ္ခ်ိဳ႕မိန္းကေလးေတြ က်ျပန္ေတာ့လည္း ျပတ္ၿပီးသြားတဲ့

ကိုယ့္ခ်စ္သူေကာင္ေလးရဲ႕ Ex နဲ႔ သူနဲ႔ ဘယ္သူ႕ကိုပိုခ်စ္လဲတို႔၊ သူ႕ကိုသတိရေနေသးလား ေမးတာတို႔မ်ိဳးေတြ လုပ္တတ္ ပါတယ္။

ၿပီးၿပီးသား ကိစၥေတြ အတြက္ ရမယ္႐ွာၿပီး ရန္ျဖစ္တာမ်ိဳး မလုပ္ပါနဲ႔၊

အရမ္းကို အူေၾကာင္ေၾကာင္ ႏိုင္သလို တစ္ဖက္ ခ်စ္သူေကာင္ေလးအတြက္လည္း ေနရထိုင္ရ ခက္ေစ ပါတယ္။

၄။ ဖုန္းကို ခဏခဏယူမၾကည့္ပါနဲ႔

တစ္ခ်ိဳ႕ေကာင္မေလးေတြ က်ျပန္ေတာ့လည္း ကိုယ့္ခ်စ္သူေကာင္ေလးရဲ႕ ဖုန္းကိုယူၿပီး

gallery ကအစ call logs အဆုံး အကုန္လုံးကို ဝင္ၾကည့္ တာမ်ိဳးေတြ ျပဳလုပ္ တတ္ၾကပါတယ္

ဒီလိုမ်ိဳးက မလုပ္သင့္ပါဘူး။ သူ႕ကိုယုံလို႔ ကိုယ္ကိုယ္တိုင္ သူ႕ဘဝထဲဝင္ေရာက္လာၿပီးမွ

ဒီလို မ်ိဳးအျပဳအမူေတြဟာ ခ်စ္သူႏွစ္ေယာက္ၾကားမွာ ေလးစားမႈ ေလ်ာ့ပါးေစႏိုင္ပါတယ္။

၅။ ေဘာ္ဒါေတြၾကားထဲမွာ သူအေနက်ပ္ေအာင္ မလုပ္ပါနဲ႔

ကိုယ့္ခ်စ္သူေကာင္ေလးရဲ႕ အဆင့္အတန္းကို ကိုယ္ေၾကာင့္ မနိမ့္က်ပါေစနဲ႔

တစ္ခ်ိဳ႕မိန္းကေလးေတြဟာ သူတို႔ခ်စ္သူေကာင္ေလးေတြရဲ႕ အေပါင္းအသင္းေတြေ႐ွ႕မွာမွ ပိုၿပီး အႏိုင္ယူ တတ္ခ်င္ၾကပါတယ္။

အဲဒီလိုမ်ိဳး လုပ္တာေတြဟာ ကိုယ့္ခ်စ္သူရဲ႕ ဂုဏ္သိကၡာကို ထိခိုင္ေစႏိုင္ ပါတယ္။

PHK