သင့်ရဲ့အချစ်တွေကို ချစ်သူကဘယ်လောက်အထိတန်ဖိုးထားသလဲဆိုတာ သိရှိနိုင်မယ့်အချက်များ…
ကိုယ့်ကို ချစ်ပြီးတော့ ကိုယ့်ရဲ့အချစ်ကို ချစ်သူကတန်ဖိုးထားတာကို မိန်းကလေးတိုင်း မျှော်လင့်တတ်ကြပါတယ်။
ဒါပေမယ့် ကိုယ်ကပေးလိုက်တဲ့ အချစ်တွေကို သူ့ဖက်က တကယ်ပဲ တန်ဖိုးထားရဲ့လားဆိုတာ တိုင်းတာဖို့အတွက်ကတော့ ခက်ခဲပါတယ် ။
တကယ်လို့ ယခုလိုအချက်တွေသာ သင့်ရဲ့ချစ်သူဆီမှာ မြင်တွေ့ရမယ်ဆိုရင်
သင့်ကိုသူဘယ်လောက်ထိ မြတ်မြတ်နိုးနိုး တန်ဖိုးထားတယ်ဆိုတာကို သိရှိနားလည်ပါလိမ့်မယ်နော် ။
၁။ ဒီကမာ္ဘပေါ်က အခြားယောက်ျားတွေနဲ့ မတူတဲ့အကြည့်နဲ့ သင့်ကိုကြည့်တတ်တယ်
မျက်လုံးဟာ နှလုံးသားရဲ့တံခါးပေါက်တချပ်ဆိုရင် မမှားပါဘူး။
တကယ်လို့ သင့်ချစ်သူက သင့်အပေါ် ဘယ်လိုခံစားချက်မျိုးရှိတယ်ဆိုတာကို သိချင်ရင်တော့ သူ့ရဲ့မျက်လုံးတွေကနေတဆင့် ရှာဖွေ့ဖို့ကို အကြံပြုပေးပါတယ် ။
သူသင့်ကိုကြည့်တဲ့အခါတိုင်း သင့်ရဲ့နှလုံးသားက ဖော်မပြတတ်တဲ့ နွေးထွေးတဲ့ခံစားချက်တွေကို
အလိုလိုခံစားနေရတယ်ဆိုရင် သူသင့်ကို အရမ်းတန်ဖိုးထားတာ သိသာပါတယ် ။
၂။ သင့်ရဲ့အပြုံးအတွက် အရာရာကိုဂရုစိုက်တတ်သူ
သင်အမြဲတမ်းပျော်နေတာကိုပဲ သူမြင်ချင်ပါတယ်။ ဒါ့ကြောင့် သင်ကိုပျော်အောင်လုပ်ပေးဖို့အတွက်
သူဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ သင်ဆီကိုပုံမှန်ရောက်အောင် လာတတ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သင်ပျော်နေတဲ့အခါ သူပျော်နေသလိုပဲ ခံစားရလိုပါ။
၃။ သူ့ဘဝအတွက် ဦးစားပေးအဖြစ် သတ်မှတ်ထားတယ်
သင်ကသူ့ဘဝအတွက် ရွေးချယ်စရာ မဟုတ်ပါဘူး။ သူ့ရဲ့ ဦးစားပေးဆိုတာ သေချာပါတယ်။
သူ့ရဲ့အလုပ်က ဘယ်လောက်ပဲအရေးကြီးနေပါစေ သူ့ရဲ့အတွေးထဲမှာ သင်ကအမြဲရှိနေတတ်ပြီး ထိပ်ဆုံးစာရင်းမှာ ရှိနေပါလိမ့်မယ်နော် ။
၄။ သူ့ရဲ့စိတ်ဝင်စားမှုတွေကို ဖော်ပြတတ်တယ်”
သူ့ရဲ့ဘဝထဲကို သင့်ကိုဝင်ခွင့်ပေးလိုက်တာနဲ့ အမျှ သူ့ရဲ့အကြောင်းတွေကို မျှဝေဖို့ နဲ့
သူရဲ့အနက်ရှိုင်းဆုံး ဝါသနာတွေကို သင်နဲ့ မိတ်ဆက်ပေးဖို့ ကြိုးစားပါလိမ့်မယ် ။
ဒါကြောင့်ပဲ သူဝါသနာပါတဲ့ စာအုပ်အကြောင်းတွေ၊ ဂီတတွေ၊ ဇာတ်ကားတွေနဲ့ သင့်ကိုစတင်ပြီး မိတ်ဆက်ပေးပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ သင်နဲ့အရာရာ ပွင့်လင်းမှုရှိဖို့ သူကြိုးစားချင်တာကြောင့် ဖြစ်ပါတယ် ။
၅။ သင့်စိတ်ကိုဘယ်လိုဖတ်ရမယ်ဆိုတာ သူသိတယ်
သင့်ရဲ့စိတ်ထဲမှာခံစားနေတဲ့ ခံစားချက်တွေကို သင့်မျက်နှာကြည့်လိုက်ရုံနဲ့ သူကချက်ချင်းမြင်နိုင်ပါတယ်။
ဒါ့ကြောင့် သင့်ကိုနှစ်သိမ့်ဖို့ အားပေးကူညီဖို့နဲ့ ဖေးမပေးဖို့အတွက် ပြောစရာမလိုအောင် အနားမှာ ရှိနေတတ်ပါတယ် ။
၆။ သင့်အတွက်ဆိုရင် တကမာ္ဘလုံးကိုပြောပြဖို့ ဝန်မလေးဘူး
သင်နဲ့ လူတွေကြားကိုသွားတဲ့အခါ သင့်ရဲ့လက်ကိုဆုပ်ကိုင်ထားတတ်တယ်။ ကြင်နာမှုတွေ ပြဖို့လည်း ဝန်မလေးတတ်ဘူး။ သင့်ကိုဘယ်တော့မှ အခြားသူတွေမမြင်အောင် ဖုံးကွယ်ထားမှာမဟုတ်သလို သူ့ရဲ့ကမာ္ဘကြီးထဲက သီးသန့်ခွဲထုတ်ဖို့အတွက်လည်း ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ပါဘူး ။
သင့်အတွက်ဆိုရင် သူမှာ ရွှေတံဆိပ်ဆုတစ်ခုရရှိသလိုမျိုး အခြားသူတွေကို ဂုဏ်ယူစွာနဲ့ ပြသနေပါလိမ့်မယ် ။
၇။ နှလုံးသားတစ်ခုလုံးမှာ သင့်အကြောင်းတွေကို ရေးထားတယ်
သင့်ကသူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။
သင်သူ့ကိုချစ်တဲ့ပမာဏနဲ့ မလျော့အောင် သူသင့်ကိုတန်ဖိုးထားပြီးချစ်တယ်ဆိုတာ သင်သိအောင်ပြသတတ်ပါတယ်။
ဒါ့ကြောင့် သင့်ရဲ့အချစ်ကိုစော်ကားသလိုဖြစ်မယ့်စကားတွေကို ဘယ်တော့မှ ပြောမှာမဟုတ်ပါဘူးနော် ။
၈။ သူကအပြောသမားမဟုတ်ဖူး လက်တွေ့သမား
သူက သင်ကိုချစ်ကြောင်းတွေ ဖွဲ့နွဲ့ပြီး တချိန်လုံးပြောချင်မှပြောပါလိမ့်မယ်။
ဒါပေမယ့် သင်လိုအပ်နေတဲ့အချိန်ဆိုရင်တော့ အမြဲတမ်းအနားကို ရောက်လာပြီး ဖြည့်ဆည်း ပေးတတ်ပါတယ် ။
တကယ်လို့သင်ဖျားနေတဲ့အခါ သင့်ကိုဂရုစိုက်ပေးမယ်။
သင်ဝမ်းနည်းနေတဲ့အခါ ဟာသတွေပြောပေးမယ်၊ သင်ပင်ပန်းနေတဲ့အခါ သူကသင့်ရဲ့ပစ္စည်းတွေကို သယ်ပေးမယ် …
သူဘာကြောင့် ဒါတွေကို လုပ်နေရလဲဆိုတော့ သင့်ကို အရမ်းချစ်လို့ပဲ ဖြစ်ပါတယ် ။
၉။ သင့်ကိုယုံကြည်တတ်တယ်
သူ့ကိုသင်ပစ်သွားမှာကြောက်တာတွေ ပြောနေမယ့်အစား သူက သင်သူ့ကိုသစ္စာမဖောက်ဖူးဆိုတာကို ယုံကြည်နေတတ်သူ ဖြစ်ပါတယ်။
ဒါ့ကြောင့် သူကိုယ်တိုင်သစ္စာမဖောက်သလို သင့်ကိုစွပ်စွဲတာတွေ၊ ချိန်းခြောက်တာတွေကို ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး ။
၁၀။ သင်နဲ့ပတ်သတ်တဲ့အရာတွေကို စိတ်ဝင်စားမှုရှိတယ်
သင်နဲ့ပတ်သတ်တဲ့ အရာအားလုံးကို သူကစိတ်ဝင်စားပါတယ်။
ဒါဟာသင့်ကိုမယုံကြည်တာကြောင့်မဟုတ်ပဲ သင်နဲ့ သင့်ရဲ့ ဘဝတစ်ခုလုံးကို ချစ်တာတောင်မှ သူ့အတွက် လုံလောက်မှု မရှိသေးလို့ပါပဲနော် ။
LM Naung Naung
Zawgyi Version
သင့္ရဲ႕အခ်စ္ေတြကို ခ်စ္သူကဘယ္ေလာက္အထိတန္ဖိုးထားသလဲဆိုတာ သိ႐ွိႏိုင္မယ့္အခ်က္မ်ား…
ကိုယ့္ကို ခ်စ္ၿပီးေတာ့ ကိုယ့္ရဲ႕အခ်စ္ကို ခ်စ္သူကတန္ဖိုးထားတာကို မိန္းကေလးတိုင္း ေမွ်ာ္လင့္တတ္ၾကပါတယ္။
ဒါေပမယ့္ ကိုယ္ကေပးလိုက္တဲ့ အခ်စ္ေတြကို သူ႕ဖက္က တကယ္ပဲ တန္ဖိုးထားရဲ႕လားဆိုတာ တိုင္းတာဖို႔အတြက္ကေတာ့ ခက္ခဲပါတယ္ ။
တကယ္လို႔ ယခုလိုအခ်က္ေတြသာ သင့္ရဲ႕ခ်စ္သူဆီမွာ ျမင္ေတြ႕ရမယ္ဆိုရင္
သင့္ကိုသူဘယ္ေလာက္ထိ ျမတ္ျမတ္ႏိုးႏိုး တန္ဖိုးထားတယ္ဆိုတာကို သိ႐ွိနားလည္ပါလိမ့္မယ္ေနာ္ ။
၁။ ဒီကမာ႓ေပၚက အျခားေယာက်္ားေတြနဲ႔ မတူတဲ့အၾကည့္နဲ႔ သင့္ကိုၾကည့္တတ္တယ္
မ်က္လုံးဟာ ႏွလုံးသားရဲ႕တံခါးေပါက္တခ်ပ္ဆိုရင္ မမွားပါဘူး။
တကယ္လို႔ သင့္ခ်စ္သူက သင့္အေပၚ ဘယ္လိုခံစားခ်က္မ်ိဳး႐ွိတယ္ဆိုတာကို သိခ်င္ရင္ေတာ့ သူ႕ရဲ႕မ်က္လုံးေတြကေနတဆင့္ ႐ွာေဖြ႕ဖို႔ကို အၾကံျပဳေပးပါတယ္ ။
သူသင့္ကိုၾကည့္တဲ့အခါတိုင္း သင့္ရဲ႕ႏွလုံးသားက ေဖာ္မျပတတ္တဲ့ ေႏြးေထြးတဲ့ခံစားခ်က္ေတြကို
အလိုလိုခံစားေနရတယ္ဆိုရင္ သူသင့္ကို အရမ္းတန္ဖိုးထားတာ သိသာပါတယ္ ။
၂။ သင့္ရဲ႕အျပဳံးအတြက္ အရာရာကိုဂ႐ုစိုက္တတ္သူ
သင္အၿမဲတမ္းေပ်ာ္ေနတာကိုပဲ သူျမင္ခ်င္ပါတယ္။ ဒါ့ေၾကာင့္ သင္ကိုေပ်ာ္ေအာင္လုပ္ေပးဖို႔အတြက္
သူဘယ္ေလာက္ပဲအလုပ္႐ႈပ္ေနပါေစ သင္ဆီကိုပုံမွန္ေရာက္ေအာင္ လာတတ္ပါတယ္။
ဘာေၾကာင့္လဲဆိုေတာ့ သင္ေပ်ာ္ေနတဲ့အခါ သူေပ်ာ္ေနသလိုပဲ ခံစားရလိုပါ။
၃။ သူ႕ဘဝအတြက္ ဦးစားေပးအျဖစ္ သတ္မွတ္ထားတယ္
သင္ကသူ႕ဘဝအတြက္ ေ႐ြးခ်ယ္စရာ မဟုတ္ပါဘူး။ သူ႕ရဲ႕ ဦးစားေပးဆိုတာ ေသခ်ာပါတယ္။
သူ႕ရဲ႕အလုပ္က ဘယ္ေလာက္ပဲအေရးႀကီးေနပါေစ သူ႕ရဲ႕အေတြးထဲမွာ သင္ကအၿမဲ႐ွိေနတတ္ၿပီး ထိပ္ဆုံးစာရင္းမွာ ႐ွိေနပါလိမ့္မယ္ေနာ္ ။
၄။ သူ႕ရဲ႕စိတ္ဝင္စားမႈေတြကို ေဖာ္ျပတတ္တယ္”
သူ႕ရဲ႕ဘဝထဲကို သင့္ကိုဝင္ခြင့္ေပးလိုက္တာနဲ႔ အမွ် သူ႕ရဲ႕အေၾကာင္းေတြကို မွ်ေဝဖို႔ နဲ႔
သူရဲ႕အနက္႐ိႈင္းဆုံး ဝါသနာေတြကို သင္နဲ႔ မိတ္ဆက္ေပးဖို႔ ႀကိဳးစားပါလိမ့္မယ္ ။
ဒါေၾကာင့္ပဲ သူဝါသနာပါတဲ့ စာအုပ္အေၾကာင္းေတြ၊ ဂီတေတြ၊ ဇာတ္ကားေတြနဲ႔ သင့္ကိုစတင္ၿပီး မိတ္ဆက္ေပးပါလိမ့္မယ္။
ဘာေၾကာင့္လဲဆိုေတာ့ သင္နဲ႔အရာရာ ပြင့္လင္းမႈ႐ွိဖို႔ သူႀကိဳးစားခ်င္တာေၾကာင့္ ျဖစ္ပါတယ္ ။
၅။ သင့္စိတ္ကိုဘယ္လိုဖတ္ရမယ္ဆိုတာ သူသိတယ္
သင့္ရဲ႕စိတ္ထဲမွာခံစားေနတဲ့ ခံစားခ်က္ေတြကို သင့္မ်က္ႏွာၾကည့္လိုက္႐ုံနဲ႔ သူကခ်က္ခ်င္းျမင္ႏိုင္ပါတယ္။
ဒါ့ေၾကာင့္ သင့္ကိုႏွစ္သိမ့္ဖို႔ အားေပးကူညီဖို႔နဲ႔ ေဖးမေပးဖို႔အတြက္ ေျပာစရာမလိုေအာင္ အနားမွာ ႐ွိေနတတ္ပါတယ္ ။
၆။ သင့္အတြက္ဆိုရင္ တကမာ႓လုံးကိုေျပာျပဖို႔ ဝန္မေလးဘူး
သင္နဲ႔ လူေတြၾကားကိုသြားတဲ့အခါ သင့္ရဲ႕လက္ကိုဆုပ္ကိုင္ထားတတ္တယ္။ ၾကင္နာမႈေတြ ျပဖို႔လည္း ဝန္မေလးတတ္ဘူး။ သင့္ကိုဘယ္ေတာ့မွ အျခားသူေတြမျမင္ေအာင္ ဖုံးကြယ္ထားမွာမဟုတ္သလို သူ႕ရဲ႕ကမာ႓ႀကီးထဲက သီးသန္႔ခြဲထုတ္ဖို႔အတြက္လည္း ဘယ္ေတာ့မွ ခြင့္ျပဳမွာမဟုတ္ပါဘူး ။
သင့္အတြက္ဆိုရင္ သူမွာ ေ႐ႊတံဆိပ္ဆုတစ္ခုရ႐ွိသလိုမ်ိဳး အျခားသူေတြကို ဂုဏ္ယူစြာနဲ႔ ျပသေနပါလိမ့္မယ္ ။
၇။ ႏွလုံးသားတစ္ခုလုံးမွာ သင့္အေၾကာင္းေတြကို ေရးထားတယ္
သင့္ကသူ႕ဘဝရဲ႕ အစိတ္အပိုင္းတစ္ခုပါ။
သင္သူ႕ကိုခ်စ္တဲ့ပမာဏနဲ႔ မေလ်ာ့ေအာင္ သူသင့္ကိုတန္ဖိုးထားၿပီးခ်စ္တယ္ဆိုတာ သင္သိေအာင္ျပသတတ္ပါတယ္။
ဒါ့ေၾကာင့္ သင့္ရဲ႕အခ်စ္ကိုေစာ္ကားသလိုျဖစ္မယ့္စကားေတြကို ဘယ္ေတာ့မွ ေျပာမွာမဟုတ္ပါဘူးေနာ္ ။
၈။ သူကအေျပာသမားမဟုတ္ဖူး လက္ေတြ႕သမား
သူက သင္ကိုခ်စ္ေၾကာင္းေတြ ဖြဲ႕ႏြဲ႕ၿပီး တခ်ိန္လုံးေျပာခ်င္မွေျပာပါလိမ့္မယ္။
ဒါေပမယ့္ သင္လိုအပ္ေနတဲ့အခ်ိန္ဆိုရင္ေတာ့ အၿမဲတမ္းအနားကို ေရာက္လာၿပီး ျဖည့္ဆည္း ေပးတတ္ပါတယ္ ။
တကယ္လို႔သင္ဖ်ားေနတဲ့အခါ သင့္ကိုဂ႐ုစိုက္ေပးမယ္။
သင္ဝမ္းနည္းေနတဲ့အခါ ဟာသေတြေျပာေပးမယ္၊ သင္ပင္ပန္းေနတဲ့အခါ သူကသင့္ရဲ႕ပစၥည္းေတြကို သယ္ေပးမယ္ …
သူဘာေၾကာင့္ ဒါေတြကို လုပ္ေနရလဲဆိုေတာ့ သင့္ကို အရမ္းခ်စ္လို႔ပဲ ျဖစ္ပါတယ္ ။
၉။ သင့္ကိုယုံၾကည္တတ္တယ္
သူ႕ကိုသင္ပစ္သြားမွာေၾကာက္တာေတြ ေျပာေနမယ့္အစား သူက သင္သူ႕ကိုသစၥာမေဖာက္ဖူးဆိုတာကို ယုံၾကည္ေနတတ္သူ ျဖစ္ပါတယ္။
ဒါ့ေၾကာင့္ သူကိုယ္တိုင္သစၥာမေဖာက္သလို သင့္ကိုစြပ္စြဲတာေတြ၊ ခ်ိန္းေျခာက္တာေတြကို ဘယ္ေတာ့မွ လုပ္မွာမဟုတ္ပါဘူး ။
၁၀။ သင္နဲ႔ပတ္သတ္တဲ့အရာေတြကို စိတ္ဝင္စားမႈ႐ွိတယ္
သင္နဲ႔ပတ္သတ္တဲ့ အရာအားလုံးကို သူကစိတ္ဝင္စားပါတယ္။
ဒါဟာသင့္ကိုမယုံၾကည္တာေၾကာင့္မဟုတ္ပဲ သင္နဲ႔ သင့္ရဲ႕ ဘဝတစ္ခုလုံးကို ခ်စ္တာေတာင္မွ သူ႕အတြက္ လုံေလာက္မႈ မ႐ွိေသးလို႔ပါပဲေနာ္ ။
LM Naung Naung