Knowledge

ရေရှည်လက်တွဲပျော်ရွှင်တဲ့ Relationship တစ်ခုဖြစ်ဖို့ သိထားသင့်တဲ့အချက်(၄)ချက်…

ရေရှည်လက်တွဲပျော်ရွှင်တဲ့ Relationship တစ်ခုဖြစ်ဖို့ သိထားသင့်တဲ့အချက်(၄)ချက်…

အချစ်ရေးအချစ်ရာဆိုတာ ဘယ်တော့မှလွယ်ကူဖြောင့်တန်းတယ်မရှိပါဘူး …။

ဒါပေမယ့်လည်း Relationship တစ်ခု ရေရှည်ပျော်ရွှင်ဖို့အတွက်

သိထားသင့်တဲ့ သင်ခန်းစာတွေ ရှိပါတယ်။

ဒီသင်ခန်းစာတွေကိုသာ မှန်မှန်ကန်ကန် လိုက်နာကျင့်သုံးမယ်ဆိုရင်

ပိုပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ Relationship တစ်ခု တည်ဆောက်နိုင်မှာပါ …။

(၁) နားထောင်ခြင်းက အရေးပါပါတယ်

စကားပြောကောင်းသူတစ်ယောက် ဖြစ်ခြင်းဟာ အရေးပါတဲ့ soft skill ပါ။

လူတော်တော်များများဟာ ကိုယ့်အသံကို ပြန်ကြားရတာကို ကျေနပ်နှစ်သိမ့်ကြပါတယ်။

ဒါပေမယ့် တစ်ဘက်လူရဲ့ အသံကို နားထောင်ပေးခြင်းရဲ့ အားက ပိုပြီး အရေးပါတဲ့ အချိန်တွေ ရှိပါတယ် …။

ချစ်သူရည်းစားဘဝပဲ ဖြစ်ဖြစ် အိမ်ထောင်သည်ဘဝပဲ ရောက်ရောက် အတူတူ ပြဿနာတွေ ဖြေရှင်းနေရချိန်မှာ

ကိုယ့်ဇနီးမယား ၊ ရည်းစားချစ်သူရဲ့ စကားသံကို

တကယ်နားလည်အောင် နားထောင်ပေးဖို့က ပိုပြီး အရေးပါသလို ထိရောက်မှုလည်း ရှိပါတယ်။

လူတစ်ယောက် ပြောချင်တာကို နားထောင်ပေးတယ်ဆိုတာ

ကိုယ်သဘောမတူတဲ့ အရာကို ခေါင်းငြိမ့်လိုက်တာ မဟုတ်ပါဘူး။

ဒါဟာ တကယ့်အကြောင်းတရားကို နားလည်ဖို့ လမ်းဖွင့်ပေးလိုက်တာ ဖြစ်သလို

ပြဿနာ ဖြေရှင်းမှုတိုင်းအတွက် အမြဲမှန်ကန်သေချာတဲ့ သဘောတရားလည်း ဖြစ်ပါတယ် …။

(၂) မျှတတဲ့ အမြင်ကို အခြေပြုပါ

အဆင်မပြေလို့ ကတောက်ကဆ ဖြစ်ချိန်မှာလည်း နှစ်ဦးနှစ်ဖက် အခြေအနေကို ဟန်ချက်ညီညီ ရှုမြင်ဖြေရှင်းဖို့ လိုပါတယ်။

ကိုယ့်ခံစားချက်နဲ့ ကိုယ့်အမြင်ကိုပဲ ရှေ့တန်းတင်လွန်းရင်ပဲ ဖြစ်ဖြစ် ကိုယ်သာ အပြစ်သားဖြစ်ပြီး

တစ်ဖက်လူ ဘယ်တော့မှ မမှားလို့ မြင်တာပဲ ဖြစ်ဖြစ်

ဒီအမြင်နှစ်ခုလုံးဟာ တလွဲတွေပါပဲ ပြဿနာတစ်ခုကို ဝုန်းဒိုင်းကြဲ ရှင်းပစ်မယ်ဆိုတာ

မျိုးထက် ခေါင်းအေးအေးထားပြီး နှစ်ဖက်စလုံး စိတ်သက်သာရာ ရမယ့် အချိန်တစ်ခုခု ရွေးပြီးမှ

ဖြေရှင်းတာဟာ ရေရှည် နှစ်ဦးသားဆက်ဆံရေးကို ပိုပြီး သာယာပြေလည်စေမှာပါ …။

(၃) အတိတ်က ကိစ္စတွေနဲ့ နှောင်ဖွဲ့မနေပါနဲ့

လူတိုင်းမှာ မှောင်မည်းခဲ့တဲ့ ကာလတွေ ရှိပါတယ်။ ဘယ်တော့မှ အဖြူစင်ဆုံး လူသားတွေ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။

သူ့အားနည်းချက် ၊ ကိုယ့်အားနည်းချက် နှစ်ဖက်နှစ်ခွ လက်ခံတတ်တဲ့သူ ဖြစ်ဖို့က အရေးကြီးပါတယ်။

ကိုယ်ချစ်လို့ လက်တွဲတဲ့ မိန်းကလေးကို ကောင်းကောင်းဆိုးဆိုး ချစ်မြဲချစ်ဖို့ ကတိပြုပါ …။

ကျွန်တော်တို့ဟာ လူတစ်ယောက်ကို အကြောင်းပြချက်ကိုယ်စီနဲ့ ရွေးချယ်ခဲ့တယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။

(၄) အချစ်ရေး သွေးမအေးအောင် ဖန်တီးပါ

Relationship တစ်ခုဟာ အမြဲပဲ ပျော်စရာ ရင်ခုန်ကြည်နူးစရာ အချစ်ဇာတ်လမ်းတစ်ပုဒ် မဖြစ်နိုင်ပါဘူး။

အဆင်မပြေတဲ့ ကာလတွေ ၊ တစ်ယောက်ကို တစ်ယောက်

မျက်နှာချင်း မဆိုင်ချင်လို့ ကျောပေးထားတဲ့ အချိန်တွေလည်း ရှိပါလိမ့်မယ်။

တစ်ခါတစ်လေ ကျွန်တော်တို့ဟာ သက်တမ်းကြာတဲ့ အချစ်ခရီးကို ဖြတ်သန်းလာပြီဆိုရင်

ငြီးငွေ့စရာတွေအတိနဲ့ စိတ်လှုပ်ရှားစရာမရှိတဲ့ ယန္တရားနေ့တွေနဲ့ လည်း ကြုံတတ်ပါတယ်။

ဒီလို နေ့တွေမှာ ချစ်စ ကြင်နာစ ဟိုအရင် ကာလတွေတုန်းကလို သူမကို ပြန်ဂရုစိုက်ပေးဖို့ လိုပါတယ်။

စိတ်ကူးယဉ်ဆန်ဆန် ညစာစားပွဲတစ်ခု ဖန်တီးပြီး Date Night တစ်ည လုပ်ပေးပါ။

နှစ်ယောက်သား ခရီးလေး ဘာလေး ထွက် ၊

ပင်လယ်လေညင်းနဲ့ တောပန်းတောင်ပန်းလေးတွေဆီ သွားပြိး အတူတူ ပျော်ရွှင်ရယ်မောပြီး

အသစ်တဖန်ဖြစ်တဲ့ ချစ်ခြင်းနဲ့ နိုးကြားတက်ကြွဖို့ အစီအစဉ်တွေ ဆွဲသင့်ပါတယ် …။ ။

Zawgyi Version

ေရ႐ွည္လက္တြဲေပ်ာ္႐ႊင္တဲ့ Relationship တစ္ခုျဖစ္ဖို႔ သိထားသင့္တဲ့အခ်က္(၄)ခ်က္…

အခ်စ္ေရးအခ်စ္ရာဆိုတာ ဘယ္ေတာ့မွလြယ္ကူေျဖာင့္တန္းတယ္မ႐ွိပါဘူး …။

ဒါေပမယ့္လည္း Relationship တစ္ခု ေရ႐ွည္ေပ်ာ္႐ႊင္ဖို႔အတြက္

သိထားသင့္တဲ့ သင္ခန္းစာေတြ ႐ွိပါတယ္။

ဒီသင္ခန္းစာေတြကိုသာ မွန္မွန္ကန္ကန္ လိုက္နာက်င့္သုံးမယ္ဆိုရင္

ပိုၿပီး ေပ်ာ္႐ႊင္ခ်မ္းေျမ့တဲ့ Relationship တစ္ခု တည္ေဆာက္ႏိုင္မွာပါ …။

(၁) နားေထာင္ျခင္းက အေရးပါပါတယ္

စကားေျပာေကာင္းသူတစ္ေယာက္ ျဖစ္ျခင္းဟာ အေရးပါတဲ့ soft skill ပါ။

လူေတာ္ေတာ္မ်ားမ်ားဟာ ကိုယ့္အသံကို ျပန္ၾကားရတာကို ေက်နပ္ႏွစ္သိမ့္ၾကပါတယ္။

ဒါေပမယ့္ တစ္ဘက္လူရဲ႕ အသံကို နားေထာင္ေပးျခင္းရဲ႕ အားက ပိုၿပီး အေရးပါတဲ့ အခ်ိန္ေတြ ႐ွိပါတယ္ …။

ခ်စ္သူရည္းစားဘဝပဲ ျဖစ္ျဖစ္ အိမ္ေထာင္သည္ဘဝပဲ ေရာက္ေရာက္ အတူတူ ျပႆနာေတြ ေျဖ႐ွင္းေနရခ်ိန္မွာ

ကိုယ့္ဇနီးမယား ၊ ရည္းစားခ်စ္သူရဲ႕ စကားသံကို

တကယ္နားလည္ေအာင္ နားေထာင္ေပးဖို႔က ပိုၿပီး အေရးပါသလို ထိေရာက္မႈလည္း ႐ွိပါတယ္။

လူတစ္ေယာက္ ေျပာခ်င္တာကို နားေထာင္ေပးတယ္ဆိုတာ

ကိုယ္သေဘာမတူတဲ့ အရာကို ေခါင္းၿငိမ့္လိုက္တာ မဟုတ္ပါဘူး။

ဒါဟာ တကယ့္အေၾကာင္းတရားကို နားလည္ဖို႔ လမ္းဖြင့္ေပးလိုက္တာ ျဖစ္သလို

ျပႆနာ ေျဖ႐ွင္းမႈတိုင္းအတြက္ အၿမဲမွန္ကန္ေသခ်ာတဲ့ သေဘာတရားလည္း ျဖစ္ပါတယ္ …။

(၂) မွ်တတဲ့ အျမင္ကို အေျချပဳပါ

အဆင္မေျပလို႔ ကေတာက္ကဆ ျဖစ္ခ်ိန္မွာလည္း ႏွစ္ဦးႏွစ္ဖက္ အေျခအေနကို ဟန္ခ်က္ညီညီ ႐ႈျမင္ေျဖ႐ွင္းဖို႔ လိုပါတယ္။

ကိုယ့္ခံစားခ်က္နဲ႔ ကိုယ့္အျမင္ကိုပဲ ေ႐ွ႕တန္းတင္လြန္းရင္ပဲ ျဖစ္ျဖစ္ ကိုယ္သာ အျပစ္သားျဖစ္ၿပီး

တစ္ဖက္လူ ဘယ္ေတာ့မွ မမွားလို႔ ျမင္တာပဲ ျဖစ္ျဖစ္

ဒီအျမင္ႏွစ္ခုလုံးဟာ တလြဲေတြပါပဲ ျပႆနာတစ္ခုကို ဝုန္းဒိုင္းႀကဲ ႐ွင္းပစ္မယ္ဆိုတာ

မ်ိဳးထက္ ေခါင္းေအးေအးထားၿပီး ႏွစ္ဖက္စလုံး စိတ္သက္သာရာ ရမယ့္ အခ်ိန္တစ္ခုခု ေ႐ြးၿပီးမွ

ေျဖ႐ွင္းတာဟာ ေရ႐ွည္ ႏွစ္ဦးသားဆက္ဆံေရးကို ပိုၿပီး သာယာေျပလည္ေစမွာပါ …။

(၃) အတိတ္က ကိစၥေတြနဲ႔ ေႏွာင္ဖြဲ႕မေနပါနဲ႔

လူတိုင္းမွာ ေမွာင္မည္းခဲ့တဲ့ ကာလေတြ ႐ွိပါတယ္။ ဘယ္ေတာ့မွ အျဖဴစင္ဆုံး လူသားေတြ ျဖစ္ႏိုင္မွာ မဟုတ္ပါဘူး။

သူ႕အားနည္းခ်က္ ၊ ကိုယ့္အားနည္းခ်က္ ႏွစ္ဖက္ႏွစ္ခြ လက္ခံတတ္တဲ့သူ ျဖစ္ဖို႔က အေရးႀကီးပါတယ္။

ကိုယ္ခ်စ္လို႔ လက္တြဲတဲ့ မိန္းကေလးကို ေကာင္းေကာင္းဆိုးဆိုး ခ်စ္ၿမဲခ်စ္ဖို႔ ကတိျပဳပါ …။

ကြၽန္ေတာ္တို႔ဟာ လူတစ္ေယာက္ကို အေၾကာင္းျပခ်က္ကိုယ္စီနဲ႔ ေ႐ြးခ်ယ္ခဲ့တယ္ဆိုတာ မေမ့ဖို႔ လိုပါတယ္။

(၄) အခ်စ္ေရး ေသြးမေအးေအာင္ ဖန္တီးပါ

Relationship တစ္ခုဟာ အၿမဲပဲ ေပ်ာ္စရာ ရင္ခုန္ၾကည္ႏူးစရာ အခ်စ္ဇာတ္လမ္းတစ္ပုဒ္ မျဖစ္ႏိုင္ပါဘူး။

အဆင္မေျပတဲ့ ကာလေတြ ၊ တစ္ေယာက္ကို တစ္ေယာက္

မ်က္ႏွာခ်င္း မဆိုင္ခ်င္လို႔ ေက်ာေပးထားတဲ့ အခ်ိန္ေတြလည္း ႐ွိပါလိမ့္မယ္။

တစ္ခါတစ္ေလ ကြၽန္ေတာ္တို႔ဟာ သက္တမ္းၾကာတဲ့ အခ်စ္ခရီးကို ျဖတ္သန္းလာၿပီဆိုရင္

ၿငီးေငြ႕စရာေတြအတိနဲ႔ စိတ္လႈပ္႐ွားစရာမ႐ွိတဲ့ ယႏၲရားေန႔ေတြနဲ႔ လည္း ၾကဳံတတ္ပါတယ္။

ဒီလို ေန႔ေတြမွာ ခ်စ္စ ၾကင္နာစ ဟိုအရင္ ကာလေတြတုန္းကလို သူမကို ျပန္ဂ႐ုစိုက္ေပးဖို႔ လိုပါတယ္။

စိတ္ကူးယဥ္ဆန္ဆန္ ညစာစားပြဲတစ္ခု ဖန္တီးၿပီး Date Night တစ္ည လုပ္ေပးပါ။

ႏွစ္ေယာက္သား ခရီးေလး ဘာေလး ထြက္ ၊

ပင္လယ္ေလညင္းနဲ႔ ေတာပန္းေတာင္ပန္းေလးေတြဆီ သြားၿပိး အတူတူ ေပ်ာ္႐ႊင္ရယ္ေမာၿပီး

အသစ္တဖန္ျဖစ္တဲ့ ခ်စ္ျခင္းနဲ႔ ႏိုးၾကားတက္ႂကြဖို႔ အစီအစဥ္ေတြ ဆြဲသင့္ပါတယ္ …။ ။