ပညာပေး

ကိုယ့်ကိုမရွေးချယ်ပဲ ထားရစ်ခဲ့တဲ့သူကို ကျေးဇူးတင်လိုက်သင့်တဲ့အချက်တွေ…

ကိုယ့်ကိုမရွေးချယ်ပဲ ထားရစ်ခဲ့တဲ့သူကို ကျေးဇူးတင်လိုက်သင့်တဲ့အချက်တွေ…

ကိုယ့်ကို မရွေးချယ်ပဲ ထားရစ်ခဲ့တဲ့သူကို ကျေးဇူးတင်လိုက်သင့်တဲ့ အချက်တွေ

ကိုယ်ချစ်ခဲ့ရဖူးတဲ့ သူက ကိုယ့်ကိုယ်ထားခဲ့တဲ့အခါ နာကျင်ဝမ်းနည်းနေတာထက်

ပိုကျေးဇူးတင်သင့်တယ်ဆိုတာကို အချိန်တစ်ခုရောက်တဲ့အခါ သိလာမှာဖြစ်ပါတယ် …။

အစပိုင်းမှာ သူ့ကိုချစ်တဲ့စိတ်ကြောင့် ကိုယ်ဘာမှကိုမမြင်နိုင်ပဲ အချစ်မှာကျရှုံးခဲ့ပေမယ့်

အချိန်ကြာလာတာနဲ့အမျှ ကိုယ်ရလိုက်တဲ့ ဒီအရာတွေကြောင့် သူ့ကိုကျေးဇူးတင်မိစေမှာ ဖြစ်ပါတယ်။

(1) ကိုယ့်ရဲ့ဖြစ်တည်မှုကို ရှာဖွေတွေ့ရှိခဲ့လို့

သူနဲ့လမ်းခွဲလိုက်မှ ကိုယ့်ရဲ့ဖြစ်တည်မှုအမှန်ကို ခံစားမိလာတာကို သတိထားမိရဲ့လား …၊

အရင်ကလို အဆင်မပြေတဲ့ အချစ်ရေးကြောင့် စိတ်ညစ်၊ စိတ်ရှုပ်ရတာတွေပဲ တွေးနေခဲ့ရတဲ့ အချိန်တွေ၊

ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့လျော့နေခဲ့ပြီး သူ့ကိုပဲ တစ်ချိန်လုံး အာရုံလိုက်စိုက်နေရာတဲ့ အချိန်တွေ

ကုန်လွန်ခဲ့ပြီးနောက်မှာ ကိုယ့်အတွက်ဆိုတာလေးကို ထည့်စဉ်းစားဖြစ်လာတာ၊

ကိုယ့်ရဲ့ဖြစ်တည်မှုအမှန်ကို ခံစားမိလာရစေတာ ဖြစ်ပါတယ် …။

(2) ပိုလှလာစေခဲ့လို့

မိန်းကလေးတွေက အသညး်ကွဲပြီးသွားရင် ပိုပိုလှလာကြတယ်ဆိုတာ အမှန်ပါနော်။

နာကျင်ဝမ်းနည်းပြီးသွားတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့

ပိုလှအောင် နေထိုင်လာတတ်ပြီး ကိုယ့်က်ိုယ်ကိုလည်း ပိုတန်ဖိုးထားရကောင်းမှန်း သိလာစေတာ ဖြစ်ပါတယ်။

ဒါဟာ သူ ကိုယ့်ကိုယ်ထားရစ်ခဲ့တဲ့အတွက် ရရှိလာတဲ့အရာဖြစ်လို့ သူ့ကိုကျေးဇူးတင်လိုက်ပါ။

(3) ပိုအမြင်ကျယ်စေခဲ့လို့

သူ့လိုလူနဲ့ ဆုံတွေ့ခဲ့လိုက်ရတာဟာ ကိုယ့်အတွက် နာကျင်စရာတွေပဲ ရခဲ့တာမဟုတ်ပဲ

နောက်ထပ် ဒီလိုလူမျိုးကို မဆုံမိဖို့ လမ်းပြထားခဲ့သလိုပါပဲနော် …။

ဒီတော့ လူတိုင်းကို လွယ်လွယ်မယုံသင့်သလို၊ လွယ်လွယ်မချစ်သင့်ဘူးဆိုတာလည်း သိလာရပါတယ်။

နောက်ပြီး အချစ်ဆိုတဲ့အရာကို ပိုနားလည်လာစေတာ ဖြစ်ပါတယ်။

(4) ပိုကောင်းတဲ့ သူနဲ့ဆုံဖို့ အခွင့်အရေး ပေးခဲ့လို့

သူကိုယ့်ဆီက ထွက်သွားတာဟာ ကိုယ့်အတွက် သူ့ထက်ကောင်းမွန်တဲ့

တစ်စုံတစ်ယောက် ရောက်လာဖို့ လမ်းဖွင့်ပေးလိုက်တာပါပဲ။

ကိုယ်နဲ့မထိုက်တန်တဲ့သူကတော့ ကိုယ့်ဆီက အကြောင်းအမျိုးမျိုးပြ ထွက်သွားမှာဖြစ်သလို

ကိုယ်နဲ့ထိုက်တန်တဲ့သူကတော့ မရောက်ရောက်အောင် ကိုယ့်ဆီလာမှာဖြစ်ပါတယ်။

ဒီတော့ ကိုယ့်ရဲ့စိတ်ဓာတ်တွေကို ကြံခိုင်စေခဲ့သလို ကိုယ့်အတွက်

ပိုကောင်းတဲ့သူနဲ့ ဆုံခွင့်ပေးခဲ့တဲ့ ex ကို ကျေးဇူးတင်လိုက်ပါနော် …။

Credit – original writer

Zawgyi Version

ကိုယ့္ကိုမေ႐ြးခ်ယ္ပဲ ထားရစ္ခဲ့တဲ့သူကို ေက်းဇူးတင္လိုက္သင့္တဲ့အခ်က္ေတြ…

ကိုယ့္ကို မေ႐ြးခ်ယ္ပဲ ထားရစ္ခဲ့တဲ့သူကို ေက်းဇူးတင္လိုက္သင့္တဲ့ အခ်က္ေတြ

ကိုယ္ခ်စ္ခဲ့ရဖူးတဲ့ သူက ကိုယ့္ကိုယ္ထားခဲ့တဲ့အခါ နာက်င္ဝမ္းနည္းေနတာထက္

ပိုေက်းဇူးတင္သင့္တယ္ဆိုတာကို အခ်ိန္တစ္ခုေရာက္တဲ့အခါ သိလာမွာျဖစ္ပါတယ္ …။

အစပိုင္းမွာ သူ႕ကိုခ်စ္တဲ့စိတ္ေၾကာင့္ ကိုယ္ဘာမွကိုမျမင္ႏိုင္ပဲ အခ်စ္မွာက်႐ႈံးခဲ့ေပမယ့္

အခ်ိန္ၾကာလာတာနဲ႔အမွ် ကိုယ္ရလိုက္တဲ့ ဒီအရာေတြေၾကာင့္ သူ႕ကိုေက်းဇူးတင္မိေစမွာ ျဖစ္ပါတယ္။

(1) ကိုယ့္ရဲ႕ျဖစ္တည္မႈကို ႐ွာေဖြေတြ႕႐ွိခဲ့လို႔

သူနဲ႔လမ္းခြဲလိုက္မွ ကိုယ့္ရဲ႕ျဖစ္တည္မႈအမွန္ကို ခံစားမိလာတာကို သတိထားမိရဲ႕လား …၊

အရင္ကလို အဆင္မေျပတဲ့ အခ်စ္ေရးေၾကာင့္ စိတ္ညစ္၊ စိတ္႐ႈပ္ရတာေတြပဲ ေတြးေနခဲ့ရတဲ့ အခ်ိန္ေတြ၊

ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ဖို႔ ေမ့ေလ်ာ့ေနခဲ့ၿပီး သူ႕ကိုပဲ တစ္ခ်ိန္လုံး အာ႐ုံလိုက္စိုက္ေနရာတဲ့ အခ်ိန္ေတြ

ကုန္လြန္ခဲ့ၿပီးေနာက္မွာ ကိုယ့္အတြက္ဆိုတာေလးကို ထည့္စဥ္းစားျဖစ္လာတာ၊

ကိုယ့္ရဲ႕ျဖစ္တည္မႈအမွန္ကို ခံစားမိလာရေစတာ ျဖစ္ပါတယ္ …။

(2) ပိုလွလာေစခဲ့လို႔

မိန္းကေလးေတြက အသညး္ကြဲၿပီးသြားရင္ ပိုပိုလွလာၾကတယ္ဆိုတာ အမွန္ပါေနာ္။

နာက်င္ဝမ္းနည္းၿပီးသြားတဲ့အခ်ိန္မွာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈတည္ေဆာက္တဲ့အေနနဲ႔

ပိုလွေအာင္ ေနထိုင္လာတတ္ၿပီး ကိုယ့္က္ိဳယ္ကိုလည္း ပိုတန္ဖိုးထားရေကာင္းမွန္း သိလာေစတာ ျဖစ္ပါတယ္။

ဒါဟာ သူ ကိုယ့္ကိုယ္ထားရစ္ခဲ့တဲ့အတြက္ ရ႐ွိလာတဲ့အရာျဖစ္လို႔ သူ႕ကိုေက်းဇူးတင္လိုက္ပါ။

(3) ပိုအျမင္က်ယ္ေစခဲ့လို႔

သူ႕လိုလူနဲ႔ ဆုံေတြ႕ခဲ့လိုက္ရတာဟာ ကိုယ့္အတြက္ နာက်င္စရာေတြပဲ ရခဲ့တာမဟုတ္ပဲ

ေနာက္ထပ္ ဒီလိုလူမ်ိဳးကို မဆုံမိဖို႔ လမ္းျပထားခဲ့သလိုပါပဲေနာ္ …။

ဒီေတာ့ လူတိုင္းကို လြယ္လြယ္မယုံသင့္သလို၊ လြယ္လြယ္မခ်စ္သင့္ဘူးဆိုတာလည္း သိလာရပါတယ္။

ေနာက္ၿပီး အခ်စ္ဆိုတဲ့အရာကို ပိုနားလည္လာေစတာ ျဖစ္ပါတယ္။

(4) ပိုေကာင္းတဲ့ သူနဲ႔ဆုံဖို႔ အခြင့္အေရး ေပးခဲ့လို႔

သူကိုယ့္ဆီက ထြက္သြားတာဟာ ကိုယ့္အတြက္ သူ႕ထက္ေကာင္းမြန္တဲ့

တစ္စုံတစ္ေယာက္ ေရာက္လာဖို႔ လမ္းဖြင့္ေပးလိုက္တာပါပဲ။

ကိုယ္နဲ႔မထိုက္တန္တဲ့သူကေတာ့ ကိုယ့္ဆီက အေၾကာင္းအမ်ိဳးမ်ိဳးျပ ထြက္သြားမွာျဖစ္သလို

ကိုယ္နဲ႔ထိုက္တန္တဲ့သူကေတာ့ မေရာက္ေရာက္ေအာင္ ကိုယ့္ဆီလာမွာျဖစ္ပါတယ္။

ဒီေတာ့ ကိုယ့္ရဲ႕စိတ္ဓာတ္ေတြကို ၾကံခိုင္ေစခဲ့သလို ကိုယ့္အတြက္

ပိုေကာင္းတဲ့သူနဲ႔ ဆုံခြင့္ေပးခဲ့တဲ့ ex ကို ေက်းဇူးတင္လိုက္ပါေနာ္ …။

Credit – original writer