Beauty

ဝက်ခြံများကိုဖယ်ရှားပေးပြီး အသားအရေလေး ချောမွတ်စေမယ့်သဘာဝပေါင်းတင်နည်းများ…

ဝက်ခြံများကိုဖယ်ရှားပေးပြီး အသားအရေလေး ချောမွတ်စေမယ့်သဘာဝပေါင်းတင်နည်းများ…

မျက်နှာပေါ်မှာ ဟိုတစ်ဖု ဒီတစ်ဖုနဲ့ အလှဖျက်နေတဲ့ ဝက်ခြံတွေကြောင့် စိတ်ချနေပြီလား …။

အခုဖော်ပြပေးမယ့် သဘာဝပေါင်းတင်နည်း (၃) မျိုးထဲမှ မိမိကြိုက်နှစ်သက်ရာတစ်မျိုးမျိုးကို ရွေးချယ်ကာ ပေါင်းတင်ပေးလိုက်ပါ …။

မျက်နှာပေါ်မှာရှိတဲ့ ဝက်ခြံများအားလုံး ယူပစ်သလို ပျောက်ကင်းသွားပြီး ချောမွတ်နူးညံ့တဲ့အသားအရေကို ပိုင်ဆိုင်နိုင်ပါပြီ။

နနွင်းမှုန့် ပေါင်းတင်နည်း

နနွင်းမှုန့် ပေါင်းတင်နည်းကတော့ ဝက်ခြံပေါက်စေတဲ့ ဘက်တီးရီးယားများကို သေစေနိုင်ပြီး ရောင်ရမ်းမှုကို လျော့ချပေးနိုင်ပါတယ်။

လိုအပ်မယ့်ပါဝင်ပစ္စည်းများကတော့

ပန်းသီးရှာလကာရည်၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နွားနို့တို့ပဲဖြစ်ပါတယ်။

အရင်ဦးဆုံး ဝါဂွမ်းစလေးကို ပန်းသီးရှာလကာရည်ထဲ နှစ်ကာ မျက်နှာပေါ် သုတ်လိမ်းလိုက်ပါ …။

ထို့နောက် နနွင်းမှုန့်နှင့် ပျားရည်တို့ကို ရောနှောပြီး ၅ မိနစ်ခန့် စောင့်ပါ …။

ထို့နောက် သန့်စင်သော လက်ဖြင့် နနွင်းမှုန့် ပျားရည်အရောအနှောကို မျက်နှာပေါ်သို့ သုတ်လိမ်းလိုက်ပါ။

၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြာမှ ရေနွေးနွေးဖြင့် မျက်နှာသစ်လိုက်ပါ။

တစ်ပတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ် …။

တကယ်လို့ နနွင်းမှုန့် အသုံးပြုပြီးနောက်မှာ မျက်နှာဝါမှာကို စိုးရိမ်တယ်ဆိုရင်တော့

ဝါဂွမ်းစလေးကို နွားနို့ထဲ နှစ်ပြီး ဝါနေသော နေရာတစ်ဝိုက် သုတ်လိမ်းပေးနိုင်ပါတယ်။

ထောပတ်သီး ပေါင်းတင်နည်း

လိုအပ်မယ့် ပစ္စည်းများကတော့ ထောပတ်သီးမှည့်တစ်လုံး၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သံပုယိုသီးတစ်ခြမ်းတို့ပဲဖြစ်ပါတယ်။

ထောပတ်သီးမှည့်ကို အနှစ်များရအောင် ချေပြီးနောက် ပျားရည်ဖြင့် ရောနှောပါ။

ထို့နောက် သံပုယိုသီး ညှစ်ထည့်လိုက်ပါ။ ထို့နောက် ဝက်ခြံပေါက်သော နေရာပေါ်မှာ ၅ မိနစ်မှ ၁၀ မိနစ်ခန့် အုံထားပေးလိုက်ပါ။

တကယ်လို့ သင့်အသားအရေက Sensitive ဖြစ်တဲ့အသားအရေဆိုရင်တော့ သံပုယိုရည် မထည့်ပါနဲ့။

ထောပတ်သီးက အသားအရေကို နုပျိုစေပြီး ချွေးပေါက်ထဲ ပိတ်မိနေသော အညစ်အကြေးများကို ဖယ်ရှားပေးပါတယ်။

ပျားရည်ကတော့ ဘက်တီးရီးယားများကို သေစေပြီး သံပုယိုရည်ကတော့ အသားအရေကို ဝင်းပစေပါတယ်။

ပျားရည် သီးသန့်ပေါင်းတင်နည်း

သင့်အနေနဲ့ အထက်ဖော်ပြပါ ပေါင်းတင်နည်းများကို အသုံးပြုရတာ ကရိကထများတယ်။

ပါဝင်ပစ္စည်းတစ်မျိုးတည်းနဲ့ ပြီးပြတ်ချင်တယ်ဆိုရင်တော့ သဘာဝပျားရည်စစ်စစ်ကို အသုံးပြုနိုင်ပါတယ်။

ဝက်ခြံပေါက်တဲ့နေရာပေါ်သို့ ပျားရည်ဖြင့် တို့ထားပေးလိုက်ပါ …။

ပျားရည်က ရောင်ရမ်းမှုကို လျော့ချပေးပြီး ဝက်ခြံကို အရောင်ကျစေပါတယ်။

၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ပျားရည်ဖြင့် အုံပြီးတဲ့နောက်မှာ ရေနွေးနွေးဖြင့် ဆေးချလိုက်ပါ …။ ။

Source – Helloglow

Zawgyi Version

ဝက္ျခံမ်ားကိုဖယ္႐ွားေပးၿပီး အသားအေရေလး ေခ်ာမြတ္ေစမယ့္သဘာဝေပါင္းတင္နည္းမ်ား…

မ်က္ႏွာေပၚမွာ ဟိုတစ္ဖု ဒီတစ္ဖုနဲ႔ အလွဖ်က္ေနတဲ့ ဝက္ျခံေတြေၾကာင့္ စိတ္ခ်ေနၿပီလား …။

အခုေဖာ္ျပေပးမယ့္ သဘာဝေပါင္းတင္နည္း (၃) မ်ိဳးထဲမွ မိမိႀကိဳက္ႏွစ္သက္ရာတစ္မ်ိဳးမ်ိဳးကို ေ႐ြးခ်ယ္ကာ ေပါင္းတင္ေပးလိုက္ပါ …။

မ်က္ႏွာေပၚမွာ႐ွိတဲ့ ဝက္ျခံမ်ားအားလုံး ယူပစ္သလို ေပ်ာက္ကင္းသြားၿပီး ေခ်ာမြတ္ႏူးညံ့တဲ့အသားအေရကို ပိုင္ဆိုင္ႏိုင္ပါၿပီ။

နႏြင္းမႈန္႔ ေပါင္းတင္နည္း

နႏြင္းမႈန္႔ ေပါင္းတင္နည္းကေတာ့ ဝက္ျခံေပါက္ေစတဲ့ ဘက္တီးရီးယားမ်ားကို ေသေစႏိုင္ၿပီး ေရာင္ရမ္းမႈကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

လိုအပ္မယ့္ပါဝင္ပစၥည္းမ်ားကေတာ့

ပန္းသီး႐ွာလကာရည္၊ နႏြင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္၊ ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္းႏွင့္ ႏြားႏို႔တို႔ပဲျဖစ္ပါတယ္။

အရင္ဦးဆုံး ဝါဂြမ္းစေလးကို ပန္းသီး႐ွာလကာရည္ထဲ ႏွစ္ကာ မ်က္ႏွာေပၚ သုတ္လိမ္းလိုက္ပါ …။

ထို႔ေနာက္ နႏြင္းမႈန္႔ႏွင့္ ပ်ားရည္တို႔ကို ေရာေႏွာၿပီး ၅ မိနစ္ခန္႔ ေစာင့္ပါ …။

ထို႔ေနာက္ သန္႔စင္ေသာ လက္ျဖင့္ နႏြင္းမႈန္႔ ပ်ားရည္အေရာအေႏွာကို မ်က္ႏွာေပၚသို႔ သုတ္လိမ္းလိုက္ပါ။

၁၅ မိနစ္၊ မိနစ္ ၂၀ ခန္႔ၾကာမွ ေရေႏြးေႏြးျဖင့္ မ်က္ႏွာသစ္လိုက္ပါ။

တစ္ပတ္ ႏွစ္ႀကိမ္ခန္႔ ျပဳလုပ္ေပးႏိုင္ပါတယ္ …။

တကယ္လို႔ နႏြင္းမႈန္႔ အသုံးျပဳၿပီးေနာက္မွာ မ်က္ႏွာဝါမွာကို စိုးရိမ္တယ္ဆိုရင္ေတာ့

ဝါဂြမ္းစေလးကို ႏြားႏို႔ထဲ ႏွစ္ၿပီး ဝါေနေသာ ေနရာတစ္ဝိုက္ သုတ္လိမ္းေပးႏိုင္ပါတယ္။

ေထာပတ္သီး ေပါင္းတင္နည္း

လိုအပ္မယ့္ ပစၥည္းမ်ားကေတာ့ ေထာပတ္သီးမွည့္တစ္လုံး၊ ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္းႏွင့္ သံပုယိုသီးတစ္ျခမ္းတို႔ပဲျဖစ္ပါတယ္။

ေထာပတ္သီးမွည့္ကို အႏွစ္မ်ားရေအာင္ ေခ်ၿပီးေနာက္ ပ်ားရည္ျဖင့္ ေရာေႏွာပါ။

ထို႔ေနာက္ သံပုယိုသီး ညႇစ္ထည့္လိုက္ပါ။ ထို႔ေနာက္ ဝက္ျခံေပါက္ေသာ ေနရာေပၚမွာ ၅ မိနစ္မွ ၁၀ မိနစ္ခန္႔ အုံထားေပးလိုက္ပါ။

တကယ္လို႔ သင့္အသားအေရက Sensitive ျဖစ္တဲ့အသားအေရဆိုရင္ေတာ့ သံပုယိုရည္ မထည့္ပါနဲ႔။

ေထာပတ္သီးက အသားအေရကို ႏုပ်ိဳေစၿပီး ေခြၽးေပါက္ထဲ ပိတ္မိေနေသာ အညစ္အေၾကးမ်ားကို ဖယ္႐ွားေပးပါတယ္။

ပ်ားရည္ကေတာ့ ဘက္တီးရီးယားမ်ားကို ေသေစၿပီး သံပုယိုရည္ကေတာ့ အသားအေရကို ဝင္းပေစပါတယ္။

ပ်ားရည္ သီးသန္႔ေပါင္းတင္နည္း

သင့္အေနနဲ႔ အထက္ေဖာ္ျပပါ ေပါင္းတင္နည္းမ်ားကို အသုံးျပဳရတာ ကရိကထမ်ားတယ္။

ပါဝင္ပစၥည္းတစ္မ်ိဳးတည္းနဲ႔ ၿပီးျပတ္ခ်င္တယ္ဆိုရင္ေတာ့ သဘာဝပ်ားရည္စစ္စစ္ကို အသုံးျပဳႏိုင္ပါတယ္။

ဝက္ျခံေပါက္တဲ့ေနရာေပၚသို႔ ပ်ားရည္ျဖင့္ တို႔ထားေပးလိုက္ပါ …။

ပ်ားရည္က ေရာင္ရမ္းမႈကို ေလ်ာ့ခ်ေပးၿပီး ဝက္ျခံကို အေရာင္က်ေစပါတယ္။

၁၀ မိနစ္၊ ၁၅ မိနစ္ခန္႔ ပ်ားရည္ျဖင့္ အုံၿပီးတဲ့ေနာက္မွာ ေရေႏြးေႏြးျဖင့္ ေဆးခ်လိုက္ပါ …။ ။

Source – Helloglow