ပညာပေး

အချစ်မှာ နစ်မြောသွားတဲ့အခါ ဒီလိုအမှားမျိုးတွေကို လုပ်မိတတ်ပါတယ်…

အချစ်မှာ နစ်မြောသွားတဲ့အခါ ဒီလိုအမှားမျိုးတွေကို လုပ်မိတတ်ပါတယ်…

တစုံတယောက်ကို ရူးရူးမူးမူး ချစ်မိတဲ့အခါ လူတွေဟာ အမှားအမှန်ကို ခွဲခြား သိမြင်နိုင်စွမ်း မရှိတော့တဲ့အထိ ဖြစ်တတ်ပါတယ် …။

အရမ်းကြီးလွန်းတဲ့ အမှားတွေကို လုပ်တာမျိုး မဟုတ်ပေမယ့် အချစ်တခုတည်း အတွက်နဲ့

တခြားသော တန်ဖိုးရှိတဲ့ အရာတွေကို လက်လွှတ်မိတတ်ကြပါတယ် … ။

ဒီအမှားတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …. ။

(၁) သူငယ်ချင်း အပေါင်းအသင်းတွေကို မေ့လျော့ကုန်တယ်

ချစ်သူရည်းစား မရခင်တည်းက ကိုယ်နဲ့မခွဲ တတွဲတွဲ ရှိခဲ့တဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေကို

ရည်းစားလည်းရရော လျစ်လျှူရှု မေ့လျော့ထားမိတတ်ကြပါတယ်…။

ကိုယ့်ရည်းစားနဲ့ပဲ တချိန်လုံး အတူတူရှိနေပြီး သူငယ်ချင်းတွေကိုတော့

ပစ်ပယ်ထားတာမျိုးဟာ နောင်တချိန်မှာ နောင်တရနေရမယ့် အရာတခုပါပဲ…။

(၂) မျက်စိစုံမှိတ် ယုံတာ

အရူးအမူး ချစ်မိတဲ့အခါ လူတိုင်းဟာ အမှန်ကို မမြင်နိုင်တော့ပါဘူးနော်…။

ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော လူတယောက်ကို မျက်စိစုံမှိတ် ယုံကြည်ဖို့တော့ မသင့်ပါဘူး…။

လူတိုင်းဟာ လိမ်ညာမှုနဲ့ ကင်းသူတွေ မဟုတ်တာကိုတော့ ဘယ်လောက်ပဲ ချစ်နေနေ ကိုယ့်ကိုယ်ကို သတိပေးသင့်ပါတယ်…။

(၃) ကိုယ်လုပ်ချင်တဲ့ ရည်မှန်းချက်တွေကိုပါ မေ့ပစ်လိုက်တာ

သူရှိနေပြီပဲ၊ သူက ငါ့အနာဂတ်ပဲ ဆိုပြီး ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာတွေကို လက်လျှော့ပြီး

မေ့ပစ်လိုက်တာမျိုးတွေဟာလည်း ကြီးမားတဲ့ အမှားတခုပါပဲ…။

ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော၊ ကိုယ်လုပ်ချင်တဲ့ ရည်မှန်းချက်တွေကို လက်လျှော့ပစ်ရလောက်တဲ့ အထိတော့

မရူးမိုက်သင့်တာကို ပြန်လည် ဆင်ခြင်သင့်ပါတယ် …။

(၄) ချစ်သူရည်းစားအပေါ် မှီခိုလွန်းတာ

သူမှမရှိတော့ရင် ကိုယ့်ဘဝကြီးက အဓိပ္ပါယ်မရှိတော့ဘူး၊ တယောက်တည်း ရှင်သန်ရပ်တည်နိုင်စွမ်း မရှိတော့ဘူး ဆိုတဲ့အထိ မှီခိုလွန်းခြင်းဟာ

ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးစေနိုင်သလို ကိုယ်ပိုင် အစွမ်းအစတွေကိုလည်း ချိုးဖျက်ပစ်ရာ ရောက်နေပါတယ် …။

မှီခိုတာက မှီခိုလို့ရပေမယ့် လိုတာထက် ပိုပြီး မှီခိုလွန်းတာကတော့ ကိုယ့်ရပ်တည်မှုပါ ကြာရင် ပျောက်ဆုံးသွားနိုင်ပါတယ်နော် …။ ။

Calcifer

Zawgyi Version

အခ်စ္မွာ နစ္ေျမာသြားတဲ့အခါ ဒီလိုအမွားမ်ိဳးေတြကို လုပ္မိတတ္ပါတယ္…

တစုံတေယာက္ကို ႐ူး႐ူးမူးမူး ခ်စ္မိတဲ့အခါ လူေတြဟာ အမွားအမွန္ကို ခြဲျခား သိျမင္ႏိုင္စြမ္း မ႐ွိေတာ့တဲ့အထိ ျဖစ္တတ္ပါတယ္ …။

အရမ္းႀကီးလြန္းတဲ့ အမွားေတြကို လုပ္တာမ်ိဳး မဟုတ္ေပမယ့္ အခ်စ္တခုတည္း အတြက္နဲ႔

တျခားေသာ တန္ဖိုး႐ွိတဲ့ အရာေတြကို လက္လႊတ္မိတတ္ၾကပါတယ္ … ။

ဒီအမွားေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …. ။

(၁) သူငယ္ခ်င္း အေပါင္းအသင္းေတြကို ေမ့ေလ်ာ့ကုန္တယ္

ခ်စ္သူရည္းစား မရခင္တည္းက ကိုယ္နဲ႔မခြဲ တတြဲတြဲ ႐ွိခဲ့တဲ့ အရင္းႏွီးဆုံး သူငယ္ခ်င္းေတြကို

ရည္းစားလည္းရေရာ လ်စ္လွ်ဴ႐ႈ ေမ့ေလ်ာ့ထားမိတတ္ၾကပါတယ္…။

ကိုယ့္ရည္းစားနဲ႔ပဲ တခ်ိန္လုံး အတူတူ႐ွိေနၿပီး သူငယ္ခ်င္းေတြကိုေတာ့

ပစ္ပယ္ထားတာမ်ိဳးဟာ ေနာင္တခ်ိန္မွာ ေနာင္တရေနရမယ့္ အရာတခုပါပဲ…။

(၂) မ်က္စိစုံမွိတ္ ယုံတာ

အ႐ူးအမူး ခ်စ္မိတဲ့အခါ လူတိုင္းဟာ အမွန္ကို မျမင္ႏိုင္ေတာ့ပါဘူးေနာ္…။

ဘယ္ေလာက္ပဲ ခ်စ္ပါတယ္ေျပာေျပာ လူတေယာက္ကို မ်က္စိစုံမွိတ္ ယုံၾကည္ဖို႔ေတာ့ မသင့္ပါဘူး…။

လူတိုင္းဟာ လိမ္ညာမႈနဲ႔ ကင္းသူေတြ မဟုတ္တာကိုေတာ့ ဘယ္ေလာက္ပဲ ခ်စ္ေနေန ကိုယ့္ကိုယ္ကို သတိေပးသင့္ပါတယ္…။

(၃) ကိုယ္လုပ္ခ်င္တဲ့ ရည္မွန္းခ်က္ေတြကိုပါ ေမ့ပစ္လိုက္တာ

သူ႐ွိေနၿပီပဲ၊ သူက ငါ့အနာဂတ္ပဲ ဆိုၿပီး ကိုယ္လုပ္ခ်င္တာ၊ ကိုယ္ျဖစ္ခ်င္တာေတြကို လက္ေလွ်ာ့ၿပီး

ေမ့ပစ္လိုက္တာမ်ိဳးေတြဟာလည္း ႀကီးမားတဲ့ အမွားတခုပါပဲ…။

ဘယ္ေလာက္ပဲ ခ်စ္ပါတယ္ေျပာေျပာ၊ ကိုယ္လုပ္ခ်င္တဲ့ ရည္မွန္းခ်က္ေတြကို လက္ေလွ်ာ့ပစ္ရေလာက္တဲ့ အထိေတာ့

မ႐ူးမိုက္သင့္တာကို ျပန္လည္ ဆင္ျခင္သင့္ပါတယ္ …။

(၄) ခ်စ္သူရည္းစားအေပၚ မွီခိုလြန္းတာ

သူမွမ႐ွိေတာ့ရင္ ကိုယ့္ဘဝႀကီးက အဓိပၸါယ္မ႐ွိေတာ့ဘူး၊ တေယာက္တည္း ႐ွင္သန္ရပ္တည္ႏိုင္စြမ္း မ႐ွိေတာ့ဘူး ဆိုတဲ့အထိ မွီခိုလြန္းျခင္းဟာ

ကိုယ့္ကိုယ္ကို ယုံၾကည္မႈေတြ ေပ်ာက္ဆုံးေစႏိုင္သလို ကိုယ္ပိုင္ အစြမ္းအစေတြကိုလည္း ခ်ိဳးဖ်က္ပစ္ရာ ေရာက္ေနပါတယ္ …။

မွီခိုတာက မွီခိုလို႔ရေပမယ့္ လိုတာထက္ ပိုၿပီး မွီခိုလြန္းတာကေတာ့ ကိုယ့္ရပ္တည္မႈပါ ၾကာရင္ ေပ်ာက္ဆုံးသြားႏိုင္ပါတယ္ေနာ္ …။ ။

Calcifer