ချစ်သူများကြား ပိုမိုခိုင်မြဲစေရန် ပြောသင့်သော စကားလေးမျိုး…
ချစ်သူများကြားမှာ သက်တမ်း ကြာလာသည်နှင့် အမျှ
တစ်ဦးနှင့် တစ်ဦး သွေးမအေးသွားအောင်
မေးခွန်းတွေမေးဖို့ မေ့နေတတ်ပါတယ် …။
ဒါကြောင့် ဒီတစ်ခါမှာတော့ ချစ်သူ နှစ်ဦးကြားမှာ မေးသင့်တဲ့ မေးခွန်းတွေကို ပြောပြသွားမှာပါ။
၁. အနာဂတ်မှာ နှစ်ယောက်အတူ ပူးပေါင်းပြီး ဘယ်လိုစီးပွားရေး မျိုး လုပ်ကိုင်ကြမလဲ ဆိုတဲ့ မေးခွန်းကတော့
ချစ်သူနှစ်ဦးကြားမှာ ပိုပြီး ရှေ့ဆက်ခရီး ကို အတူတကွ ပူးပေါင်းမယ္ ဆိုတဲ့ အတွေးကို ထင်ဟပ်စေတာကြောင့် မေးသင့်တာပါ။
၂. မေးခွန်းကတော့ ငယ်ငယ်က စကားပုံတစ်ခုနဲ့ ဆက်စပ်နေပါတယ်။
အစားကောင်း အသောက်ကောင်းစားရင် ကိုယ်ချစ်တဲ့ သူကို သတိရကြတယ်ဆိုတဲ့ အတိုင်း မိမိ ချစ်သူကြိုက်တတ်တဲ့ အစားအစာကို
သေချာမှတ်ထားပြီး မကြာခဏ အတူ စားသောက်ခြင်းဖြင့် အပြန်အလှန် ကျေနပ်မှုကို ရရှိမှာပါ …။
ဒါကြောင့် အခုတစ်လော ဘယ်အစားအစာကို ကြိုက်လဲ ဆိုတဲ့ မေးခွန်းကလည်း မေးရမဲ့ မေးခွန်းထဲမှာ ပါ ပါတယ်။
၃. မေးခွန်းကတော့ အကြိုက်ဆုံး မင်းသား မင်းသမီး အိုင်ဒေါတွေကို မေးပြီး
မိမိချစ်သူ ကြိုက်တဲ့ အိုင်ဒေါတွေကိုပါ လိုက်ပြီး စုံစမ်းနေရမှာပါ။
တော်တော်များများ စုံတွဲတွေကတော့ မိမိချစ်သူ က တစ်ခြား သူကို
သည်းသည်း စွဲကြိုက်နေတာ ကို သဘောမကျတတ်ကြပါဘူး။
တစ်ချို့ဆို သဝန်တိုပြီး လမ်းခွဲတဲ့ထိ ရောက်သွား ကြတယ် …။
ဒါကြောင့် ချစ်သူအချင်းချင်း ကိုယ့်ကြိုက် သူ့ကြိုက် အိုင်ဒေါတွေ
မင်းသား မင်းသမီးတွေကို ဖလှယ် မေးမြန်း ဆွေးနွေးခြင်းဖြင့် ခိုင်မြဲမှုကို ရယူလိုက်ပါ …။
၄. မေးခွန်းကတော့ အရေးကြီးပြီး အားပေးစကားဖြစ်တဲ့ အတူ ပေါင်းလုပ်ကြတာပေါ့ ထပ်ကြိုးစားမယ်လေ ဆိုတဲ့ စကားကလည်း
တစ်ခုခုကို ရှုံးနှိမ့်သွားရင်တောင် အားပေးစကားဖြစ်တာကြောင့် တစ်ဦးနှင့် တစ်ဦး ခွန်အားဖြစ်စေပြီး ခိုင်မြဲကာ ယုံကြည်မှုနဲ့ ရှေ့ဆက်သွားနိုင်မှာပါ။
ဒါကြောင့် ချစ်သူများကြား ပိုမိုခိုင်မြဲစေဖို့ စကားလေးမျိုး ကို ဒီအပတ်မှာတော့ ပြောပြရင်း
ခိုင်မြဲကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် …။ ။
Credit – နန်းမေ
Zawgyi Version
ချစ်သူနှစ်ဦးကြားမှာ ပိုပြီး ရှေ့ဆက်ခရီး ကို အတူတကွ ပူးပေါင်းမယ် ဆိုတဲ့ အတွေးကို ထင်ဟပ်စေတာကြောင့် မေးသင့်တာပါ။
၎. မေးခွန်းကတော့ အရေးကြီးပြီး အားပေးစကားဖြစ်တဲ့ အတူ ပေါင်းလုပ်ကြတာပေါ့ ထပ်ကြိုးစားမယ်လေ ဆိုတဲ့ စကားကလည်း
Credit – နန်းမေ