ဆံပင်အရမ်းပါးပြီး အရမ်းကျွတ်တဲ့သူတွေအတွက် အကောင်းဆုံးနည်း…
ဆံပင်အရမ်းကျွတ်နေသူများအတွက် ကြက်ဥတစ်လုံး၊ ငှက်ပျောသီးတစ်လုံး၊ လိမ္မော်သီး (သို့မဟုတ်) သံပရာမျိုးနွယ်တစ်လုံး၊
သံလွင်ဆီ (သို့မဟုတ်) အုံးဆီ နှစ်စက်ခန့် အားလုံးကို ကြေညက်အောင် ခြေပြီး ဦးရေအနှံ့လိမ်းပေးပါ။
ရေနွေးငွေ့ ပေးထားသော တဘက်လေးနဲ့ နာရီဝက် (သို့မဟုတ်) 45မိနစ်ခန့် ပေါင်းထားပါ။
ပြီးလျှင် ကြိုက်နှစ်သက်ရာ Shampooနဲ့ စင်အောင် ခေါင်းလျှော်လိုက်ပါ။ လေး ငါးကြိမ်ပြုလုပ်ပေးရင် အဆင်ပြေပါပြီ။
Kyel Kyel ဆံပင်အရမ်းပါးနေလို့ စိတ်ညစ်နေလား။
ဆံပင်ပါးလို့ ဈေးကြီးတဲ့ spa တွေသွား၊ ဆံပင်သန်စေတဲ့ ဆေးတွေသုံးပေမဲ့ ကိုယ့်အတွက် အသုံးမဝင်ဘူး ဖြစ်နေလား…
ဒါဆိုရင်တော့ အခုလို စိတ်မကျေနပ်မှုတွေ ဖြစ်စေတဲ့ အရာတွေ မေ့လိုက်ပြီး သဘာဝနည်းလမ်းလေးကို ပြောင်းသုံးကြည့်ပါ။
အာလူး – အာလူးမှာ တောက်ပြောင် စိုပြေစေပါတယ်။ ဒီတော့ မီးဖိုချောင်ကနေပဲ အလှအပ ပစ္စည်းတွေကို ရှာဖွေလိုက်ပါ။
ပြုလုပ်နည်း
အာလူးအသေး ၂ လုံး (သို့) အကြီး ၁ လုံး
၁။ အာလူးကို အခွံနွှာပြီး အတုံးလိုက် လှီးလိုက်ပါ။
၂။ အဲဒီနောက် ဖျော်စက်ထဲထည့်ပြီး ဖျော်လိုက်ပါ။
ရေအနည်းငယ်ထည့်ပါ။
၃။ ရေဆစ်တဲ့ ဇကာကို သုံးပြီး ရေစစ်ချပါ။
၄။ ပုံမှာပြထားတဲ့ ဝါဂွမ်းဖတ်ကို အာလူးရည်နဲ့ စိမ်ပြီး ဦးရေပြားပေါ်မှာ လိမ်းပေးပါ။
အရင်ဆုံး ဦးရေပြားပေါ်မှာ နှံ့အောင် လိမ်းပေးရမှာ ဖြစ်ပါတယ် …
၅။ ဆံနွယ်အဖျားကိုလည်း အားလူးရည် စွတ်ပေးပါ။
၆။ ပြီးရင် ဆံပင်ကို မိနစ် ၂၀ လောက် ပေါင်းပေးထားရမှာ ဖြစ်ပါတယ်။
တစ်လလောက်ဆိုရင်တော့ ထူးထူးခြားခြား သိသာလာမှာ ဖြစ်ပြီး
ဆံပင်တွေ ထူကာ တောက်ပြောင်လာပါလိမ့်မယ်။
Credit – Mystyle
Zawgyi Version
ပြုလုပ်နည်း
ရေအနည်းငယ်ထည့်ပါ။
Credit – Mystyle