Astrology

လက်ကြားယိုသူ လက္ခဏာပိုင်ရှင်တွေအတွက် လက္ခဏာအဟော

လက်ကြားယိုသူ လက္ခဏာပိုင်ရှင်တွေအတွက် လက္ခဏာအဟော

လက္ခဏာပညာ ကျမ်းစာအုပ်တွေ ဖတ်ဖူးသူ၊ ကြားဖူးနားဝ ရှိသူဆိုရင် လက်ကြားယိုတယ်ဆိုတာ သိကြမှာပါ။

လက်ဖဝါးကို စေ့လိုက်လို့မှ လက်ချောင်းလေးတွေ ပူးကပ်မနေဘဲ လက်ချောင်းတွေကြားမှာ လက်ကြားယိုတာ၊

တနည်း ပြောရရင် လက်ချောင်းတွေကြားမှာ ကွာဟနေသူတွေကို “ငွေမမြဲသူ၊ အသုံးအဖြုန်းကြမ်းသူတွေ” အဖြစ် သတ်မှတ်လေ့ ရှိပါတယ်။

အခုပဲ ခင်ဗျားတို့ လက်ဖဝါးကို သက်တောင့်သက်သာလေး ဖြေလျှော့ပြီးတော့ လက်ချောင်းလေးတွေကို စုစည်းကြည့်ပါ။

လက်ချောင်းတွေကြားမှာ လက်ကြားယိုနေတာတွေ ရှိသလား၊ လက်ကြားမယိုဘဲ

လက်ကြားလေးတွေ စေ့နေသလား ဆိုတဲ့အပေါ် မူတည်ပြီး အောက်ပါ ဟောချက်တွေကို ဖတ်ကြည့်နိုင်ပါပြီ။

တကယ်လို့ ခင်ဗျားလက်ဖဝါးကြားမှာ ဘယ်လို ယိုပေါက်မှ မရှိဘဲ လက်ချောင်းတွေအချင်းချင်း ပူးကပ်နေမယ် ဆိုရင်

ခင်ဗျားဟာ စေ့စပ် သေချာသူ၊ လက်တွေ့သမား၊ ခေါင်းမာသူ၊ အလိုက်သင့် မနေတတ်သူ၊

တခါတလေ အတ္တကြီးလွန်းသူ ဖြစ်နေတတ်ပါတယ်။

တပြိုင်တည်းမှာပဲ အလုပ်ကို ဇောက်ချ လုပ်တတ်သူ၊ ကြီးပွားချမ်းသာ တိုးတက်အောင် လုပ်နိုင်သူ၊

အောင်မြင်မှုကို ခုံမင် တပ်မက်သူလည်း ဖြစ်နေပြန်ပါတယ်။

ကြားဖူးနေကျ စကားအတိုင်း ဖြည့်စွက်ရရင် စိစစ် သုံးစွဲတတ်သူ၊ မလိုအပ်ဘဲ စွန့်ကြဲပေးကမ်းမှု မရှိသူ ဖြစ်ပါတယ်။

လက်ကြားယိုသူ (တနည်း) လက်ချောင်းတွေကြား ထင်သာမြင်သာတဲ့ ဟာပေါက်တွေ ရှိနေသူဆိုရင်တော့

ဘဝမှာ စိတ်ထင်ရာ လုပ်တတ်သူ၊ ရည်မှန်းချက် မြင့်ပြီး မနေမနား ကြိုးစားသူ၊ အဆင်ပြေအောင်မြင်လာရင် လွယ်လွယ်နဲ့

ပြန်သုံးပြီး ပျော်ပျော်နေတတ်သူ၊ စီးပွားရေးအမြင် အားနည်းသူ၊

စေတနာတွေ ကောင်းလွန်းလို့ အိတ်ထဲပါသမျှ ဝေမျှ ပေးကမ်းတတ်သူ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ

ဘဝကို ဖြတ်သန်းကြသူတွေ ဖြစ်ပါတယ်။

ဒီအချက်တွေဟာ အကြမ်းဖျဉ်းအယူအဆတွေပဲ ဖြစ်ပြီး လက်ချောင်းတစ်ချောင်းနဲ့

တစ်ချောင်းကြားက သိသာ မြင်သာတဲ့ အကွာအဝေးတွေ၊ လက်ချောင်းအကြဲအစိပ်တွေ၊

လက်ဝါးပြင်ရဲ့ အမာ၊ အပျော့တွေပေါ် မူတည်ပြီး ကွဲပြားခြားနားတဲ့ ဟောကိန်းတွေ ရှိနေပါသေးတယ်။

နောက်ပိုင်းမှာ ဆက်လက် ဖော်ပြပါဦးမယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

လက္ၾကားယိုသူ လကၡဏာပိုင္႐ွင္ေတြအတြက္ လကၡဏာအေဟာ

လကၡဏာပညာ က်မ္းစာအုပ္ေတြ ဖတ္ဖူးသူ၊ ၾကားဖူးနားဝ ႐ွိသူဆိုရင္ လက္ၾကားယိုတယ္ဆိုတာ သိၾကမွာပါ။

လက္ဖဝါးကို ေစ့လိုက္လို႔မွ လက္ေခ်ာင္းေလးေတြ ပူးကပ္မေနဘဲ လက္ေခ်ာင္းေတြၾကားမွာ လက္ၾကားယိုတာ၊

တနည္း ေျပာရရင္ လက္ေခ်ာင္းေတြၾကားမွာ ကြာဟေနသူေတြကို “ေငြမၿမဲသူ၊ အသုံးအျဖဳန္းၾကမ္းသူေတြ” အျဖစ္ သတ္မွတ္ေလ့ ႐ွိပါတယ္။

အခုပဲ ခင္ဗ်ားတို႔ လက္ဖဝါးကို သက္ေတာင့္သက္သာေလး ေျဖေလွ်ာ့ၿပီးေတာ့ လက္ေခ်ာင္းေလးေတြကို စုစည္းၾကည့္ပါ။

လက္ေခ်ာင္းေတြၾကားမွာ လက္ၾကားယိုေနတာေတြ ႐ွိသလား၊ လက္ၾကားမယိုဘဲ

လက္ၾကားေလးေတြ ေစ့ေနသလား ဆိုတဲ့အေပၚ မူတည္ၿပီး ေအာက္ပါ ေဟာခ်က္ေတြကို ဖတ္ၾကည့္ႏိုင္ပါၿပီ။

တကယ္လို႔ ခင္ဗ်ားလက္ဖဝါးၾကားမွာ ဘယ္လို ယိုေပါက္မွ မ႐ွိဘဲ လက္ေခ်ာင္းေတြအခ်င္းခ်င္း ပူးကပ္ေနမယ္ ဆိုရင္

ခင္ဗ်ားဟာ ေစ့စပ္ ေသခ်ာသူ၊ လက္ေတြ႕သမား၊ ေခါင္းမာသူ၊ အလိုက္သင့္ မေနတတ္သူ၊

တခါတေလ အတၱႀကီးလြန္းသူ ျဖစ္ေနတတ္ပါတယ္။

တၿပိဳင္တည္းမွာပဲ အလုပ္ကို ေဇာက္ခ် လုပ္တတ္သူ၊ ႀကီးပြားခ်မ္းသာ တိုးတက္ေအာင္ လုပ္ႏိုင္သူ၊

ေအာင္ျမင္မႈကို ခုံမင္ တပ္မက္သူလည္း ျဖစ္ေနျပန္ပါတယ္။

ၾကားဖူးေနက် စကားအတိုင္း ျဖည့္စြက္ရရင္ စိစစ္ သုံးစြဲတတ္သူ၊ မလိုအပ္ဘဲ စြန္႔ႀကဲေပးကမ္းမႈ မ႐ွိသူ ျဖစ္ပါတယ္။

လက္ၾကားယိုသူ (တနည္း) လက္ေခ်ာင္းေတြၾကား ထင္သာျမင္သာတဲ့ ဟာေပါက္ေတြ ႐ွိေနသူဆိုရင္ေတာ့

ဘဝမွာ စိတ္ထင္ရာ လုပ္တတ္သူ၊ ရည္မွန္းခ်က္ ျမင့္ၿပီး မေနမနား ႀကိဳးစားသူ၊ အဆင္ေျပေအာင္ျမင္လာရင္ လြယ္လြယ္နဲ႔

ျပန္သုံးၿပီး ေပ်ာ္ေပ်ာ္ေနတတ္သူ၊ စီးပြားေရးအျမင္ အားနည္းသူ၊

ေစတနာေတြ ေကာင္းလြန္းလို႔ အိတ္ထဲပါသမွ် ေဝမွ် ေပးကမ္းတတ္သူ၊ ကိုယ့္နည္းကိုယ့္ဟန္နဲ႔သာ

ဘဝကို ျဖတ္သန္းၾကသူေတြ ျဖစ္ပါတယ္။

ဒီအခ်က္ေတြဟာ အၾကမ္းဖ်ဥ္းအယူအဆေတြပဲ ျဖစ္ၿပီး လက္ေခ်ာင္းတစ္ေခ်ာင္းနဲ႔

တစ္ေခ်ာင္းၾကားက သိသာ ျမင္သာတဲ့ အကြာအေဝးေတြ၊ လက္ေခ်ာင္းအႀကဲအစိပ္ေတြ၊

လက္ဝါးျပင္ရဲ႕ အမာ၊ အေပ်ာ့ေတြေပၚ မူတည္ၿပီး ကြဲျပားျခားနားတဲ့ ေဟာကိန္းေတြ ႐ွိေနပါေသးတယ္။

ေနာက္ပိုင္းမွာ ဆက္လက္ ေဖာ္ျပပါဦးမယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။