Lifestyle

ဘဝမှာ မရှိသင့်ခဲ့တဲ့ သူတွေအတွက် မခံစားပါနဲ့….

ဘဝမှာ မရှိသင့်ခဲ့တဲ့ သူတွေအတွက် မခံစားပါနဲ့…

ကိုယ့်ဘဝမှာလုံးဝ မရှိသင့်တဲ့လူမျိုးတွေ ရှိပါတယ်။

လူတိုင်းလည်း အဲဒီလိူလူမျိုးကြုံဖူးကြမယ်ထင်ပါတယ်။

အဲဒီလိုလူတွေဟာ သူစိမ်းမှမဟုတ်ပါဘူး။

မိသားစုထဲမှာလည်းရှိတတ်ပါတယ်။

ကိုယ့်ပတ်ဝန်းကျင်မှာလည်း ရှိတတ်ပါတယ်။

ကိုယ်နဲ့အနီးဆုံးမှာရှိနေသူမျိုးလည်းဖြစ်နိုင်ပါတယ်။

စာလေးတစ်ပုဒ်ဖတ်မိလိုက်ရာကနေ တွေးမိသွားတာပါပဲ။

အမုန်းဆုံးလူဆိုတာမရှိဘူးတဲ့။

မပတ်သက်ခဲ့ရင်ကောင်းမယ်ဆိုတဲ့လူမျိုးပဲရှိတယ်ဆိုတဲ့စာသားလေးကို မှတ်မိနေပါတယ်။

ဘဝမှာမရှိသင့်တဲ့လူဆိုတာလည်း အဲဒီ့သဘောတရားပါပဲ။

ကိုယ့်အတွက်မဟုတ်ပေမယ့် အခြေအနေအကြောင်းကြောင့်ပတ်သက်ရတယ်၊

ဒါပေမယ့်တကယ်တမ်းက မရှိသင့်တဲ့လူတွေပါ။

တခါတလေ ဘဝမှာ အဲဒီလို လူတွေက သင့်ကို အာရုံနောက်အောင် အလုပ်နိုင်ဆုံးလူတွေထဲမှာပါပါတယ်။

မရှိသင့်ပေမယ့် ရှိနေတဲ့အခါ ကိုယ့်ကိုအမျိုးမျိုး အာရုံနောက်စေပါတယ်။ ဒုက္ခပေးနိုင်ပါတယ်။

စိတ်အနှောင့်အယှက်ဖြစ်စေတဲ့လူတွေပါပဲ။

မရှိသင့်တာမှန်ပေမယ့် ရှိနေတယ်။

ပြတ်သားစွာ စွန့်လွှတ်ပစ်လိုက်လို့လည်းမရဘူးဆိုတဲ့ အခြေအနေမျိုးကို ကြုံဖူးကြမယ်ထင်ပါတယ်။

အဲဒီလိုလူတွေအတွက် အရမ်းအာရုံနောက်လာလို့ ကိုယ့်ကို ကိုယ်ရောစိတ်ပါထိခိုက်လာတဲ့အခါ သင့်ကိုယ်သင်သေချာပြန်တွေးကြည့်ပါ။

ကိုယ့်အတွက် ကောင်းကျိုးတစ်စက်မှမပေးတဲ့လူအတွက် ကိုယ်က ပူလောင်နေလို့၊ ခံစားနေလို့ ဘာအကျိုးရှိမှာလဲ။

ဘာတွေတိုးတက်သွားမှာလဲ။ ကိုယ့်အတါက် ဆုတ်ယုတ်မှုသာ တိုးလာမှာပါ။

အဲဒီလိုလူတွေက သင့်ရည်မှန်းချက်ကိုလည်း ဝေဝါးစေနိုင်ပါတယ်။

သင့်ဘဝကိုလည်း ဆုတ်ယုတ်စေပါတယ်။

အချိန်ကြာကြာပတ်သက်လေလေ သင့်ဘဝ ဆုတ်ယုတ်လေလေဖြစ်မှာပါ။

အဲဒါကြောင့် အဲဒီလိုလူတွေကို ပြတ်သားစွာထားခဲ့ဖို့ ၊ ခပ်ဝေးဝေးနေဖို့ ကြိုးစားရမှာ နံပါတ်တစ်ပါ။

ကိုယ်လုပ်စရာရှိတာဆက်လုပ်သွားရမှာက နံပါတ်နှစ်ပါ။

သင်က အဲဒီလို သင့်ဘဝမှာ မရှိသင့်ဘဲ ရှိနေတဲ့လူတွေနဲ့ ခပ်ဝေးဝေးနေလို့မဖြစ်နိုင်ဘူးဆိုရင်

သူတို့ကို သင့်စိတ်ထဲကနေသာ block ထားလိုက်ပါ။

သူတို့ဘာလုပ်လုပ်မခံစားဘူးလို့ ကိုယ့်ကိုယ်ကိုယ်နေ့တိုင်းသတိပေးပါ။

သင်လုပ်စရာရှိတာကိုသာ တစိုက်မတ်မတ်ဆက်လုပ်သွားဖို့က သင်လုပ်နိုင်တဲ့ကိစ္စပါပဲ။

ဘဝမှာ ကြုံလာရတဲ့လူတိုင်းက သင့်ကိုတစ်ခုခုပေးသွားပါတယ်။ ယူတတ်ရင်လည်း သင့်အတွက်တန်ဖိုးရှိတာကို သင်ရသွားပါတယ်။

“Good people give you happiness. Bad people give you experience. Worst people give you a lesson. And best people give you memories.”

လူကောင်းတွေက သင့်ကိုပျော်ရွှင်စေတယ်၊ လူဆိုးတွေက သင့်ကိုသင်ခန်းစာပေးတယ်။ အကောင်းဆုံးလူတွေကတော့ သင့်ကို အမှတ်တရမှတ်ဥာဏ်တွေပေးသွားတာပဲပေါ့။

အဲဒီ့တော့ ကိုယ့်ဘဝမှာမရှိသင့်တဲ့လူတွေရဲ့ ဆိုးဝါးတဲ့ အကျင့်စရိုက်၊ အပြုအမူလုပ်ရပ်မျိုး ကိုယ်တိုင်က သူများကိုမလုပ်မိအောင် သင်ခန်းစာယူပါ။

မလုပ်မိအောင်ကြိုးစားပါ။ သူတို့ကို သင်မပြုပြင်နိုင်ရင် မပြုပြင်ဘဲ သင့်ကိုယ်သင်သာ ပြုပြင်လိုက်ပါ။ “

If you don’t like something, change it. If you can’t change it, change your attitude.” Maya Angelou ရဲ့ မှတ်ချက်လိုပေါ့။ မကြိုက်တဲ့အရာကို ပြောင်းလဲလိုက်ပါ။

သင်မကြိုက်တဲ့အရာကို ပြောင်းလဲပစ်လို့မရရင် အဲဒါနဲ့ပတ်သက်တဲ့သင့်အမြင်အတွေး သင့်ခံယူချက်ကိုသာ ပြောင်းလဲလိုက်ပါတဲ့။

အဲဒီ့သဘောတရားပါပဲ။ သင့်ဘဝမှာ မရှိသင့်တဲ့လူတွေကို ပြတ်သားစွာ စွန့်ခွာပါ။

မစွန့်ခွာနိုင်ရင် သူတို့ဆီက ရတဲ့သင်ခန်းစာနဲ့ သင့်ကိုယ်သင်သာပြုပြင်ပြောင်းလဲလိုက်ပါ။

စိတ်ထဲကနေသာ block ထားလိုက်ပါလို့ အကြံပေးလိုက်ရပါတယ်။ ကျင့်ယူကြည့်လိုက်ပါနော်။

အချိန်တစ်ခုယူရမှာ မှန်ပေမယ့် သင့်အတွက် အဆင်ပြေလာပါလိမ့်မယ်။

Credit – BAWA

ဘဝမွာ မ႐ွိသင့္ခဲ့တဲ့ သူေတြအတြက္ မခံစားပါနဲ႔….

ကိုယ့္ဘဝမွာလုံးဝ မ႐ွိသင့္တဲ့လူမ်ိဳးေတြ ႐ွိပါတယ္။

လူတိုင္းလည္း အဲဒီလိူလူမ်ိဳးၾကဳံဖူးၾကမယ္ထင္ပါတယ္။

အဲဒီလိုလူေတြဟာ သူစိမ္းမွမဟုတ္ပါဘူး။

မိသားစုထဲမွာလည္း႐ွိတတ္ပါတယ္။

ကိုယ့္ပတ္ဝန္းက်င္မွာလည္း ႐ွိတတ္ပါတယ္။

ကိုယ္နဲ႔အနီးဆုံးမွာ႐ွိေနသူမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။

စာေလးတစ္ပုဒ္ဖတ္မိလိုက္ရာကေန ေတြးမိသြားတာပါပဲ။

အမုန္းဆုံးလူဆိုတာမ႐ွိဘူးတဲ့။

မပတ္သက္ခဲ့ရင္ေကာင္းမယ္ဆိုတဲ့လူမ်ိဳးပဲ႐ွိတယ္ဆိုတဲ့စာသားေလးကို မွတ္မိေနပါတယ္။

ဘဝမွာမ႐ွိသင့္တဲ့လူဆိုတာလည္း အဲဒီ့သေဘာတရားပါပဲ။

ကိုယ့္အတြက္မဟုတ္ေပမယ့္ အေျခအေနအေၾကာင္းေၾကာင့္ပတ္သက္ရတယ္၊

ဒါေပမယ့္တကယ္တမ္းက မ႐ွိသင့္တဲ့လူေတြပါ။

တခါတေလ ဘဝမွာ အဲဒီလို လူေတြက သင့္ကို အာ႐ုံေနာက္ေအာင္ အလုပ္ႏိုင္ဆုံးလူေတြထဲမွာပါပါတယ္။

မ႐ွိသင့္ေပမယ့္ ႐ွိေနတဲ့အခါ ကိုယ့္ကိုအမ်ိဳးမ်ိဳး အာ႐ုံေနာက္ေစပါတယ္။ ဒုကၡေပးႏိုင္ပါတယ္။

စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့လူေတြပါပဲ။

မ႐ွိသင့္တာမွန္ေပမယ့္ ႐ွိေနတယ္။

ျပတ္သားစြာ စြန္႔လႊတ္ပစ္လိုက္လို႔လည္းမရဘူးဆိုတဲ့ အေျခအေနမ်ိဳးကို ၾကဳံဖူးၾကမယ္ထင္ပါတယ္။

အဲဒီလိုလူေတြအတြက္ အရမ္းအာ႐ုံေနာက္လာလို႔ ကိုယ့္ကို ကိုယ္ေရာစိတ္ပါထိခိုက္လာတဲ့အခါ သင့္ကိုယ္သင္ေသခ်ာျပန္ေတြးၾကည့္ပါ။

ကိုယ့္အတြက္ ေကာင္းက်ိဳးတစ္စက္မွမေပးတဲ့လူအတြက္ ကိုယ္က ပူေလာင္ေနလို႔၊ ခံစားေနလို႔ ဘာအက်ိဳး႐ွိမွာလဲ။

ဘာေတြတိုးတက္သြားမွာလဲ။ ကိုယ့္အတါက္ ဆုတ္ယုတ္မႈသာ တိုးလာမွာပါ။

အဲဒီလိုလူေတြက သင့္ရည္မွန္းခ်က္ကိုလည္း ေဝဝါးေစႏိုင္ပါတယ္။

သင့္ဘဝကိုလည္း ဆုတ္ယုတ္ေစပါတယ္။

အခ်ိန္ၾကာၾကာပတ္သက္ေလေလ သင့္ဘဝ ဆုတ္ယုတ္ေလေလျဖစ္မွာပါ။

အဲဒါေၾကာင့္ အဲဒီလိုလူေတြကို ျပတ္သားစြာထားခဲ့ဖို႔ ၊ ခပ္ေဝးေဝးေနဖို႔ ႀကိဳးစားရမွာ နံပါတ္တစ္ပါ။

ကိုယ္လုပ္စရာ႐ွိတာဆက္လုပ္သြားရမွာက နံပါတ္ႏွစ္ပါ။

သင္က အဲဒီလို သင့္ဘဝမွာ မ႐ွိသင့္ဘဲ ႐ွိေနတဲ့လူေတြနဲ႔ ခပ္ေဝးေဝးေနလို႔မျဖစ္ႏိုင္ဘူးဆိုရင္ သူတို႔ကို သင့္စိတ္ထဲကေနသာ block ထားလိုက္ပါ။

သူတို႔ဘာလုပ္လုပ္မခံစားဘူးလို႔ ကိုယ့္ကိုယ္ကိုယ္ေန႔တိုင္းသတိေပးပါ။

သင္လုပ္စရာ႐ွိတာကိုသာ တစိုက္မတ္မတ္ဆက္လုပ္သြားဖို႔က သင္လုပ္ႏိုင္တဲ့ကိစၥပါပဲ။

ဘဝမွာ ၾကဳံလာရတဲ့လူတိုင္းက သင့္ကိုတစ္ခုခုေပးသြားပါတယ္။ ယူတတ္ရင္လည္း သင့္အတြက္တန္ဖိုး႐ွိတာကို သင္ရသြားပါတယ္။

“Good people give you happiness. Bad people give you experience. Worst people give you a lesson. And best people give you memories.”

လူေကာင္းေတြက သင့္ကိုေပ်ာ္႐ႊင္ေစတယ္၊ လူဆိုးေတြက သင့္ကိုသင္ခန္းစာေပးတယ္။ အေကာင္းဆုံးလူေတြကေတာ့ သင့္ကို အမွတ္တရမွတ္ဥာဏ္ေတြေပးသြားတာပဲေပါ့။

အဲဒီ့ေတာ့ ကိုယ့္ဘဝမွာမ႐ွိသင့္တဲ့လူေတြရဲ႕ ဆိုးဝါးတဲ့ အက်င့္စ႐ိုက္၊ အျပဳအမူလုပ္ရပ္မ်ိဳး ကိုယ္တိုင္က သူမ်ားကိုမလုပ္မိေအာင္ သင္ခန္းစာယူပါ။

မလုပ္မိေအာင္ႀကိဳးစားပါ။ သူတို႔ကို သင္မျပဳျပင္ႏိုင္ရင္ မျပဳျပင္ဘဲ သင့္ကိုယ္သင္သာ ျပဳျပင္လိုက္ပါ။ “

If you don’t like something, change it. If you can’t change it, change your attitude.” Maya Angelou ရဲ႕ မွတ္ခ်က္လိုေပါ့။ မႀကိဳက္တဲ့အရာကို ေျပာင္းလဲလိုက္ပါ။

သင္မႀကိဳက္တဲ့အရာကို ေျပာင္းလဲပစ္လို႔မရရင္ အဲဒါနဲ႔ပတ္သက္တဲ့သင့္အျမင္အေတြး သင့္ခံယူခ်က္ကိုသာ ေျပာင္းလဲလိုက္ပါတဲ့။

အဲဒီ့သေဘာတရားပါပဲ။ သင့္ဘဝမွာ မ႐ွိသင့္တဲ့လူေတြကို ျပတ္သားစြာ စြန္႔ခြာပါ။

မစြန္႔ခြာႏိုင္ရင္ သူတို႔ဆီက ရတဲ့သင္ခန္းစာနဲ႔ သင့္ကိုယ္သင္သာျပဳျပင္ေျပာင္းလဲလိုက္ပါ။

စိတ္ထဲကေနသာ block ထားလိုက္ပါလို႔ အၾကံေပးလိုက္ရပါတယ္။ က်င့္ယူၾကည့္လိုက္ပါေနာ္။

အခ်ိန္တစ္ခုယူရမွာ မွန္ေပမယ့္ သင့္အတြက္ အဆင္ေျပလာပါလိမ့္မယ္။

Credit – BAWA