Love

အချစ်ဦးနဲ့လွဲပြီးမှ ဖြစ်ပေါ်လာတဲ့ ဒုတိယအချစ်က ပိုကောင်းတယ်ဆိုတာပြနေတဲ့သက်သေ(၅)ခု…

အချစ်ဦးနဲ့လွဲပြီးမှ ဖြစ်ပေါ်လာတဲ့ ဒုတိယအချစ်က ပိုကောင်းတယ်ဆိုတာပြနေတဲ့သက်သေ(၅)ခု…

လူတော်တော်များများက အသည်းကွဲပြီးတဲ့ နောက်မှာ နောက်တစ်ခေါက် ထပ်ချစ်ဖို့ ကြောက်သွားတတ်ပြီး

အတည်မချစ်မိအောင် ကိုယ့်ကိုယ်ကို ကန့်သတ်ထားလေ့ ရှိပါတယ် …။

တကယ်တော့ ဒီလိုစိတ်မျိုးနဲ့ ကန့်သတ်ထားတာ မကောင်းပါဘူး …။

ဘာလို့လဲဆိုတော့ အသည်းကွဲပြီးတဲ့ နောက်မှာ ဖြစ်လာတဲ့ အချစ်က

ပိုပြီး ကောင်းမွန်တယ်ဆိုတာ ဒီအချက်တွေက သက်သေပါပဲနော် …။

(၁) အသည်းအသန် မခံစားတော့ဘူး

အသည်းကွဲပြီး နောက်တစ်ခေါက် ထပ်ချစ်မိတဲ့အခါ ဒီလူအပေါ်လုံးဝ စိတ်နှစ်ပြီး မခံစားတော့ဘဲ

ပျော်စရာတွေကို အတူတူ ဖန်တီးမယ်၊ စိတ်ညစ်စရာတွေကိုလည်း ပေါ့ပေါ့ပါးပါးပဲ ကျော်ဖြတ် လာနိုင်ပါလိမ့်မယ် …။

(၂) စိတ်ထားတတ်နေပြီ”

ကိုယ့်ကိုဂရုမစိုက်လို့ ဆိုပြီး အသေးစိတ်ကအစ feel မနေတော့ဘူး။ အလွန်အမင်း မတွယ်ကပ်နေတော့ဘူး …။

အရာအားလုံး သူမှသူ ဖြစ်မနေတော့ဘူး။ လွတ်လပ်တဲ့ စိတ်ထားမျိုး ထားတတ်သွားပြီး တစ်ဖက်လူကိုလည်း ဖိအားတွေ မပေးတော့ဘူး …။

(၃) ကိုယ့်ကိုယ်ကို ဦးစားပေးတတ်ပြီ”

သူက ကိုယ့်ရဲ့ဘဝ၊ သူက ကိုယ့်ရဲ့အရာရာ၊ သူမရှိရင် မဖြစ်လို့ သူ့ကို ကိုယ့်ရဲ့အရာအားလုံးထက် ဦးစားပေးတာမျိုးတွေ

အရင်က လုပ်ခဲ့သလောက် အခုတော့ မလုပ်တော့ဘူး။ သူ့ထက် ကိုယ့်ကိုယ်ကို ပိုပြီး ဦးစားပေးတတ်လာတယ် …။

(၄) ဆိုးကျိုးတွေကို ကြိုမြင်ပြီး ရှောင်တတ်ပြီ

အရမ်းချစ်ရင် အရမ်း ခံစားရတယ်၊ ချစ်ပြလွန်းရင် ပစ်ချခံရတတ်တယ် ဆိုတာတွေကို ကောင်းကောင်း နားလည်နေပါပြီ …။

ကိုယ်ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာ သိနေပြီမို့ ဆိုးကျိုးတွေကို ကြိုမြင်ပြီး ရှောင်တတ်နေပြီ …။

(၅) ပိုရင့်ကျက်သွားပြီ

ကိုယ့်ချစ်သူက ကိုယ့်အတွက် အရာအားလုံး ပေးဆပ်မှာပဲ၊ ကိုယ့်ကို အရာအားလုံးထက် ဦးစားပေးမှာပဲ၊

ကိုယ်ပြောရင်တော့ နားထောင်မှာပဲဆိုတဲ့ ကလေးဆန်ဆန် အတွေးတွေ ရှိမနေတော့ဘူး …။

သူ့ဘက်ကိုယ့်ဘက် မြင်အောင် ကြည့်တတ်ပြီး လက်တွေ့ကျကျ တွေးတောတတ်ပြီ …။

ပထမအချစ်ထက် ဒုတိယအကြိမ်ဖြစ်လာတဲ့အချစ်မှာ ပိုပြီး ရင့်ကျက်သွားပြီနော် …။ ။

Credit

Zawgyi Version

အခ်စ္ဦးနဲ႔လြဲၿပီးမွ ျဖစ္ေပၚလာတဲ့ ဒုတိယအခ်စ္က ပိုေကာင္းတယ္ဆိုတာျပေနတဲ့သက္ေသ(၅)ခု…

လူေတာ္ေတာ္မ်ားမ်ားက အသည္းကြဲၿပီးတဲ့ ေနာက္မွာ ေနာက္တစ္ေခါက္ ထပ္ခ်စ္ဖို႔ ေၾကာက္သြားတတ္ၿပီး

အတည္မခ်စ္မိေအာင္ ကိုယ့္ကိုယ္ကို ကန္႔သတ္ထားေလ့ ႐ွိပါတယ္ …။

တကယ္ေတာ့ ဒီလိုစိတ္မ်ိဳးနဲ႔ ကန္႔သတ္ထားတာ မေကာင္းပါဘူး …။

ဘာလို႔လဲဆိုေတာ့ အသည္းကြဲၿပီးတဲ့ ေနာက္မွာ ျဖစ္လာတဲ့ အခ်စ္က

ပိုၿပီး ေကာင္းမြန္တယ္ဆိုတာ ဒီအခ်က္ေတြက သက္ေသပါပဲေနာ္ …။

(၁) အသည္းအသန္ မခံစားေတာ့ဘူး

အသည္းကြဲၿပီး ေနာက္တစ္ေခါက္ ထပ္ခ်စ္မိတဲ့အခါ ဒီလူအေပၚလုံးဝ စိတ္ႏွစ္ၿပီး မခံစားေတာ့ဘဲ

ေပ်ာ္စရာေတြကို အတူတူ ဖန္တီးမယ္၊ စိတ္ညစ္စရာေတြကိုလည္း ေပါ့ေပါ့ပါးပါးပဲ ေက်ာ္ျဖတ္ လာႏိုင္ပါလိမ့္မယ္ …။

(၂) စိတ္ထားတတ္ေနၿပီ”

ကိုယ့္ကိုဂ႐ုမစိုက္လို႔ ဆိုၿပီး အေသးစိတ္ကအစ feel မေနေတာ့ဘူး။ အလြန္အမင္း မတြယ္ကပ္ေနေတာ့ဘူး …။

အရာအားလုံး သူမွသူ ျဖစ္မေနေတာ့ဘူး။ လြတ္လပ္တဲ့ စိတ္ထားမ်ိဳး ထားတတ္သြားၿပီး တစ္ဖက္လူကိုလည္း ဖိအားေတြ မေပးေတာ့ဘူး …။

(၃) ကိုယ့္ကိုယ္ကို ဦးစားေပးတတ္ၿပီ”

သူက ကိုယ့္ရဲ႕ဘဝ၊ သူက ကိုယ့္ရဲ႕အရာရာ၊ သူမ႐ွိရင္ မျဖစ္လို႔ သူ႕ကို ကိုယ့္ရဲ႕အရာအားလုံးထက္ ဦးစားေပးတာမ်ိဳးေတြ

အရင္က လုပ္ခဲ့သေလာက္ အခုေတာ့ မလုပ္ေတာ့ဘူး။ သူ႕ထက္ ကိုယ့္ကိုယ္ကို ပိုၿပီး ဦးစားေပးတတ္လာတယ္ …။

(၄) ဆိုးက်ိဳးေတြကို ႀကိဳျမင္ၿပီး ေ႐ွာင္တတ္ၿပီ

အရမ္းခ်စ္ရင္ အရမ္း ခံစားရတယ္၊ ခ်စ္ျပလြန္းရင္ ပစ္ခ်ခံရတတ္တယ္ ဆိုတာေတြကို ေကာင္းေကာင္း နားလည္ေနပါၿပီ …။

ကိုယ္ဘာလုပ္ရင္ ဘာျဖစ္မယ္ဆိုတာ သိေနၿပီမို႔ ဆိုးက်ိဳးေတြကို ႀကိဳျမင္ၿပီး ေ႐ွာင္တတ္ေနၿပီ …။

(၅) ပိုရင့္က်က္သြားၿပီ

ကိုယ့္ခ်စ္သူက ကိုယ့္အတြက္ အရာအားလုံး ေပးဆပ္မွာပဲ၊ ကိုယ့္ကို အရာအားလုံးထက္ ဦးစားေပးမွာပဲ၊

ကိုယ္ေျပာရင္ေတာ့ နားေထာင္မွာပဲဆိုတဲ့ ကေလးဆန္ဆန္ အေတြးေတြ ႐ွိမေနေတာ့ဘူး …။

သူ႕ဘက္ကိုယ့္ဘက္ ျမင္ေအာင္ ၾကည့္တတ္ၿပီး လက္ေတြ႕က်က် ေတြးေတာတတ္ၿပီ …။

ပထမအခ်စ္ထက္ ဒုတိယအႀကိမ္ျဖစ္လာတဲ့အခ်စ္မွာ ပိုၿပီး ရင့္က်က္သြားၿပီေနာ္ …။ ။

Credit