တကယ့် အချစ်စစ်ဆိုတာ …
ပိုက်ဆံ ရှိဖို့ မလိုဘူး အတူတူ ကြိုးစားလို့ဖြစ်တယ်။
နောက်တွန့်နေစရာ မလိုဘူး အတူတူ ရင်ဆိုင်လို့ရတယ်။
ရုပ်ချောဖို့ မလိုဘူး သစ္စာရှိဖို့ပဲ လိုတယ်။
အားငယ်နေစရာ မလိုဘူး အတူတူ မျှဝေခံစားဖို့တော့ လိုမယ်။
သိပ်ချစ်ကျတဲ့ ချစ်သူတွေဆိုတာ…
ဘယ်လိုပြသနာတွေနဲ့ပဲ တွေ့ကြုံတွေ့ကြုံ အနည်းဆုံးတော့ လက်တွဲ မဖြုတ်ခဲ့နိုင်တာမျိုးပေါ့…
အရောင်ဆိုးထားတဲ့ အချစ်တွေထက် ပကတိအခြေအနေလေး တစ်ခုအပေါ်
နားလည် လက်သင့်ခံနိုင်တဲ့ချစ်သူမျိုးကို ပိုတန်ဖိုးထားသင့်တယ်…
ကိုယ်မဟုတ်တဲ့ သူစိမ်းတစ်ယောက်ကို လက်တွဲဖို့ဆိုတာ
ဘာဆိုဘာမှ မလိုဘူး တကယ်ချစ်ဖို့ပဲ လိုတယ်မဟုတ်လား ….။
#တကယ့်အချစ်စစ်ဆိုတာ …
တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားကြပြီဆိုရင်
အကွာအဝေးဆိုတာ မရှိတော့ဘူး။
အသက်ကြီးတာ ငယ်တာတွေ မရှိတော့ပါဘူး။
ဆင်းရဲတာ ချမ်းသာတာတွေနဲ့လဲ သိပ်မဆိုင်တော့ပါဘူး။
ရုပ်ဆိုးတာ ရုပ်ချောတာတွေလဲ အဓိကမကျတော့ပါဘူး။
တကယ်ချစ်မိကြတဲ့အခါ ဘယ်လောက်ပဲ ဝေးကွာနေပါစေ
အမြဲတမ်း ဆုံဆည်းဖို့ အတွက်ပဲ ကြိုးစားနေတတ်ကြပါတယ်။
ဘယ်လောက်ပဲ ရင့်ကျက်နေတဲ့ လူတစ်ယောက် ဖြစ်နေပါစေ
ကိုယ် တကယ်ချစ်ရတဲ့ လူတစ်ယောက်နဲ့ တွေ့ရင် ကလေးဆန်သွားကြပါတယ်။
တကယ်ချစ်ကြတဲ့ လူနှစ်ယောက်မှာ ဂုဏ်ပကာသနဆိုတာတွေထက်
တစ်ယောက်လက်တစ်ယောက် တွဲပြီး
ရှေ့ဆက်မယ့်အနာဂတ် အကောင်းဆုံးဖြစ်အောင်ပဲ ကြိုးစားနေကြပါလိမ့်မယ်။
တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ခဲ့ကြရင်ပေါ့…..
တကယ့်အချစ်စစ်မှာ ယောက်ကျာ်းလေးတွေအနေနဲ့ သိထားရမဲ့ မိန်းကလေးတွေရဲ့စိတ်နေသဘောထားကတော့ …
မိန်းမကလေးတွေရဲ့စိတ်နေသဘောထားဆိုတာ … လှပခြင်းကို နှစ်သက်တယ်
သာယာမှု့မှာ ပျော်မွေ့လိုတယ်… ကြင်နာခြင်းအတွက် ကြည်နူးလိုတယ်
ဂရုစိုက်ခြင်းမှာ မွေ့လျော်လိုတယ်… ပြောင်းလဲခြင်းမှာ ရှင်သန်လိုတယ်
မေတ္တာတရားမှာ လိုအင်ကြီးတယ် ချစ်ခြင်းအတွက်ဆို ပေးဆပ်လိုတယ်
သံသယတောမှာ စီးမျောလွယ်တယ် ပကာသနကို မက်မောတတ်တယ်
သဝန်တိုခြင်းမှာ ကျွမ်းကျင်တတ်တယ်
နှလုံးသားအရေးမှာ ရှုံးနိမ့်မှာ ကြောက်တယ်
လက်တွဲဖေါ်ကို ရွေးချယ်တဲ့အခါ ဝေခွဲမရတဲ့ စိတ်များစွာနဲ့ စိုးရွံ့ခြင်းတို့လည်း ရှိတတ်ကြတယ်……
ဒါပေမဲ့ အားငယ် ဝမ်းနည်းနေချိန်မှာ တမ်းတမိတဲ့ သူကတော့
အဲဒီမိန်းမတစ်ယောက်ရဲ့ နှလုံးသားထဲကသူပါပဲ…။
( ဒီလောက်ဆိုရင်တကယ့်အချစ်စစ်ဆိုတာ ဘာလဲဆိုတဲ့ သဘောတရားကို နားလည်နိုင်ကြပြီလို့ ထင်မြင်ယူဆပါတယ်။)
Credit – Anonymous
Zawgyi Version
တကယ့် အချစ်စစ်ဆိုတာ …
#တကယ့်အချစ်စစ်ဆိုတာ …
Credit – Anonymous