Beauty

သဘာဝအတိုင်း မျက်ခုံးမွှေးနက်နက်ထူထူလေးဖြစ်အောင်လုပ်လို့ရမယ့်အိမ်တွင်းနည်းလမ်းများ…

သဘာဝအတိုင်း မျက်ခုံးမွှေးနက်နက်ထူထူလေးဖြစ်အောင်လုပ်လို့ရမယ့်အိမ်တွင်းနည်းလမ်းများ…

မျက်နှာတစ်ခုမှာ မျက်ခုံးမွှေး ရဲ့ အလှကလည်း အရေးပါလှပါတယ်။

အလှမပြင်ထားရင်တောင် မျက်ခုံးမွှေးလေး ထူထူနက်နက်လေး ဖြစ်နေရင် သဘာဝ အတိုင်း ချစ်စရာ ကောင်းနေတာပါ။

မျက်ခုံးမွှေး ပါးတဲ့ သူတွေကတော့ ဒီခံစားချက်ကို ကောင်းကောင်း နားလည်မယ် ထင်ပါတယ်။

ဒါ့ကြောင့် မျက်ခုံးမွှေး ပါးတဲ့ သူတွေအတွက် ထူပြီး နက်နက်ကလေးဖြစ်အောင် လုပ်လို့ရတဲ့

အိမ်တွင်း နည်းလမ်းကောင်းလေးတွေကို မျှဝေ ပေးချင်ပါတယ် ။

တကယ်လှချင်တယ်ဆိုရင်တော့ ဇွဲရှိရှိနဲ့ ပုံမှန်လုပ်မှ ရပါမယ်။

၁။ “သံလွင်ဆီ”

ဗီတာမင်အီး ကြွယ်ဝတဲ့ သံလွင်ဆီ ဟာ သင့် မျက်ခုံးမွှေးကို အရောင်နက်နက်လေးနဲ့ အရှည်မြန်ပြီး ထူထူလေး ဖြစ်နေစေမှာပါ ။

သံလွင်ဆီကို အနည်းငယ် အပူပေးပြီး ညအိပ်ရာဝင်ခါနီးတိုင်း မျက်ခုံး ပေါ်မှာ လိမ်းပြီး ၅မိနစ်ခန့် နှိပ်နယ်ပေးရမှာပါ ။

မနက်အိပ်ရာနိုးတဲ့ အခါမှာတော့ ရေနွေးလေးဖြင့် ဆေးကြောပေးလိုက်လို့ ရပါပြီ။

သံလွင်ဆီ မသုံးချင်သူများ အနေဖြင့် အုန်းဆီကို သုံးလည်း ရပါတယ် ။ အုန်းဆီ အသုံးပြုမယ်ဆိုရင်တော့ အပူပေးစရာ မလိုအပ်ပါဘူး။

၂။ “ကြက်ဥ အနှစ်”

ကြက်ဥ မှာပါဝင်တဲ့ ပရိုတိန်းဓါတ်က မျက်ခုံးမွှေး အတွက်

လိုအပ်တဲ့ အာဟာရ တွေကို များစွာ ဖြည့်တင်းပေးနိုင်ပြီး မျက်ခုံးထူထူထဲထဲ ဖြစ်စေဖို့အတွက် အထောက်အကူ ပြုနိုင်ပါတယ်။

ပထမဦးစွာ ကြက်ဥကို ခွဲပြီး အနှစ်ကို သပ်သပ်ဖယ်လိုက်ပါ ။

ထိုကြက်ဥအနှစ်ကို နာနာလေး သမအောင် မွှေလိုက်ပါ ။

ထို့နောက် ဂွမ်းဖြင့်တို့ကာ မျက်ခုံးပေါ်မှာ နံ့စပ်အောင် သုတ်လိမ်းလိုက်ပါ ။

မိနစ် ၂ဝခန့် ကြာအောင် ထားပြီးလျှင် ရေအေးလေးဖြင့် ဆေးကြောလိုက်ပါ ။

ဒီနည်းလမ်းလေးကို တစ်ပါတ်လျှင် ၂ကြိမ်ခန့် ပုံမှန် ပြုလုပ်ပေးနိုင်ပါတယ် ။

၃။ “နွားနို့”

ဒီနည်းလမ်းလေးကတော့ ဟိုးအရင်တည်းက လူသိများပြီး အသုံးများတဲ့ နည်းလမ်းလေးပါပဲ ။

နွားနို့ အနည်းငယ်ခန့်ကို ခွက်ထဲထည့်ပြီး ဂွမ်းလုံးလေးဖြင့် တို့ကာ မျက်ခုံး ပေါ်သို့ ညှင်သာစွာ ပွတ်လိမ်းပေးရုံပါပဲ ။

လိမ်းထားသော နို့ရည်များ ခြောက်သွေ့သွားလျှင် ရေခပ်နွေးနွေးဖြင့် ဆေးကြောလိုက်ပါ ။

နေ့စဉ်ပုံမှန် ပြုလုပ်ပေးရမှာပါ ။

၄။ “သံပုယိုသီး”

သံပုယိုသီး ကတော့ အလှအပရေးရာတိုင်းမှာ မပါမဖြစ်လို့တောင် ပြောရမလို ဖြစ်နေပါပြီ။

မျက်ခုံးမွှေး ရှည်ပြီး ထူထဲစေဖို့အတွက်လည်း သံပုယိုသီးမှာပါဝင်တဲ့

ဗီတာမင် စီ ၊ ဗီတာမင်ဘီ ၊ ဖောလစ်အက်ဆစ်နှင့် အခြား အာဟာရဓါတ်တွေက အထောက်အပံ့ ဖြစ်စေနိင်ပါတယ် ။

သံပုယိုသီးကို ခပ်ပါးပါးလှိးပြီး မျက်ခုံးပေါ်မှာ ပွတ်လိမ်းလိုက်ပါ ။

၁၅မိနစ် ၊ မိနစ်၂ဝခန့် ကြာလျှင် ရေနွေးလေးဖြင့် ဆေးကြောလိုက်ပါ ။

သတိထားရန်မှာ သံပုယိုသီး ခြမ်းဖြင့် ပွတ်ပြီးလျှင်

နေရောင်ခြည်ဖြင့် ၁ နာရီ ၊၂ နာရီခန့် တိုက်ရိုက် ထိတွေ့ခြင်းကို ရှောင်ပါ ။

မျက်ခုံးမွှေး အရောင်ကို မှိန်ဖျော့သွားစေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ် ။

ဒ့ါကြောင့် သံပုယိုသီးနည်းလမ်းကို အသုံးပြုမယ်ဆိုလျှင်တော့ ညဘက်မှာပဲ ပြုလုပ်စေချင်ပါတယ်။

၅။ “ကြက်သွန်နီ အရည်”

ကြက်သွန်နီ က အမွှေးအမျှင်တွေ ရှင်သန် ကြီးထွားစေဖို့ အကောင်းဆုံးပါပဲ ။

ပထမဦးစွာ ခပ်သေးသေး ကြက်သွန်နီတစ်လုံးကို အခွံခွာပြီး အရည်ညှစ်လိုက်ပါ ။

ထို့နောက် မျက်ခုံး ပေါ်ကို သုတ်လိမ်းပေးပြီး ၅ မိနစ်ခန့် လက်ညှိုးလေးဖြင့် နှိပ်နယ်ပေးပါ ။

လိမ်းထားသော ကြက်သွန်နီအရည် ခြောက်သွေ့သွားပြီ ဆိုလျှင်တော့

Mild Cleanser (သို့) မျက်နှာသစ်ဆေး အနည်းငယ်ဖြင့် ပွတ်ပြီး ရေအေးဖြင့် ဆေးကြောလိုက်ပါ ။

ဒီနည်းလမ်းကို တစ်နေ့တစ်ကြိမ် ပြုလုပ်ခြင်းဖြင့်

ရက်သတ္တပါတ် အနည်းငယ်ကြာတဲ့အခါမှာ ကောင်းမွန်တဲ့ ရလဒ်ကို မြင်တွေ့ရမှာပါ ။

Credit

Zawgyi Version

သဘာဝအတိုင္း မ်က္ခုံးေမႊးနက္နက္ထူထူေလးျဖစ္ေအာင္လုပ္လို႔ရမယ့္အိမ္တြင္းနည္းလမ္းမ်ား…

မ်က္ႏွာတစ္ခုမွာ မ်က္ခုံးေမႊး ရဲ႕ အလွကလည္း အေရးပါလွပါတယ္။

အလွမျပင္ထားရင္ေတာင္ မ်က္ခုံးေမႊးေလး ထူထူနက္နက္ေလး ျဖစ္ေနရင္ သဘာဝ အတိုင္း ခ်စ္စရာ ေကာင္းေနတာပါ။

မ်က္ခုံးေမႊး ပါးတဲ့ သူေတြကေတာ့ ဒီခံစားခ်က္ကို ေကာင္းေကာင္း နားလည္မယ္ ထင္ပါတယ္။

ဒါ့ေၾကာင့္ မ်က္ခုံးေမႊး ပါးတဲ့ သူေတြအတြက္ ထူၿပီး နက္နက္ကေလးျဖစ္ေအာင္ လုပ္လို႔ရတဲ့

အိမ္တြင္း နည္းလမ္းေကာင္းေလးေတြကို မွ်ေဝ ေပးခ်င္ပါတယ္ ။

တကယ္လွခ်င္တယ္ဆိုရင္ေတာ့ ဇြဲ႐ွိ႐ွိနဲ႔ ပုံမွန္လုပ္မွ ရပါမယ္။

၁။ “သံလြင္ဆီ”

ဗီတာမင္အီး ႂကြယ္ဝတဲ့ သံလြင္ဆီ ဟာ သင့္ မ်က္ခုံးေမႊးကို အေရာင္နက္နက္ေလးနဲ႔ အ႐ွည္ျမန္ၿပီး ထူထူေလး ျဖစ္ေနေစမွာပါ ။

သံလြင္ဆီကို အနည္းငယ္ အပူေပးၿပီး ညအိပ္ရာဝင္ခါနီးတိုင္း မ်က္ခုံး ေပၚမွာ လိမ္းၿပီး ၅မိနစ္ခန္႔ ႏွိပ္နယ္ေပးရမွာပါ ။

မနက္အိပ္ရာႏိုးတဲ့ အခါမွာေတာ့ ေရေႏြးေလးျဖင့္ ေဆးေၾကာေပးလိုက္လို႔ ရပါၿပီ။

သံလြင္ဆီ မသုံးခ်င္သူမ်ား အေနျဖင့္ အုန္းဆီကို သုံးလည္း ရပါတယ္ ။ အုန္းဆီ အသုံးျပဳမယ္ဆိုရင္ေတာ့ အပူေပးစရာ မလိုအပ္ပါဘူး။

၂။ “ၾကက္ဥ အႏွစ္”

ၾကက္ဥ မွာပါဝင္တဲ့ ပ႐ိုတိန္းဓါတ္က မ်က္ခုံးေမႊး အတြက္

လိုအပ္တဲ့ အာဟာရ ေတြကို မ်ားစြာ ျဖည့္တင္းေပးႏိုင္ၿပီး မ်က္ခုံးထူထူထဲထဲ ျဖစ္ေစဖို႔အတြက္ အေထာက္အကူ ျပဳႏိုင္ပါတယ္။

ပထမဦးစြာ ၾကက္ဥကို ခြဲၿပီး အႏွစ္ကို သပ္သပ္ဖယ္လိုက္ပါ ။

ထိုၾကက္ဥအႏွစ္ကို နာနာေလး သမေအာင္ ေမႊလိုက္ပါ ။

ထို႔ေနာက္ ဂြမ္းျဖင့္တို႔ကာ မ်က္ခုံးေပၚမွာ နံ႔စပ္ေအာင္ သုတ္လိမ္းလိုက္ပါ ။

မိနစ္ ၂ဝခန္႔ ၾကာေအာင္ ထားၿပီးလွ်င္ ေရေအးေလးျဖင့္ ေဆးေၾကာလိုက္ပါ ။

ဒီနည္းလမ္းေလးကို တစ္ပါတ္လွ်င္ ၂ႀကိမ္ခန္႔ ပုံမွန္ ျပဳလုပ္ေပးႏိုင္ပါတယ္ ။

၃။ “ႏြားႏို႔”

ဒီနည္းလမ္းေလးကေတာ့ ဟိုးအရင္တည္းက လူသိမ်ားၿပီး အသုံးမ်ားတဲ့ နည္းလမ္းေလးပါပဲ ။

ႏြားႏို႔ အနည္းငယ္ခန္႔ကို ခြက္ထဲထည့္ၿပီး ဂြမ္းလုံးေလးျဖင့္ တို႔ကာ မ်က္ခုံး ေပၚသို႔ ညႇင္သာစြာ ပြတ္လိမ္းေပး႐ုံပါပဲ ။

လိမ္းထားေသာ ႏို႔ရည္မ်ား ေျခာက္ေသြ႕သြားလွ်င္ ေရခပ္ေႏြးေႏြးျဖင့္ ေဆးေၾကာလိုက္ပါ ။

ေန႔စဥ္ပုံမွန္ ျပဳလုပ္ေပးရမွာပါ ။

၄။ “သံပုယိုသီး”

သံပုယိုသီး ကေတာ့ အလွအပေရးရာတိုင္းမွာ မပါမျဖစ္လို႔ေတာင္ ေျပာရမလို ျဖစ္ေနပါၿပီ။

မ်က္ခုံးေမႊး ႐ွည္ၿပီး ထူထဲေစဖို႔အတြက္လည္း သံပုယိုသီးမွာပါဝင္တဲ့

ဗီတာမင္ စီ ၊ ဗီတာမင္ဘီ ၊ ေဖာလစ္အက္ဆစ္ႏွင့္ အျခား အာဟာရဓါတ္ေတြက အေထာက္အပံ့ ျဖစ္ေစနိင္ပါတယ္ ။

သံပုယိုသီးကို ခပ္ပါးပါးလွိးၿပီး မ်က္ခုံးေပၚမွာ ပြတ္လိမ္းလိုက္ပါ ။

၁၅မိနစ္ ၊ မိနစ္၂ဝခန္႔ ၾကာလွ်င္ ေရေႏြးေလးျဖင့္ ေဆးေၾကာလိုက္ပါ ။

သတိထားရန္မွာ သံပုယိုသီး ျခမ္းျဖင့္ ပြတ္ၿပီးလွ်င္

ေနေရာင္ျခည္ျဖင့္ ၁ နာရီ ၊၂ နာရီခန္႔ တိုက္႐ိုက္ ထိေတြ႕ျခင္းကို ေ႐ွာင္ပါ ။

မ်က္ခုံးေမႊး အေရာင္ကို မွိန္ေဖ်ာ့သြားေစႏိုင္တာေၾကာင့္ပဲ ျဖစ္ပါတယ္ ။

ဒ့ါေၾကာင့္ သံပုယိုသီးနည္းလမ္းကို အသုံးျပဳမယ္ဆိုလွ်င္ေတာ့ ညဘက္မွာပဲ ျပဳလုပ္ေစခ်င္ပါတယ္။

၅။ “ၾကက္သြန္နီ အရည္”

ၾကက္သြန္နီ က အေမႊးအမွ်င္ေတြ ႐ွင္သန္ ႀကီးထြားေစဖို႔ အေကာင္းဆုံးပါပဲ ။

ပထမဦးစြာ ခပ္ေသးေသး ၾကက္သြန္နီတစ္လုံးကို အခြံခြာၿပီး အရည္ညႇစ္လိုက္ပါ ။

ထို႔ေနာက္ မ်က္ခုံး ေပၚကို သုတ္လိမ္းေပးၿပီး ၅ မိနစ္ခန္႔ လက္ညိႇဳးေလးျဖင့္ ႏွိပ္နယ္ေပးပါ ။

လိမ္းထားေသာ ၾကက္သြန္နီအရည္ ေျခာက္ေသြ႕သြားၿပီ ဆိုလွ်င္ေတာ့

Mild Cleanser (သို႔) မ်က္ႏွာသစ္ေဆး အနည္းငယ္ျဖင့္ ပြတ္ၿပီး ေရေအးျဖင့္ ေဆးေၾကာလိုက္ပါ ။

ဒီနည္းလမ္းကို တစ္ေန႔တစ္ႀကိမ္ ျပဳလုပ္ျခင္းျဖင့္

ရက္သတၱပါတ္ အနည္းငယ္ၾကာတဲ့အခါမွာ ေကာင္းမြန္တဲ့ ရလဒ္ကို ျမင္ေတြ႕ရမွာပါ ။

Credit