သင့်ကို မေတ္တာစစ်၊မေတ္တာမှန်နဲ့ ချစ်တဲ့ချစ်သူဆိုတာ ဒီလိုလေးပါ…
မိန်းကလေးတစ်ယောက်ရဲ့ ဘဝမှာ ကိုယ့်ကို အရိပ်တကြည့်ကြည့်နဲ့ ချစ်တဲ့
ယောက်ျားတစ်ယောက်ကို ရရှိထားတာဟာ အရမ်းကို ကံကောင်းပါတယ်။
ဒီလိုယောကျ်ားနဲ့ ချစ်သူဖြစ်ရတာ စိတ်ချမ်းသာစရာကောင်းသလို
မိန်းကလေးတိုင်းရဲ့ ဆန္ဒတစ်ခုလည်းဖြစ်ပါတယ် …။
တကယ်လို့ သင့်ချစ်သူဟာ ခုဖော်ပြထားတဲ့ အချက်တော်တော်များများနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့
သင်ဟာ အလွန်ကံကောင်းတဲ့သူဖြစ်လို့ သင့်ရဲ့ချစ်သူကို အရင်ကထက် အများကြီး ပိုချစ်ပေးလိုက်ပါနော်။
(၁) စိတ်ဆိုးမှာ ကြောက်တယ်။
သင့်ချစ်သူဟာ သင်စိတ်ဆိုးမှာကို အရမ်းကြောက်တဲ့ သူမျိုးပါ …။
ဒါကြောင့် သင့်ကို အမြဲတမ်း ဦးစားပေး လိုက်လျောတဲ့ အချိန်တွေက ပိုများနေမှာပါ။
သူ့ရဲ့ဆန္ဒတွေထက် သင့်ရဲ့ဆန္ဒတွေကို ပိုပြီး ဦးစားပေးတတ်တဲ့ သူမျိုးပါ။
တစ်ခါတလေ အသေးအမွှားကိစ္စလေးတွေမှာ သင့်ကို လိမ်ပြောတတ်ပါတယ်။
အကြောင်းကတော့ သင်မကြိုက်တဲ့ အရာလေးတွေကို သူလုပ်မိတဲ့အခါ
သင်စိတ်ဆိုးသွားမှာ အရမ်းကြောက်လို့ လိမ်ပြောရတာပါ …။
အဲလိုအချိန်ကျရင် သိပ်အရေးမကြီးတဲ့ အရာတွေဆိုရင် မသိချင်ယောင် ဆောင်နေပေးလိုက်တာ ပိုကောင်းပါတယ်။
(၂) ပစ်မထားရက်ဘူး။
ချစ်သူတွေရဲ့ သဘာဝ တစ်ခါတလေ ကတောက်ကဆ ဖြစ်တဲ့ အချိန်တွေလည်းရှိမယ်၊
အကြီးအကျယ် ရန်ဖြစ်တဲ့ အချိန်တွေလည်း ရှိမယ် …။
ဒါပေမယ့် သင့်ချစ်သူဟာ သင်နဲ့ဘယ်လောက်ပဲ စိတ်ဆိုးစိတ်ကောက် နေပါစေ၊
သင့်ကိုအကြာကြီး မချော့ပဲ ပစ်ထားတတ်တဲ့သူ မဟုတ်ပါဘူး …။
တစ်ရက်အတွင်း သင့်နဲ့ ပြေလည်အောင် ကြိုးစားမယ့် သူမျိုးပါ။
အကြောင်းကတော့ သင်မပျော်ရင် သူလည်းမပျော်နိုင်သလို၊
သင်နာကျင်နေရမှာကို သူ လုံးဝမကြည့်ရက်တာကြောင့်ပါ …။
(၃) အလိုက်သိတယ်။
သင့်ချစ်သူဟာ အရမ်းကို အလိုက်သိလွန်းလို့
တစ်ခါတလေ သင့်စိတ်ထဲမှာ သူ့ကို သနားမိတဲ့ အချိန်တွေတောင် ရှိနေတတ်ပါတယ်။
သူဒီလို အလိုက်သိတယ်ဆိုတာကလည်း သင့်ကို အရမ်းချစ်ပြီး အရမ်းဂရုစိုက်လို့ပါ …။
သင်ဘာလိုချင်လဲ၊ ဘယ်လိုခံစားရလဲ၊ ဘာလိုအပ်လဲဆိုတာကို အမြဲတမ်းအကဲခတ်ပြီး သူတတ်နိုင်သမျှ သင့်ကို ဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ်။
ဒါကြောင့် အလိုက်သိတယ်ဆိုတာရဲ့နောက်မှာ သူ့စိတ်တစ်ခုလုံး သင့်ဆီမှာ နှစ်ထားတယ်ဆိုတာ မမေ့ပါနဲ့နော်။
(၄) သင်ရှိမှ ပြည့်စုံတယ်။
သူ့အတွက် ပျော်စရာတွေဘယ်လောက်များများ သင်မပါရင် မပြည့်စုံနိုင်ပါဘူး …။
သင်သာ သူ့ဘေးနားမှာရှိရင် လမ်းလျှောက်တာ၊ ဘေးချင်းယှဉ်ထိုင်တာ၊
လမ်းဘေးဆိုင် ဝင်စားတာကအစ ဘယ်လိုအသေးအမွှား ကိစ္စတွေတိုင်းမဆို
သူ့အတွက် အဓိပ္ပါယ်ရှိပြီး ပျော်စရာကောင်းနေသလို၊ ပြည့်စုံမှုကိုလည်း သူခံစားနေရမှာပါ …။
သင် ဘေးနားမှာသာ ရှိနေရင် အမြဲတမ်း ပြုံးပြီးပျော်နေတတ်တဲ့သူဟာ သင့်ကို အရိပ်တကြည့်ကြည့်နဲ့ ချစ်မဝတဲ့သူဖြစ်ပါတယ်။
(၅) သူနဲ့နေရင် စိတ်ချမ်းသာတယ်။
သင့်ချစ်သူဟာ သင့်အတွက်တော့ ချစ်သူတစ်ယောက် အဖြစ်သာမက
သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိသားစုဝင် တစ်ယောက်လိုကို ခံစားရမှာပါ။
အကြောင်းကတော့ သူဟာ သင့်ကို အချစ်စစ်နဲ့ ချစ်တယ်၊
စည်းစိမ်ဥစ္စာတွေနဲ့ မချမ်းသာချင်နေမယ် နွေးထွေးတဲ့ မေတ္တာတွေကိုတော့ အပြည့်အဝပေးနိုင်ပြီး သင့်ကို အမြဲတမ်း စိတ်ချမ်းသာစေနိုင်တဲ့ သူမျိုးမို့လို့ပါ။
ဒါကြောင့် သင်ဟာ သူ့ကို အမြဲတမ်း စိတ်ချသလို၊ ယုံလည်း ယုံကြည်ပြီး သူနဲ့ပတ်သတ်ရင် အမြဲတမ်း စိတ်ချမ်းသာနေရမှာ ဖြစ်ပါတယ်။
Credit
Zawgyi Version
သင့္ကို ေမတၱာစစ္၊ေမတၱာမွန္နဲ႔ ခ်စ္တဲ့ခ်စ္သူဆိုတာ ဒီလိုေလးပါ…
မိန္းကေလးတစ္ေယာက္ရဲ႕ ဘဝမွာ ကိုယ့္ကို အရိပ္တၾကည့္ၾကည့္နဲ႔ ခ်စ္တဲ့
ေယာက်္ားတစ္ေယာက္ကို ရ႐ွိထားတာဟာ အရမ္းကို ကံေကာင္းပါတယ္။
ဒီလိုေယာက်္ားနဲ႔ ခ်စ္သူျဖစ္ရတာ စိတ္ခ်မ္းသာစရာေကာင္းသလို
မိန္းကေလးတိုင္းရဲ႕ ဆႏၵတစ္ခုလည္းျဖစ္ပါတယ္ …။
တကယ္လို႔ သင့္ခ်စ္သူဟာ ခုေဖာ္ျပထားတဲ့ အခ်က္ေတာ္ေတာ္မ်ားမ်ားနဲ႔ ကိုက္ညီေနတယ္ဆိုရင္ေတာ့
သင္ဟာ အလြန္ကံေကာင္းတဲ့သူျဖစ္လို႔ သင့္ရဲ႕ခ်စ္သူကို အရင္ကထက္ အမ်ားႀကီး ပိုခ်စ္ေပးလိုက္ပါေနာ္။
(၁) စိတ္ဆိုးမွာ ေၾကာက္တယ္။
သင့္ခ်စ္သူဟာ သင္စိတ္ဆိုးမွာကို အရမ္းေၾကာက္တဲ့ သူမ်ိဳးပါ …။
ဒါေၾကာင့္ သင့္ကို အၿမဲတမ္း ဦးစားေပး လိုက္ေလ်ာတဲ့ အခ်ိန္ေတြက ပိုမ်ားေနမွာပါ။
သူ႕ရဲ႕ဆႏၵေတြထက္ သင့္ရဲ႕ဆႏၵေတြကို ပိုၿပီး ဦးစားေပးတတ္တဲ့ သူမ်ိဳးပါ။
တစ္ခါတေလ အေသးအမႊားကိစၥေလးေတြမွာ သင့္ကို လိမ္ေျပာတတ္ပါတယ္။
အေၾကာင္းကေတာ့ သင္မႀကိဳက္တဲ့ အရာေလးေတြကို သူလုပ္မိတဲ့အခါ
သင္စိတ္ဆိုးသြားမွာ အရမ္းေၾကာက္လို႔ လိမ္ေျပာရတာပါ …။
အဲလိုအခ်ိန္က်ရင္ သိပ္အေရးမႀကီးတဲ့ အရာေတြဆိုရင္ မသိခ်င္ေယာင္ ေဆာင္ေနေပးလိုက္တာ ပိုေကာင္းပါတယ္။
(၂) ပစ္မထားရက္ဘူး။
ခ်စ္သူေတြရဲ႕ သဘာဝ တစ္ခါတေလ ကေတာက္ကဆ ျဖစ္တဲ့ အခ်ိန္ေတြလည္း႐ွိမယ္၊
အႀကီးအက်ယ္ ရန္ျဖစ္တဲ့ အခ်ိန္ေတြလည္း ႐ွိမယ္ …။
ဒါေပမယ့္ သင့္ခ်စ္သူဟာ သင္နဲ႔ဘယ္ေလာက္ပဲ စိတ္ဆိုးစိတ္ေကာက္ ေနပါေစ၊
သင့္ကိုအၾကာႀကီး မေခ်ာ့ပဲ ပစ္ထားတတ္တဲ့သူ မဟုတ္ပါဘူး …။
တစ္ရက္အတြင္း သင့္နဲ႔ ေျပလည္ေအာင္ ႀကိဳးစားမယ့္ သူမ်ိဳးပါ။
အေၾကာင္းကေတာ့ သင္မေပ်ာ္ရင္ သူလည္းမေပ်ာ္ႏိုင္သလို၊
သင္နာက်င္ေနရမွာကို သူ လုံးဝမၾကည့္ရက္တာေၾကာင့္ပါ …။
(၃) အလိုက္သိတယ္။
သင့္ခ်စ္သူဟာ အရမ္းကို အလိုက္သိလြန္းလို႔
တစ္ခါတေလ သင့္စိတ္ထဲမွာ သူ႕ကို သနားမိတဲ့ အခ်ိန္ေတြေတာင္ ႐ွိေနတတ္ပါတယ္။
သူဒီလို အလိုက္သိတယ္ဆိုတာကလည္း သင့္ကို အရမ္းခ်စ္ၿပီး အရမ္းဂ႐ုစိုက္လို႔ပါ …။
သင္ဘာလိုခ်င္လဲ၊ ဘယ္လိုခံစားရလဲ၊ ဘာလိုအပ္လဲဆိုတာကို အၿမဲတမ္းအကဲခတ္ၿပီး သူတတ္ႏိုင္သမွ် သင့္ကို ျဖည့္ဆည္းေပးေနတာ ျဖစ္ပါတယ္။
ဒါေၾကာင့္ အလိုက္သိတယ္ဆိုတာရဲ႕ေနာက္မွာ သူ႕စိတ္တစ္ခုလုံး သင့္ဆီမွာ ႏွစ္ထားတယ္ဆိုတာ မေမ့ပါနဲ႔ေနာ္။
(၄) သင္႐ွိမွ ျပည့္စုံတယ္။
သူ႕အတြက္ ေပ်ာ္စရာေတြဘယ္ေလာက္မ်ားမ်ား သင္မပါရင္ မျပည့္စုံႏိုင္ပါဘူး …။
သင္သာ သူ႕ေဘးနားမွာ႐ွိရင္ လမ္းေလွ်ာက္တာ၊ ေဘးခ်င္းယွဥ္ထိုင္တာ၊
လမ္းေဘးဆိုင္ ဝင္စားတာကအစ ဘယ္လိုအေသးအမႊား ကိစၥေတြတိုင္းမဆို
သူ႕အတြက္ အဓိပၸါယ္႐ွိၿပီး ေပ်ာ္စရာေကာင္းေနသလို၊ ျပည့္စုံမႈကိုလည္း သူခံစားေနရမွာပါ …။
သင္ ေဘးနားမွာသာ ႐ွိေနရင္ အၿမဲတမ္း ျပဳံးၿပီးေပ်ာ္ေနတတ္တဲ့သူဟာ သင့္ကို အရိပ္တၾကည့္ၾကည့္နဲ႔ ခ်စ္မဝတဲ့သူျဖစ္ပါတယ္။
(၅) သူနဲ႔ေနရင္ စိတ္ခ်မ္းသာတယ္။
သင့္ခ်စ္သူဟာ သင့္အတြက္ေတာ့ ခ်စ္သူတစ္ေယာက္ အျဖစ္သာမက
သူငယ္ခ်င္းေကာင္း၊ မိတ္ေဆြေကာင္း၊ မိသားစုဝင္ တစ္ေယာက္လိုကို ခံစားရမွာပါ။
အေၾကာင္းကေတာ့ သူဟာ သင့္ကို အခ်စ္စစ္နဲ႔ ခ်စ္တယ္၊
စည္းစိမ္ဥစၥာေတြနဲ႔ မခ်မ္းသာခ်င္ေနမယ္ ေႏြးေထြးတဲ့ ေမတၱာေတြကိုေတာ့ အျပည့္အဝေပးႏိုင္ၿပီး သင့္ကို အၿမဲတမ္း စိတ္ခ်မ္းသာေစႏိုင္တဲ့ သူမ်ိဳးမို႔လို႔ပါ။
ဒါေၾကာင့္ သင္ဟာ သူ႕ကို အၿမဲတမ္း စိတ္ခ်သလို၊ ယုံလည္း ယုံၾကည္ၿပီး သူနဲ႔ပတ္သတ္ရင္ အၿမဲတမ္း စိတ္ခ်မ္းသာေနရမွာ ျဖစ္ပါတယ္။
Credit