လူကြီးဆန်ပြီး ရင့်ကျက်တဲ့ ကိုကိုတွေကို ချစ်သူတော်သင့်တဲ့ အကြောင်းအရင်းများ
ချစ်သူဆိုတာမျိုးက အချစ်တွေကြောင့် ဖြစ်လာတာဆိုပေမယ့်လည်း
တစ်ယောက်နဲ့ တစ်ယောက် ကိုက်ညီတဲ့ လက်တွဲဖော် ဖြစ်မှသာ ရေရှည်လက်တွဲကြရတာ ဖြစ်ပါတယ် …။
မိန်းကလေး တော်တော်များများနဲ့ ကိုက်ညီတဲ့ ချစ်သူ တော်တော်များများကတော့
သူတို့ထက် အသက်ကြီးတဲ့ ကိုကြီးတွေပဲ ဖြစ်ပါတယ် …။
အသက်လည်း ကြီးသလို ရင့်ကျက်ပြီး တည်ငြိမ်တဲ့ အမျိုးသားတွေနဲ့
စိတ်ဆိုးစိတ်ကောက် လုပ်တတ်တဲ့ မိန်းကလေးတွေနဲ့က အလိုက်ဖက်ဆုံးပါပဲ။
ဒီအချက်တွေကို ကြည့်လိုက်ပါဦး …။
ရင့်ကျက်တာကြောင့် ပြဿနာ နည်းမယ်။
သမီးရည်းစားတွေအတွက် အရေးကြီးဆုံး အရာကတော့ ပြဿနာတွေ ဖြစ်ရင် ပြေလည်အောင် ဖြေရှင်းနိုင်ကြတာပါပဲ။
သမီးရည်းစား သဘာဝ သဝန်တိုတာ၊ ရစ်တာနဲ့ စိတ်ကောက်တာ စတဲ့ အရာတွေကနေ ပြဿနာတွေ ဖြစ်တတ်ပါတယ်။
ဒါပေမယ့်လည်း ပြေလည်အောင် မဖြေရှင်းနိုင်ပဲ ပြတ်သွားကြတဲ့ သူတွေ ရှိပါတယ် …။
ကိုကိုတွေကတော့ မိန်းကလေး သဘာဝကြောင့် ဖြစ်တာကို နားလည်ပေးပြီး ဒီကိစ္စကြောင့် ပြတ်ဖို့ မတွေးကြသူဖို့ သင့်ကို စိတ်ချမ်းသာစေမှာပါ။
လူကြီးဆန်တာကြောင့် ချော့တတ်တယ်
မိန်းကလေးတွေက ဘယ်လောက် အသက်ကြီးကြီး မချွဲတတ်တဲ့ မိန်းကလေးတောင် ဆိုးတတ်ကြပါတယ်။
စိတ်ကောက်တာတွေလည်း လုပ်တတ်ကြပါတယ်။
ကိုကိုတွေကတော့ ချစ်ရတဲ့ မိန်းကလေး စိတ်ကောက်နေရင်တောင် စိတ်ကောက်ပြေဖို့ ကြိုးစားတဲ့ သူတွေပါ။
မချော့အားသေးရင်တောင် မချော့အားသေးကြောင်း ပြောပြပြီး စိတ်အေးစေတဲ့ သူတွေ ဖြစ်လို့ ရွေးသင့်ပါတယ်နော်။
အရည်အချင်း ရှိကြတယ်။
ချစ်သူဆိုပေမယ့်လည်း ဘဝကို အတူလျှောက်လှမ်းဖို့ဆို အရည်အချင်း ရှိတဲ့သူလည်း ဖြစ်ဖို့ လိုပါသေးတယ်။
ဒါမှ တက်ညီလက်ညီ ကြိုးစားရင်း အတူဖြတ်သန်းလို့ ရမှာပါ …။
ချစ်သူ နှစ်ဦးလုံး အရည်အချင်း ရှိတာက ပိုပြီး အပြန်အလှန် အကျိုး ဖြစ်စေပါတယ်။
အရည်အချင်း ရှိတော့ သူ့အတွက် သင် တွေးပြီး ပူပေးစရာ မလိုတာကလည်း တစ်ခု ကောင်းပါတယ်။
ပံ့ပိုးပေးနိုင်တယ်။
ချစ်သူချင်း အပြန်အလှန် ပံ့ပိုးပေးနိုင်တာက အကောင်းဆုံး အခြေအနေ တစ်ခု ဖြစ်ပါတယ် …။
ကိုယ်လိုအပ်တဲ့ အခါတွေမှာ စိတ်အား၊ လူအား၊ အကြံဉာဏ်အားဖြင့် ပံ့ပိုးပေးတာက တကယ့်ကို အားရှိပြီး စိတ်သက်သာရာ ရစေပါတယ်။
ကိုယ် ချစ်တဲ့သူက ကိုယ့်ကို အားဖြစ်စေတာ အကူအညီပေးတာက ပိုပြီး စိတ်ကို တွန်းအား ဖြစ်စေလို့ ကိုကိုတွေက ချစ်သူ အဖြစ် အသင့်တော်ဆုံးပါ။
အားကိုးလို့ ရတယ်။
တစ်ခါတစ်လေမှာ လူတွေမှာ ပင်ပန်းလာတဲ့ အချိန်တွေဆိုတာ ရှိပါတယ် …။
ဒီလို ပင်ပန်းပြီး အရာအားလုံးကို လွှတ်ချလိုက်ရင်တောင်မှ သင့်ချစ်သူကိုကိုက သင့်အတွက် တည်ငြိမ်စွာ အားအင် ဖြစ်စေမှာပါ။
သင့်အလိုအတိုင်း သင်ခဏ နေနိုင်ဖို့ သူ့ဘက်က နိုင်သလောက် ကူညီပေးတတ်ပါတယ် …။
ဒါက ကိုကိုတွေကို ချစ်သူတော်ရင် ရမယ့် အချက်တစ်ချက်ပါပဲ။ အရွေးမမှားဖို့ လိုပါတယ်နော် …။ ။
Credit to writer
Zawgyi
လူႀကီးဆန္ၿပီး ရင့္က်က္တဲ့ ကိုကိုေတြကို ခ်စ္သူေတာ္သင့္တဲ့ အေၾကာင္းအရင္းမ်ား
ခ်စ္သူဆိုတာမ်ိဳးက အခ်စ္ေတြေၾကာင့္ ျဖစ္လာတာဆိုေပမယ့္လည္း
တစ္ေယာက္နဲ႔ တစ္ေယာက္ ကိုက္ညီတဲ့ လက္တြဲေဖာ္ ျဖစ္မွသာ ေရ႐ွည္လက္တြဲၾကရတာ ျဖစ္ပါတယ္ …။
မိန္းကေလး ေတာ္ေတာ္မ်ားမ်ားနဲ႔ ကိုက္ညီတဲ့ ခ်စ္သူ ေတာ္ေတာ္မ်ားမ်ားကေတာ့
သူတို႔ထက္ အသက္ႀကီးတဲ့ ကိုႀကီးေတြပဲ ျဖစ္ပါတယ္ …။
အသက္လည္း ႀကီးသလို ရင့္က်က္ၿပီး တည္ၿငိမ္တဲ့ အမ်ိဳးသားေတြနဲ႔
စိတ္ဆိုးစိတ္ေကာက္ လုပ္တတ္တဲ့ မိန္းကေလးေတြနဲ႔က အလိုက္ဖက္ဆုံးပါပဲ။
ဒီအခ်က္ေတြကို ၾကည့္လိုက္ပါဦး …။
ရင့္က်က္တာေၾကာင့္ ျပႆနာ နည္းမယ္။
သမီးရည္းစားေတြအတြက္ အေရးႀကီးဆုံး အရာကေတာ့ ျပႆနာေတြ ျဖစ္ရင္ ေျပလည္ေအာင္ ေျဖ႐ွင္းႏိုင္ၾကတာပါပဲ။
သမီးရည္းစား သဘာဝ သဝန္တိုတာ၊ ရစ္တာနဲ႔ စိတ္ေကာက္တာ စတဲ့ အရာေတြကေန ျပႆနာေတြ ျဖစ္တတ္ပါတယ္။
ဒါေပမယ့္လည္း ေျပလည္ေအာင္ မေျဖ႐ွင္းႏိုင္ပဲ ျပတ္သြားၾကတဲ့ သူေတြ ႐ွိပါတယ္ …။
ကိုကိုေတြကေတာ့ မိန္းကေလး သဘာဝေၾကာင့္ ျဖစ္တာကို နားလည္ေပးၿပီး ဒီကိစၥေၾကာင့္ ျပတ္ဖို႔ မေတြးၾကသူဖို႔ သင့္ကို စိတ္ခ်မ္းသာေစမွာပါ။
လူႀကီးဆန္တာေၾကာင့္ ေခ်ာ့တတ္တယ္
မိန္းကေလးေတြက ဘယ္ေလာက္ အသက္ႀကီးႀကီး မခြၽဲတတ္တဲ့ မိန္းကေလးေတာင္ ဆိုးတတ္ၾကပါတယ္။
စိတ္ေကာက္တာေတြလည္း လုပ္တတ္ၾကပါတယ္။
ကိုကိုေတြကေတာ့ ခ်စ္ရတဲ့ မိန္းကေလး စိတ္ေကာက္ေနရင္ေတာင္ စိတ္ေကာက္ေျပဖို႔ ႀကိဳးစားတဲ့ သူေတြပါ။
မေခ်ာ့အားေသးရင္ေတာင္ မေခ်ာ့အားေသးေၾကာင္း ေျပာျပၿပီး စိတ္ေအးေစတဲ့ သူေတြ ျဖစ္လို႔ ေ႐ြးသင့္ပါတယ္ေနာ္။
အရည္အခ်င္း ႐ွိၾကတယ္။
ခ်စ္သူဆိုေပမယ့္လည္း ဘဝကို အတူေလွ်ာက္လွမ္းဖို႔ဆို အရည္အခ်င္း ႐ွိတဲ့သူလည္း ျဖစ္ဖို႔ လိုပါေသးတယ္။
ဒါမွ တက္ညီလက္ညီ ႀကိဳးစားရင္း အတူျဖတ္သန္းလို႔ ရမွာပါ …။
ခ်စ္သူ ႏွစ္ဦးလုံး အရည္အခ်င္း ႐ွိတာက ပိုၿပီး အျပန္အလွန္ အက်ိဳး ျဖစ္ေစပါတယ္။
အရည္အခ်င္း ႐ွိေတာ့ သူ႕အတြက္ သင္ ေတြးၿပီး ပူေပးစရာ မလိုတာကလည္း တစ္ခု ေကာင္းပါတယ္။
ပံ့ပိုးေပးႏိုင္တယ္။
ခ်စ္သူခ်င္း အျပန္အလွန္ ပံ့ပိုးေပးႏိုင္တာက အေကာင္းဆုံး အေျခအေန တစ္ခု ျဖစ္ပါတယ္ …။
ကိုယ္လိုအပ္တဲ့ အခါေတြမွာ စိတ္အား၊ လူအား၊ အၾကံဉာဏ္အားျဖင့္ ပံ့ပိုးေပးတာက တကယ့္ကို အား႐ွိၿပီး စိတ္သက္သာရာ ရေစပါတယ္။
ကိုယ္ ခ်စ္တဲ့သူက ကိုယ့္ကို အားျဖစ္ေစတာ အကူအညီေပးတာက ပိုၿပီး စိတ္ကို တြန္းအား ျဖစ္ေစလို႔ ကိုကိုေတြက ခ်စ္သူ အျဖစ္ အသင့္ေတာ္ဆုံးပါ။
အားကိုးလို႔ ရတယ္။
တစ္ခါတစ္ေလမွာ လူေတြမွာ ပင္ပန္းလာတဲ့ အခ်ိန္ေတြဆိုတာ ႐ွိပါတယ္ …။
ဒီလို ပင္ပန္းၿပီး အရာအားလုံးကို လႊတ္ခ်လိုက္ရင္ေတာင္မွ သင့္ခ်စ္သူကိုကိုက သင့္အတြက္ တည္ၿငိမ္စြာ အားအင္ ျဖစ္ေစမွာပါ။
သင့္အလိုအတိုင္း သင္ခဏ ေနႏိုင္ဖို႔ သူ႕ဘက္က ႏိုင္သေလာက္ ကူညီေပးတတ္ပါတယ္ …။
ဒါက ကိုကိုေတြကို ခ်စ္သူေတာ္ရင္ ရမယ့္ အခ်က္တစ္ခ်က္ပါပဲ။ အေ႐ြးမမွားဖို႔ လိုပါတယ္ေနာ္ …။ ။
Credit to writer