Beauty

ပါးပြီး ကြည့်ရဆိုးနေတဲ့ ဆံသားတွေကို သဘာဝအတိုင်း ပြန်ထူလာစေမယ့် နည်းလမ်းများ…

ပါးပြီး ကြည့်ရဆိုးနေတဲ့ ဆံသားတွေကို သဘာဝအတိုင်း ပြန်ထူလာစေမယ့် နည်းလမ်းများ…

ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ ပြောရင်လည်း မမှားပါဘူး ။

မျက်နှာလှပဖို့ ခန္ဓာကိုယ်လှပဖို့ ဂရုစိုက်ကြသလို ဆံပင်တွေ ကျွတ်ပြီး ပါးလာမယ် ၊

ထိပ်တွေကွက်လာနေပြီ ဆိုရင်တော့ အထူးဂရုစိုက်ပေးဖို့ လိုပါတယ်။

ဆံပင်တွေ ပြန်ပေါက်လာစေဖို့ အထိရောက်ဆုံးဖြစ်တဲ့ နည်းလေးတွေလည်း ရှိပါတယ် ။

ဖော်ပြပါ နည်းလေးတွေကို ဂရုတစိုက်နဲ့ လုပ်ပေးပါ ၊ ထိပ်ကွက်လာတာတွေ ပျောက်ပြီး ဆံပင်တွေ ပြန်ထူလာမှာပါ …

(၁) ဆံပင်အာဟာရဓါတ် ဖြည့်စွက်စာများ စားပါ

လွဲမှားနေတဲ့ diet လုပ်ခြင်းကြောင့် အာဟာရဓာတ် မမျှတတာတွေက ဆံပင်တွေ ကျွတ်လာတာ ၊ ပါးလာတာတွေရဲ့အဓိကအချက်ပါ။

ဆံပင်အတွက် အာဟာရဓါတ် ပြန်လည် ပြည့်ဝစေမယ့် အစားအစာတွေကတော့ …

ကင်(မ်)ချီ၊ ဥ အမျိုးမျိုး ၊ ဟင်းနုနွယ်ရွက် ၊ ဆယ်လ်မွန်ငါး ၊ ထောပတ်သီး ၊ အသားများ စတာတွေကို

များများ စားပေးရင်တော့ ဦးရေပြားနဲ့ ဆံပင်အတွက် အာဟာရဓါတ်တွေ ပြန်ပြည့်လာမှာပါ။

(၂) ဆီနဲ့ နှိပ်နယ်ပေး

ဦးရေပြား သွေးလှည့်ပတ်မှု ကောင်းမှ ဆံပင်သန်စွမ်းပြီး ပြန်ပေါက်လာမှာပါ။

ရှားစောင်းလက်ပတ်ဆီ၊ သံလွင်ဆီစတာတွေနဲ့ ခေါင်းမလျော်ခင် တစ်ရက်အလိုမှာ ဦးရေပြားကိုစွတ်ပြီး နှိပ်နယ်ပေးပါ ။

(၃) ကြက်သွန်နီရည် အသုံးပြုပါ

ကြက်သွန်နီရည်က အနံ့အသက်တော့ သိပ်အဆင်မပြေပေမယ့်

ဆံပင်ပါးပြီး ထိပ်ကွက်လာတာတွေ အတွက် အာဟာရဖြည့်ဖို့တော့ အကောင်းဆုံးပါပဲ။

ဆံသားအရင်းတွေကို သန်မာစေပြီး ဆံပင်အသစ်တွေပါ ပြန်ပေါက်လာစေပါတယ် ။

ကြက်သွန်နီကို အရည်ညှစ်ပြီး သုံးနိုင်သလို ဓားနဲ့ နုတ်နုတ်ဆင်းပြီး ဦးရေပြားပေါ် ပွတ်ပေးလို့လည်း ရပါတယ်။

(၄) လက်ဖက်စိမ်းရည်

လက်ဖက်စိမ်းရည်မှာ ဆံပင်သန်ဖို့ ပြန်ပေါက်ဖို့အတွက် ဓါတ်တွေ ပါဝင်နေပါတယ်။

လက်ဖက်စိမ်းရည်ကို ရှားစောင်းလက်ပတ်၊ သံလွင်ဆီတို့နဲ့လည်း တွဲလိမ်းပေးလို့ ရပါတယ် ။

လေ့လာချက်တွေအရ ၈၀ % အထိ ဆံပင်တွေ ပြန်ပေါက်လာစေတယ်လို့ ဆိုပါတယ်။

(၅) ဆံပင်စိုနေချိန်မှာ ခေါင်းမဖြီးပါနဲ့

ဆံသားစိုနေချိန်မှာ ဆံပင်တွေ ကျွတ်လွယ်၊ ပြတ်လွယ်ပါတယ် ။

ဒီလိုအချိန်မှာ ခေါင်းဖြီးတာများရင်တော့ ဆံပင်တွေ ကျွတ်ပြီး ပါးလာမှာပါ။

ဆံပင်ကိုခြောက်အောင်ထားပြီးမှ ဘီးအကျဲလေးနဲ့ ဖြီးပေးသင့်ပါတယ်။

(၆) ဗီတာမင် D လျော့နည်းနေလားစစ်ပါ

ဆံပင်တွေ အရမ်းကျွတ်ပြီး ထိပ်ပြောင်လာပြီ ဆိုရင်တော့ ဗီတာမင် D ဓါတ်ချို့ယွင်းလို့ ဖြစ်ပါတယ်။

ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကြည့်သင့်ပါတယ် ။

ဗီတာမင် D ဆေးတွေလည်း ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းသောက်သုံးပေးရပါမယ်…

Credit

Zawgyi Version

ပါးၿပီး ၾကည့္ရဆိုးေနတဲ့ ဆံသားေတြကို သဘာဝအတိုင္း ျပန္ထူလာေစမယ့္ နည္းလမ္းမ်ား…

ဆံပင္က လူတစ္ေယာက္ရဲ႕ ဒုတိယမ်က္ႏွာလို႔ ေျပာရင္လည္း မမွားပါဘူး ။

မ်က္ႏွာလွပဖို႔ ခႏၶာကိုယ္လွပဖို႔ ဂ႐ုစိုက္ၾကသလို ဆံပင္ေတြ ကြၽတ္ၿပီး ပါးလာမယ္ ၊

ထိပ္ေတြကြက္လာေနၿပီ ဆိုရင္ေတာ့ အထူးဂ႐ုစိုက္ေပးဖို႔ လိုပါတယ္။

ဆံပင္ေတြ ျပန္ေပါက္လာေစဖို႔ အထိေရာက္ဆုံးျဖစ္တဲ့ နည္းေလးေတြလည္း ႐ွိပါတယ္ ။

ေဖာ္ျပပါ နည္းေလးေတြကို ဂ႐ုတစိုက္နဲ႔ လုပ္ေပးပါ ၊ ထိပ္ကြက္လာတာေတြ ေပ်ာက္ၿပီး ဆံပင္ေတြ ျပန္ထူလာမွာပါ …

(၁) ဆံပင္အာဟာရဓါတ္ ျဖည့္စြက္စာမ်ား စားပါ

လြဲမွားေနတဲ့ diet လုပ္ျခင္းေၾကာင့္ အာဟာရဓာတ္ မမွ်တတာေတြက ဆံပင္ေတြ ကြၽတ္လာတာ ၊ ပါးလာတာေတြရဲ႕အဓိကအခ်က္ပါ။

ဆံပင္အတြက္ အာဟာရဓါတ္ ျပန္လည္ ျပည့္ဝေစမယ့္ အစားအစာေတြကေတာ့ …

ကင္(မ္)ခ်ီ၊ ဥ အမ်ိဳးမ်ိဳး ၊ ဟင္းႏုႏြယ္႐ြက္ ၊ ဆယ္လ္မြန္ငါး ၊ ေထာပတ္သီး ၊ အသားမ်ား စတာေတြကို

မ်ားမ်ား စားေပးရင္ေတာ့ ဦးေရျပားနဲ႔ ဆံပင္အတြက္ အာဟာရဓါတ္ေတြ ျပန္ျပည့္လာမွာပါ။

(၂) ဆီနဲ႔ ႏွိပ္နယ္ေပး

ဦးေရျပား ေသြးလွည့္ပတ္မႈ ေကာင္းမွ ဆံပင္သန္စြမ္းၿပီး ျပန္ေပါက္လာမွာပါ။

႐ွားေစာင္းလက္ပတ္ဆီ၊ သံလြင္ဆီစတာေတြနဲ႔ ေခါင္းမေလ်ာ္ခင္ တစ္ရက္အလိုမွာ ဦးေရျပားကိုစြတ္ၿပီး ႏွိပ္နယ္ေပးပါ ။

(၃) ၾကက္သြန္နီရည္ အသုံးျပဳပါ

ၾကက္သြန္နီရည္က အနံ႔အသက္ေတာ့ သိပ္အဆင္မေျပေပမယ့္

ဆံပင္ပါးၿပီး ထိပ္ကြက္လာတာေတြ အတြက္ အာဟာရျဖည့္ဖို႔ေတာ့ အေကာင္းဆုံးပါပဲ။

ဆံသားအရင္းေတြကို သန္မာေစၿပီး ဆံပင္အသစ္ေတြပါ ျပန္ေပါက္လာေစပါတယ္ ။

ၾကက္သြန္နီကို အရည္ညႇစ္ၿပီး သုံးႏိုင္သလို ဓားနဲ႔ ႏုတ္ႏုတ္ဆင္းၿပီး ဦးေရျပားေပၚ ပြတ္ေပးလို႔လည္း ရပါတယ္။

(၄) လက္ဖက္စိမ္းရည္

လက္ဖက္စိမ္းရည္မွာ ဆံပင္သန္ဖို႔ ျပန္ေပါက္ဖို႔အတြက္ ဓါတ္ေတြ ပါဝင္ေနပါတယ္။

လက္ဖက္စိမ္းရည္ကို ႐ွားေစာင္းလက္ပတ္၊ သံလြင္ဆီတို႔နဲ႔လည္း တြဲလိမ္းေပးလို႔ ရပါတယ္ ။

ေလ့လာခ်က္ေတြအရ ၈၀ % အထိ ဆံပင္ေတြ ျပန္ေပါက္လာေစတယ္လို႔ ဆိုပါတယ္။

(၅) ဆံပင္စိုေနခ်ိန္မွာ ေခါင္းမၿဖီးပါနဲ႔

ဆံသားစိုေနခ်ိန္မွာ ဆံပင္ေတြ ကြၽတ္လြယ္၊ ျပတ္လြယ္ပါတယ္ ။

ဒီလိုအခ်ိန္မွာ ေခါင္းၿဖီးတာမ်ားရင္ေတာ့ ဆံပင္ေတြ ကြၽတ္ၿပီး ပါးလာမွာပါ။

ဆံပင္ကိုေျခာက္ေအာင္ထားၿပီးမွ ဘီးအက်ဲေလးနဲ႔ ၿဖီးေပးသင့္ပါတယ္။

(၆) ဗီတာမင္ D ေလ်ာ့နည္းေနလားစစ္ပါ

ဆံပင္ေတြ အရမ္းကြၽတ္ၿပီး ထိပ္ေျပာင္လာၿပီ ဆိုရင္ေတာ့ ဗီတာမင္ D ဓါတ္ခ်ိဳ႕ယြင္းလို႔ ျဖစ္ပါတယ္။

ဆရာဝန္နဲ႔ ေဆြးေႏြးတိုင္ပင္ၾကည့္သင့္ပါတယ္ ။

ဗီတာမင္ D ေဆးေတြလည္း ဆရာဝန္ၫႊန္ၾကားတဲ့ အတိုင္းေသာက္သုံးေပးရပါမယ္…

Credit