News

စိတ်ထားကောင်းတဲ့ ညီမလေးမေသစ္စာမောင်ရဲ့အကြောင်းလေးကို ပြောပြရင်း ဝမ်းနည်းမျက်ရည်ကျနေတဲ့ဘေဘီမောင်

စိတ်ထားကောင်းတဲ့ ညီမလေးမေသစ္စာမောင်ရဲ့အကြောင်းလေးကို ပြောပြရင်း ဝမ်းနည်းမျက်ရည်ကျနေတဲ့ဘေဘီမောင်

မေသစ္စာမောင်က ချစ်စရာကောင်းတဲ့ ရုပ်ရည်နဲ့ စကားပြောယဉ်ကျေးတာကြောင့် ခင်မင်သူပေါများသလို

ပရိသတ်တွေရဲ့အားပေးမှုကိုလည်းအများအပြားရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဇွန်လရရက်နေ့ မနေ့ညကတော့ LGBTအလှမယ်တစ်ယောက်ဖြစ်တဲ့ မေသစ္စာမောင်ဟာ

ကားမတော်တဆဖြစ်ပွားခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံမှာပင် ဆုံးပါးခဲ့ပါတယ်။

လူ့လောကကြီးထဲကရုတ်တရက်ထွက်ခွာသွားတဲ့ မေသစ္စာမောင်အတွက် ချစ်ရတဲ့ ပရိသတ်တွေက ဝမ်းနည်းပူဆွေးနေကြပါတယ်။

အနုပညာရှင်အသိုင်းအဝိုင်းက လူတစ်ချို့ကလည်း သူမအတွက် စိတ်မကောင်းဖြစ်မိတဲ့အကြောင်း

လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားနေကြပါတယ် …။

ယခုမှာတော့ ဘေဘီမောင်တစ်ယောက်ဟာ ကားအက်စီးဒန့်ဖြစ်ပြီး ဆုံးပါးသွားတဲ့

မေသစ္စာမောင်ရဲ့အကြောင်းလေးကို ပြောပြရင်းဝမ်းနည်းမျက်ရည်ကျနေခဲ့ပါတယ် …။

ဘေဘီမောင်ကတော့ ” စိတ်မကောင်းတာထက်ပိုတယ် ရင်ထဲစူးပီးအောင့်လိုက်တာ အချစ်လေးရယ်

အရမ်းနှမြောတယ် လှလည်းလှချောလည်းချော ချစ်စရာလည်းကောင်း စိတ်ရင်းလေးလည်းကောင်းတဲ့ချစ်လေးရယ်

မမဘေဘီနဲ့မုန့်သွားစားကြအုံးမယ်လေ အမလေး အချစ်လေးရယ် “ဆိုပြီး စိတ်မကောင်းဖြစ်မိတဲ့အကြောင်း

လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ် …။

မေသစ္စာမောင်တစ်ယောက် ကောင်းရာဘုံဘဝသို့ရောက်ရှိပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ် …။

crd

Zawgyi Version
















crd