Love

မိန်းကလေး တော်တော်များများက သူတို့ တကယ်ချစ်မိသွားပြီဆိုရင်…

မိန်းကလေး တော်တော်များများက သူတို့ တကယ်ချစ်မိသွားပြီဆိုရင်…

ကောင်မလေး တော်တော်များများက သူတို့ တစ်ကယ် ချစ်မိသွားပြီဆိုရင် သူချစ်တဲ့သူကို

သူ့ဘဝရဲ့ ကိစ္စအသေးအမွှားလေးတွေက အစ ပြောပြချင်လာတယ်။ တိုင်ပင်ချင်လာကြတယ်။

အဲ့ကိစ္စ အသေးမွှားလေးတွေ ဆိုတာကလည်း ဘာရယ်လို့ မဟုတ်ဘူး။

သူ့ရဲ့ တစ်နေ့တာမှာ ဘာလုပ်ခဲ့တယ်။

ဘယ်သွားခဲ့တယ်ကအစ နေမကောင်းလို့ ဆေးမသောက်ချင်တာ၊

သူ့ အိမ်က မောင်လေးနဲ့ ရန်ဖြစ်တာအစ အစ်မနဲ့ စိတ်ကောက်နေတာအဆုံး ပြောပြချင်နေတာမျိုးပေါ့။

ဒီစိတ်ဟာ ကောင်မလေးတွေ ဘက်က သူ့ ချစ်သူကို တစ်ကယ်ချစ်သွားတဲ့ အချိန်မျိုးမှ ဖြစ်ပေါ်လာတတ်ပါတယ်။

ရမ်းချစ်မိပြီ ဆိုတာနဲ့ သူ့ကောင်လေးဆီမှာ ပိုပြီး အချစ်ခံချင်လာတယ် ။ ပိုပြီး ဂရုစိုက် ခံချင်လာတယ် ။

သူ့ကောင်လေး အတွက်ရော အစစအရာ စိတ်ပူပန်ပေးရတာတွေက အလိုလို ဖြစ်လာခဲ့တယ်။

ဒါဟာ တစ်ဖက်သူ စိတ်ကျဉ်းကျပ်ပါစေ၊ ဒုက္ခရောက်ပါစေ ဆိုတဲ့စိတ် လုံးဝ မပါဘူး။

ချစ်လွန်းလို့ သူ့အလိုလို ဖြစ်လာခဲ့တာ ။

ချစ်လို့ ဖြစ်လာတယ် ဆိုတာ လက်ခံနိုင်စရာ ရှိပါတယ်။

တစ်ကယ်မချစ်ဘူးဆိုရင် သူ့ရဲ့ အရာရာတိုင်းကို လျို့ဝှက်ထားနေမှာပဲလေ။

တစ်ကယ်သာ မချစ်ကြည့် သူ့ကောင်လေး ဘာလုပ်လုပ်၊ ဘယ်သွားသွား ဂရုစိုက်နေမှာလည်း မဟုတ်သလို

ထည့်တွေးပေးနေမှာလည်း မဟုတ်ပါဘူး။

တစ်ကယ်ချစ်လို့သာ သူ့ချစ်သူကို သူ့ရဲ့ ဖြစ်တည်မှုတွေ ၊

သူ့ရဲ့ ပြဿနာတွေ နာကျင် ဝမ်းနည်းမှုတွေကို ပြောပြချင်လာတယ်။

သူ့ကောင်လေး ခံစားနေရတဲ့ နာကျင်မှုတွေ အစစအရာရာကိုလည်း သူ့ကို ပြောစေချင်ပြီး မျှဝေ ခံစားပေးချင်လာတယ် ။

တစ်နည်းအားဖြင့် သူချစ်တဲ့သူကို အားကိုးသလို သူ့ ချစ်သူနားမှာလည်း ပြန်ပြီး အတူတူ ခံစားပေးချင်တာပါ ။

ဒါပေမဲ့ ကျွန်တော်တို့ ယောကျာၤးလေးတွေ တော်တော်များများက

ဒီအဖြစ်အပျက်ကို သိပ်ပြီး နားမလည်တတ်ကြဘူးဗျ ။

ကိုယ့်ကို အရမ်းချစ်လို့ ကိုယ့်ကို အားကိုးပြီး ပစ်ပယ်မသွားစေချင်တဲ့သူကို ဆိုးတယ် လို့ပဲ တွေးလိုက်မိကြတာ ။

ဒါကို ချုပ်ချယ်တယ် လို့ တွေးလိုက်ကြတယ်။

ဒီလိုနဲ့ တဖြည်းဖြည်း စိတ်ကုန်ရင်း အနားက ထွက်သွားလိုက်ကြတယ် ။ ဒါဟာ ဆိုးတာမဟုတ်ပါဘူး။

အချစ်ခံချင်တဲ့ စိတ်လေးတစ်ခုနဲ့ ချစ်ပေးချင်တဲ့ စိတ်လေး တစ်ခုပါပဲ။

အဲ့ဒီ့ စိတ်လေး အတွက်နဲ့တော့ ဘယ်အခြေအနေပဲ ရောက်နေပါစေ ကိုယ့်ကို ချစ်ပေးတဲ့သူရဲ့ လက်ကလေးကို မလွှတ်လိုက်ပါနဲ့ ။ သူ့ရဲ့ အနားမှာ နေပေးလိုက်ပါ ။

သူ့ကို ဂရုစိုက်ပေးရင်း သူ့ရဲ့ ဂရုစိုက်မှုလေးတွေမှာလည်း မွန်းကျပ်တယ်လို့ မခံစားပါနဲ့တော့။

ကောင်မလေးတွေက သူတို့ချစ်တဲ့သူ ရင်ခွင်မှာ နာကျင်နေရတဲ့ အကြောင်းလေးတွေ

နှစ်သိမ့်ခံရင်း ဂရုစိုက် ခံချင်တာလေးတင်ပါ။

ထွေးပွေ့ နှစ်သိမ့်ပေးမဲ့သူတွေကို လိုချင်တာလေး တစ်ခုပါပဲ။

ခဲတံ

Credit

Zawgyi Version

မိန္းကေလး ေတာ္ေတာ္မ်ားမ်ားက သူတို႔ တကယ္ခ်စ္မိသြားၿပီဆိုရင္…

ေကာင္မေလး ေတာ္ေတာ္မ်ားမ်ားက သူတို႔ တစ္ကယ္ ခ်စ္မိသြားၿပီဆိုရင္ သူခ်စ္တဲ့သူကို

သူ႕ဘဝရဲ႕ ကိစၥအေသးအမႊားေလးေတြက အစ ေျပာျပခ်င္လာတယ္။ တိုင္ပင္ခ်င္လာၾကတယ္။

အဲ့ကိစၥ အေသးမႊားေလးေတြ ဆိုတာကလည္း ဘာရယ္လို႔ မဟုတ္ဘူး။

သူ႕ရဲ႕ တစ္ေန႔တာမွာ ဘာလုပ္ခဲ့တယ္။

ဘယ္သြားခဲ့တယ္ကအစ ေနမေကာင္းလို႔ ေဆးမေသာက္ခ်င္တာ၊

သူ႕ အိမ္က ေမာင္ေလးနဲ႔ ရန္ျဖစ္တာအစ အစ္မနဲ႔ စိတ္ေကာက္ေနတာအဆုံး ေျပာျပခ်င္ေနတာမ်ိဳးေပါ့။

ဒီစိတ္ဟာ ေကာင္မေလးေတြ ဘက္က သူ႕ ခ်စ္သူကို တစ္ကယ္ခ်စ္သြားတဲ့ အခ်ိန္မ်ိဳးမွ ျဖစ္ေပၚလာတတ္ပါတယ္။

ရမ္းခ်စ္မိၿပီ ဆိုတာနဲ႔ သူ႕ေကာင္ေလးဆီမွာ ပိုၿပီး အခ်စ္ခံခ်င္လာတယ္ ။ ပိုၿပီး ဂ႐ုစိုက္ ခံခ်င္လာတယ္ ။

သူ႕ေကာင္ေလး အတြက္ေရာ အစစအရာ စိတ္ပူပန္ေပးရတာေတြက အလိုလို ျဖစ္လာခဲ့တယ္။

ဒါဟာ တစ္ဖက္သူ စိတ္က်ဥ္းက်ပ္ပါေစ၊ ဒုကၡေရာက္ပါေစ ဆိုတဲ့စိတ္ လုံးဝ မပါဘူး။

ခ်စ္လြန္းလို႔ သူ႕အလိုလို ျဖစ္လာခဲ့တာ ။

ခ်စ္လို႔ ျဖစ္လာတယ္ ဆိုတာ လက္ခံႏိုင္စရာ ႐ွိပါတယ္။

တစ္ကယ္မခ်စ္ဘူးဆိုရင္ သူ႕ရဲ႕ အရာရာတိုင္းကို လ်ိဳ႕ဝွက္ထားေနမွာပဲေလ။

တစ္ကယ္သာ မခ်စ္ၾကည့္ သူ႕ေကာင္ေလး ဘာလုပ္လုပ္၊ ဘယ္သြားသြား ဂ႐ုစိုက္ေနမွာလည္း မဟုတ္သလို

ထည့္ေတြးေပးေနမွာလည္း မဟုတ္ပါဘူး။

တစ္ကယ္ခ်စ္လို႔သာ သူ႕ခ်စ္သူကို သူ႕ရဲ႕ ျဖစ္တည္မႈေတြ ၊

သူ႕ရဲ႕ ျပႆနာေတြ နာက်င္ ဝမ္းနည္းမႈေတြကို ေျပာျပခ်င္လာတယ္။

သူ႕ေကာင္ေလး ခံစားေနရတဲ့ နာက်င္မႈေတြ အစစအရာရာကိုလည္း သူ႕ကို ေျပာေစခ်င္ၿပီး မွ်ေဝ ခံစားေပးခ်င္လာတယ္ ။

တစ္နည္းအားျဖင့္ သူခ်စ္တဲ့သူကို အားကိုးသလို သူ႕ ခ်စ္သူနားမွာလည္း ျပန္ၿပီး အတူတူ ခံစားေပးခ်င္တာပါ ။

ဒါေပမဲ့ ကြၽန္ေတာ္တို႔ ေယာက်ာၤးေလးေတြ ေတာ္ေတာ္မ်ားမ်ားက

ဒီအျဖစ္အပ်က္ကို သိပ္ၿပီး နားမလည္တတ္ၾကဘူးဗ် ။

ကိုယ့္ကို အရမ္းခ်စ္လို႔ ကိုယ့္ကို အားကိုးၿပီး ပစ္ပယ္မသြားေစခ်င္တဲ့သူကို ဆိုးတယ္ လို႔ပဲ ေတြးလိုက္မိၾကတာ ။

ဒါကို ခ်ဳပ္ခ်ယ္တယ္ လို႔ ေတြးလိုက္ၾကတယ္။

ဒီလိုနဲ႔ တျဖည္းျဖည္း စိတ္ကုန္ရင္း အနားက ထြက္သြားလိုက္ၾကတယ္ ။ ဒါဟာ ဆိုးတာမဟုတ္ပါဘူး။

အခ်စ္ခံခ်င္တဲ့ စိတ္ေလးတစ္ခုနဲ႔ ခ်စ္ေပးခ်င္တဲ့ စိတ္ေလး တစ္ခုပါပဲ။

အဲ့ဒီ့ စိတ္ေလး အတြက္နဲ႔ေတာ့ ဘယ္အေျခအေနပဲ ေရာက္ေနပါေစ ကိုယ့္ကို ခ်စ္ေပးတဲ့သူရဲ႕ လက္ကေလးကို မလႊတ္လိုက္ပါနဲ႔ ။ သူ႕ရဲ႕ အနားမွာ ေနေပးလိုက္ပါ ။

သူ႕ကို ဂ႐ုစိုက္ေပးရင္း သူ႕ရဲ႕ ဂ႐ုစိုက္မႈေလးေတြမွာလည္း မြန္းက်ပ္တယ္လို႔ မခံစားပါနဲ႔ေတာ့။

ေကာင္မေလးေတြက သူတို႔ခ်စ္တဲ့သူ ရင္ခြင္မွာ နာက်င္ေနရတဲ့ အေၾကာင္းေလးေတြ

ႏွစ္သိမ့္ခံရင္း ဂ႐ုစိုက္ ခံခ်င္တာေလးတင္ပါ။

ေထြးေပြ႕ ႏွစ္သိမ့္ေပးမဲ့သူေတြကို လိုခ်င္တာေလး တစ္ခုပါပဲ။

ခဲတံ

Credit