ပညာပေး

အမျိုးသမီးတစ်​ယောက်ရဲ့ ကောင်းခြင်းငါးဖြာ

အမျိုးသမီးတစ်​ယောက်ရဲ့ ကောင်းခြင်းငါးဖြာ

(၁) ကေသကလျာဏ = ဆံပင်၏ ကောင်းခြင်း

ဆံပင်ကို ကုပ်ပေါ်ကနေ စုပြီးစည်းထားလိုက်ရင်

ဥဒေါင်းငှက်ရဲ့ မြည်းစည်ပမာ အဖျားမှာ ကားပြီးထွက်နေခြင်း။

(၂) မံသကလျာဏ = အသားအရေ၏ ကောင်းခြင်း

အရိုးအဆစ်တွေ ငေါပြီး ပေါ်ထွက်မနေ အသားအရေ ပြေနေခြင်း။

အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းဟာ စေ့စပ်ပြီးနေရပါမယ်။

နှုတ်ခမ်းလန်နေတာ ထော်နေတာမရှိခြင်း။ နှုတ်ခမ်းသားများဟာ ကျီးအာသီးမှည့်လို နီရဲနေခြင်း။

(၃) အဌိကလျာဏ = အရိုးအဆစ်၏ ကောင်းခြင်း

အရိုးတွေထောင်ပြီး ပေါ်ထွက်မနေခြင်း။ သွားတွေ ဖြူဖွေးနေခြင်း။

မည်းနက် ၀ါနေတာ မရှိခြင်း။ ကျဲနေတာ၊ ထပ်နေတာတွေလည်း မရှိခြင်း။

စိန်တုံးလေးတွေ စီပြီးထားသလို ညီညီညာညာ ရှိနေခြင်း။

(၄) ဆဝိကလျာဏ = အဆင်း၏ ကောင်းခြင်း

အသားညိုတဲ့ အမျိုးသမီးပင် ဖြစ်လင့်ကစား နံ့သာတွေ မလိမ်းမကျံသော်လည်း အသားအရေ ချောညက်နေခြင်း။

ကြာညိုပွင့်ချပ်ရောင်လို လှပနေခြင်း။

အသားဖြူတဲ့ အမျိုးသမီများ အသားအရေဟာ ချောညက်ပြီး မဟာလှေကားပန်းလို အရောင်အသွေးလှပနေခြင်း။

(၅) ဝယကလျာဏ = အရွယ်၏ ကောင်းခြင်း

ရှိရင်စွဲအသက်ထက် ငယ်ရွယ်နုပျို၊ အရွယ်တင်ခြင်း။

ဆယ်ကြိမ်မျှ ​သားဖွားခဲ့ပြီးသော်လည်း တကြိမ်သာ သားဖွားရသေးသည့် မိန်းမလို တသားမွေး၊ တသွေးလှ ဖြစ်နေခြင်း။

ရုပ်ရည်အဆင်း ကျဆင်းသွားတာမျိုး၊ ပုံပျက်ပန်းပျက် ဖြစ်သွားတာမျိုး မရှိခြင်း။

ဖုဿတီမိဖုရားကြီး နတ်သမီးဘဝက သိကြာမင်းထံ တောင်းသော ဆုဆယ်ပါး (ကန်တော့)

၁။ အကျွန်ုပ်သည် ဤကိုယ်အဖြစ်မှ စုတေ့လျှင် သိဝိရာဇ်မင်းကြီး၏ နန်းတော်ကို အစိုးရသော မိဖုရားကြီး ဖြစ်လို၏။

၂။ တနှစ်မြောက်သော သမင်မငယ်၏ မျက်စိနှင့်တူသော ညိုသောမျက်စိ ရှိသည်လည်း ဖြစ်ရလို၏။

၃။ ညိုသော မျက်မှောင်တံ ရှိသည်လည်း ဖြစ်လို၏။

၄။ အမည်အားဖြင့် ဖုဿဒေဝီဟူ၍ပင် အမည်ရှိလို၏။

၅။ တန်းဆာဆင်အပ်သော ဦးခေါင်းကို၎င်း၊ မျက်စိအစုံကို၎င်း၊ နှလုံးသည်းပွတ်ကို၎င်း၊

ထီးဖြူကို၎င်း၊ သားသမီးကို၎င်း၊ အလိုရှိသော ယာစကာတို့သည် တောင်းခံလာသည်ရှိသော်

ထိုယာစကာတို့ကို အလိုရှိတိုင်း ပေးလှူစွန့်ကြဲတတ်သည်ဖြစ်၍ ဝန်တိုပိတ်ပင် စဉ်းလဲဖြင်းမရှိ၊

မင်းတပါးတို့ ပူဇော်ထိုက်သော ကျော်စောခြင်းနှင့် ပြည့်စုံသော သားကောင်းရတနာ ကိုလည်း ရလို၏။

၆။ ကိုယ်ဝန်ဆောင်လေသော်လည်း အကျွန်ုပ်ဝမ်းသည် မယမ်းမစုန့် ပုံ့ပုံ့မထင် လေးအတတ်၌

ကျွမ်းကျင်လိမ်မာသော လေးသ္မားသည် ကောင်းစွာသတ်အပ်သော လေးပျဉ်းကဲ့သို့ ညီညွတ်စွာ ပြကတေ့အတိုင်း ရှိစေလို၏။

၇။ သားများစွာပင် ဖွားမြင်သော်လည်း အကျွန်ုပ်၏ သားမြတ်အစုံသည် မတွဲမကျ အရွယ်ရောက်ဦးစအတိုင်း တည်စေသတည်း။

၈။ အရွယ်လွန်သည်တိုင်အောင် ဆံပင်မဖြူ ငယ်မူငယ်သွေး သွေးအတိုင်း တည်စေသတည်း။

၉။ အကျွန်ုပ်၏ ကိုယ်အဆင်းသည်လည်း ချေးညှိမတင် စင်ကြယ်သော ကိုယ်ရှိသည်လည်း ဖြစ်လို၏။

၁၀။ မင်းပြစ် မင်းမျက်သင့်၍ သေခြင်းအနီးသို့ ရောက်ပြီးသော သူကိုလည်း

အကျွန်ုပ်၏ အစွမ်းဖြင့် နုတ်ယူ ကယ်ဆောင်နိုင်လို၏။

မင်းပူးဆရာတော် ဦးသြဘာသရေးသားတဲ့ ဝေဿန္တရာဇာတ်တော်ထဲက ဖြစ်ပါတယ်။

ဆရာတော်ရေးခဲ့တာ မြန်မာစာပေမှာ ဂန္ထဝင်မြောက်တယ်။ စာအရေးအသား နုလွနက်နဲပြီး သတ်ပုံမှန်တယ်။

ရသဆိုတာ သတ်ပုံမှန်နဲ့ ရေးသားတဲ့စာကိုသာ ခေါ်အပ်တယ်။

ကျွန်ုပ်မူကား ဆုတောင်းတပါးတည်းသာ ရလိုပါ၏။ မြန်မာစာ သတ်ပုံ မှန်ကန်လာပါစေသတည်း။

မိခင်မြန်မာစာ၏ ဝမ်းသည် မယမ်းမစုန့် ပုံ့ပုံ့မထင် လေးအတတ်၌ ကျွမ်းကျင်လိမ်မာသော လေးသ္မားသည်

ကောင်းစွာသတ်အပ်သော လေးပျဉ်းကဲ့သို့ ညီညွတ်စွာ ပြကတေ့အတိုင်း ရှိစေလို၏။

ဒေါက်တာတင့်ဆွေ

လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်ခင်ဗျာ။

Zawgyi Version

အမ်ိဳးသမီးတစ္​ေယာက္ရဲ႕ ေကာင္းျခင္းငါးျဖာ

(၁) ေကသကလ်ာဏ = ဆံပင္၏ ေကာင္းျခင္း

ဆံပင္ကို ကုပ္ေပၚကေန စုၿပီးစည္းထားလိုက္ရင္

ဥေဒါင္းငွက္ရဲ႕ ျမည္းစည္ပမာ အဖ်ားမွာ ကားၿပီးထြက္ေနျခင္း။

(၂) မံသကလ်ာဏ = အသားအေရ၏ ေကာင္းျခင္း

အ႐ိုးအဆစ္ေတြ ေငါၿပီး ေပၚထြက္မေန အသားအေရ ေျပေနျခင္း။

အေပၚႏႈတ္ခမ္းနဲ႔ ေအာက္ႏႈတ္ခမ္းဟာ ေစ့စပ္ၿပီးေနရပါမယ္။

ႏႈတ္ခမ္းလန္ေနတာ ေထာ္ေနတာမ႐ွိျခင္း။ ႏႈတ္ခမ္းသားမ်ားဟာ က်ီးအာသီးမွည့္လို နီရဲေနျခင္း။

(၃) အဌိကလ်ာဏ = အ႐ိုးအဆစ္၏ ေကာင္းျခင္း

အ႐ိုးေတြေထာင္ၿပီး ေပၚထြက္မေနျခင္း။ သြားေတြ ျဖဴေဖြးေနျခင္း။

မည္းနက္ ၀ါေနတာ မ႐ွိျခင္း။ က်ဲေနတာ၊ ထပ္ေနတာေတြလည္း မ႐ွိျခင္း။

စိန္တုံးေလးေတြ စီၿပီးထားသလို ညီညီညာညာ ႐ွိေနျခင္း။

(၄) ဆဝိကလ်ာဏ = အဆင္း၏ ေကာင္းျခင္း

အသားညိဳတဲ့ အမ်ိဳးသမီးပင္ ျဖစ္လင့္ကစား နံ႔သာေတြ မလိမ္းမက်ံေသာ္လည္း အသားအေရ ေခ်ာညက္ေနျခင္း။

ၾကာညိဳပြင့္ခ်ပ္ေရာင္လို လွပေနျခင္း။

အသားျဖဴတဲ့ အမ်ိဳးသမီမ်ား အသားအေရဟာ ေခ်ာညက္ၿပီး မဟာေလွကားပန္းလို အေရာင္အေသြးလွပေနျခင္း။

(၅) ဝယကလ်ာဏ = အ႐ြယ္၏ ေကာင္းျခင္း

႐ွိရင္စြဲအသက္ထက္ ငယ္႐ြယ္ႏုပ်ိဳ၊ အ႐ြယ္တင္ျခင္း။

ဆယ္ႀကိမ္မွ် ​သားဖြားခဲ့ၿပီးေသာ္လည္း တႀကိမ္သာ သားဖြားရေသးသည့္ မိန္းမလို တသားေမြး၊ တေသြးလွ ျဖစ္ေနျခင္း။

႐ုပ္ရည္အဆင္း က်ဆင္းသြားတာမ်ိဳး၊ ပုံပ်က္ပန္းပ်က္ ျဖစ္သြားတာမ်ိဳး မ႐ွိျခင္း။

ဖုႆတီမိဖုရားႀကီး နတ္သမီးဘဝက သိၾကာမင္းထံ ေတာင္းေသာ ဆုဆယ္ပါး (ကန္ေတာ့)

၁။ အကြၽႏ္ုပ္သည္ ဤကိုယ္အျဖစ္မွ စုေတ့လွ်င္ သိဝိရာဇ္မင္းႀကီး၏ နန္းေတာ္ကို အစိုးရေသာ မိဖုရားႀကီး ျဖစ္လို၏။

၂။ တႏွစ္ေျမာက္ေသာ သမင္မငယ္၏ မ်က္စိႏွင့္တူေသာ ညိဳေသာမ်က္စိ ႐ွိသည္လည္း ျဖစ္ရလို၏။

၃။ ညိဳေသာ မ်က္ေမွာင္တံ ႐ွိသည္လည္း ျဖစ္လို၏။

၄။ အမည္အားျဖင့္ ဖုႆေဒဝီဟူ၍ပင္ အမည္႐ွိလို၏။

၅။ တန္းဆာဆင္အပ္ေသာ ဦးေခါင္းကို၎၊ မ်က္စိအစုံကို၎၊ ႏွလုံးသည္းပြတ္ကို၎၊

ထီးျဖဴကို၎၊ သားသမီးကို၎၊ အလို႐ွိေသာ ယာစကာတို႔သည္ ေတာင္းခံလာသည္႐ွိေသာ္

ထိုယာစကာတို႔ကို အလို႐ွိတိုင္း ေပးလႉစြန္႔ႀကဲတတ္သည္ျဖစ္၍ ဝန္တိုပိတ္ပင္ စဥ္းလဲျဖင္းမ႐ွိ၊

မင္းတပါးတို႔ ပူေဇာ္ထိုက္ေသာ ေက်ာ္ေစာျခင္းႏွင့္ ျပည့္စုံေသာ သားေကာင္းရတနာ ကိုလည္း ရလို၏။

၆။ ကိုယ္ဝန္ေဆာင္ေလေသာ္လည္း အကြၽႏ္ုပ္ဝမ္းသည္ မယမ္းမစုန္႔ ပုံ႔ပုံ႔မထင္ ေလးအတတ္၌

ကြၽမ္းက်င္လိမ္မာေသာ ေလးသၼားသည္ ေကာင္းစြာသတ္အပ္ေသာ ေလးပ်ဥ္းကဲ့သို႔ ညီၫြတ္စြာ ျပကေတ့အတိုင္း ႐ွိေစလို၏။

၇။ သားမ်ားစြာပင္ ဖြားျမင္ေသာ္လည္း အကြၽႏ္ုပ္၏ သားျမတ္အစုံသည္ မတြဲမက် အ႐ြယ္ေရာက္ဦးစအတိုင္း တည္ေစသတည္း။

၈။ အ႐ြယ္လြန္သည္တိုင္ေအာင္ ဆံပင္မျဖဴ ငယ္မူငယ္ေသြး ေသြးအတိုင္း တည္ေစသတည္း။

၉။ အကြၽႏ္ုပ္၏ ကိုယ္အဆင္းသည္လည္း ေခ်းညႇိမတင္ စင္ၾကယ္ေသာ ကိုယ္႐ွိသည္လည္း ျဖစ္လို၏။

၁၀။ မင္းျပစ္ မင္းမ်က္သင့္၍ ေသျခင္းအနီးသို႔ ေရာက္ၿပီးေသာ သူကိုလည္း

အကြၽႏ္ုပ္၏ အစြမ္းျဖင့္ ႏုတ္ယူ ကယ္ေဆာင္ႏိုင္လို၏။

မင္းပူးဆရာေတာ္ ဦးၾသဘာသေရးသားတဲ့ ေဝႆႏၲရာဇာတ္ေတာ္ထဲက ျဖစ္ပါတယ္။

ဆရာေတာ္ေရးခဲ့တာ ျမန္မာစာေပမွာ ဂႏၴဝင္ေျမာက္တယ္။ စာအေရးအသား ႏုလြနက္နဲၿပီး သတ္ပုံမွန္တယ္။

ရသဆိုတာ သတ္ပုံမွန္နဲ႔ ေရးသားတဲ့စာကိုသာ ေခၚအပ္တယ္။

ကြၽႏ္ုပ္မူကား ဆုေတာင္းတပါးတည္းသာ ရလိုပါ၏။ ျမန္မာစာ သတ္ပုံ မွန္ကန္လာပါေစသတည္း။

မိခင္ျမန္မာစာ၏ ဝမ္းသည္ မယမ္းမစုန္႔ ပုံ႔ပုံ႔မထင္ ေလးအတတ္၌ ကြၽမ္းက်င္လိမ္မာေသာ ေလးသၼားသည္

ေကာင္းစြာသတ္အပ္ေသာ ေလးပ်ဥ္းကဲ့သို႔ ညီၫြတ္စြာ ျပကေတ့အတိုင္း ႐ွိေစလို၏။

ေဒါက္တာတင့္ေဆြ

ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါတယ္ခင္ဗ်ာ။