Healthy

ရေချိုးနေစဉ် ဆီးသွားသင့်လား(ရေချိုးနေစဥ်ဆီးသွားတက်သူများမဖြစ်မနေဖတ်သွားပါ)

ရေချိုးနေစဉ် ဆီးသွားသင့်လား(ရေချိုးနေစဥ်ဆီးသွားတက်သူများမဖြစ်မနေဖတ်သွားပါ)

ရေချိုးနေစဉ် ဆီးသွားသင့်လား

(ရေချိုးနေစဥ်ဆီးသွားတက်သူများမဖြစ်မနေဖတ်သွားပါနော်)

လူတော်တော်များများ ရေချိုးနေရင်းနဲ့ ဆီးသွားတာမျိုး လုပ်ဖူးကြမယ် ထင်ပါတယ်။

အထူးသဖြင့် ယောက်ျားလေးတွေဆို ပိုလုပ်တတ်ပါတယ်။

ဆီးဆိုတာက လူတွေရဲ့ ကျောက်ကပ်နဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို

အရည်အဖြစ်နဲ့ အပြင်ကို စွန့်ထုတ်တာပါ။

အဲ့တော့ မေးစရာ ဖြစ်လာတာက

ရေချိုးနေစဉ် ဆီးသွားတာဟာ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ညီညွတ်ရဲ့လား။

ကိုယ်နဲ့ ကိုယ့်မိသားစုအတွက်ရော လုပ်သင့်လား ဆိုတဲ့အချက်ပါ။

၁။ တစ်ယောက်တည်း နေသူတွေအတွက် အဆင်ပြေပါတယ်။ကိုယ်က မိသားစု၊

လူအများနဲ့ စုနေတာမဟုတ်ဘဲတစ်ယောက် တည်း သီးသန့် ငှားနေတာဆို ပြဿနာမရှိပါဘူး။

ရေချိုးနေချိန်၊ သွားတိုက်၊ မျက်နှာသစ်ချိန်က လွဲရင် ရေချိုးခန်းထဲကို ဝင်စရာ အကြောင်းမရှိတဲ့အတွက် ဆီးသွားလို့လည်း ဘယ်သူ့ကိုမှ ဒုက္ခမဖြစ်စေပါဘူး။

အကောင်းဘက်က ကြည့်မယ်ဆိုရင်လည်း ရေချိုးနေတုန်း ဆီးသွားလိုက်တော့

ချိုးလိုက်တဲ့ ရေနဲ့ ဆီးဟာ မြောပါသွားပြီး အိမ်သာရေကို ချွေတာသုံးစွဲရာ ရောက်ပါတယ်။

၂။ ပတ်ဝန်းကျင်နဲ့ တခြားသူအတွက်ဆို အဆင်မပြေပါဘူး။ကိုယ်က မိသားစုနဲ့ နေတယ်၊ ဒါမှမဟုတ် အများသုံး ရေချိုးခန်း၊ ရေကူးကန်၊

ချွေးထုတ်ခန်းတွေမှာ ဆိုရင်တော့ ဆီးသွားချတာမျိုး မလုပ်သင့်ပါဘူး။

ကိုယ့်အတွက် ရွံစရာ မကောင်းဘူးဆိုရင်တောင် တခြားသူတွေဆီ ကိုယ့်ရဲ့ အညစ်အကြေးတွေ ပြန့်သွားနိုင်တာကြောင့်ပါ။

၃။ ရေချိုးခန်းထဲ ဆီးသွားလိုက်လို့ သီးသန့် ပိုးသတ်ပေးစရာ မလိုပါဘူး။

ပုံမှန်ဆိုရင်တော့ ရေချိုးခန်းကို တစ်ပတ် တစ်ကြိမ်လောက် အနည်းဆုံး ပိုးသန့်စင်ပေးခြင်းဟာ အိမ်သန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက် သင့်လျော်ပါတယ်။

ဆီးဆိုတာ လူ့ခန္ဓာကိုယ်က ထွက်တဲ့ အညစ်အကြေးဆိုတာ မှန်ပေမယ့် မစင်လောက်တော့ ရောဂါပိုးမွှား မများပါဘူး။

ဒီတော့ ကိုယ်ရေချိုးနေတုန်း ဆီးသွားလိုက်ခြင်းဖြင့် အပိုထပ်ပြီး ပိုးသတ်ပေးစရာ မလိုပါဘူး။

ရေချိုးပြီးသွားတော့မှ ဆီးသွားလိုက်တာဆိုရင် ရေနဲ့ နည်းနည်း ပြန်လောင်းပေးရင် အနံ့အသက် စွဲကျန်ခဲ့မှာ မဟုတ်ပါဘူး။

၄။ ဆီးဟာ ရောဂါပိုးမွှား မကင်းစင်ပါဘူး။

အပေါ်မှာ ပြောထားခဲ့တဲ့အတိုင်းပဲ ဆီးမှာလည်း ရောဂါပိုးမွှား အနည်းနဲ့ အများတော့ ရှိနိုင်ပါတယ်။

ဒါပေမယ့် အရည်အမျိုးအစား ဖြစ်တဲ့အပြင် ပုံမှန် ရေများများသောက်ပေးတဲ့သူဆိုရင်

ဆီးရဲ့ အရောင်ဟာ ဖျော့ပြီး အနံ့ရော၊ ရောဂါပိုးပါ နည်းတဲ့အတွက် အရမ်းတော့ စိုးရိမ်စရာ မလိုပါဘူး။

စိတ်ထဲမှာ တစ်မျိုး ဖြစ်နေရင်တော့ ဆီးသွားပြီး၊ ရေချိုးပြီးရင် ကြမ်းပြင်ကို ရေနဲ့ တစ်ချက်လောက် ပြန်လောင်း၊

တစ်ပတ်ကို တစ်ကြိမ်လောက် ရေချိုးကို သေချာ ဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောပေးရင် လုံလောက်ပါပြီ။

၅။ ရောဂါပိုး ကူးစက်ခံရနိုင်ခြေ ရှိပါတယ်။

ဥပမာ ကိုယ့်မှာ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ဒါမှမဟုတ် ကာလသားရောဂါလိုမျိုး လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါရှိတယ် ဆိုကြပါစို့။

ကိုယ်နဲ့ အတူနေတဲ့ သူနဲ့ ရေချိုးခန်းတစ်ခုတည်းကို အသုံးပြုတယ်၊ သူ့ရဲ့ ခြေထောက်မှာ အနာ၊ ဒဏ်ရာတွေ ရှိနေတယ်ဆိုရင်

ကြမ်းပြင်မှာ ကျန်ခဲ့တဲ့ ဆီးကနေ အနာထဲကို ဝင်ပြီး ပိုးကူးစက်ခံရနိုင်ခြေ ရှိပါတယ်။

ဖြစ်နိုင်ခြေ နည်းတယ်ဆိုပေမယ့် လုံးဝ မကူးနိုင်တာတော့ မဟုတ်ပါဘူး။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် တစ်ဦးတည်းနေတဲ့သူအတွက် ဒါက သိပ်ပြီး စဉ်းစားလောက်စရာ ကိစ္စမဟုတ်ပေမဲ့ ကိုယ့်မိသားစုနဲ့ အတူနေတာမျိုးဆိုရင်တော့ တစ်ဖက်လူကို ပြန်ပြီး စဉ်းစားပေးသင့်ပါတယ်။

အကောင်းဆုံးကတော့ ရေမချိုးခင်မှာ မျက်နှာသစ်၊ သွားတိုက်၊ အပေါ့၊ အလေး သွားထားပြီးတော့မှ

အေးအေးဆေးဆေး ရေချိုးတာက ကိုယ့်အတွက်ရော ကျန်တဲ့ အတူနေသူတွေအတွက်ပါ အဆင်ပြေစေမှာပါ။

Credit

ေရခ်ိဳးေနစဥ္ ဆီးသြားသင့္လား(ေရခ်ိဳးေနစဥ္ဆီးသြားတက္သူမ်ားမျဖစ္မေနဖတ္သြားပါ)

ေရခ်ိဳးေနစဥ္ ဆီးသြားသင့္လား

(ေရခ်ိဳးေနစဥ္ဆီးသြားတက္သူမ်ားမျဖစ္မေနဖတ္သြားပါေနာ္)

လူေတာ္ေတာ္မ်ားမ်ား ေရခ်ိဳးေနရင္းနဲ႔ ဆီးသြားတာမ်ိဳး လုပ္ဖူးၾကမယ္ ထင္ပါတယ္။

အထူးသျဖင့္ ေယာက်္ားေလးေတြဆို ပိုလုပ္တတ္ပါတယ္။

ဆီးဆိုတာက လူေတြရဲ႕ ေက်ာက္ကပ္နဲ႔ ခႏၶာကိုယ္ထဲမွာ ႐ွိတဲ့ အညစ္အေၾကးေတြကို

အရည္အျဖစ္နဲ႔ အျပင္ကို စြန္႔ထုတ္တာပါ။

အဲ့ေတာ့ ေမးစရာ ျဖစ္လာတာက

ေရခ်ိဳးေနစဥ္ ဆီးသြားတာဟာ တစ္ကိုယ္ေရ သန္႔႐ွင္းမႈနဲ႔ ညီၫြတ္ရဲ႕လား။

ကိုယ္နဲ႔ ကိုယ့္မိသားစုအတြက္ေရာ လုပ္သင့္လား ဆိုတဲ့အခ်က္ပါ။

၁။ တစ္ေယာက္တည္း ေနသူေတြအတြက္ အဆင္ေျပပါတယ္။ကိုယ္က မိသားစု၊

လူအမ်ားနဲ႔ စုေနတာမဟုတ္ဘဲတစ္ေယာက္ တည္း သီးသန္႔ ငွားေနတာဆို ျပႆနာမ႐ွိပါဘူး။

ေရခ်ိဳးေနခ်ိန္၊ သြားတိုက္၊ မ်က္ႏွာသစ္ခ်ိန္က လြဲရင္ ေရခ်ိဳးခန္းထဲကို ဝင္စရာ အေၾကာင္းမ႐ွိတဲ့အတြက္ ဆီးသြားလို႔လည္း ဘယ္သူ႕ကိုမွ ဒုကၡမျဖစ္ေစပါဘူး။

အေကာင္းဘက္က ၾကည့္မယ္ဆိုရင္လည္း ေရခ်ိဳးေနတုန္း ဆီးသြားလိုက္ေတာ့

ခ်ိဳးလိုက္တဲ့ ေရနဲ႔ ဆီးဟာ ေျမာပါသြားၿပီး အိမ္သာေရကို ေခြၽတာသုံးစြဲရာ ေရာက္ပါတယ္။

၂။ ပတ္ဝန္းက်င္နဲ႔ တျခားသူအတြက္ဆို အဆင္မေျပပါဘူး။ကိုယ္က မိသားစုနဲ႔ ေနတယ္၊ ဒါမွမဟုတ္ အမ်ားသုံး ေရခ်ိဳးခန္း၊ ေရကူးကန္၊

ေခြၽးထုတ္ခန္းေတြမွာ ဆိုရင္ေတာ့ ဆီးသြားခ်တာမ်ိဳး မလုပ္သင့္ပါဘူး။

ကိုယ့္အတြက္ ႐ြံစရာ မေကာင္းဘူးဆိုရင္ေတာင္ တျခားသူေတြဆီ ကိုယ့္ရဲ႕ အညစ္အေၾကးေတြ ျပန္႔သြားႏိုင္တာေၾကာင့္ပါ။

၃။ ေရခ်ိဳးခန္းထဲ ဆီးသြားလိုက္လို႔ သီးသန္႔ ပိုးသတ္ေပးစရာ မလိုပါဘူး။

ပုံမွန္ဆိုရင္ေတာ့ ေရခ်ိဳးခန္းကို တစ္ပတ္ တစ္ႀကိမ္ေလာက္ အနည္းဆုံး ပိုးသန္႔စင္ေပးျခင္းဟာ အိမ္သန္႔႐ွင္းေရးနဲ႔ က်န္းမာေရးအတြက္ သင့္ေလ်ာ္ပါတယ္။

ဆီးဆိုတာ လူ႕ခႏၶာကိုယ္က ထြက္တဲ့ အညစ္အေၾကးဆိုတာ မွန္ေပမယ့္ မစင္ေလာက္ေတာ့ ေရာဂါပိုးမႊား မမ်ားပါဘူး။

ဒီေတာ့ ကိုယ္ေရခ်ိဳးေနတုန္း ဆီးသြားလိုက္ျခင္းျဖင့္ အပိုထပ္ၿပီး ပိုးသတ္ေပးစရာ မလိုပါဘူး။

ေရခ်ိဳးၿပီးသြားေတာ့မွ ဆီးသြားလိုက္တာဆိုရင္ ေရနဲ႔ နည္းနည္း ျပန္ေလာင္းေပးရင္ အနံ႔အသက္ စြဲက်န္ခဲ့မွာ မဟုတ္ပါဘူး။

၄။ ဆီးဟာ ေရာဂါပိုးမႊား မကင္းစင္ပါဘူး။

အေပၚမွာ ေျပာထားခဲ့တဲ့အတိုင္းပဲ ဆီးမွာလည္း ေရာဂါပိုးမႊား အနည္းနဲ႔ အမ်ားေတာ့ ႐ွိႏိုင္ပါတယ္။

ဒါေပမယ့္ အရည္အမ်ိဳးအစား ျဖစ္တဲ့အျပင္ ပုံမွန္ ေရမ်ားမ်ားေသာက္ေပးတဲ့သူဆိုရင္

ဆီးရဲ႕ အေရာင္ဟာ ေဖ်ာ့ၿပီး အနံ႔ေရာ၊ ေရာဂါပိုးပါ နည္းတဲ့အတြက္ အရမ္းေတာ့ စိုးရိမ္စရာ မလိုပါဘူး။

စိတ္ထဲမွာ တစ္မ်ိဳး ျဖစ္ေနရင္ေတာ့ ဆီးသြားၿပီး၊ ေရခ်ိဳးၿပီးရင္ ၾကမ္းျပင္ကို ေရနဲ႔ တစ္ခ်က္ေလာက္ ျပန္ေလာင္း၊

တစ္ပတ္ကို တစ္ႀကိမ္ေလာက္ ေရခ်ိဳးကို ေသခ်ာ ဆပ္ျပာနဲ႔ တိုက္ခြၽတ္ေဆးေၾကာေပးရင္ လုံေလာက္ပါၿပီ။

၅။ ေရာဂါပိုး ကူးစက္ခံရႏိုင္ေျခ ႐ွိပါတယ္။

ဥပမာ ကိုယ့္မွာ ဆီးလမ္းေၾကာင္း ပိုးဝင္တာ၊ ဒါမွမဟုတ္ ကာလသားေရာဂါလိုမ်ိဳး လိင္ကတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါ႐ွိတယ္ ဆိုၾကပါစို႔။

ကိုယ္နဲ႔ အတူေနတဲ့ သူနဲ႔ ေရခ်ိဳးခန္းတစ္ခုတည္းကို အသုံးျပဳတယ္၊ သူ႕ရဲ႕ ေျခေထာက္မွာ အနာ၊ ဒဏ္ရာေတြ ႐ွိေနတယ္ဆိုရင္

ၾကမ္းျပင္မွာ က်န္ခဲ့တဲ့ ဆီးကေန အနာထဲကို ဝင္ၿပီး ပိုးကူးစက္ခံရႏိုင္ေျခ ႐ွိပါတယ္။

ျဖစ္ႏိုင္ေျခ နည္းတယ္ဆိုေပမယ့္ လုံးဝ မကူးႏိုင္တာေတာ့ မဟုတ္ပါဘူး။

အခ်ဳပ္အားျဖင့္ ေျပာရမယ္ဆိုရင္ တစ္ဦးတည္းေနတဲ့သူအတြက္ ဒါက သိပ္ၿပီး စဥ္းစားေလာက္စရာ ကိစၥမဟုတ္ေပမဲ့ ကိုယ့္မိသားစုနဲ႔ အတူေနတာမ်ိဳးဆိုရင္ေတာ့ တစ္ဖက္လူကို ျပန္ၿပီး စဥ္းစားေပးသင့္ပါတယ္။

အေကာင္းဆုံးကေတာ့ ေရမခ်ိဳးခင္မွာ မ်က္ႏွာသစ္၊ သြားတိုက္၊ အေပါ့၊ အေလး သြားထားၿပီးေတာ့မွ

ေအးေအးေဆးေဆး ေရခ်ိဳးတာက ကိုယ့္အတြက္ေရာ က်န္တဲ့ အတူေနသူေတြအတြက္ပါ အဆင္ေျပေစမွာပါ။

Credit