Love

ပြတ်သွားတဲ့အခါ ပြောတတ်တဲ့ စကားလုံးတွေ

ပြတ်သွားတဲ့အခါ ပြောတတ်တဲ့ စကားလုံးတွေ

ပြတ်သွားတဲ့အခါ ပြောတတ်တဲ့ စကားလုံးတွေ ငါတို့မဖြစ်နိုင်တော့ဘူးထင်တယ်

ဘာလို့မဖြစ်နိုင်ဘူးလည်းမေးတော့လည်း

ရေရေရာရာမရှိဘူး မဖြစ်နိုင်ဘူးဆို အစတည်းကကို မတွဲနဲ့လေ

ခုမှ မဖြစ်နိုင်ဘူးလာလုပ်နေရတဲ့ အကြောင်းပြချက်က

ရှင်းပါတယ်နောက်တစ်ယောက်ကြောင့်ပါ

ငါမရှိမှနင်ပျော်မယ်မို့လားဆိုပြီးနင်မရှိတာကို ပျော်နေကြေးသာဆို အစတည်းက

တွဲကိုတွဲမှာမဟုတ်ဘူး ဒါပေမယ့် သူတို့က နောက်ဆုံးသူတို့မပျော်တာနဲ့ပဲ

ငါမရှိမှနင်ပျော်မယ်မို့လားလို့ သင့်ကိုလွဲချပြီး

ပြေးထွက်သွားတတ်ကြတယ် မေ့လိုက်ပါတော့ တဲ့သိပ်လွယ်တယ်ပြောတာ လူက Computer မှမဟုတ်တာ

Delete လေးနှိပ်ပြီး ပျောက်သွားတာမှမဟုတ်တာတစ်ချို့ဒဏ်ရာတွေဆို သေရာပါပဲ မေ့လိုက်ပါတော့ဆိုတာ

သိပ်လွယ်တယ်ထင်နေတာလားတော့မသိဘူး နောက်တစ်ခုက ပြတ်သွားပြီးရင် သူတို့က သင်ဘယ်လိုခံစားနေရ

တယ်ဆိုတာကို သိပ်သိချင်ကြတယ် အမှန်ပဲ ပြီးရင်လာမေးမယ် ပျော်နေလား အဆင်ပြေရဲ့လား ဘာညာနဲ့ သင်

မပျော်ဘူးဆိုတာ အဆင်မပြေဘူးဆိုတာသိရင် သူတို့ပါးစပ်ကမပြောပေမယ့် စိတ်ထဲက သိပ်ပြီး ကျေနပ်တတ်ကြ

တယ်ဒါပေမယ့် သင်က သူမရှိလည်းအေးဆေးပဲဆိုတဲ့ပုံစံကိုပြကြည့် အပြင်မှာ ဘာမှမပြောဘူးနော် စိတ်ထဲမှာတော့

ဘာကိုမကျေနပ်လို့ မကျေနပ်မှန်းမသိ နောင်တပဲရသလိုလို ပြန်တောင်းပန်ချင်သလိုလိုနဲ့ ဒါသူတို့ကို ပြန်နှိပ်စက်လို့ကောင်း

တဲ့နည်းလမ်းတစ်ခုပါ မှတ်ထားပါ သင့်အပြုံးက သင့်ကိုမုန်းတဲ့သူအတွက် မီးတောက်ပဲ ပြတ်သွားပြီးရင် အတတ်နိုင်ဆုံးပြုံးပြုံးလေးနေပါ

နောက်တစ်ယောက်နောက်ပါသွားတယ်မို့လား စိတ်ထဲမှာ ကိုယ်ကစားလို့ဝသွားတဲ့ အရုပ်လေး မရှိဆင်းရဲတဲ့သူကစားဖို့ ပေးလိုက်တယ်

သဘောထားလိုက်ပါ အေးဆေးပဲနောက်ဆုံးသူတို့က သင့်နောက်ကွယ်မှာ သင့်အကြောင်းမကောင်းပြောပြီး အဆင့်မရှိတဲ့စကားတွေပြောရင်း

အဆုံးသတ်သွားမှာပါ သင်ကတော့ လစ်လျူရှုပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက်သွားပါ

Credit





















Credit