မိန်းကလေးတွေလက်တွေ့ကျကျ တကယ်ချစ်ကြပြီဆိုရင်
တကယ်ချစ်ကြပြီဆိုရင် ကိုယ့်ရဲ့အတွေး၊ ကိုယ့်ရဲ့အချိန်တွေ အကုန်လုံးကို သူချစ်ရတဲ့ သူဆီကို
အကုန် ပုံအပ်လိုက်ကြတဲ့ မိန်းကလေးတွေ ရှိသလို ချစ်ပေမယ့်လည်း ချစ်တာကို ထုတ်မပြတတ်တဲ့ မိန်းကလေးတွေလည်း အများကြီးပါ..။
ဒီလိုပဲ အရမ်းချစ်လို့ ဆိုပြီး အစွန်းရောက်တဲ့ စိတ်ပူမှုတွေ၊ သဝန်တိုမှုတွေက မလိုလားအပ်တဲ့
ပြဿနာလေးတွေကို ဖြစ်စေတတ်တာကိုလည်း သတိရပါ..။
တကယ်တော့ အချစ်စစ်နဲ့ ချစ်ကြပြီဆိုရင် သူ့ဘက် ကိုယ့်ဘက် နှစ်ဖက်လုံး မျှတွေးတတ်လာကြတယ်..။
ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ဖြစ်လာသမျှ ကိစ္စတိုင်းကိုလည်း လက်တွေ့ကျကျ စဉ်းစားပေးတတ် လာကြတယ်။
ဒါကြောင့် မိန်းကလေးတွေ ပေးဆပ်ခြင်းနဲ့ လက်တွေ့ကျကျ တကယ်ချစ်တတ်လာပြီဆိုရင်
ဘယ်လိုအချက်လေးတွေကို လုပ်လေ့ ရှိကြလဲဆိုတာကို ပြောပြပေးချင်ပါတယ်နော်။
(၁) အချိန်ပေးတယ်
ကိုယ်တစ်ယောက်တည်း လုပ်ရမယ့် အလုပ်၊ သင်တန်း၊ မိသားစုအတွက် အချိန်တွေက လွဲရင်
ကျန်တဲ့အချိန်တွေ အားလုံးကို သူ့ချစ်သူ ကောင်လေးအတွက်ပဲ အကုန်ခံလေ့ ရှိတယ်..။
သူ့ဘက်က အချိန်ပေး တယ်ဆိုတဲ့ နေရာမှာလည်း သူ့ချစ်သူကောင်လေးက လုံလောက်တဲ့ အကြောင်းပြချက်တစ်ခုနဲ့
အချိန်ပြန်မပေးနိုင်ဘူး ဆိုရင်တောင် တစ်ခြားမိန်းကလေးတွေလို စိတ်ဆိုး၊ စိတ်ကောက် မလုပ်ဘဲ
ချစ်သူကောင်လေးရဲ့အခြေအနေကို လက်ခံ ပေးတတ်ကြတယ်။
သူလည်းအဆင်ပြေ ကိုယ်လည်းအဆင်ပြေတဲ့ အချိန်ရောက်မှ အေးအေးဆေးဆေး တွေ့ဖို့ စဉ်းစားပေးတတ်ကြတယ်။
တကယ်လို့ ကိုယ့်ကို အကြောင်းပြချက် မရှိဘဲ သူကမတွေ့ချင်ဘူး ဆိုရင်တောင် ပြဿနာတွေ ရှာမနေတော့ဘဲ
သူတွေ့ချင်တဲ့ အချိန်မှာ ကိုယ့်ဘက်ကနေ မရမက အချိန်ပေးပြီး သွားတွေ့တာမျိုးကိုပဲ လုပ်လာကြတော့တယ်။
ဘာလို့လဲ ဆိုတော့ ပေးဆပ်ခြင်းနဲ့ ချစ်ထားတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေကို ဖန်တီးနေမယ့်အစား
ချစ်သူနဲ့ အဆင်ပြေဖို့ကိုပဲ ရှေ့တန်းတင်ပြီး စဉ်းစားတတ်ကြလို့ပါ..။
သူနဲ့ ရန်ဖြစ်မယ့် အချိန်တွေအစား အဆင်ပြေပြေ ချစ်နေကြမယ့် အချိန်တွေကိုပဲ ပိုပြီး မက်မောတတ်လာကြလို့ပါ..။
(၂) နားလည်မှု ကောင်းကောင်း ပေးကြတယ်
နားလည်မှုဆိုတာ စကား ၃ လုံးထဲနဲ့ ကိစ္စတော်တော်များများကို ဖြေရှင်းရတဲ့ စကားလုံးပါ..။
သူရဲ့ အားနည်းချက်တွေကိုလည်း ကိုယ်က နားလည်ရမယ်..။ သူဆိုးတာလုပ်လည်း နားလည်ရမယ်..။
အချိန် မပေးနိုင်လည်း နားလည်ရမယ်..။ ဒီလိုမျိုး နားလည်ပေးကြတဲ့ နေရာမှာ တချို့ကပြောကြတယ်။
တကယ်ချစ်လို့ သူဘာလုပ်လုပ် နားလည်ပေးတာတဲ့..။
ဒါပေမယ့် လက်တွေ့ကျကျနဲ့ တကယ်ချစ်တဲ့ မိန်းကလေးတွေ အတွက်ကတော့ မူးယစ်ဆေးဝါး သုံးစွဲတာ၊
ကောင်မလေးတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ အရင်းနှီးလွန်တာ၊
လက်ပါတာ၊ အပြောအဆို ရိုင်းစိုင်းတာတွေကိုတော့ နားမလည်ပေးနိုင်ပါဘူးနော်။
အရာရာတိုင်းမှာ အတိုင်းအတာ ရှိတယ် ဆိုပေမယ့်
တကယ်ချစ်တဲ့ မိန်းကလေးတွေရဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာက အားလုံးထက်ကို ပိုပါတယ်..။
(၃) သူအဆင်ပြေဖို့အတွက် အမြဲကြည့်တယ်
ကိုယ့်ဘက်မှာ ဘယ်လိုပဲ အခြေနေတွေဆိုးဆိုး သူ့အတွက်ဆိုရင်
အကောင်းဆုံးတွေ လုပ်ပေးဖို့ အမြဲတမ်း တွေးတယ်။
ဥပမာ ကိုယ့်မှာ ငွေရေးကြေးရေး အခက်ခဲရှိနေပေမယ့် သူအဆင်မပြေတဲ့ အခါတွေမှာ မရရအောင် ကူညီပေးချင်တယ်။
သူ့အတွက် ထူးခြားတဲ့ နေ့တွေမှာ သူပျော်ရွှင်အောင် နည်းအမျိုးမျိုးနဲ့ လုပ်ဆောင် ပေးချင်ကြတယ်။
သူ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အမြဲတမ်း တွေးနေတဲ့အတွက် ကိုယ့်အတွက် ကိုယ်ပါ စဉ်းစားဖို့ မေ့လာတတ်ကြတဲ့ အထိပါပဲ..။
(၄) သူ့ရဲ့အသိုင်းအဝိုင်း အကုန်လုံးကို ချစ်ပေးတယ်
လက်မထပ်ရသေးတဲ့ အနေအထား တစ်ခုမှာတောင် သူရဲ့မိဘတွေကို ကိုယ့်မိဘလို သဘောထားပြီး ချစ်ပေးတတ်ကြတယ်။
မိဘတင်မဟုတ်ဘူး၊ ချစ်သူရဲ့အသိုင်းအဝိုင်း တစ်ခုလုံးနဲ့ အဆင်ပြေအောင် ကြိုးစားပြီး နေပေးတတ်ကြတယ်.။
နောက်ဆုံး သူခင်မင်ရတဲ့ ဘော်ဒါအပေါင်းအသင်းတွေကအစ အကုန်လုံးကို လိုက်ပြီး ခင်မင်ပေးတယ်..။
ဟိုလူနဲ့ မပေါင်းရဘူး ဒီလူနဲ့ မပေါင်းရဘူး ဆိုတာထက် သူပေါင်းသင်းတဲ့ သူတွေအကုန်လုံးကို နားလည်ပေးတယ်..။
တကယ်လို့ မကောင်းတဲ့ အပေါင်းအသင်း ပါလာခဲ့ရင်တောင် သိပ်မရောနဲ့နော် စိတ်ပူလို့ဆိုတဲ့ စကားလုံးလောက်နဲ့ ဟန့်တားဖြစ်ကြတယ်..။
ခြုံပြောရရင် သူ့ကိုချစ်တဲ့အတွက် သူနဲ့ပတ်သက်တဲ့ လူအားလုံးကိုပါ ချစ်ပေးကြတယ်ပေါ့..။
(၅) လေးစားမှုရှိတယ်
ကိုယ့်ချစ်သူက ဘယ်လိုလူပဲ ဖြစ်နေနေ သူ့ကို Respect ထားတယ်..။
အဓိကအားဖြင့် သူ့အပေါင်းအသင်းတွေ ကြားမှာ သူ့သိက္ခာကျမယ့် စကားလေးတွေကို ဘယ်တော့မှ မသုံးနှုန်းဘူး။
တကယ်လို့ တစ်ခုခုမကျေနပ်တာ ရှိခဲ့ရင် နှစ်ယောက်ထဲ ရှိတဲ့ အချိန်မှာပဲ ဖြေရှင်းတတ်ကြတယ်..။
အားလုံးအရှေ့မှာ ဆိုရင် ချစ်သူကို ဂရုစိုက်တယ်၊ ပိုပြီး Respect ထားပေးကြတယ်..။
တချို့ဆို လူကြားထဲ အော်တာတွေ၊ မချေမငံ ဆက်ဆံတာတွေ ရှိကြတယ်..။
ဒါပေမယ့် တကယ်ချစ်တဲ့ မိန်းကလေးတွေကတော့ ဒီလိုလုပ်ရပ်မျိုးကို ဘယ်တော့မှ မလုပ်ပါဘူးနော်…။
Credit to original writer
Zawgyi Version
မိန္းကေလးေတြလက္ေတြ႕က်က် တကယ္ခ်စ္ၾကၿပီဆိုရင္
တကယ္ခ်စ္ၾကၿပီဆိုရင္ ကိုယ့္ရဲ႕အေတြး၊ ကိုယ့္ရဲ႕အခ်ိန္ေတြ အကုန္လုံးကို သူခ်စ္ရတဲ့ သူဆီကို
အကုန္ ပုံအပ္လိုက္ၾကတဲ့ မိန္းကေလးေတြ ႐ွိသလို ခ်စ္ေပမယ့္လည္း ခ်စ္တာကို ထုတ္မျပတတ္တဲ့ မိန္းကေလးေတြလည္း အမ်ားႀကီးပါ..။
ဒီလိုပဲ အရမ္းခ်စ္လို႔ ဆိုၿပီး အစြန္းေရာက္တဲ့ စိတ္ပူမႈေတြ၊ သဝန္တိုမႈေတြက မလိုလားအပ္တဲ့
ျပႆနာေလးေတြကို ျဖစ္ေစတတ္တာကိုလည္း သတိရပါ..။
တကယ္ေတာ့ အခ်စ္စစ္နဲ႔ ခ်စ္ၾကၿပီဆိုရင္ သူ႕ဘက္ ကိုယ့္ဘက္ ႏွစ္ဖက္လုံး မွ်ေတြးတတ္လာၾကတယ္..။
ဘယ္လို အေျခအေနပဲ ျဖစ္ျဖစ္ ျဖစ္လာသမွ် ကိစၥတိုင္းကိုလည္း လက္ေတြ႕က်က် စဥ္းစားေပးတတ္ လာၾကတယ္။
ဒါေၾကာင့္ မိန္းကေလးေတြ ေပးဆပ္ျခင္းနဲ႔ လက္ေတြ႕က်က် တကယ္ခ်စ္တတ္လာၿပီဆိုရင္
ဘယ္လိုအခ်က္ေလးေတြကို လုပ္ေလ့ ႐ွိၾကလဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္ေနာ္။
(၁) အခ်ိန္ေပးတယ္
ကိုယ္တစ္ေယာက္တည္း လုပ္ရမယ့္ အလုပ္၊ သင္တန္း၊ မိသားစုအတြက္ အခ်ိန္ေတြက လြဲရင္
က်န္တဲ့အခ်ိန္ေတြ အားလုံးကို သူ႕ခ်စ္သူ ေကာင္ေလးအတြက္ပဲ အကုန္ခံေလ့ ႐ွိတယ္..။
သူ႕ဘက္က အခ်ိန္ေပး တယ္ဆိုတဲ့ ေနရာမွာလည္း သူ႕ခ်စ္သူေကာင္ေလးက လုံေလာက္တဲ့ အေၾကာင္းျပခ်က္တစ္ခုနဲ႔
အခ်ိန္ျပန္မေပးႏိုင္ဘူး ဆိုရင္ေတာင္ တစ္ျခားမိန္းကေလးေတြလို စိတ္ဆိုး၊ စိတ္ေကာက္ မလုပ္ဘဲ
ခ်စ္သူေကာင္ေလးရဲ႕အေျခအေနကို လက္ခံ ေပးတတ္ၾကတယ္။
သူလည္းအဆင္ေျပ ကိုယ္လည္းအဆင္ေျပတဲ့ အခ်ိန္ေရာက္မွ ေအးေအးေဆးေဆး ေတြ႕ဖို႔ စဥ္းစားေပးတတ္ၾကတယ္။
တကယ္လို႔ ကိုယ့္ကို အေၾကာင္းျပခ်က္ မ႐ွိဘဲ သူကမေတြ႕ခ်င္ဘူး ဆိုရင္ေတာင္ ျပႆနာေတြ ႐ွာမေနေတာ့ဘဲ
သူေတြ႕ခ်င္တဲ့ အခ်ိန္မွာ ကိုယ့္ဘက္ကေန မရမက အခ်ိန္ေပးၿပီး သြားေတြ႕တာမ်ိဳးကိုပဲ လုပ္လာၾကေတာ့တယ္။
ဘာလို႔လဲ ဆိုေတာ့ ေပးဆပ္ျခင္းနဲ႔ ခ်စ္ထားတဲ့အခါ မလိုလားအပ္တဲ့ ျပႆနာေတြကို ဖန္တီးေနမယ့္အစား
ခ်စ္သူနဲ႔ အဆင္ေျပဖို႔ကိုပဲ ေ႐ွ႕တန္းတင္ၿပီး စဥ္းစားတတ္ၾကလို႔ပါ..။
သူနဲ႔ ရန္ျဖစ္မယ့္ အခ်ိန္ေတြအစား အဆင္ေျပေျပ ခ်စ္ေနၾကမယ့္ အခ်ိန္ေတြကိုပဲ ပိုၿပီး မက္ေမာတတ္လာၾကလို႔ပါ..။
(၂) နားလည္မႈ ေကာင္းေကာင္း ေပးၾကတယ္
နားလည္မႈဆိုတာ စကား ၃ လုံးထဲနဲ႔ ကိစၥေတာ္ေတာ္မ်ားမ်ားကို ေျဖ႐ွင္းရတဲ့ စကားလုံးပါ..။
သူရဲ႕ အားနည္းခ်က္ေတြကိုလည္း ကိုယ္က နားလည္ရမယ္..။ သူဆိုးတာလုပ္လည္း နားလည္ရမယ္..။
အခ်ိန္ မေပးႏိုင္လည္း နားလည္ရမယ္..။ ဒီလိုမ်ိဳး နားလည္ေပးၾကတဲ့ ေနရာမွာ တခ်ိဳ႕ကေျပာၾကတယ္။
တကယ္ခ်စ္လို႔ သူဘာလုပ္လုပ္ နားလည္ေပးတာတဲ့..။
ဒါေပမယ့္ လက္ေတြ႕က်က်နဲ႔ တကယ္ခ်စ္တဲ့ မိန္းကေလးေတြ အတြက္ကေတာ့ မူးယစ္ေဆးဝါး သုံးစြဲတာ၊
ေကာင္မေလးေတြ တစ္ေယာက္ၿပီး တစ္ေယာက္နဲ႔ အရင္းႏွီးလြန္တာ၊
လက္ပါတာ၊ အေျပာအဆို ႐ိုင္းစိုင္းတာေတြကိုေတာ့ နားမလည္ေပးႏိုင္ပါဘူးေနာ္။
အရာရာတိုင္းမွာ အတိုင္းအတာ ႐ွိတယ္ ဆိုေပမယ့္
တကယ္ခ်စ္တဲ့ မိန္းကေလးေတြရဲ႕ သည္းခံႏိုင္တဲ့ အတိုင္းအတာက အားလုံးထက္ကို ပိုပါတယ္..။
(၃) သူအဆင္ေျပဖို႔အတြက္ အၿမဲၾကည့္တယ္
ကိုယ့္ဘက္မွာ ဘယ္လိုပဲ အေျခေနေတြဆိုးဆိုး သူ႕အတြက္ဆိုရင္
အေကာင္းဆုံးေတြ လုပ္ေပးဖို႔ အၿမဲတမ္း ေတြးတယ္။
ဥပမာ ကိုယ့္မွာ ေငြေရးေၾကးေရး အခက္ခဲ႐ွိေနေပမယ့္ သူအဆင္မေျပတဲ့ အခါေတြမွာ မရရေအာင္ ကူညီေပးခ်င္တယ္။
သူ႕အတြက္ ထူးျခားတဲ့ ေန႔ေတြမွာ သူေပ်ာ္႐ႊင္ေအာင္ နည္းအမ်ိဳးမ်ိဳးနဲ႔ လုပ္ေဆာင္ ေပးခ်င္ၾကတယ္။
သူ႕လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးဖို႔ အၿမဲတမ္း ေတြးေနတဲ့အတြက္ ကိုယ့္အတြက္ ကိုယ္ပါ စဥ္းစားဖို႔ ေမ့လာတတ္ၾကတဲ့ အထိပါပဲ..။
(၄) သူ႕ရဲ႕အသိုင္းအဝိုင္း အကုန္လုံးကို ခ်စ္ေပးတယ္
လက္မထပ္ရေသးတဲ့ အေနအထား တစ္ခုမွာေတာင္ သူရဲ႕မိဘေတြကို ကိုယ့္မိဘလို သေဘာထားၿပီး ခ်စ္ေပးတတ္ၾကတယ္။
မိဘတင္မဟုတ္ဘူး၊ ခ်စ္သူရဲ႕အသိုင္းအဝိုင္း တစ္ခုလုံးနဲ႔ အဆင္ေျပေအာင္ ႀကိဳးစားၿပီး ေနေပးတတ္ၾကတယ္.။
ေနာက္ဆုံး သူခင္မင္ရတဲ့ ေဘာ္ဒါအေပါင္းအသင္းေတြကအစ အကုန္လုံးကို လိုက္ၿပီး ခင္မင္ေပးတယ္..။
ဟိုလူနဲ႔ မေပါင္းရဘူး ဒီလူနဲ႔ မေပါင္းရဘူး ဆိုတာထက္ သူေပါင္းသင္းတဲ့ သူေတြအကုန္လုံးကို နားလည္ေပးတယ္..။
တကယ္လို႔ မေကာင္းတဲ့ အေပါင္းအသင္း ပါလာခဲ့ရင္ေတာင္ သိပ္မေရာနဲ႔ေနာ္ စိတ္ပူလို႔ဆိုတဲ့ စကားလုံးေလာက္နဲ႔ ဟန္႔တားျဖစ္ၾကတယ္..။
ျခဳံေျပာရရင္ သူ႕ကိုခ်စ္တဲ့အတြက္ သူနဲ႔ပတ္သက္တဲ့ လူအားလုံးကိုပါ ခ်စ္ေပးၾကတယ္ေပါ့..။
(၅) ေလးစားမႈ႐ွိတယ္
ကိုယ့္ခ်စ္သူက ဘယ္လိုလူပဲ ျဖစ္ေနေန သူ႕ကို Respect ထားတယ္..။
အဓိကအားျဖင့္ သူ႕အေပါင္းအသင္းေတြ ၾကားမွာ သူ႕သိကၡာက်မယ့္ စကားေလးေတြကို ဘယ္ေတာ့မွ မသုံးႏႈန္းဘူး။
တကယ္လို႔ တစ္ခုခုမေက်နပ္တာ ႐ွိခဲ့ရင္ ႏွစ္ေယာက္ထဲ ႐ွိတဲ့ အခ်ိန္မွာပဲ ေျဖ႐ွင္းတတ္ၾကတယ္..။
အားလုံးအေ႐ွ႕မွာ ဆိုရင္ ခ်စ္သူကို ဂ႐ုစိုက္တယ္၊ ပိုၿပီး Respect ထားေပးၾကတယ္..။
တခ်ိဳ႕ဆို လူၾကားထဲ ေအာ္တာေတြ၊ မေခ်မငံ ဆက္ဆံတာေတြ ႐ွိၾကတယ္..။
ဒါေပမယ့္ တကယ္ခ်စ္တဲ့ မိန္းကေလးေတြကေတာ့ ဒီလိုလုပ္ရပ္မ်ိဳးကို ဘယ္ေတာ့မွ မလုပ္ပါဘူးေနာ္…။
Credit to original writer