ချစ်သူတွေကြားမှာ ဒီအိပ်မက်တွေ မက်ရင်တော့ သတိထားတော့…
ချစ်သူတွေကြားမှာ စိတ်ထဲမှာ မသိစိတ်ကနေ နှစ်ယောက်ကြားမှာ ဖြစ်နေသော
ပြသာနာတွေက အိပ်မက်မှာ ပေါ်လာလိမ့်ပါမယ်…။
ဘယ်လို အိပ်မက်တွေ ဖြစ်မှာလဲ … ။ အိပ်မက်တွေကို သတိထား ကြည့်လိုက်ပါနော်…။
(1) ချစ်သူနဲ့ ပျော်ရွှင် သာယာနေသော အိပ်မက်
ချစ်သူနဲ့ ကွဲရန် နီးစပ်နေလို့ မြင်ရသော အိပ်မက် ဖြစ်ပါလိမ့်မယ်။ အိပ်မက်ဆိုတာ ပြောင်းပြန် စဉ်းစား ကြည့်ရပါတယ်။
ကိုယ်က ချစ်သူအပေါ်မှာ တကိုယ်ကောင်း ဆန်တာပဲဖြစ်ဖြစ်၊ အမြဲတမ်း အနိုင်ယူနေတာတွေက ပြသာနာ ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ချစ်သူအပေါ်မှာ ကောင်းကောင်း ပြန်ဆက်ဆံရင်တော့ အချိန် မနှောင်းသေးပါ။
ချစ်သူတွေ မဟုတ်ပဲ တဖက်သတ် ချစ်နေသူတွေ မပါဘူးနော် … ။
(2) အိပ်ယာက မီးလောင်ကျွမ်းနေသော အိပ်မက်
ဒီအိပ်မက်ဟာလည်း ကွဲနိုင်ချေ ရှိပါတယ်။ သူ့မှာ တစ်ခုခု ပြသာနာတတ်နေပြီ ဆိုတာကို အိပ်မက်မှာ ပေါ်လာတာပါ။
ပြသာနာက အချစ်ကြောင့် မဟုတ်ပဲ အချစ်နှင့် မဆိုင်သော အခြားသော ကိစ္စတွေကြောင့် ဒီအိပ်မက်ကို မက်တာပါ။
သူနဲ့ ဖြစ်ပေါ်နေသော အခြေအနေအပေါ် မူတည်ပြီး သေသေချာချာ တိုင်ပင်သင့်ပါတယ်။
(3) ဝမ်းသာစရာကောင်းသော Message ရတယ်ဆိုသော အိပ်မက်
ဒီအိပ်မက်ဟာလည်း သူနဲ့ လမ်းခွဲရန် အတော်ကို သေချာနေပြီဆိုသော အိပ်မက်ပါ။
အခြေအနေက အတော့်ကို ဆိုးဝါးနေတယ်လို့ ထင်ရပါတယ်။
သူနဲ့ ချစ်သူတွေ ပြန်ဖြစ်ဖို့ ဆိုတာ မလွယ်ကူတော့ပါ။
တဖက်သတ် ချစ်နေသောသူမှာလည်း ချစ်သူတွေ မဖြစ်ပဲ ပွဲသိမ်းသွားပါလိမ့်မယ်။
(4) ဘူတာမှာ လမ်းခွဲသော အိပ်မက်
ဘူတာမှာ နှစ်ယောက်ဟာ လမ်းခွဲသော အိပ်မက်ကို မက်ရင်တော့ ချစ်သူဘဝ ပြီးဆုံးသွားရန် နီးကပ်လာပါပြီ။
တစ်ယောက်နဲ့ တစ်ယောက် ဘဝခံယူချက်တွေက မတူညီသောကြောင့်
လမ်းခွဲတာဟာ အကောင်းဆုံးသော ရွေးချယ်မှု တစ်ခုအဖြစ် ခံယူလိုက်လို့သာ ဒီအိပ်မက်ကို မက်ခြင်းဖြစ်ပါတယ်။
လမ်းခွဲလိုက်ခြင်းသာလျှင် နှစ်ယောက်စလုံးအတွက် ကောင်းပါတယ်။
(5) ချစ်ရသောသူက ကိုယ့်အနားက ထွက်သွားသော အိပ်မက်
ချစ်သူ၊ ရည်းစားက ကိုယ့်ကို စိတ်မဝင်စားတော့လို့ ခံယူလို့ရသော အိပ်မက်ပါ။
သူကတော့ ကိုယ့်ကို မကြိုက်နှစ်သက်ဘူး ဆိုတာတော့ အမှန်ပါ။
အိပ်မက်မှာ ဖြစ်ပေါ်လာသော အကြောင်းအရာတွေက ချစ်သူတွေ အဖြစ်ကနေ လမ်းခွဲရမည့် အဆင့်ကို ရောက်နေချိန် ဖြစ်နိုင်သလို၊
လမ်းခွဲသင့်တယ် ဆိုတာကို တွေးသင့်သော အဆင့်ဖြစ်ပါလိမ့်မယ်။
အိပ်မက်ဖြစ်တာကြောင့် အမှန်တကယ် အတည်ယူရမည်ဟု မဆိုလိုပါ။ မိမိကိုယ်တိုင်သာ စဉ်းစားဆုံးဖြတ်ပါလို့ အသိပေးပါရစေ …
crd
Zawgyi Version
crd